Pages - Menu

5 Oct 2013

မှတ်ဉာဏ် ထက်သန်စေချင်လျှင် ပန်းမုန်လာစိမ်း (Broccoli)ကို စားပါ

တချို့သော အသီးနှင့်ဟင်းသီး ဟင်းရွက်များ စားသုံးခြင်းဖြင့် လူတို့၏ မှတ်ဉာဏ်ကို မြင့်မားစေနိုင်ကြောင်း တွေ့ရှိရသည်ဟု ဗြိတိသျှသုတေသီများက ထုတ်ဖော် ပြောကြားလိုက်သည်။

အဆိုပါ တွေ့ရှိချက်သည် အယ်လ်ဇိုင်းမား ရောဂါကာကွယ်ရေးနှင့် ကုသရေးသီအိုရီများကို သိပ္ပံနည်းကျ အထောက်အကူ ဖြစ်စေပြီး အကျိုးကျေးဇူး လွန်စွာ ရှိစေသည်ဟု ဗြိတိသျှတော်ဝင် ဆေးဝါးအဖွဲ့ကြီးက ပြောဆိုသည်။
ပန်းမုန်လာစိမ်း (Broccoli) အာလူး၊ လိမ္မော်သီး၊ ပန်းသီးနှင့် မုန်လာဥများတွင် တွေ့ရှိရသော ဓာတ်တစ်မျိုးသည် ထိုရောဂါကုသ ဆေးဝါးများတွင်ပါဝင်သော ဓာတုပစ္စည်းများနှင့် အာနိသင်တူညီပြီး ပန်းမုန်လာစိမ်း (Broccoli) တွင် အများဆုံးတွေ့ရသည်ဟု အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့တွင် ကျင်းပသည့် ဗြိတိသျှဆေးဝါးကွန်ဖရင့်တွင် လန်ဒန်တက္ကသိုလ် လက်အောက်ခံ ဘုရင့်ကောလိပ် King's Collegeမှ တင်သွင်းသော စာတမ်းတွင် ဖော်ပြပါရှိသည်။
သက်ကြီးရွယ်အိုများတွင် ဖြစ်ပွားလေ့ရှိသော အယ်လ်ဇိုင်းမားရောဂါမှာ မှတ်ဉာဏ်ကို လျော့နည်းစေပြီး ထိရောက်သော ကုသမှုဆေးဝါးမရှိသေးပေ။ အဆိုပါရောဂါသည် ဦးနှောက်ရှိ အတွေးစိတ်ကူး မှတ်ဉာဏ်နှင့် ဘာသာစကား မှတ်သားရာနေရာတို့ကို ပျက်စီးစေပြီး နိစ္စဓူဝအလုပ်များကိုပင် ထိခိုက်စေသည်။

အဆိုပါရောဂါတွင် နာဗ့်ကြောချင်းဆက်သွယ်မှု အင်ဇိုင်းအားဖျက်ဆီးသည့် ACTH အာနိသင်ကို တားဆီးနိုင်သော ဓာတုပစ္စည်းပုံစံမျိုးသည် အချို့ ဟင်းသီး ဟင်းရွက်များတွင်ပါဝင်သည်ဟု ယေဘုယျအားဖြင့် ယခင်က သိကြသော်လည်း တိတိကျကျ လေ့လာမှုဟူ၍ မရှိခဲ့ပေ။ လန်ဒန်ဘုရင့်ကောလိပ်မှ တင်သွင်းသော ယခုစာတမ်းမူ အဆိုပါ ဓာတ်အာနိသင်သည် အထက်ပါ အသီးနှင့်ဟင်းသီးဟင်းရွက် ၅မျိုးတွင ပါဝင်ကြောင်း တိကျသေချာစွာ ဖော်ပြခြင်း ဖြစ်သည်။

အဆိုပါ ဓာတ်ပစ္စည်းသည် ပန်းမုန်လာစိမ်း (Broccoli) တွင် အများဆုံးပါဝင်ပြီး မည်သည့်ဓာတ်ဆိုသည်ကို ဖော်ထုတ်ရန်အတွက် ဆက်လက်၍ သုတေသနပြုမှုများ ပြုလုပ်ရဦးမည် ဖြစ်သည်။ အဆိုပါ ဓာတ်ပစ္စည်းမှာ ဂေါ်ဖီထုပ်အုပ်စုဝင် အသီးအနှံများတွင် တွေ့ရတတ်သော ဂလူကိုဆီနိုလိတ် ဓာတ်ပစ္စည်း ဖြစ်နိုင်ဖွယ်ရှိသည်။
Ref: The Star
( from: အခွင့်အလန်းဂျာနယ်မှ )

Twitter Delicious Facebook Digg Stumbleupon Favorites More