Pages - Menu

6 Aug 2013

အမဲသားနှပ်(အိုးကြီးချက်)

ခုတော့ ဒီအမဲသားဟင်းကို ကျွန်မရဲ့အော်ဒါတစ်ခုကို ချက်ရင်းနဲ့ Food Magazine အိမ်ရှင်မများကို
အလှူပွဲချက်ချင်တဲ့အခါ လွယ်ကူစွာ အိုးကြီး ချက်နိုင်ရန် ရည်ရွယ်ပြီးရေးပေးလိုက်ပါတယ်နော်။

 ကျွန်မက ဒီမှာချက်တာ အိုးနှစ်မျိုးသုံးပါတယ်နော်။ ဒယ်အိုးအကြီးပေါ်
ဆီသတ်ပြီး အသားကိုမီးအေးအေးနဲ့နှပ်မယ်ဆိုမှဒန်အိုးအနက်ထဲပြောင်းပါတယ်။
အိုးမပြောင်းဘဲလည်းနှပ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ (လူ ၁၀၀ စာ)
၁။ အမဲသား - ၈ပိဿာ (၁၂ကီလိုခန့်)
၂။ ရှောက်ရည် - အကြမ်းပန်းကန် ၂လုံးစာ
(ကျွန်မက ဒီမှာရနိုင်တဲ့ လီမွန်သီးကိုသုံးပါတယ်)
၃။ ရှောက်ရွက် - ၇ရွက်ခန့်
၎။ ကြက်သွန်နီ - ၁၅၀ကျပ်သား
၅။ ကြက်သွန်ဖြူ - ၃၀ကျပ်သား
၆။ ချင်း - ၃၀ကျပ်သား
၇။ ငရုတ်သီးခြောက် - ၂၀ကျပ်သား
၈။ ဆား - ဟင်းချက်ဇွန်း ၃ဇွန်း
၉။ သကြား (သို့) ကြက်သားမှုန့် - ဟင်းချက်ဇွန်း ၁ဇွန်း
၁၀။ နနွင်းမှုန့် - စားပွဲဇွန်း၃ဇွန်း
၁၁။ အရောင်တင်မှုန့် - စားပွဲဇွန်း၇ဇွန်း
၁၂။ မဆလာ - သင့်ရုံ

ချက်ပြုတ်နည်း
၁။ အရင်ဆုံး အမဲသားကို သန့်စင်ပြီး ရှောက်ရည်၊
ဆား (ဟင်းချက်ဇွန်း ၁ဇွန်း)၊နနွင်းမှုန့် (စားပွဲဇွန်း ၁ဇွန်း) ၊
ချင်း (၂၀ကျပ်သားခန့်)တို့ဖြင့် ဆုပ်နယ်ထားပါ။

၂။ ကြက်သွန်ဖြူ၊နီ၊ ငရုတ်သီးနဲ့ ကျန်တဲ့
ချင်းတို့ကိုရောထောင်းထားပါ။ ဆီပူတွင် ရှောက် ရွက်၊
ထောင်းထားသောကြက်သွန်အရောကို အရောင်တင်မှုန့်၊
နနွင်း၂ဇွန်း ထည့်ပြီး ရွှေဝါရောင်သမ်းသည်အထိကြော်ပါ။

၃။ ပြီးမှ အမဲသားထည့်ပြီး နာနာလုံးပေးပါ။
ဆား၊ သကြားထည့်ပါ။ အသားများအရောင်ပြောင်းလာရင်ရေ အနည်းငယ်စီထည့်ပြီး
မီးအေးအေးဖြင့် နှပ်ထားပါ။ အသားများနူးပြီး
ဆီပြန်လာရင်မဆလာခတ်ပြီးအရသာရှိသော
အမဲသားနှပ်ဟင်းတည်ခင်းရန်အဆင် သင့်ဖြစ်ပါပြီ။

Ei Thet

Twitter Delicious Facebook Digg Stumbleupon Favorites More