Pages - Menu

11 Mar 2013

အိပ်ရေးမဝလျှင် နှလုံးထိခိုက်နိုင်

အိပ်ချိန်လုံလောက်စွာမရခြင်းသည် နှလုံးအပေါ်ဆိုးကျိုး သက်ရောက်မှုများရှိကြောင်း University of Albama at Birmingham (UAB) မှသုတေသီများကဆိုသည်။

အသင့်တော်ဆုံးအိပ်ချိန်မှာ ခြောက်နာရီမှ ရှစ်နာရီဖြစ်ကြောင်း နှလုံးပညာပါမောက္ခ အလန်ဘတ္တလာ ကဆိုသည်။

“နှလုံးခုန်နှုန်းနှင့်သွေးဖိအား ပုံမှန်ဖြစ်ပြီး နှလုံးအပေါ် ၀န်ထုပ်ဝန်ပိုး လျှော့ချနိုင်ဖို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်ဖို့လိုပါတယ်” ဟု ဂတ္တလာကဆိုသည်။


အိပ်ရေးမ၀သည့်အခါ သွေး ဖိအားတိုးလာပြီး ဖိစီးမှုဟော်မုန်း များထွက်လာသောကြောင့် အချိုဓါတ် ခံနိုင်ရည်လျော့ကျကာ အ၀လွန်လာ တတ်သည်။


 နောက်ဆက်တွဲအားဖြင့် နှလုံးသွေးကြောကျဉ်းရောဂါခံစား ရနိုင်သည်။

တစ်ရက်ခြောက်နာရီထက် နည်း၍ အိပ်ရေးမ၀စွာအိပ်စက်သည့် အခါ C-reactive protein (CRP) ပမာဏမြင့်တက်လာပြီး သွေးကြောနံရံများ၌ ရောင်ရမ်းမှုဖြစ်စဉ်များ ဖြစ်ပေါ်ကာ သွေးကြောနံရံမာကျစ်ခြင်း (artherosclerosis) ဖြစ်ပေါ် စေနိုင်သည်။


နှလုံးကျန်းမာရေးကို ထိခိုက် စေသော အခြားပြဿနာတစ်ခုမှာ အိပ်ပျော်စဉ်အသက်ရှူရပ်ခြင်း (sleep apnoea) ဖြစ်သည်။ အိပ် ပျော်စဉ်အသက်ရှူရပ်ခြင်းကြောင့် နှာ ခေါင်းနှင့်ပါးစပ်မှလေလုံလောက်စွာ မ၀င်နိုင်ဘဲ သွေးတွင်းအောက်စီဂျင် ပမာဏကျဆင်းလာတတ်သည်။ 


ထို့ကြောင့်မကြာခဏလန့်နိုး၍အိပ် ရေးပျက်ပြီး သွေးဖိအားတက်ခြင်း၊ရုတ်တရက်နှလုံးဖောက်ပြန်ခြင်း၊
 နှလုံးခုန်နှုန်းမမှန်ခြင်းနှင့် လေဖြတ် ခြင်း စသည်ဖြင့် ခံစားလာရတတ် သည်။

ထို့ကြောင့် အိပ်ရေးမ၀သူတိုင်း နီးစပ်ရာ ကျန်းမာရေးဌာနများ၌ ဆရာဝန်နှင့်တိုင်ပင်ကာ ကုသမှုခံယူ သင့်ကြောင်း သုတေသီများကဆို သည်။

သီဟ
Source:ANI
Health Updates Journal
Vol-2,No-10

Twitter Delicious Facebook Digg Stumbleupon Favorites More