လူအများစုဟာ ချောကလက်ချောင်း၊ ကွတ်ကီး၊ ရေခဲမုန့်နဲ့ သကြားများတဲ့ အချိုရည်စတာတွေကို တစ်ချိန် မဟုတ် တစ်ချိန်မှာ စားချင်စိတ် ပြင်းပြတတ်ကြပါတယ်။ အဲဒီအချိန်မှာ လျှာအရသာခံအဖုတွေ စိတ်ကျေနပ် ပြီးရောသဘောမျိုးနဲ့ တွေ့ကရာ အစားအသောက်တွေအစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် တွေကို စားသင့်ပါတယ်။
သကြားများသော အချိုရည်အစား ♦
သစ်သီးအချိုရည် သောက်ပါ ချိုတဲ့အရည်စွဲလမ်းမှုကို မဖြတ်နိုင်ဖြစ်နေသလား။ သဘာဝအပင်ထွက်ပစ္စည်းပါတဲ့ အချိုရည်ကို သောက်ပါ။ လိမ္မော်ရည်၊ ဂရိတ်ဖရုဖျော်ရည်နဲ့ ပန်းသီးဖျော်ရည်တွေမှာ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့ ပါဝင်နေပါတယ်။ ချိုမိန်အေးမြတဲ့ အရသာရရှိစေဖို့ သကြားမထည့်ဘဲရေခဲတုံးထည့်သေ
Hint - အဆင်သင့် သစ်သီးဖျော်ရည်တွေမှာ သကြား သိသာတဲ့ ပမာဏ ပါဝင်နေတတ်ပါတယ်။ ဒါကြောင့် သဘာဝသစ်သီးဖျော်ရည်ကို သကြားမထည့်ဘဲအသင့်အတင့် သောက်သင့်ပါတယ်။
ချိုသော မုန့်များအစား ♦
သစ်သီးခြောက်စားပါ စပျစ်သီးခြောက်နဲ့ ဆီးသီးခြောက်တွေအပြင် ကီဝီသီးခြောက်၊ နာနတ်သီးခြောက်၊ မက်မွန်သီးခြောက်၊ သ ရက်သီးခြောက် စတာတွေကိုလည်းစားပါ။ ဒီသစ်သီးခြောက်တွေဟာ သကြားလုံးစားချင်စိတ်ကို လျော့ပါး စေပြီး စွမ်းအင်ပေးနိုင်ပါတယ်။
Hint - ဟင်းရွက်သုပ်ထဲကို သစ်သီးခြောက်တွေ ထည့်စားပါ။
ရေခဲမုန့်အစား ♦
ဒိန်ချဉ် သောက်ပါ ရေခဲမုန့်အစား အဆီမပါတဲ့ ဒိန်ချဉ်က အရသာရှိသလို ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိပါတယ်။ ဒိန်ချဉ်ကို ပျား ရည်အနည်းငယ်၊ စတော်ဘယ်ရီသီး စတာတွေနဲ့ စားပေးရင် အရသာကောင်းမွန်သလို ကျန်းမာစေပါတယ်။ Hint - အဆီမပါတဲ့ ဒိန်ချဉ်အေးမှာအဆီနည်း ဒိန်ချဉ်အေးမှာထက် သကြားနဲ့ ကယ်လိုရီ ပိုမိုပါဝင်ပါတယ်။
အဆင်သင့်ရေခဲချောင်းအစား ♦
ကိုယ်တိုင်ပြုလုပ်ပြီး စားပါ ပူပြင်းတဲ့ နွေကာလတွေမှာ အေးခဲနေတဲ့ ရေခဲချောင်းကို စားလိုက်ရရင်လန်းဆန်းအေးမြသ
Hint - ပါဝင်ပစ္စည်းနည်းနည်းနဲ့ရေခဲ
ချောကလက်မုန့်ချောင်းအစား ♦
Granola Bar စားပါ ကယ်လိုရီပါဝင်မှု မြင့်မားတဲ့ ချောကလက်မုန့်ချောင်းအစား စွမ်းအင်များများ ပေးနိုင်တဲ့ သရေစာမုန့်ကိုစား လိုရင်Granola Bar ကို ရွေးချယ်ပါ။ ချောကလက်မှာထက် ကယ်လိုရီပါဝင်မှုနည်းကာ အာဟာရတန်ဖိုးပိုရှိ ပါတယ်။
Hint -ကျန်းမာရေးနဲ့ ညီတဲ့ ပါဝင်ပစ္စည်းတွေ ပါဝင်တဲ့ Granola Bar ကိုရွေးချယ်စားသုံးပါ။
ကြယ်စင်
by Good Health
source >>>http://