Pages - Menu

27 Jul 2014

ခန္ဓာကိုယ်အတွက် စားသုံးခြင်းဖြင့် ရရှိနိုင်မည့် မရှိမဖြစ် ဗီတာမင်

(ဗီတာမင် A)
မျက်စိအားကောင်းစေဖို့ ၊ ကိုယ်ခံအားစံနစ်တိုးတက်မြင့်မားစေဖို့ ၊ အရေပြားကျန်းမာရေး၊ အသည်းေ ရာင်အသားဝါ၊ နှာစေး၊ ပျို့  အန်၊ ဆံပင်ကျွတ်ခြင်း တို့ မှ ကာကွယ်နိုင်ရန် အ တွက် ဗီတာမင် A က မရှိမဖြစ်ပါ။ လိမ္မော်သီး၊ ကန်စွန်းဥ အ၀ါရောင်၊ မုန်လာဥနီ၊ တရုပ် ဇီးသီးခြောက်၊ သခွားမွှေးသီး၊ သင်္ဘောသီး၊ မက်မွန်သီး၊ သရက်သီး မှည့်၊ ခရမ်းချဉ် သီး၊ ပန်းငရုပ်ပွ(အချို)၊ ကိုက် လံ၊ ဆလတ်ရွက်၊ ဟင်းနုနယ်ရွက်၊ မုန်ညင်းစိမ်း၊ ပင်စိမ်းရွက်၊ ဗိုစားပဲသီး၊ ပင်လယ်ငါး၊ နွားနို့ ၊ ငါးကြီးဆီ၊ ကြက်အသည်း(အထူးသဖြင့် ကြက်ဆင် အသ ည်း)၊ မဲအသည်း၊ ကွေကာအုတ်အကြမ်း တို့ မှာ ဗီတာမင် A ကို လုံလောက်စွာ ရရှိနိုင် ပါတယ်။

(ဗီတာမင် B6)
ဦးနှောက်အားကောင်းစေဖို့ ၊ အာရုံကြောများ အားကောင်းစေဖို့ ၊ အနီရောင်ဆဲလ် များေ ကာင်း စွာ ထုတ်လုပ်နိုင်ဖို့ ၊ အရေပြား ရောဂါများအတွက် ဗီတာမင် B6 က မရှိမဖြစ် ပါ။ အစိမ်း/အ၀ါ/အဖြူရောင် စတဲ့ ပဲအမျိုးမျိုး၊ ကြက်/ရစ်ဌက်(ရစ်သား)/၀က်/အမဲ/ သမင်/ချေ/စိုင်/ဒရယ်/ဆတ် စတဲ့ အနီရောင်အသားများ၊ ပင်လယ်ငါးများ၊ နေကြာစေ့/ ဗာဒံစေ့/သစ်ကြား သီး စတဲ့အခွံမာသီးများ၊ ကြက်ဥ/ဘဲဥ/ငုံးဥ စတဲ့ ဥအမျိုးမျိုး၊ ဟင်းနုနယ် ရွက်၊ ကိုက်လံ၊ စိမ်းပြာရေညှိ၊ ကြက်သွန်မြိတ်၊ တို့ ဟူး၊ ဆီးချိုသီး(အခြောက်)၊ ဌက်ပျော သီး၊ ထောပတ်သီး၊ ကြက်သွန်ဖြူ၊ ပဲပိစပ်၊ မှိုခြောက်၊ အာလူး၊ မျောက်ဥ၊ ဒိန်ခဲ(နို့ ခဲ)၊ တင်လဲ ရည်(သကာရည်) တို့ မှာ ဗီတာမင် B6 ကို လုံလောက် စွာ ရရှိနိုင်ပါတယ်။

(ဗီတာမင် B12)

