Pages - Menu

25 Nov 2012

ဝမ်းဗိုက်အဆီတွေ လျှော့နည်းစေဖို

အသက် ၂၀ ကျော်လာပြီဆိုရင်ကို ဗိုက်ခေါက်လေးက ထွက်လာပြီနော်။ ၀တဲ့လူတွေဆို ပိုဆိုးတာပေါ့။ စားတာများပြီး လှုပ်ရှားမူနဲရင်၊ အထိုင်များရင် တခြားနေရာတွေထက် ဗိုက်မှာအရင် အဆီတွေစုလာပါလေရော။
ဗိုက်ခေါက်ထွက်လာပြီ ဗိုက်ပူလာပြီဆိုထဲက အ၀တ်အစားဆိုရင်လည်း ၀တ်ချင်တာ ၀တ်လို့မရတော့ဘူး။ ဗိုက်ခေါက်ကို ထင်သာမြင်သာရှိမယ့် အ၀တ်အစားဆိုရင် ရှောင်နေရလို့လေ။ :D လူရှေ့သူရှေ့ ထွက်ရမှာကိုလည်



း ယုံကြည်မှုမရှိတော့ဘူး။ ယောကျာ်းလေးတွေက တော်သေးတယ်။ ရင်နှင်းတို့ မိန်းကလေးတွေက ပိုဆိုး.. ကျပ်ကျပ်ညပ်ညပ် ၀တ်ချင်ကြတာကိုး။ အဲဒီတော့ ချပ်ချပ်ရပ်ရပ် ဖြစ်ဖို့လိုတာပေါ့။ ဒီတော့ ရင်နှင်းက နည်းလမ်းလေးတွေ ပေးမယ်။ မပျင်းဖို့တော့ လိုတာပေါ့။ :) အလှပဂေးတွေဖြစ်ဖို့ သေချာလေး လိုက်လုပ်ပေးနော်။

Eat A Low Fat Diet

ဗိုက်ပူစေတဲ့ အကြောင်းအရင်းက ၂ ခုပဲရှိတယ်။ စားသောက်မှုပုံစံ မှားယွင်းတာနဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတာ။ အဲဒီတော့ အဲဒီ ၂ ခုကို ပြင်ရမယ်ပေါ့နော်။ ၂ ခု လုံးကို ပြင်ရမှာနော်။ လေ့ကျင့်ခန်း ဘယ်လောက်လုပ်လုပ် တ၀တပြဲစားနေရင် ဘာမှထူးလာမှာမဟုတ်ဘူးလေ။ ဗိုက်အဆီအတွက် အဓိကကတော့ အစားအစာပါ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို တော်သင့်ရုံပဲ စားမယ်ဆိုရင် လှုပ်ရှားမှုသိပ်မရှိရင်တောင် အချိန်အတိုင်းအတာ တစ်ခုအထိတော့ ဗိုက်အဆီတွေ တတ်လာမှာမဟုတ်ဘူး။ အဲဒီတော့ အစားအသောက်ပုံစံကို ပြောင်းပါ။ အမျှင်ဓာတ်ပါတဲ့ ဟင်းသီးဟင်းရွတ်တွေ သစ်သီးဝလံတွေ များများစားပါ။ အသားဓာတ်အတွက်တော့ အဆီနဲတဲ့ ကြက်ရင်အုံသား၊ ပဲအမျိုးမျိုး ကိုစားပေးပါ။ ဆီကြော်တွေ၊ အဆာပြေအသင့်စားစရာတွေ၊ အနီရောင်အသားတွေကို မေ့လိုက်တာ အကောင်းဆုံးပါပဲ။ အရမ်းစားချင်ရင်တော့ နဲနဲလောက်ပဲစားနော်။ သုတေသနတွေအရ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ကြက်သား၊ ငါး၊ ဥတွေ စားတဲ့သူတွေဟာ တခြားအစားအစာတွေကို စားသုံးသူတွေထက် ဗိုက်အဆီတွေ ပိုကျလွယ်တာကို တွေ့ရပါတယ်တဲ့။

Drink More Water

ရေများများသောက်ပါ။ ရေဟာ ရင်နှင်းတို့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ပိုလျှံတဲ့ပစ္စည်းတွေ၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်လေ။ အဲဒီအခါ အသည်းမှာ ခန္ဓာကိုယ်က စွန့်ပစ်ပစ္စည်းတွေ စုပုံမနေတော့ဘဲ အသည်းက ကောင်းကောင်းအလုပ်လုပ်နိုင်တယ်။ အဆီတွေကို ချေဖျက်ပေးတဲ့ သည်းခြေရည်တွေကို ကောင်းကောင်းထုတ်ပေးနိုင်တော့ အဆီတွေလည်း ခန္ဓာကိုယ်ထဲမှာ စုပုံမနေတော့ဘူးပေါ့။ ရေတွေပဲ အများကြီးမသောက်ချင်ရင်လည်း သစ်သီးဖျော်ရည်တွေ သောက်လို့ရတယ်နော်။

