Pages - Menu

19 Nov 2012

မျက်နှာပေါင်းတင် နည်းများ



လိုအပ်တာတွေက -
-ပျားရည် ၂ ဇွန်း
-သံပရာရည် ၄ ဇွန်း ( ချက်ချင်းညှစ်ထားသော)
-ဒိန်ချဉ် ၃ ဇွန်း
-ကြက်ဥ အကာ ( ၁လုံး)

သေချာဆေးကြောပြီး အခြောက်ခံထားတဲ့ ခွက်ထဲမှာ ခုနက ပစ္စည်းအားလုံးကို ထည့် ၊ ပြီးရင် ပျစ်တဲ့ အထိ မွှေပါ ။

မျက်နှာကို အရင် facial form နှင့် သန့်စင်အောင် သစ်ပြီး ခြောက်တော့မှ လိမ်းလိုက်ပါ ။ ၁၅ မိနစ် ထားပြီး ရေနွေးနွေး ဖြင့် ညင်သာစွာ သန့်စင်လိုက်ပါ ။ ဆပ်ပြာနဲ့ ထပ်မသစ်ရတော့ပါဘူး ။

ပျားရည် မှာ ဘက်တီးရီးယား ပိုးမွှားတွေကို သေစေတဲ့ action ရှိပြီး

သံပရာ တော့ မှို တွေကို သေစေနိုင်တယ် ။ အသားဖြူစေတယ် ။ ၀က်ခြံ တွေကိုလဲ သက်သာစေတယ် ။
ဒိန်ချဉ်ကတော့ သိတဲ့အတိုင်း အသားအရေ လှပစေတယ် ။ ဖြူစေတယ် ။
ကြက်ဥထဲက protein ဟာ skin ကို အဟာရဓာတ်ပေးတယ် ။

ကိုယ်နဲ့ တည့်မတည့်တော့ အရင် စမ်းကြည့် ပြီးမှ လုပ်ကြည့်ကြပါနော် ။

လွယ်လွယ်ကူကူ လုပ်နိုင်တဲ့ နည်းလေးမို့လို့ ပြောပြလိုက်တာပါ ။


p.s . မျက်နှာပေါင်းတင်ပြီးရင် နေပူထဲ မထွက်ပါနဲ့ ။ ဥပမာ စနေ ၊ တနင်္ဂနွေ နားမယ် ဆို သောကြာနေ့ ည ဘက်ကို လုပ်နိုင်ပါတယ် ။

အနည်းဆုံး cream တခုခုတော့ လိမ်းထားပေးပါ ။ ဘာမှမလိမ်းပဲ မနေပါနဲ့ ။
ဘာလို့လဲ ဆိုတော့ ပေါင်းတင် ပြီးရင် မျက်နှာက အရမ်းနူးညံ့သွားပါတယ် ။ အဲ့ဒီ အချိန်မှာ နေရောင်နဲ့ တွေ့ရင် တင်းတိပ် တို့နေလောင်ကွက် တို့ဖြစ်တတ်ပါတယ်
&&&&&&&&&&&&&&&&&&

သာမာန်အသားအရေပိုင်ရှင်များအတွက် မျက်နှာပေါင်းတင်နည်းများ


သာမာန်အသားအရေပိုင်ရှင်တွေက ကံကောင်းဆုံးအသားအရေပိုင်ရှင်တွေပေါ့။ ပြဿနာအနဲဆုံးလေ။ ဒါပေမယ့် ကောင်းနေတယ်ဆိုပြီး ပစ်ထားလို့မှ မရတာနော့။ ပိုကောင်းအောင် ပိုလှအောင် ဂရုစိုက်ပေးရမှာပေါ့။ အဲတော့ သာမာန်အသားအရေကို ပိုင်ဆိုင်တဲ့သူငယ်ချင်းတွေ ပိုလှလာအောင်လို့ မျက်နှာပေါင်းတင်နည်းလေးတွေကို ဖော်ပြပေးလိုက်တယ်နော်။

ပန်းသီး နဲ့ ပျားရည်
       ပန်းသီးတစ်လုံးကို အတုန်းလေးတွေ အရင်လုပ်ပြီး မွှေစက်ထဲ ထည့်ပြီး ချေပါ။ ရလာတဲ့ အနှစ်နဲ့ ပျားရည်လ္ဘက်ရည်ဇွန်း ၂ ဇွန်း ကို ရောမွှေပါ။ ဖြစ်နိုင်ရင် ရေခဲသေတ္တာထဲမှာ ၁၀ မိနစ် လောက် အအေးခံထားနော်။ မျက်နှာပေါ်ကို ညင်ညင်သာသာလေးလိမ်းပြီး ပျားရည်တွေ စေးထန်းသွားတဲ့အထိ လက်ချောင်းလေးတွေနဲ့ ပုတ်ပေးပါ။ ပြီးတော့ မိနစ် ၂၀ လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးလိုက်ရင် နူးညံ့စိုပြေတဲ့ မျက်နှာလေး ဖြစ်သွားမှာနော်။