အာရုံကြောများ အားကောင်းစေဖို့ ၊ မှတ်ဥာဏ်အားကောင်းစေဖို့ ၊ စိတ်ဓာတ်ကျခြင်းမှ ပြေေ ပျာက်စေဖို့ ၊ သွေးအားနည်းရောဂါ နှင့် အနီရောင်ဆဲလ်များ ကောင်းစွာထုတ်လုပ်နိုင်ဖို့  တို့  အတွ က် ဗီတာမင် B12 က မရှိမဖြစ်ပါ။ ခရု/ဂဏန်း/ပုစွန်/ဂုံးကောင် စတဲ့ အခွံမာေ ရသ တ္တ၀ါများ၊ ဘဲသား/အမဲသား စတဲ့ အနီရောင်အသား၊ အမဲအ သည်း၊ ကြက်ဆင်အ သည်း၊ ကြက်သား၊ ရေဘ၀ဲ၊ တူနာငါး၊ ငါးသေတ္တာငါး၊ ရေချိုရေငံ ငါးအမျိုးမျိုး၊ တို့ ဟူး၊ လူး/ဆပ်/ဂျုံ စတဲ့ ကောက်နှံစပါး အမျိုးမျိုး၊ နွားနို့ ၊ ချိစ်၊ ဒိန်ချဉ် နှင့် ကြက်ဥ/ဘဲဥ/ငုံးဥ တို့ မှာ ဗီတာမင် B12 ကို လုံ လောက်စွာ ရရှိနိုင်ပါတယ်။

(ဗီတာမင် C)
အရိုးသန်မာဖို့ ၊ သွား နှင့် ခံတွင်းကျန်းမာစေဖို့ ၊ သွေးကြောများပွင့်လန်းစေဖို့ ၊ ကင်ဆာေ ရာဂါ များ ကို တိုက် ထုတ်စေဖို့ ၊ အအေးမိ နှာစေး ချောင်းဆိုး ကူးစက်ရောဂါမဖြစ်စေဖို့  နှင့် အရေပြား အသားအရေကောင်းမွန်စေဖို့ တို့ အတွက် ဗီတာ မင် C က မရှိမဖြစ် ပါ။ ရှော က်/သံပုရာ/သံပရို/လိမ္မော် သီး စတဲ့ အချဉ်သီးမျိုးနွယ်များ၊ ကီဝီသီး၊ မာလကာသီး၊ ပန်းင ရုပ်ပွ၊ စတော်ဘယ်ရီသီး များ၊ ကိုက်လံ၊ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း(ဘရိုကိုလီ)၊ ခရမ်း ချဉ်သီး၊ ဂေါ်ဖီ၊ အစိမ်းရောင်ပဲသီး အမျိုးမျိုး တို့ မှာ ဗီတာမင် C ကို လုံလောက် စွာ ရရှိနိုင်ပါတယ်။

(ဗီတာမင် D)
ကယ်လ်စီယမ်ဓာတ်ကို စုပ်ယူမှုအားကောင်းစေဖို့ ၊ အရိုးသန်မာဖို့ ၊ ဆဲလ်များကြီးထွားဖို့ ၊ အာရုံေ ကြာ ကြွက် သားတွေ အား ကောင်းဖို့ ၊ ကိုယ်ခံစွမ်းအားကောင်းမွန်စေဖို့  နှင့် ခန္ဓာကိုယ်ဖောေ ယာင်ခြင်းမှ ကင်းဝေးစေဖို့ တို့ အတွက် ဗီတာမင် D က မရှိမ ဖြစ်ပါ။ နံက်နေရောင်ခြည်၊ ငါးကြီးဆီ၊ ပင်လယ်ငါးအမျိုးမျိုး၊ ကမာကောင်၊ ငါး ဥ၊ ကြက်ဥအနှ စ်၊ နွားနို့ နှင့် နို့ ထွက်ပစ္စည်း များ နှင့် မှို တို့ မှာ ဗီတာမင် D ကို လုံလောက်စွာ ရရှိနိုင် ပါတယ်။

