Pages - Menu

6 Jun 2013

နပ်(စ်) သုံးမျိုး နဲ့ချီစ် ကြက်သားအချောင်းလေးများကင်

အနောက်နိုင်ငံတွေက အိမ်ရှင်မတွေရဲ့အကြိုက်ဆုံးဟင်းပွဲပါ။
ကလေး၊ လူကြီး အကုန်ကြိုက်ကြသလို အဆာပြေအစာကနေ
ဟင်းပွဲကြီးတစ်ပွဲလို စားလို့ရတဲ့အတွက်
အိမ်ထမင်းပွဲတင် မဟုတ်ဘဲ ဧည့်ခံပွဲတွေမှာလည်း
အသုံးပြုလို့ရပါတယ်။ မူရင်း ကြက်သားချောင်းကင်ကို
မစည်က တစ်မျိုးလေး ပြန်လည်ဖန်တီးထားပါတယ်။
အားလုံးနှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။

ပါဝင်ပစ္စည်း
................
၁။ ကြက်ရင်ပုံသား- ၄ ခြမ်း
(လက်ညှိုးအရွယ် အတုံးရှည်လေးများ တုံးထားပါ။ အရေခွံဖယ်ပါ)
၂။ ပါမဲလ်ဆန်ချိစ် - စားပွဲဇွန်း ၅ ဇွန်း
၃။ နပ်(စ်) သုံးမျိုး (Mix Nuts)- ခွက်တစ်ဝက် ကြေရုံ ကြိတ်ထားပါ (ဟင်းချက်ရင်တိုင်းတဲ့အချိန်အဆခွက်ပါ)
၎။ ပေါင်မုန့်ခြောက်မှုန့် - ၁ ခွက်ခွဲ (ဟင်းချက်ရင်တိုင်းတဲ့ အချိန်အဆခွက်ပါ)
၅။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ ကြက်ဥ - ၃ လုံး (ခလောက်ထားပါ)
၇။ ဂျုံ - ၁ ခွက် (ဟင်းချက်ရင်တိုင်းတဲ့ အချိန်အဆခွက်ပါ)
၈။ ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(ကလေးများ စားမယ်ဆို မထည့်ပါနဲ့)
၉။ ဟင်းခတ်အမွှေးမှုန့်(အီတလီ) - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၁၀။သံလွင်ဆီ - စားပွဲဇွန်း ၂ ဇွန်း (ကြော်မယ်ဆို ဆီထပ်ထည့်ပါ)
၁၁။ သံပရာခွံအမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(ကလေးများ စားမယ်ဆို မထည့်ပါနဲ့)

ပြုလုပ်နည်း
..................
၁။ ကြက်သား အတုံးရှည်လေးများကို ဆား ဖြင့်နယ်နပ်ထားပါ။

၂။ ဂျုံမှုန့် ကို ဗန်းထဲ မှာထည့်ထားပါ။ ကြက်ဥခလောက်ထားတာကို
ပန်းကန်ပြန့်ပြန့်လေးထဲမှာထည့်ထားပါ။ ပေါင်မုန့်ခြောက်မှုန့်၊
ဟင်းခတ်အမွှေးမှုန့်၊ ပါမဲလ်ဆန်ချိစ်၊ သံပရာခွံအမှုန့် ၊
ငရုတ်ကောင်းနှင့် နပ်(စ်)ခွဲခြမ်းကွဲလေးများ
အားလုံးကို မွှေပြီး ဗန်းအပြားထဲမှာထည့်ထားပါ။

၃။ ပထမအဆင့်အနေနဲ့ ကြက်သားအချောင်းလေးများကို
ဂျုံမှုန့်ဖြင့်နှံ့အောင် ဖွဖွလေးလူးပေးပါ။
ပြီးလျှင် ဒုတိယအဆင့် ကြက်ဥအနှစ်ထဲ နှစ်စိမ်လိုက်ပါ။
နောက်ဆုံး အဆင့်ကတော့ ပစ္စည်းတွေအားလုံးနဲ့ မွှေထားတဲ့
ပေါင်မုန့်ခြောက်ထဲသို့လည်း လူးပြီး ကင်မယ့်ဗန်းပေါ်တင်ပါ။

၎။ ကြက်သားတုံးလေးများကို ကင်ခါနီးကျရင်
သံလွင်ဆီနဲ့ အပေါ်က ဆမ်းပေးပါ။
အာဗင်ကို ၂၅၀-၃၀၀ ဒီဂရီ အပူချိန်နဲ့
၈- ၁၀ မိနစ် ကင်ပါ။ကြွပ်ရွပြီး အနီရောင်သမ်းလာလျှင်
အာဗင်ကနေ ထုတ်ထားပါ။

အာလူးနဲ့ အရွက်သုပ်တို့နဲ့စားလျှင်သိပ်လိုက်ဖက်ပါတယ်။

** မှတ်ချက်- နပ်(စ်) ဆိုတာ အခွံမာအသီးများကို ပြောတာပါ။
ဗန်ဒါစေ့၊ ပိုင်းစေ့၊ သီဟိုဠ်စေ့ စသည်တို့ကိုဆိုလိုတာပါ။
ချိစ်ကလည်း ကြိုက်နှစ်သက်ရာထည့်သုံးလို့ရပါတယ်။
အာဗင်မရှိရင် ဆီထဲထည့်ကြော်လည်းရပါတယ်။

Syi Foodsgarden

Twitter Delicious Facebook Digg Stumbleupon Favorites More