သင်္ဘောသီး နဲ့  ပျားရည်
      သင်္ဘောသီး ဖန်ခွက်တစ်ဝက်စာကို ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ရောပြီး မွှေစက်ထဲ ထည့်မွှေပါ။ ပြီးတော့ ရလာတဲ့ အရည်ပျစ်ပျစ်လေးကို မျက်နှာအနှံ့ လိမ်း၊ မိနစ် ၂၀ ထားပြီး ရေဆေးချ လိုက်နော်။ သူငယ်ချင်းရဲ့ မျက်နှာလေးက နူးညံ့ချောမွတ်သွားလိမ့်မယ်။

ထောပတ် နဲ့  စတော်ဘယ်ရီသီး
        စတော်ဘယ်ရီသီးကြီးကြီး ၁ လုံးကို ထောပတ်စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောပြီး မွှေစက်ထဲထည့်မွှေပါ။ ပြီးတော့ မျက်နှာပေါ်တွင် လိမ်းပြီး မိနစ် ၂၀ ထားကာ ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ ကြည်လင်ဝင်းပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာပါ။
ငှက်ပျောသီး
     အရိုးရှင်းဆုံးနဲ့ အလွယ်ဆုံးနည်းလေးပေါ့။ ငှက်ပျောသီးတစ်လုံးကို ကြိတ်ချေပါ။ ရလာတဲ့ အနှစ်ကို မျက်နှာအနှံ့ လိမ်းပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် ရေအေးလေးနဲ့ ဆေးချလိုက်နော်။ ဒီနည်းလေးက အသားအရေကို သန့်စင်စေသလို ချွေးပေါက်တွေကို ကျဉ်းစေတယ်လေ။

သခွားသီး နဲ့ သကြား
     သခွားသီးတစ်လုံးကို သကြားစားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောပြီး မွှေစက်နဲ့ မွှေပါ။ ပြီးရင် မျက်နှာပေါ်မှာ လိမ်းပေးပါ။ မိနစ် ၂၀ နေပြီး ရေဆေးချလိုက်ရင် သူငယ်ချင်းရဲ့ မျက်နှာဟာ ကြည်လင်လန်းဆန်းလာမှာ အသေအချာပါပဲ။

သခွားသီး နဲ့ ဂျုံမှုန့်
      ဒါကတော့ သခွားသီး ကို နောက်ထပ် အသုံးပြုနည်း တစ်နည်းပေါ့။ သခွားသီး အသေးတစ်လုံးကို ဂျုံမှုန့် လ္ဘက်ရည်ခွက်တစ်ခွက်နဲ့ ရောပြီး မွှေပါ။ ပြီးတော့ မျက်နှာပေါ်မှာ မိနစ် ၃၀ လောက်ထားပြီး ရေဆေးချလိုက်နော်။ မျက်နှာလေးက ဖြူဝင်းပြီး ရှင်းသန့်သွားသလို ခံစားရမှာပါ။
အကောင်းဆုံးအသားအရေကို ပိုင်ဆိုင်ထားရတဲ့  သူငယ်ချင်းအတွက် အပေါ်မှာပြောပြခဲ့တဲ့နည်းတွေက လုံလောက်မယ်လို့ ထင်ပါတယ်။ အပေါ်ကနည်းတွေမှာ မွှေစက်နဲ့မွှေရင် အကောင်းဆုံးဖြစ်ပေမယ့် ဇွန်းနဲ့လည်း ခြေလို့ရပါတယ်။ နဲနဲတော့ အားသုံးရမှာပေါ့နော်။ :D ကိုယ့်အတွက် အဆင်ပြေဆုံးဖြစ်မှာကို ရွေးသုံးပြီး လှပြီးရင်းလှလာတဲ့သူတွေ ဖြစ်ကြပါစေရှင်....