Exercise

ကိုယ်လက်လေ့ကျင့်ခန်းတွေလည်းလုပ်ပါ။ လှုပ်လှုပ်ရှားရှားနေပါ။ ဒါပေမယ့် အားကစားခန်းမကို တကူးတက သွားနေစရာမလိုသလို လမ်းကိုလည်း တစ်ရက်ကို တစ်မိုင်လောက်လျှောက်စရာမလိုပါဘူး။ လမ်းလျှောက်သွားလို့ရမယ့်နေရာကို ကားမစီးဘဲနဲ့ လမ်းလျှောက်သွားပါ။ ဖြစ်နိုင်ရင် လမ်းသွက်သွက်လျှောက်ခြင်း၊ ပြေးခြင်းနဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ ရေကူးတာကလည်း တစ်ကိုယ်လုံးက အဆီတွေကို ကျစေနိုင်တဲ့ လေ့ကျင့်ခန်းကောင်းတစ်ခုပါ။ ၀မ်းဗိုက်ကို အဓိကအသားပေးတဲ့လေ့ကျင့်ခန်းတွေကတော့ အိပ်ထမတင်လေ့ကျင့်ခန်းနဲ့ ခါးလှည့်လေ့ကျင့်ခန်းတွေပါပဲ။ ကိုရီးယားမလေးလို သွယ်လျတဲ့ ခန္ဓာကိုယ် ဆိုတဲ့ ပို့စ်လေးကိုလည်း ဖတ်ကြည့်ပါအုံးနော်။

Avoid Skipping Meals

ညစာမစားတာမျိုးတွေ မလုပ်ပါနဲ့။ ခန္ဓာကိုယ်က ပုံမှန်စားနေမှ ခန္ဓာကိုယ်ထဲက ဇီဝဖြစ်စဉ်တွေက ပုံမှန်ဖြစ်စေပြီး အဆီတွေကိုလည်း ကောင်းကောင်းလောင်ကျွမ်းစေနိုင်မှာ ဖြစ်ပါတယ်။ လုံးဝမစားဘဲနေမယ့်အစား အစားလျှော့စားပါ။ အသီးအရွက်တွေ စားပါ။

Quit Alcohol

ဘီယာဗိုက်ဆိုတာ ကြားဖူးတယ်ဟုတ် ??? အရက်တွေ ဘီယာတွေသောက်ပြီး ဗိုက်ရွှဲလာတာလေ။ အရက် ဘီယာတွေမှာ အာဟာရညီမျှမှုမရှိတဲ့ ကယ်လိုရီတွေ အများကြီးပါတယ်။ ဒါကြောင့် ၀မ်းဗိုက်ပိုင်းမှာ အဆီတွေစုလာတာပါ။ ဒါကြောင့် ဖြတ်နိုင်ရင်ဖြတ် မဖြတ်နိုင်ရင် လျှော့နော်။

အဆီကျဆေးတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတွေ ရှိတာမို့ သဘာဝအတိုင်း ကြိုးစားတာ အကောင်းဆုံးပါပဲ။ ရင်နှင်းကတော့ အားလုံးအတွက် လိုက်နာရအဆင်ပြေပြီး ထိလည်းထိရောက်တဲ့နည်းတွေ ရှာပေးထားတာပါ။ ဒါပေမယ့် ဒီနည်းလေးတွေက ဗိုက်ကအဆီတွေကို လွယ်လွယ်မြန်မြန်နဲ့ ကျစေမှာမဟုတ်ပေမယ့် စိတ်ရှည်ရှည်နဲ့ လုပ်သွားမယ်ဆိုရင် လှလာမယ့်အပြင် ကျန်းမာလာမှာပါ။ ကြိုးစားကြစို့နော် သူငယ်ချင်းတို့..။

(ရင်နှင်းငယ်)


ဝမ်းဗိုက်ချပ်ရပ်လိုသူတိုင်း ဆောင်သင့်၊ ရှောင်သင့်သော အစားအသောက်များ

 လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစားအသောက်တွေကို ကျွမ်းကျင်သူတွေက အောက်ပါအတိုင်း အကြံပြု ရေးသားထားပါတယ်။


အကောင်းဆုံး အစားအသောက် -  ဒိန်ချဉ်
ဒိန်ချဉ်ဟာ ကျွန်မတို့ အားလုံးအတွက်  ကောင်းတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက်ချပ်ရပ်စေတယ်လို့တော့ မသိကြပါဘူး။ ဒိန်ချဉ် အများစုမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယားတွေက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ်နေစေတဲ့ အာနိသင် ရှိပါတယ်။