(ဗီတာမင် E)
သွေးနီဥဆဲလ်များ ကောင်းစွာထုတ်လုပ်နိုင်ဖို့ ၊ ဦးနှောက်ကောင်းစေဖို့ ၊ ဆဲလ်ပျက်စီးမှုမှ ကာ ကွယ်နိုင်ဖို့ ၊ နှလုံးရောဂါ နှင့် ကင် ဆာရောဂါများမှ ကာကွယ်စေဖို့ ၊ အရွယ်တင်နုပျို လှပစေဖို့ ၊ အသားအရေ ချောမွေ့ စေဖို့ နှင့် အရွယ်မတိုင်ခင် မျက်စိမှုန်ခြင်းမှ ကင်းဝေး ဖို့တို့ အတွက် ဗီတာမင် E က မရှိမဖြစ်ပါ။ ဗာဒံစေ့/နေကြာစေ့/ဖရုံစေ့ စတဲ့ အခွံမာသီး အေ စ့အဆံများ၊ သံလွင် ဆီ ကဲ့ သို့ ဟင်းရွက်ဆီများ၊ ဂျုံ လူး ဆပ် ဆန် စတဲ့ကောက်နှံ အမျိုးမျိုး၊ ဟင်းနုနယ်/ပန်းဂေါ်ဖီ စိမ်း(ဘရိုကိုလီ) တို့ လို အစိမ်းရောင် ဟင်းသီးဟင်း ရွက် များ၊ ထောပတ်သီး၊ ပုစွန်ထုပ် နှင့် အဆီ များသောငါးအမျိုးမျိုး တို့ မှာ ဗီတာမင် E ကို လုံလောက်စွာ ရရှိနိုင်ပါ တယ်။

(ဖောလိပ် အက်ဆစ်)
အရည်အသွေးကောင်း ဆဲလ်သစ်များတည်ဆောက်နိုင်ဖို့ ၊ စိတ်ဖိစီးမှုပြေပျောက်နိုင်ဖို့ ၊ DNA မြှင့် တ င်နိုင်ဖို့ ၊ သွေးအားကောင်း စေဖို့ ၊ သန္ဓေသားကျန်းမာဖို့ ၊ အယ်လ်ဇိုင်းမာြး ဖစ်ခြင်းမှကာကွယ် နိုင်ဖို့ ၊ ဦးနှောက်နှင့်ပတ်သက်သော ကင်ဆာရောဂါ များမှ ကင်း ဝေးေ စဖို့ ၊ နှလုံးရောဂါဖြစ်ြ ခင်း မှ ကာကွယ်ဖို့  အတွက် ဖောလိပ်အက်ဆစ်(ခေါ်)ဗီတာမင် B9 က မရှိမဖြစ်ပါ။ သင်္ဘော/လိမ္မော်/ ဂရိတ်ဖရု/စတော်ဘယ်ရီ/ထောပတ်သီးစတဲ့ သစ်သီးများ၊ ဟင်းနုနယ်/မုန်ညင်စိမ်း/မုန်ုလာရွက်/ကညွတ်/ပန်းဂေါ်ဖီစိမ်း(ခေါ်)ပဲတောင့်ရှည်/ဗိုစားပဲသီး/ရုံးပတီသီး စတဲ့ အစိမ်းရောင် ဟင်းသီး ဟင်း ရွက်များ၊ နေကြာစေ့/မြေထောက်ပဲ/ဂုန်ေ လျှာ်စေ့/ဗာဒံစေ့ စတဲ့ အခွံမာသီးအစေ့အဆံ များ၊ ပန်းဂေါ်ဖီ၊ ပြောင်းဖူး၊ မုန်လာဥနီ၊ တရုပ် နံနံ၊ beet root(ခေါ်)သကြားမုန်လာ(ခေါ်)သွေးနီရောင် အရည်ရွှမ်းတဲ့ မုန်လာဥနီအ၀ိုင်း၊ ပဲနီလေး၊ ပဲပင်ပေါက် တို့ မှာ ဖောလိပ်အက်ဆစ်ကို လုံလောက် စွာ ရရှိနိုင်ပါတယ်။

(ဗီတာမင် K)
ဦးနှောက်၊ နှလုံး စတဲ့သွေးကြောများ သွေးခဲခြင်းမဖြစ်စေဖို့ ၊ ကင်ဆာရောဂါမှ ကာကွယ် ဖို့ ၊ အယ်လ်ဇိုင်းမား(ခေါ်)ဦးနှောက် ဇရာ အကြိုရောဂါမဖြစ်စေဖို့ ၊ အရိုးပွရော ဂါ နှင့် နှ လုံးရောဂါမှ ကာကွယ်နိုင်ဖို့ တို့ အတွက် ဗီတာမင် K က မရှိမဖြစ်ပါ။ ပင်စိမ်းရွက်/ကိုက်လံ/ဟင်းနုနယ်/မုန် ညင်း စိမ်း/ဆလတ်ရွက်/ပန်းဂေါ်ဖီစိမ်း/ကညွတ် စတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ကြက် သွန်မြိတ်၊ ဂေါ်ဖီ၊ သခွားသီး၊ ငရုပ်သီးမှုန့် ၊ ဥအနှစ် နှင့် တရုပ်ဆီးသီးခြောက် တို့ မှာ ဗီတာမင် K ကို လုံလောက်စွာ ရရှိနိုင်ပါ တယ်။