Myanmar Sky Link (Myanmar Health & Beauty Website) မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
########################

အသားအရေအမျိုးအစားအားလုံးအတွက် မျက်နှာပေါင်းတင်နည်းများ

သူငယ်ချင်းရဲ့ အသားအရေက ခြောက်သွေ့နေလား၊ အဆီပြန်နေလား၊ ပေါင်းစပ်အသားအရေလား၊ ဆဲလ်အသေတွေကြောင့် ညိုညစ်နေလား၊ ၀က်ခြံတွေနဲ့လား၊ အရေးအကြောင်းတွေပေါ်နေတဲ့အသားအရေလား?? စိတ်မပူပါနဲ့။ အားလုံးအတွက် ပေါင်းတင်နည်းကိုယ်စီရှိပါတယ်။ လုပ်ကြည့်ပါဦးနော်။

ခြောက်သွေ့တဲ့အသားအရေ
Avocado honey mask
ကြိတ်ချေထားတဲ့ထောပတ်သီးနဲ့ ပျားရည်လက်ဘက်ရည်ဇွန်း၂ဇွန်းစာစီရယ်၊ ကြက်ဥအနှစ်တစ်လုံးရယ်ကို သေချာရောမွှေပြီး မျက်နှာအနှံ့ လိမ်းပေးပါ။ မိနစ်၂၀ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


အဆီပြန်တဲ့အသားအရေ
Lemon Egg Mask
သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး အမြှပ်ထွက်အောင် ခေါက်ထားတဲ့ကြက်ဥအကာနဲ့ ရောမွှေပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။

Stawberry honey cream mask
အမှည့်လွန်နေတဲ့ အရွယ်တော်စတော်ဘယ်ရီသီး ၄လုံး၊ အစိုဓာတ်ထိန်းခရမ် (နှစ်သက်ရာ) လက်ဘက်ရည်ဇွန်း
၂ဇွန်း၊ ပျားရည်လက်ဘက်ရည်ဇွန်းတစ်ဇွန်းကို ရောမွှေပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး မိနစ်၃၀ ကြာတဲ့အခါ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။

ပေါင်းစပ်အသားအရေ
Cucumber Yogurt Mask
သခွားသီး အရွယ်တော်တစ်ခြမ်းကို ကြိတ်စက်နဲ့ ကြိတ်ပြီး ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သေချာရောမွှေပေးပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး မိနစ်၃၀ ကြာတဲ့အခါ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။

ဆဲလ်သေတွေနဲ့ ညိုညစ်နေတဲ့အသားအရေ
Papaya Mask
သဘောင်္သီးတစ်လုံးကို အခွံခွာပြီး အစေ့တွေကို ဖယ်ထားပါ။ အသားကို ကြိတ်စက်ထဲထည့်ပါ။ အနှစ်ပျစ်ပျစ်လေးရလာတဲ့အခါ မျက်နှာအနှံ့လိမ်း လိုက်ပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


ဝက်ခြံရှိတဲ့အသားအရေ
Apple Honey Mask
အရွယ်တော်ပန်းသီးတစ်လုံးကို ကြိတ်စက်ထဲ ထည့်ကြိတ်လိုက်ပါ။ ရလာတဲ့အနှစ်ကို ပျားရည်စားပွဲတင်ဇွန်း ၅ ဇွန်းနဲ့ ရောမွှေပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး ၁၀ မိနစ်ကြာတဲ့အခါ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


အရေးအကြောင်းရှိတဲ့အသားအရေ
Banana Mask
ငှက်ပျောသီးတစ်လုံးရဲ့လေးပုံ၁ပုံကို ချေပြီး မျက်နှာအနှံ့လိမ်းပေးပါ။ ၂၀ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။

Helpful Hints

- သစ်သီးတွေဟာ အသားရေအတွက် အကောင်းဆုံးအရာတွေပါ။ အသားအရေကို ၀င်းလက်စိုပြေစေပြီး နုပျိုလန်းဆန်းစေတဲ့ သဘာဝရဲ့လက်ဆောင်တွေပါ။

- ပေါင်းတင်ပြီးတိုင်းမှာ အစိုဓာတ်ထိန်းခရမ်တစ်ခုခုလိမ်းပေးရင် အသားအရေပိုမိုနူးညံ့ချောမွတ်စေပြီး ပေါင်းဆေးရဲ့အာနိသင်လည်း ပိုထိရောက်ပါတယ်။

- ပေါင်းတင်တဲ့အချိန်မှာဖြစ်ဖြစ်၊ မျက်နှာပေါ်မှာတစ်ခုခုလိမ်းနေတဲ့အချိန်မှာဖြစ်ဖြစ် အားနဲ့ပွတ်လိမ်းတာမျိုး မလုပ်ပါနဲ့။ အရေပြားဆဲလ်လေးတွေပျက်စီးပြီး စပ်ဖျဉ်းဖျဉ်းလေး ဖြစ်လာနိုင်ပါတယ်။

