Pages - Menu

4 Apr 2013

ကိုယ်ခံအားကောင်းစေတဲ့အစားအစာများ

 ရာသီဥတုတစ်ခုနဲ့တစ်ခုကူးပြောင်းလာတာနဲ့နှာချောတာ၊ချောင်းဆိုးတာ၊ ကိုယ်လက်နာပြီးဖျားချင်သလိုလိုဖြစ်နေတတ်ပါတယ်။ဒါပေမယ့်အာဟာရ ပြည့်ဝတဲ့အစားအစာတွေကိုစားပြီးကိုယ်ခံအားကောင်းနေရင်တော့ဖျားနာ မှာစိတ်မပူရတော့ပါဘူး။ဒါ့ကြောင့်ဖျားခြင်းကင်းဝေးပြီးကိုယ်ခံအားကောင်း စေတဲ့အစားအစာတွေကိုဖော်ပြလိုက်ပါတယ်။
၁)ကြက်စွပ်ပြုတ် 
ကိုယ်ခံအားမြှင့်တင်တဲ့နေရာမှာ
ကြက်စွပ်ပြုတ်ဟာအကောင်းဆုံးဖြစ်တယ် လို့အာဟာရဗေဒပညာရှင်မက်ဒင်နီရယ်ကဆိုပါတယ်။ကြက်သားဟာ ကိုယ်ခံစွမ်းအားအတွက်အဓိကလိုအပ်တဲ့ဇင့်ဓာတ်၊သံဓာတ်နဲ့ပရိုတင်း ဓာတ်တို့အပြင်ရေဓာတ်၊အနာကျက်စေတဲ့အာနိသင်နဲ့ရောင်ရမ်းမှုကို ဟန့်တားပေးနိုင်တဲ့အစွမ်းတွေရှိတယ်လို့သိရပါတယ်။နှာခေါင်းပေါက် မှာရှိတဲ့အမွေးအမျှင်တွေကိုလည်းရှည်သန်အောင်အားပေးပြီး
နှာခေါင်း ပေါက်ကနေတစ်ဆင့်ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်ပိုးတွေမ၀င်အောင်တား ဆီးပေးပါတယ်။စွပ်ပြုတ်ကိုဗီတာမင်စီကြွယ်ဝတဲ့မုန်လာဥနဲ့ပြုပ်စားတာ မျိုးလည်းပြုလုပ်နိုင်ပါတယ်။တကယ်လို့ကြက်သားမကြိုက်လို့ငါးနဲ့ဟင်း သီးဟင်းရွက်တွေရောပြုတ်ထားတဲ့စွပ်ပြုတ်သောက်တာကလည်းခန္တာ ကိုယ်အတွက်လိုအပ်တဲ့အချွဲတွေထွက်စေပြီးပြင်ပမှဝင်ရောက်တိုက်ခိုက် လာတဲ့ရောဂါပိုးတွေကနေကာကွယ်ပေးပါတယ်။
၂)လက်ဖက်စိမ်းရည် 
လက်ဖက်စိမ်းမှာပါဝင်တဲ့ကက်တီချ
င်ဟာကိုယ်ခံစွမ်းအားမြှင့်တင်ပေး တဲ့နေရာမှာအရေးကြီးတဲ့အခန်းကဏ္ဍမှပါဝင်တယ်လို့မက်ဒင်နီရယ်က ရှင်းပြပါတယ်။ကက်တီချင်ဟာအစွမ်းထက်တဲ့အင်တီအောက်စီးဒင့်ဖြစ် ပြီးဗိုင်းရပ်စ်ပိုးတွေကိုတားဆီးတဲ့နေရာမှာလည်းအရေးပါတယ်လို့ဆိုပါ တယ်။လည်ချောင်းတွေနာပြီးအသက်ရှူရခက်ခဲတဲ့အချိန်မှာလက်ဖက် စိမ်းရည်ထဲကိုသံပုရာရည်အနည်းငယ်နဲ့ပျားရည်တစ်ဇွန်းလောက်ထည့် ပြီးသောက်တာဟာဝေဒနာကိုအမြန်သက်သာစေတယ်လို့သိရပါတယ်။
၃)ပျားရည် 
ပျားရည်ဟာလည်ချောင်းကိုရှင်းေ
စပြီးအစာမကြေဖြစ်တာနဲ့စားချဥ့်ပြန် လို့မအီမသာဖြစ်တာကိုပျောက်ကင်းစေနိုင်ပါတယ်။ဒါ့ကြောင့်ကော်ဖီထဲ ကိုသကြားထည့်မယ့်အစားပျားရည်တစ်ဇွန်းလောက်ထည့်ပြီးသောက်တာ ဟာပိုအကျိုးရှိတဲ့အပြင်အရသာ
ရှိတဲ့အဆာပြေအဖြစ်ပန်းသီးတစ်လုံးကို ပျားရည်နဲ့စိမ်ပြီးပေါင်းစားတာကလည်းကျန်းမာရေးအတွက်
တစ်ဖက် တစ်လမ်းကအထောက်အကူပြုတယ်လို့သိရပါတယ်။
၎)ဒိန်ချဉ် 
ဒိန်ချဉ်မှာခန္တာကိုယ်အကျိုးပြု
ဘက်တီးရီးယားတွေပါဝင်တဲ့အတွက်ရော ဂါဖြစ်စေတဲ့ပိုးမွှားတွေကိုလျှော့နည်းအောင်ပြုလုပ်ပြီးအစာလည်းကြေ စေတာကြောင့်စားသုံးသင့်ပါတယ်။
