အစာလည်းဆေး ဆေးလည်းအစာ
ကန်စွန်းဥဟာ ချိုပြီး အဟာရပေါကြွယ်ဝတယ်။ဗီတာမင် စီနှင့်အေ ပိုများတယ်။ အမြဲတမ်းစားပေးရင် ခန္ဓာကိုယ်ကို ကျန်းမာစေပြီး အသက်ရှည်စေတယ်။
ကန်စွန်းဥမှာ ဖိုင်ဘာအမျှင်များပြားစွာ ပါဝင်လို့ အစာအိမ်နှင့် အူအတွင်းရွေ့လျားမှုကို မြှင့်တင်ပေးတဲ့အတွက် ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးတယ်။ လိပ်ခေါင်းရောဂါနှင့် စအိုကွဲနာတွေကို သက်သာပျောက်ကင်းစေပါတယ်။
အူမကြီးကင်ဆာနှင့် စအိုပြွန် ကင်ဆာရောဂါတို့ကို ကာကွယ်ပေးရာမှာ အကျိုးပြုတယ်။
အနောက်နိုင်ငံ သုတေသနပြုချက်အရ ဟော်မုန်း အတုလို့ ခေါ်နိုင်တဲ့ ဓါတ်တွေပါဝင်လို့ ရင်သားကင်ဆာနှင့် အူမကြီးကင်ဆာတို့ကို ထိန်းချုပ်နိုင်တယ်လို့ ဆိုပါတယ်။
ထို့ပြင် ၀တဲ့လူတွေ အဆီချဖို့ ကန်စွန်းဥကို စားသုံးနိုင်ပါတယ်။
အရိုးအဆစ်များ၊ သွေးကြောများဝန်းကျင်မှာ ဒုက္ခပေးတဲ့ရောဂါကိုလည်း ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။
ကန်စွန်းဥကို ပူနွေးစဉ်စားသုံးသင့်တယ်။စားတဲ့အခါမှာလည်း ဆီနဲ့ တို့စားသင့်ပါတယ်။ကန်စွန်းဥမှာပါတဲ့ ဓါတ်တစ်ချို့ဟာ ဆီမှာ ပျော်လွယ်ပြီး အစာအိမ်က စုပ်ယူမှုအားကောင်းစေလို့ ဖြစ်ပါတယ်။
အစာအိမ် အချဉ်ပေါက်တတ်သူတွေကတော့ ကန်စွန်းဥက အစာအိမ်ထဲမှာ အက်စစ်လိုဖြစ်ပေါ်စေလို့ ရှောင်ကြဉ်သင့် ပါတယ်။
ကန်စွန်းဥအခွံမှာ အမည်းစက်ပွင့်နေရင်၊ အညှောင့်ပေါက်နေရင် မစားသင့်ပါ။
အဆိပ်သင့်တတ်ပါသည်။
မြန်မာသူငယ်ချင်းများအဖွဲ့မှ ဖတ်ထားတာလေးတွေကို ပြန်ရှယ်လိုက်ပါတယ်။