- တစ်ပါတ်တစ်ကြိမ် ပုံမှန်လုပ်ပေးသွားရင် အသားအရေပြဿနာတွေ တဖြည်းဖြည်းနဲလာပြီး ဇရာကိုလည်း နှေးစေပါတယ်။

- ပေါင်းတင်ပြီးအသားအရေက အရမ်းကိုနုပြီး နေလောင်ဒဏ်ကို ပိုခံရနိုင်လို့ ၁ ရက်လောက် နေပူဒဏ်က ပိုပြီးသေချာကာကွယ်သင့်ပါတယ်။ကဲ သူငယ်ချင်းတို့ ဘယ်အသားအရေရှိရှိ စိတ်ပူစရာမလိုတော့ဘူးနော်…


*************************************

ကြက်ဥဖြင့်ပေါင်းတင်နည်း

နှစ်ပေါင်းများစွာကတည်းက ကြက်ဥဟာ မိန်းကလေးတွေရဲ့ အလှအပထိန်းသိမ်းရာ ပစ္စည်း
တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကြက်ဥအနှစ်ကို တော့သုံးလေ့မရှိဘဲ ကြက်ဥအကာကိုကာ
သုံးလေ့ရှိပါတယ်။ ကြက်ဥအကာဟာ အဆီပြန်တဲ့ အသားအရေတွေကို အဆီစုပ် ပေးရုံသာမက
မျက်နှာပေါ်မှာလိမ်းပြီး ခြောက်သွေ့အောင် ထားထားရင် ချွေးပေါက်တွေကိုပါ ကျဉ်းသွား စေပါတယ်။
အသားအရေ သုံးမျိုးအတွက် ကြက်ဥနဲ့ မျက်နှာ ပေါင်းတင်နည်း သုံးနည်းရှိပါတယ်။
မမ များတင် မဟုတ်ပါဘူး…ကိုကိုများလည်း ပေါင်းတင် နိုင်ပါတယ်။ ကဲဒီလိုလေး လုပ်ကြည့်ပါ…


အဆီပြန်ပြီး ၀က်ခြံပေါက်တဲ့ အသားအရေအတွက်
သန့်စင်တဲ့ ခွက်တစ်ခုထဲမှာ ကြက်ဥအကာ ရွေးထည့်ပြီး အမြုပ်ထအောင် မွှေပေးပါ။ ဂျုံမှုန့် သန့်သန့်ကိုအမြုပ်ထနေတဲ့ ကြက်ဥထဲ ထည့်ပြီး ပျစ်နေအောင် ဆက်မွှေပါ။

ပီးရင် မျက်နှာ ပေါ်မှာ ထူထူလေးလိမ်းပေးပါ။ခြောက်အောင်ထားပါ။

 ခြောက်သွေ့ပြီး မိနစ် အနည်းငယ်ကြာတဲ့အခါ ရေနွေးနဲ့ အရင်ဆေးပြီး ရေအေးနဲ့ထပ်ဆေးပေးပါ။

အဆီပြန်ပြီး ခြောက်သွေ့တဲ့ အသားအရေအတွက်
ကြက်ဥ အကာကို အမြုပ်ထအောင် မွှေပြီးတာနဲ့ သခွားသီးကို ခြေပြီးရောထည့်လိုက်ပါ။ ထပ်မွှေပြီးမျက်နှာအနှံ လိမ်းလိုက်ပါ။ လိမ်းပြီးရင် ခြောက်အောင်ထားပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ရေနွေးနဲ့
ဆေးပေးပါ။ ပြီးရင် ရေအေး နဲ့ ထပ်ဆေးပေးပါ။
အဆီလည်းပြန် အမည်းစက်တွေလည်းရှိပြီး မလန်းဆန်းတဲ့ အသားအရေအတွက်
ကြက်ဥအကာကို အမြုပ်ထွက်အောင်မွှေပြီး သံပရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း-နှစ်ဇွန်း
လောက်ထည့်ပေးပါ။ မွှေပြီးရင် မျက်နှာအနှံ လိမ်းပြီးခြောက်သွေ့အောင်ထားပါ။ ပြီးရင် ရေနွေးနဲ့အရင်
ဆေးပြီး ရေအေးနဲ့ ထပ်ဆေးပါ။
ကြက်ဥ ဟာ အရမ်းစားလို့ကောင်းတဲ့ ဟင်းအမည် တစ်မျိုး ဖြစ်တဲ့အပြင် အဆီပြန်တဲ့ အသားအရေရှိသူတွေအတွက် လည်း အကျိုးရှိပါကြောင်း တင်ပြလိုက်ရ ပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More