၅)ဟင်းသီးဟင်းရွက်ဖျော်ရည် 
ဟင်းသီးဟင်းရွက်တွေကိုအသုပ်လုပ်
စားတာအပြင်ဖျော်ရည်အဖြစ်ဖျော် သောက်ရင်လည်းရေဓာတ်အပြင်အင်တီအောက်စီးဒင့်ဂုဏ်သတ္တိကိုလည်း ရရှိစေပါတယ်။အရသာချိုတာကြိုက်လို့သစ်သီးတွေကိုဖျော်သောက်တာ လည်းကျန်းမာရေးအကျိုးပြုစေတဲ့အလေ့အကျင့်လေးတစ်ခုပါပဲ။
၆)ကြက်သွန်ဖြူ 
သုတေသနပြုလုပ်ချက်တွေအရကြက်သွန်
ဖြူဖြည့်စွက်စာကို12ပတ်ခန့် စားပြီးတဲ့သူတွေမှာအအေးမိဝေဒနာခံစားရနှုန်းအလွန်နည်းသွားတာကို တွေ့ရှိခဲ့ရပါတယ်။ကြက်သွန်ဖြူဟာအစွမ်းထက်ဓာတ်တိုးဆန့်ကျင်ဂုဏ် သတ္တိရှိပြီးပိုးမွှားတွေကိုဆန့်ကျင်နိုင်တဲ့အစွမ်းလည်းရှိတာကြောင့်ဖျားချင် သလိုလိုဖြစ်ပြီးလည်ချောင်းတွေနာတာ၊နှာစေးနှာပိတ်တာတွေကိုလည်း သက်သာစေတယ်လို့သိရပါတယ်။
၇)ချင်း(ဂျင်း) 
ချင်း(ဂျင်း)ဟာခေါင်းမူးနောက်ေ
နာက်ဖြစ်တာ၊အစာအိမ်နာတာတွေသက် သာစေတဲ့အိမ်သုံးဆေးဝါးအဖြစ်သိကြပါတယ်။တခြားလေ့လာချက်တွေ မှာတော့ချင်းကိုရောင်ရမ်းမှုသက်သာစေတဲ့ဆေးဝါးအဖြစ်သိရပြီးရောဂါ ပိုးမွှားတွေကိုလည်းတိုက်ခိုက်ပေးနိုင်တယ်လို့ဆိုပါတယ်။
၈)လိမ္မော်သီး 
ချမ်းစိမ့်စိမ့်နဲ့ဖျားချင်သလို
လိုဖြစ်နေရင်တော့ဗီတာမင်စီကိုအရင်ဆုံးသတိ ရသင့်ပါတယ်။ချည်ပြီးအရည်ရွမ်းတဲ့အသီးတွေဟာဗီတာမင်စီအပြည့်အ၀ ပါဝင်တာကြောင့်အအေးမိဖျားနာတာကိုသက်သာစေပါတယ်။
အနာကျက် စေတဲ့အပြင်ရေမှာပျော်ဝင်တဲ့ဗီတာမင်ဖြစ်တာကြောင့်အများကြီး
စားမိရင် လည်းမလိုအပ်တာတွေကိုဆီးနဲ့အတူစွန့်ထုတ်လိုက်တဲ့အတွက်တစ်ခု ခုဖြစ်မှာကိုစိုးရိမ်နေစရာမလိုပါဘူး။
၉)ငှက်ပျောသီး 
ငှက်ပျောသီးဟာကလေးတွေမှာနေမကော
င်းဖြစ်လို့ခေါင်းမူးပြီးအန်တာ ၀မ်းလျှောတာတွေက်ုသက်သာစေပါတယ်။အစာအိမ်အတွက်လည်း ကောင်းတာကြောင့်ဖျားနေလို့
အမာစာတွေမစားနိုင်တဲ့အခါမျိုးမှာငှက် ပျောသီးကိုစားပေးနိုင်တယ်လို့မက်ဒင်နီရယ်ကဆိုပါတယ်။
၁၀)ကန်စွန်းဥ 
ကန်စွန်းဥဟာဗီတာမင်စီအပြင်၊ဗီတာ
မင်အေကြွယ်ဝတာကြောင့်ကိုယ်ခံ အားအတွက်အထောက်အကူပြုအသီးအနှံဖြစ်ပါတယ်။ဗီတာမင်အေဟာ နှာခေါင်းနဲ့လည်ချောင်းမှာရှိတဲ့အချွဲအမြှေးတွေဖြစ်ပေါ်တဲ့နေရာမှာအရေး ပါတာကြောင့်ကန်စွန်းဥစားတာဟာခန္တာကိုယ်ရဲ့အရေးကြီးဆုံးခုခံစနစ် ကိုပြုလုပ်ပေးရာရောက်တယ်လို့မက်ဒင်နီရယ်ကပြောပါတယ်။ကိုယ်ခံ အားအတွက်အဓိကကျတဲ့ပဋိပစ္စည်းများဖြစ်ပေါ်စေရန်ပရိုတင်းဓာတ် ကလည်းအရေးပါတာကြောင့်စားတဲ့အစားတိုင်းမှာပရိုတင်းဓာတ်ပါဝင် အောင်ဂရုပြုသင့်တယ်လို့
အကြံပေးထားပါတယ်။
အိဖြူ(ဆေးဝါးတက္ကသိုလ်) By-Good Health

Twitter Delicious Facebook Digg Stumbleupon Favorites More