Pages - Menu

10 Dec 2012

ပျော်ရွှင်စေသော ဟော်မုန်း ပမာဏကို မြှင့်တင်နိုင်ရန်

စိတ်ပျော်ရွှင်မှု ဖြစ်ပေါ်စေဖို့ ခန္ဓာ ကိုယ်က စိတ်ဖိစီးမှု ဟော်မုန်းကို ဆန့် ကျင်တဲ့ ဆီရိုတိုနင်ဟော်မုန်းကို ထုတ် လုပ်ပေးပါတယ်။ ဆီရိုတိုနင်ဟော်မုန်းက နာတာရှည်စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံထိတ်လန့်မှုတွေမှ ကင်းဝေး ကာ ပျော်ရွှင်စေပြီး စွမ်းအင်ပမာဏကို ၇၅ ရာခိုင်နှုန်းမြှင့်တင်ပေးပါတယ်။ စိတ်ပျော်ရွှင်မှုကို ဖြစ်ပေါ်စေတဲ့ ဆီရို တိုနင်ဟော်မုန်းပမာဏကို မြင့်မား အောင် အောက်ပါအတိုင်း လိုက်နာ ကြည့်ပါ။

(၁) ငှက်ပျောသီးနှင့် အုတ်ဂျုံ စားပါ
အုတ်ဂျုံမှာ ဆီရိုတိုနင်ထုတ်လုပ်ဖို့ အတွက် လိုအပ်တဲ့ ထရစ်တိုဖန်များစွာ ပါဝင်ပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ဗီတာမင်ဘီစစ်က ထရစ်တိုဖန်ကနေ ဆီ ရိုတိုနင်ဟော်မုန်း ထုတ်လုပ်ဖို့ကို အားပေး ပါတယ်။ ငှက်ပျောသီးနဲ့ အုတ်ဂျုံစားပါ က တစ်နေ့တာလုံး စိတ်တည်ငြိမ်အေး ချမ်းပြီး ပျော်ရွှင်မှုကို ရရှိစေပါတယ်။
(၂) သစ်သီး၊ ဟင်းသီး ဟင်းရွက်နှင့် ကောက်နှံ တစ်ခုလုံး ပါဝင်စာ စားပါ
ကာဗိုဟိုက်ဒရိတ်စားတာက ပရို တင်းစားတာထက် အချိန်တိုအတွင်းမှာ ဆီရိုတိုနင်ထုတ်လုပ်မှုကို အားပေးပြီး စိုး ရိမ်ပူပန်မှုတွေကို လျှော့ချပေးပြီး စိတ် တည်ငြိမ်မှုကို ဖြစ်စေတယ်လို့ မက်ဆာ ချူးဆက်တက္ကသိုလ်မှ ပညာရှင်တွေက ပြောပါတယ်။ ကာဗို ဟိုက်ဒရိတ် ဆိုရာမှာ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံ တစ်ခုလုံးပါဝင်စာစတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကိုသာ စားသင့်ပါတယ်။

(၃) ဗီတာမင်ဒီ ဖြည့်စွက်ပါ
တစ်နေ့ကို ဗီတာမင်ဒီ ၁၀ဝ၀ အိုင် ယူကို ဖြည့်စွက်သောက်သုံးပါက ဆီရိုတို နင်ဟော်မုန်းပမာဏကို ဖြည့်စွက်ပေးပြီး မောပန်းနွမ်းနယ်မှုကို လျော့နည်းသက်သာစေပါတယ်။ နံနက်ခင်းနေရောင်ခြည် နုနုကနေလည်း ဗီတာမင်ဒီကို ရရှိနိုင်ပါ တယ်။ ဗီတာမင်ဒီ ဖြည့်စွက်သောက်သုံး မယ်ဆိုရင်တော့ ဆရာဝန်ရဲ့အကြံဥာဏ် ကို ရယူဖို့လိုပါတယ်။

(၄) စာပေ ဖတ်ရှုပါ
ခန္ဓာကိုယ်ကနေ ဆီရိုတိုနင်ဟော် မုန်းထုတ်လုပ်မှုများအောင် လုပ်နေရုံနဲ့ မပြီးပါဘူး။ ထုတ်လုပ်ထားတဲ့ ဆီရိုတိုင် နင်ဟော်မုန်းတွေ ခန္ဓာကိုယ်ထဲမှာ မြင့် မားနေအောင် ထိန်းထားဖို့လည်း လိုပါ တယ်။ အကောင်းဆုံးကတော့ စိတ်ဖိစီးမှု ကို လျော့နည်းအောင်လုပ်တာပါပဲ။ စိတ် အေးချမ်းစေဖို့ တစ်နေ့ကို တစ်နာရီ လောက် နှစ်သက်ရာစာအုပ်၊ စာပေတွေ ကို ဖတ်ရှုပါ။

(၅) ချောကလက် ပူပူ တစ်ခွက် သောက်ပါ
ချောကလက်ပူပူတစ်ခွက် သောက် ပါက ကယ်လ်စီယမ်နဲ့ အင်တီအောက် ဆီးဒင့်တွေကို ရရှိပြီး ခုနှစ်နာရီအတွင်းမှာ စိတ်ပျော်ရွှင်မှုကို ရရှိစေပါတယ်။ ဒါ့အ ပြင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ် လို့ ပစ္စဘတ်တက္ကသိုလ်မှ ဦးနှောက်နဲ့ အာရုံကြောပညာရှင်က ပြောပါတယ်။

Tip!
ခန္ဓာကိုယ်မှာ ဆီရိုတိုနင်ဟော်မုန်း နည်းနေတယ်ဆိုတာကို အောက်ပါခံစား ချက်တွေအရ သိရှိနိုင်ပါတယ်။
-အမြဲတမ်းမောပန်းနွမ်းနယ်ပြီး ပျင်းရိ နှေးကွေးနေခြင်း
-အိပ်ချင်ငိုက်မြည်းနေခြင်း၊ အိပ်ရေး မဝခြင်း
-အစာစားပြီးပေမယ့် ထပ်စားချင်နေခြင်း
-အာရုံစူးစိုက်မှု မရှိခြင်း
-ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘဲ သိမ်ငယ်နေခြင်း

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Good Health

Twitter Delicious Facebook Digg Stumbleupon Favorites More