ပုံမှန်အားဖြင့်တော့ Candy Corn လို့ခေါ်တဲ့
သကြားလုံးလေးတွေကို Halloween မှာတွေ့ရလေ့ရှိပါတယ်။
အဲဒီအချိန်ကာလ မရောက်သေးပေမယ့် ကလေးများအတွက် သစ်သီးအချိုပွဲလေးကို Candy Corn ပုံမျိုးလေး
ဖန်တီးထားတာလေးကို တင်ဆက်ပေးလိုက်ပါရစေ။
သစ်သီးကျွေးရခက်တဲ့ကလေးများကို
ဒီလိုပုံစံမျိုးနဲ့ကျွေးကြည့်မယ်ဆိုရင်တော့သူတို့သဘောကျမယ်
လို့ ထင်ပါတယ်။ လုပ်နည်းကလည်း ခက်ခက်ခဲခဲမဟုတ်ဘဲ
နာနတ်သီး၊ လိမ္မော်သီးနဲ့ ငှက်ပျောသီးများကိုသာ
သုံးထားပါတယ်။ အကယ်၍ Candy Corn မလုပ်ချင်ရင်လည်း
တခြားနှစ်သက်ရာသစ်သီးများကို သုံးနိုင်ပါတယ်။
• ပထမဦးစွာ ငှက်ပျောသီးများကို အသေးဆုံးတုံးပါ။
နောက် လိမ္မော်သီးကို အလတ်အရွယ်အစားတုံးပြီး
နာနတ်သီးကို အကြီးဆုံးတုံးကာ ပုံပါအတိုင်း စီကာသီပေးပါ။
• သစ်သီးလေးတွေနဲ့ တွဲဖက်သုံးဆောင်ဖို့အတွက်ကိုတော့ 
Cream Cheese ၁၀၀ ဂရမ်နဲ့ သကြား ၃၀ ဂရမ်ကိုရောမွှေခေါက်ပေးလိုက်ရင် ရပါပြီ။
• ဒါဆိုရင်တော့ နည်းနည်းလေးဆန်းပြီး
အချိုလေးပါတာကြောင့် ကလေးများ နှစ်သက်ကြမှာပါ။
• Evy Foodlover
Ref: Internet
Posted in: သွားရည်စာ