Pages - Menu

6 Aug 2013

ကြက်သားဆီပြန်ဟင်း

♦ ပါဝင်ပစ္စည်းများ
ကြက်သား -၃၀သား
ကြက်သွန်နီ-၂ဥ (ပါးပါးလှီး)
ကြက်သွန်ဖြူ - ၅မြွာ၊ ၆ မြွာခန့်
ဆား
ချင်း - အနည်းငယ်
နနွင်း - အနည်းငယ်
ပဲဆီ - အနည်းငယ်

ချက်ပြုတ်နည်း
------------------
ပထမဦးစွာ ကြက်သားကို အတုံးလေးများတုံးပြီးရေစင်အောင်ဆေးပါ။

 ထို့နောက် ကြက်သွန်ဖြူ၊ နီ၊ ချင်းတို့ကို ရောထောင်းပါ။
 ကြက်သားကို ဆား၊ နနွင်း၊ ကြက်သားမှုန့်နယ်ပြီးနပ်ထားပါ။
ထို့နောက်ထောင်းထားသော ကြက်သွန်ဖြူ၊ နီ၊ ချင်း တို့ကိုဆီသတ်ပါ။ ကြက်သွန်စိမ်းနံ့အနည်းငယ်ပျောက်လာလျှင် နပ်ထားသောကြက်သားများထည့်ပြီး လုံးထားပေးပါ။ ထို့နောက် ရေအနည်းငယ်ထည့်ပြီး ဆီပြန်လာလျှင်ရပါပြီ။

Twitter Delicious Facebook Digg Stumbleupon Favorites More