(နီအာစင်း)
နီအာစင်း(ခေါ်)ဗီတာမင် B3 က အစားအစာမှ စွမ်းအင်အဖြစ်သို့  ပြောင်းလဲပေးရုံသာ မက၊ ကိုလက် စ ထရောပမာဏကို လျော့ချ ပေးခြင်း၊ သွေးထဲရှိသကြား ပမာဏကိုမျှတေ စခြင်း၊ အေ ရပြားရောင်တင်းခြင်း၊ ၀မ်းသွားခြင်း၊ နာတာရှည် စိတ်ပျံ့ လွင့်ရောဂါ၊ မှတ် ဥာဏ်ချို့ ယွင်းခြင်း၊ အာခံတွင်းရောင်ရမ်းခြင်း၊ အလွန်အမင်း မောပမ်းနွ မ်း နယ်ခြင်း တို့ မှ ကာကွယ်ပေးနိုင်ပါတ ယ်။ ဂျုံ လူး ဆပ် ဆန် စတဲ့ကောက်နှံအမျိုးမျိုး၊ နို့ နှင့် နို့ ထွက်ပစ္စည်း များ၊ ဗူး ဖရုံ ဖရဲ သခွား ထောပတ် သီး သခွားမွှေးစတဲ့အခွံမာသီးများ၊ ကြက် ရင်ပုံသား၊ ၀က်ပေါင်သား၊ သိုးသားအသည်း၊ ဘဲ၊ ငန်း၊ အမဲနံရိုး၊ ပင်လယ်ငါး၊ မြေထောက်ပဲ၊ မှို၊ ပန်း ငရုပ်ပွအစိမ်းရောင်၊ ကညွတ်၊ ပန်းဂေါ်ဖီစိ မ်း၊ နေကြာစေ့၊ ပဲထောပတ်၊ ကော်ဖီ တို့ မှာ နီအာစင်းကို လုံလောက်စွာ ရရှိနိုင်ပါတယ်။

(ရီဗိုဖလာဗင်)
အရေပြားအဆီခမ်း ခြောက်သွေ့ ခြင်း၊ နှုတ်ခမ်းသားခြောက်သွေ့ ကွဲအက်ခြင်း၊ ခံတွင်း အပူကန် နာများ၊ လည်ချောင်းနာခြင်း စတဲ့ ဝေဒနာများအတွက်သာမက၊ ခန္ဓာကိုယ်တွင်း ကိုယ်ပ စွမ်းအင် ဓာတ်ပြုမှုလုပ်ငန်းစဉ်အတွက် ရီဗိုဖလာဗင်(ခေါ်)ဗီတာမင် B 2 က မရှိ မဖြစ်ပါ။ ဟင်းနုနယ် မုန် ညင်းစိမ်း မုန်လာရွက် စတဲ့ အစိမ်းရင့်ရောင်ဟင်းသီးဟင်း ရွက် များ၊ ကောက်နှံ၊ အသား၊ နို့ / ချိစ် / ထောပတ် စတဲ့နို့ ထွက်ပစ္စည်းများ၊ ဗာဒံစေ့၊ အမဲ သား၊ သိုးသား၊ ၀က်သား၊ အဆီများသောငါး၊ ကြက်ဥ/ဘဲဥ/ငုံးဥ စတဲ့ အ ကျက်ပြုတ်ထားသော ဥအမျိုးမျိုး၊ မှို၊ နှမ်းစေ့အဖြူ၊ ကင်းပွန်(ပြည်ကြီးငါး) တို့ မှာ ရီဗိုဖလာဗင်ကို လုံလောက်စွာ ရရှိ နိုင်ပါတယ်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

Twitter Delicious Facebook Digg Stumbleupon Favorites More