Pages - Menu

21 Jul 2014

မြန်မာနှင့်လက်ဖက်ရည်

ကဖိန်းဓာတ်ပါသော အဖျော်ယမကာမျိုးနွယ်ဝင် လ္ဘက်ရည် ကို ကော်ဖီ နှင့် အပြိုင် ကမ္ဘာ့နိုင်ငံအ သီး သီးတွင် နေ့ စဉ် သုံး အစားအစာမီနူးအဖြစ် အာသာပြင်းပြင်း သောက်သုံးလျှက်ရှိကြ ပါ သည်။ နိုင်ငံတကာ ၏ ရုံးဌာနများ နှင့် ကုမ္မဏီ များတွင် ညနေ ၃း၀၀ နာရီ ၀န်းကျင်း၌ ၀န်ထမ်း များခေတ္တအနားယူကြရန်နှင့် တစ်နေ့ တာလုံး စိတ်ဖိစီးမှုများကို ပြန်လည်အားဖြည့်စေရန် အတွက် လ္ဘက်ရည်သောက်ချိန် “ Tea Time ” ဟူ၍ အထူးတလည် သတ်မှတ်ပေးထားကြ ပါသည်။

< မြန်မာနှင့်လက်ဖက်ရည် >
လက်ဖက်ရည် အကြောင်းကိုပြောရမည်ဆိုပါလျှင် လက်ဖက်ရွက်အကြောင်းပါမှ ပြီးပြည့်စုံပါ လိမ့် မည်။ သမိုင်း အထောက်အထားများအရ ခရစ်သက္ကရာဇ် ၁၁၀၀-ခန့် ကတည်း က၊ မြန်မာပြည် တွင် လက်ဖက်စားသုံးသော ယဉ်ကျေးမှုစတင်ခဲ့ပါသည်။ "လက်ဖက်အစ တအာင်းက" ဟု စာဆို ရှိပါသည်။ တအာင်း(တအမ်း) လူမျိုးတို့ နေထိုင်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ ခရိုင်၊ နမ့်ဆန် မြို့နယ် သည် မြန်မာနိုင်ငံ၏ လက်ဖက် စတင်စိုက်ပျိုးရာဒေသ ဖြစ်ကာ၊ နမ့်ဆန်ကို "လက်ဖက်မြို့ တော်" ဟု လူသိ များပါသည်။ ရာဇ၀င်များထဲတွင် မာယာယုကျွန်းမှ နတ်ဘီလူး ညီနောင် လေးယောက်တို့ သည် ဟင်္သာဇလုပ် အတွင်း၌ရှိသော “ နိလဗီဇ” ခေါ် “ရသာဝသီ” နတ်သစ်စေ့ကို ပုဂံပြည့် ရှင်အလောင်းစည်သူမင်းတရားကြီးအား ဆက်သခဲ့ရာ၊ မင်းကြီးလည်း ထိုမျိုးစေ့ကို တအာင်း (ပလောင်)သူကြီး 'တာငွန်' ဆိုသူကို စိုက်ပျိုးရန်အလို့ ဌာချီးမြှင့်ခဲ့ပြီး၊ သူကြီး က မျိုးစေ့ကို လက်တစ်ဖက်နဲ့  ခံယူခဲ့သည့်အတွက် 'လက်တစ်ဖက်ပင်' ဟု ခေါ်တွင်ခဲ့ပြီး၊ အချိန် ကာလရွေ့ လျောရာမှ 'လက်ဖက်ပင်' ဟု အမည်ရလာခဲ့ပါသည်။

“လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေး။ သမက်ကောင်းလိုချင်ရင် အလှောင်အ လက်ရွေး” ဟူသော တအာင်း (တအမ်း)စကားပုံရှိခဲ့ပါသည်။ အဓိပ္ပါယ်ကတော့လက်ဖက်ပင် ကို တောင်စွယ်တောင်တန်းဒေသတွင်သာ စိုက်ပျိုးလေ့ရှိရာ၊ တောင်ပေါ်သို့ တဖြေးဖြေးတက်ပြီး တစ်ညွန့်စီ သေသေချာချာစံနစ်တကျခူးဆွတ်မှသာ အရသာ ကောင်းမွန်သော အညွန့်အဖူးလေး များကို ရရှိမှာဖြစ်ပြီး၊ လက်ဖက်အစို၊ အခါးခြောက်၊ အချိုခြောက် ဟူ၍ ပြုပြင်ဖန် တီးကြရပါသည်။

“အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလက်ဖက်” ဆိုသည့်အတိုင်း လက်ဖက်သုပ် နှင့် လ္ဘက် ရည်ကြမ်း (အခါးရည်) တို့ ကို ဘိုးဘေးဘီဘင် များလက်ထက်ကတည်းကစပြီး၊ မျက်ေ မှာက်ကာလထိ မိသားစုဝိုင်းဖွဲ့ စားကြသ လို၊ ရဟန်းခံ ရှင်ပြု အလှူမင်္ဂလာ ဧည်ခံပွဲများတွင် သူပါ မှ ပြီးပြည့်စုံပါမည်။ လ္ဘက်ရည် ဖျော်သောက်ဖို့ လက်ဖက်အချို ခြောက်ရရှိရန်အတွက်၊ ဟိုးယခင် ကာ လများ၌ ရွက်စိမ်းလက်ဖက်တွေကို အမှုန့် ဖြစ်အောင် ခြေနင်းစုံနဲ့ ထောင်းကြ ရပါသည်။ ယနေ့ခေတ်မှာတော့ ကြိတ်စက်များ၊ ဖြတ်စက်များဖြင့် အမှုန့်ကြိတ်၍ အခြောက်ခံစက်နှင့် အြေ ခာက် လှော်ကြခြင်းဖြစ်ပါသည်။

မြန်မာ့သမိုင်းစာမျက်နှာကို ပြန်လှန်ကြည့်ရာ၊ အိန္ဒိယလူမျိုးများ ကျူးကျော်ဝင်ရောက်ချိန်မှစ၍ြ မန်မြာ ပည် တွင် လ္ဘက်ရည်အချိုသောက်သုံးသော ဓလေ့စတင်ခဲ့ပါသည်။ ရှေးယခင်ကတော့ “ ကာကာဆိုင် ” ဟု ခေါ်ဝေါ်ခဲ့ကြပြီး၊ လ္ဘက်ရည်အချိုခြောက်မှုန့် ကို အိန္ဒိယစတိုင်လ် နှပ်ကာ၊ ချက်နို့ ဆီဖြင့်ဖျော်သောက်ကြပါသည်။ ယခုအခါမှာတော့ ဗူးနို့  ဆီ (သို့ မဟုတ်) နို့  စိမ်း ဖြင့်ေ ဖျာ်ခြင်းဖြစ်ပါသည်။ ယနေ့ မြန်မာပြည်တွင် လ္ဘက်ရည် သောက်သုံးသော ယဉ်ကျေးမှု သည် အံ့မ ခန်း ဖြစ်ပါသည်။ စစ်တမ်းကောက်ကြည့်ရာ၌ မြန်မာပြည်တွင် လ္ဘက်ရည်ကို လူလတ်တန်း စား များ က အသောက်များကြပြီး၊ Tea Shop ဆိုင်များတွင် လ္ဘက်ရည် ရောင်းအားက ကော်ဖီထက် ၃-ဆ မက ပိုရောင်းရပါသည်။ အချို့ ရပ်ကွက်များတွင် လက်ဘက်ရည်ဆိုင်များကို လက်ညှိုးထိုး မလွဲမြင်တွေ့ ကြရပြီး၊ အမျိုးသားများနည်းတူ အမျိုး သမီးများလည်း နှစ်ခြိုက်အားပေး သောက် သုံးကြပါသည်။

