Pages - Menu

23 Mar 2013

သခွားသီးသုပ်

သခွားသီးကို အွိ သိပ်ကြိုက်ပါတယ်။
အိမ်မှာ အတို့အမြှုပ်စားရင် သခွားသီးပဲစားပါတယ်။
အလုံးသေးပြီး ကြွပ်တဲ့သခွားသီးကို ပိုကြိုက်ပါတယ်။ 

ဘွားဘွားသုပ်တဲ့သခွားသီးအမှည့်သုပ်ကိုတော့ သိပ်မကြိုက်ပါဘူး။ 
သခွားအရည်တွေပါလို့ပါ။
အခု အွိ သုပ်မယ့် သခွားသီးကတော့ ဒံပေါက်၊ ထမင်းကြော်တွဲနဲ့စားရင် လိုက်ဖက်ပါတယ်။

ပါဝင်ပစ္စည်း
------------
၁။ သခွားသီးကြီးကြီး - ၁ လုံး
၂။ ကြက်သွန်ဖြူဆီချက် - စတီးဇွန်းကြီး ၁ ဇွန်း
၃။ ငရုတ်သီးစိမ်း - ၃ တောင့်
၎။ ဆား - အနေတော်
၅။ အရသာမှုန့် - အနေတော်
၆။ သံပရာသီးအရည် - တစ်ခြမ်း
၇။ နှမ်းလှော် - အနည်းငယ်
၈။ ပုစွန်ခြောက်မှုန့် - အနည်းငယ်

ပြင်ဆင်နည်း
---------------
သခွားသီးကို ထက်ခြမ်းခွဲပြီး အစေ့ထုတ်ပါ။ အမျှင်များဖြစ်အောင် ခြစ်နဲ့ခြစ်ယူပါ။ ငရုတ်သီးစိမ်းအရှည်လိုက် လေးခြမ်းခြမ်းပါ။
ပါဝင်ပစ္စည်းတွေထဲက နှမ်းနဲ့ ပုစွန်ခြောက် မှုန့်ကို ချန်ထားပြီး အားလုံးရောနယ်ပါ။
အပေါ့၊ အငန်မြည်းပြီး နှမ်းလှော်နဲ့ ပုစွန်ခြောက်ဖြူးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More