အဆိုးဆုံး အစားအသောက် - ဆော်ဒါ အချိုရည်
ဗိုက်ပူမှာ စိုးရွံ့သူတွေ အနေနဲ့ ကာဗွန်ပါတဲ့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။ ဂက်စ်ပါတဲ့ အချိုရည်တွေဟာ ဗိုက်ကို လေတွေနဲ့ ပြည့်နေစေပြီး ဗိုက်ပူကာ လေပွနေစေပါတယ်။ ဒါကြောင့် ဗိုက်ချပ်ရပ်လိုရင် ဆော်ဒါ အချိုရည်အစား ရေ ဒါမှမဟုတ် ကယ်လိုရီနည်းတဲ့ အရည် (ဥပမာ-လက်ဖက်စိမ်းလက်ဖက်ရည်) ကို သောက်သင့်ပါတယ်။ ဒီအရည်ထဲမှာ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပြီး ဝမ်းဗိုက်ထဲ အဆီစုတာနဲ့ ဆက်စပ်နေတဲ့ ရောင်ရမ်းမှုဖြစ်နှုန်းကို လျော့ကျစေပါတယ်။

အကောင်းဆုံး အစားအသောက် - ပန်းဂေါ်ဖီ
ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ငရုတ်သီး၊ ပဲဝါ စတဲ့ အစားအစာတွေမှာ ဗီတာမင်အေ၊ စီနဲ့ ကေအပြင် ဖောလိတ်၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်နေပါတယ်။

အဆိုးဆုံး အစားအသောက်  - အခွံချွတ်ထားသော ကာဗိုဟိုက်ဒရိတ်
ဂျုံဖြူနဲ့ လုပ်ထားတဲ့ မုန့်တွေနဲ့ ထမင်းဖြူတွေကို မစားပါနဲ့။ ဒီအစာတွေက အစာကြေလွယ်ပြီး သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်အဆင့်ကို မြင့်တက်စေလို့ပါ။ အင်ဆူလင်အဆင့်မြင့်တက်တာက ဝမ်းဗိုက်တစ်ဝိုက် အဆီစုပုံမှုကို တိုးစေနိုင်ပါတယ်။

အကောင်းဆုံး အစားအသောက် - အခွံချွတ်မထားသော ကောက်နှံစာ
အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ဆန်လုံးညို၊ ပေါင်မုန့်ညိုနဲ့ ပဲနီလေးလို အစာတွေကို စားပါ။ အမေရိကန် အာဟာရ ဆေးပညာဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ အခွံချွတ်မထားတဲ့ ကောက်နှံစာဟာ ကယ်လိုရီ ထိန်းချုပ်ပေးပြီး ခါးတစ်ဝိုက်ကို အဆီပိုတွေ ကင်းဝေးစေတယ်လို့ သိရပါတယ်။

အဆိုးဆုံး အစားအသောက် - ဆားကဲသော အစားအစာ
ပဲပိစပ်ဆော့ အများအပြားပါတဲ့ ဆူရှီစားပြီးချိန်မှာ လေပွသလို ခံစားနေရပါသလား။ ဆိုဒီယမ်များစွာပါတဲ့ အစားအစာတွေကို စားတာက ရေစုဆောင်းမှု များတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်  ဗိုက်က ဖောင်းလာပြီး လေပွလာတတ်ပါတယ်။ ဗိုက်သား ချပ်ရပ်စေဖို့ တစ်နေ့မှာ ဆိုဒီယမ် ၂၀၀၀ မီလီဂရမ်အောက်ပဲ စားပါ။

အကောင်းဆုံး အစားအသောက် - မပြည့်ဝဆီ
သံလွင်ဆီလိုမျိုး မပြည့်ဝဆီပါတဲ့ အစားအစာတွေဟာ ဗိုက်သားချပ်ရပ်စေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။

အကောင်းဆုံး အစားအသောက်  - ရှလကာရည်
ရှလကာရည်မှာပါတဲ့ ချဉ်တဲ့အရသာနဲ့ စူးရှတဲ့ အနံ့ကိုပေးတဲ့ ဓာတ်တွေဟာ ဗိုက်အဆီကို ချေဖျက်ပေးတယ်လို့ ဂျပန်လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အဝလွန်တဲ့ လူတွေဟာ တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း- နှစ်ဇွန်း စားရာ ၁၂ ပတ်အကြာမှာ ကိုယ်အလေးချိန်၊ ဗိုက်အဆီနဲ့ ခါးအတိုင်းအတာ သိသိသာသာ လျော့ကျမှုရှိတာကို လေ့လာမှုအရ သိရပါတယ်။ ရှလကာရည်မှာပါတဲ့ Acetic Acid ဟာ အဆီချေဖျက်တဲ့ ပရိုတင်းတွေ ထွက်လာအောင် မျိုးရိုးဗီဇကို ပြောင်းလဲပေးတာကြောင့်လို့ လေ့လာသူတွေက ဆိုပါတယ်။  

ကြယ်စင်
Ref: Good Health
source >>> http://www.yatanarpon.com.mm/sb/goodhealth/news-57758

Twitter Delicious Facebook Digg Stumbleupon Favorites More