Pages - Menu

23 Mar 2013

သခွားသီးထောင်း

ချဉ်ချဉ်စပ်စပ် ဟင်းလျာတွေစုစည်းမှုဆိုမှတော့ ယိုးဒယားသခွားသီးထောင်းကိုလည်း ချန်ထားလို့မရတော့ပါဘူး။
သခွားသီး ၊ သရက်သီး ၊ သင်္ဘောသီးအစိမ်း နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။
 ကျွန်မကိုယ်တိုင်ကတော့ ယိုးဒယားသင်္ဘောသီးထောင်းကို နှစ်သက်လို့ ယိုးဒယားဆိုင်သွားတိုင်း မှာစားဖြစ်ပါတယ်။ 
အခု သခွားသီးထောင်းကလည်း သင်္ဘောသီးထောင်းအရသာအတိုင်း ချိုချို ၊ ချဉ်ချဉ်၊ စပ်စပ်ကလေးနဲ့ စားလို့တော်တော်ကောင်းပါတယ်။ မြန်မာပါးစပ်နဲ့ အဆင်ပြေနိုင်သော ဟင်းတစ်ခွက်ပါပဲ။

ပါဝင်ပစ္စည်းများ
----------------
၁။ သခွားသီးအကြီး - ၁ လုံး (အူတိုင်ချန်ပြီး အမျှင်တွေခြစ်ထား)
၂။ မုန်လာဥနီ- အနည်းငယ် (အမျှင်လေးတွေခြစ်ထားပါ)
၃။ မြန်မာထန်းလျက် - အသေး၂ခဲ
၎။ ခရမ်းချဉ်သီး (Cherry Tomato) - ၅ လုံး
၆။ သံပရာသီး - ၁လုံး (အစိတ်တွေစိတ်ထားပါ)
၇။ ငရုတ်သီး - ၄ တောင့် (အစပ်မစားနိုင်ရင်လျှော့ထည့်ပါ)
၈။ ကြက်သွန်ဖြူ - ၅ မြွှာ
၉။ ငါးငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
၁၀။ မြေပဲဆံ - အနည်းငယ်
၁၁။ ပုစွန်ခြောက် - အနည်းငယ်

ပြင်ဆင်နည်း
-------------
၁။ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်၊ ငရုတ်သီးများကို အရင်ထောင်းပါ။
၂။ ပြီးရင် သံပရာသီး၊ မုန်လာဥနီ နဲ့ ခရမ်းချဉ်သီးများကို ထည့်ထောင်းပါ။
၃။ နောက် ထန်းလျက်နဲ့ မြေပဲဆံများကိုလည်းထည့်ထောင်းပေးပါ။
၎။ နောက်ဆုံးမှသခွားသီးကို ခပ်ဖွဖွထောင်းပေးပါ။
၅။ ငံပြာရည်လည်း ထည့်မွှေပြီး အပေါ့၊ အငန်ကို စိတ်ကြိုက်ထည့်ပါ။
၆။ ဒါဆိုရင်တော့ စားလို့ကောင်းတဲ့ သခွားသီးထောင်း အသင့်ဖြစ်ပါပြီ။

Evy Foodlover

Twitter Delicious Facebook Digg Stumbleupon Favorites More