လက်ဖက်ရည်ကို သူ့ ချည်းဘဲအရသာရှိရှိ သောက်သုံး နိုင်သလို၊ နှစ်သက် ရာ မြန်မာ့ရိုးရာအစား အစာ များသာမက၊ အနောက်တိုင်း၊ အရှေ့ တိုင်းအစားအစာတို့ နှင့်လည်း လိုက်ဖက်ညီ ညီေ သာ က်သုံးကြပါသည်။ “ ပုံမှန်၊ ပေါ့ဆိမ့်၊ ကျဆိမ့်၊ ချိုဆိမ့် ၊ ဖန်ဆိမ့် (ခေါ်) နို့ စိမ်းများသော လ္ဘက် ရည်၊ ချိုပေါ့ကျ၊ ဖန်ချို၊ ဖန်ခါး၊ ကျောက်ပန်းတောင်း (ခေါ်) ချိုပြစ်ပြစ်လ္ဘက်ရည်၊ ရိုးရိုး၊ ရှယ်...” စ သည်ဖြင့် ဆိုင်ဖျော် လ္ဘက်ရည်များအပြင်၊ မိမိနှစ်သက်ရာ “ 2 in 1 , 3 in 1 နှင့် လီမွန်တီး ” စ သည့် အသင့်ဖျော် လ္ဘက်ရည်ထုပ်များဖြင့် ပုံစံအမျိုးမျိုး သောက်သုံးကြပါသည်။ လ္ဘက်ရည်ကို နံက် စာအာဟာရ၊ နေ့ လည်အဆာပြေ၊ ညနေခင်း အပျင်းပြေ နှင့် ညဘက်မိတ်ဆွေ များနှင့်အေ မြာေ ပ သောက်သုံးကြသလို၊ ကျောင်းသား၊ကျောင်းသူများနှင့် စာရေးဆရာများ ကလည်း အိပ် ငိုက်ြေ ပ ...စသည့်အကြောင်းပြချက်အမျိုးမျိုးဖြင့် သောက်သုံးကြပါသည်။

ယခုအခါ ၂၄-နာရီပတ်လုံးဖွင့်လှစ်သော လ္ဘက်ရည်ဆိုင်များကိုတွေ့ ရပါသည်။ ယနေ့  မြန်မာနိုင်ငံ ၏ super market ဆိုင်ကြီးများတွင် နိုင်ငံခြားဖြစ် ကာဗွန်ပါသော "Iced Tea Sparkling" နှင့် ကာ ဗွန်မပါသော "Iced Tea" ထုပ် လေးများကို ၀ယ်ယူသောက်သုံးနိုင်ပါပြီ။ တံဆိပ်အမျိုးမျိုး ရှိ ရာ၊ ၄င်းတို့ အနက် လီမွန် နှင့် မက်မွန်သီး အနံ့ အရသာ ပါသော Nestea နှင့် Lipton တံဆိပ် တို့  မှာ ၀ယ်လိုအားကောင်းပါသည်။ ထို့ ပြင် Food Court ဆိုင်ကြီးများ၊ ဟိုတယ်၊ စားသောက် ဆိုင် ကြီးများ၊ Bakery, Tea Shop ဆိုင်ကြီးများတွင် နိုင်ငံတကာမှ လ္ဘက်ရည်ပူပူအမျိုးစုံကို ရ ရှိနိုင် ပါသည်။ လက်ဖက်စိမ်းရေခဲမုန့်  ၊ Chai Latte ၊ လိမ္မော်/ နာနတ်/ရှောက်ချို၊ နို့ ဆီ၊ နို့ စိမ်း၊ ဆာအနည်းငယ်တို ဖြင့်စီမံပြု လုပ်ထားသော “သီးစုံလ္ဘက်ရည်” ၊ ရှောက်ချိုသီးရနံ့ မွှေးသော “မက်မွန်သီးလ္ဘက်ရည်” တို့ ကို လည်း နိုင်ငံခြား အဆင့်မှီ အရသာရှိရှိ သောက်သုံးနိုင်ကြပါပြီ။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
*promise.pauk**(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံး ကား လိပ်ပြာလုံေ စတော့၏။)*

Twitter Delicious Facebook Digg Stumbleupon Favorites More