Pages - Menu

20 May 2013

ဗီယက်နမ်စတိုင်လ် ငါးပေါင်း

 
ဗီယက်နမ်မှာ နာမည်ကြီးတဲ့ ငါးပေါင်းပါ။
ချင်းနု၊ ပင်စိမ်း၊ စပါးလင် တို့နဲ့ ပေါင်းထားသည်မို့
အနံ့လေး မွှေးပြီးအရသာလည်း ကောင်းမွန်လှပါတယ်။
အချိန်တိုအတွင်းမှာ ပြုလုပ်စားနိုင်ပါတယ်။
တူတူပြုလုပ်စားရအောင် . . . ။

ပါဝင်ပစ္စည်းများ
------------------
၁။ ကကတစ်ငါး - ၁ကောင်(၂၀၀ဂရမ်)(၁၂ကျပ်သား)
၂။ ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
၃။ ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
၎။ ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
၅။ ကြက်သွန်မြိတ် - ၁စည်း (အရှည်အစောင်းလှီးပါ)
၆။ ချင်းနု - ၃၀ ဂရမ်(စားပွဲဇွန်း၂ဇွန်း)
၇။ ငရုတ်သီးနီ - ၂တောင့်(ပါးပါးလှီးပါ)
၈။ စပါးလင် - ၁ခု (ပါးပါးလှီးပါ)
၉။ ပင်စိမ်း - ၅ရွက် (နုပ်နုပ်စဉ်းပါ)
၁၀။ နံနံပင် - အနည်းငယ် (ပါးပါးလှီးပါ)
၁၁။ ငါးငံပြာရည် - စားပွဲဇွန်း ၂ဇွန်း
၁၂။ သံပရာရည် - စားပွဲဇွန်း ၁ဇွန်း

ငါးပေါင်းနည်း
--------------
၁။ အရင်ဆုံး ကကတစ်ငါးကို ကြေးခွံဖယ်ပြီး
သန့်စင်အောင် ပြုလုပ်ပါ။

၂။ ပြီးမှ ဓားဖြင့် ငါးတစ်ဖက်တစ်ချက်ကို မွှန်းပေးပြီး
အပေါ်မှ ဆား၊ ခနောကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်ဖြူးပေးပါ။

၃။ ပြီးနောက် ချင်းနု၊ ငရုတ်သီးနီ၊ စပါးလင်၊ ကြက်သွန်မြိတ်၊ ပင်စိမ်း၊ နံနံပင်များကို ငါးဖြင့်ရောမွှေပြီး ပေါင်းအိုးဖြင့် ၁၅မိနစ်ခန့် ပေါင်းပေးပါ။

၎။ ပေါင်းအိုးဖြင့်ပေါင်းပြီးလို့ ငါးအသားကျက်ပြီဆိုလျှင်
အပေါ်မှ ငါးငံပြာရည်၊ သံပရာရည်ကို ရောမွှေပြီး
ငါးပေါင်း ပေါ်ကို လောင်းချလိုက်ပြီးရင် အရသာရှိစွာ
သုံးဆောင်လို့ရပါပြီ။


http://www.wutyeefoodhouse.com/


Twitter Delicious Facebook Digg Stumbleupon Favorites More