Pages - Menu

8 May 2014

ကိုယ်ခံစွမ်းအားတိုးမြှင့်ပေးမည့် အကောင်းဆုံးအစားအစာ(၅)မျိုး

ကိုယ်ခံစွမ်းအားကောင်းစေဖို့ အတွက် ဗီတာမင်အားဆေးတွေ လက်တစ်ဆုပ်စာ သောက်နေဖို့  မလိုအပ်ပါဘူး။ ဟော့ဒီ အစား အစာ (၅)မျိုးနဲ့ တင် လုံလောက်နေပါပြီ။
(၁) ကြက်သွန်ဖြူ။
ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက် “ရွှေ” လို့  ကျန်းမာရေးသုတေသီများက ဆိုပါတယ်။ ၄င်း ကြက်သွန်ဖြူ ထဲမှာပါရှိတဲ့ allicin ဓာတ်ပေါင်းတစ်မျိုးဟာ အစွမ်းထက်မြက်သည့် ဘဘာဝဓာတ် တိုးဆန့် ကျင်ပစ္စည်းဖြစ်ပါတယ်တဲ့။ ထို ဓာတ်ပေါင်းစုက သ ဘာဝပဋိဇီဝဆေးသဖွယ် နာတာရှည် ဖျားနာခြင်းမှ ကာကွယ်ပေးတာကြောင့် ကြက်သွန်ဖြူ (၄)မြွှာခန့် ကို အစိမ်းလိုက်ဖြစ်စေ၊ ဟင်းလျာ များတွင် ချက်ပြုတ်ကြော်လှော်၍ဖြစ်စေ နေ့ စဉ် စားပေးသင့်ပါတယ်။
(၂) သစ်ကြပိုးခေါက်။
သစ်ကြပိုးခေါက်က သဘာဝပိုးသတ်ဆေးသဖွယ် ခန္ဓာကိုယ်တွင်းရှိ မလိုလားအပ်တဲ့ ဘက်တီးရီး ယား နှင့် ကူစက်ပိုးတွေ ကို သုတ်သင်ရှင်းလင်းပေးနိုင်ပါတယ်။ သစ်ဂျပိုးခေါက်ကို စားသုံးပြီး တဲ့နောက် မှာ၊ ခန္ဓာကိုယ်က အင်ဆူလင်အဖြစ် ဓာတ်ပြုပြီး နောက် လူကိုဘေးဖြစ်စေတဲ့ ဖရီး ရယ်ဒီကယ်များကို ရှင်းလင်းပေးတာကြောင့် ပန်းနာရင်ကျပ် နှင့် နာတာရှည်ရောင်ရမ်းနာ အမျိုး မျိုးတို့ အတွက် ဆေးစွမ်းထက်မြက်စေပါတယ်။ (သစ်ကြပိုးခေါက်တွေကို တိုင်းရင်းပရဆေး ဆိုင်တွေမှာ အလွယ်တကူဝယ်ယူ ရရှိနိုင်ပါတယ်)
(၃) ထောပတ်သီး။
ဗီတာမင်အေ နှင့် ဗီတာမင်အီး တို့ ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်ဖက်တီးအက်ဆစ် များပါ ဘဲ။ ထောပတ်သီး စားခြင်းဖြင့် ၄င်း အက်ဆစ်ဓာတ် ၂-မျိုးစလုံးကို တပြိုင်နက်တည်း ရရှိစေ မှာဖြစ် ပါတယ်။ အထူးသဖြင့် အခွံနားကပ်နေတဲ့ အစိမ်းရောင် ထောပတ် သီးအသားထဲမှာ lycopene နှင့် beta-carotene ဓာတ်တွေပါရှိနေတာကြောင့် ထောပတ်သီးမှည့်မည့်ကို စားတဲ့အခါ အခွံ မှာကပ်နေတဲ့ အစိမ်းရောင်အသားတွေကို ဇွန်းဖြင့်ခြစ်ယူစားပေးသင့်ပါတယ်။
(၄) အစေ့အဆံများ။
အခွံမာသီးမှရတဲ့ အစေ့အဆံတွေမှာ အမျှင်ဓာတ် နှင့် မဂ္ဂနီစီယမ်တို့ မြင့်မားစွာပါရှိတဲ့အပြင်၊ ခန္ဓာကိုယ်အကျိုးပြု မပြည့်ဝဆီ နှင့် ဗီတာမင်အီးတို့ လည်း အလုံအလောက်ပါရှိနေပါတယ်။ အထူးသဖြင့် ဗာဒံစေ့ နှင့် သစ်ကြားသီးထဲမှာ ၄င်း အကျိုးပြုအာနိသင် များ အမြောက်အများပါရှိနေတာကြောင့် ကိုလက်စထရောပမာဏကို မျှတစေခြင်း၊ အစာချေစံနစ်ကို ကောင်းမွန်စေခြင်း စသည် ဖြင့် ကောင်းကျိုးပြုပါတယ်။
(၅) ဘယ်ရီသီးများ။
စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ခ်ဘယ်ရီ၊ ရက်စ်ဘယ်ရီ စတဲ့ဘယ်ရီသီးမျိုးနွယ်ဝင်များမှာ အခြားသစ်သီးများထက် ဓာတ်တိုးဆန့် ကျင်ပစ္စည်းများ ပိုမိုပါရှိနေကြပါတယ်။ အထူးသဖြင့် ဘလူးဘယ်ရီသီးထဲမှာ ဗီတာမင်စီ နှင့် ဖောလိပ်ဓာတ်တို့  ပါဝင်မှု ပိုများတာကြောင့် ဆီးလ မ်းကြောင်းပိုးဝင်ခြင်း၊ မှတ်ဥာဏ်လျော့နည်းခြင်း၊ အမြင်အာရုံချို့ တဲ့ခြင်း၊ ကိုလက်စထရောမြင့် မားခြင်း စသည့် ရောဂါများအတွက် ဆေးဖက်ဝင်စေပါတယ်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

Twitter Delicious Facebook Digg Stumbleupon Favorites More