ပဲပင်ပေါက်ကို ချက်ပြီးမှ စားသုံးသင့်သည်။ အစိမ်းစားခြင်း သည်
အခန့်မသင့်လျှင် မအီမလည် ဖြစ်ခြင်း၊ မူးဝေ၊အော့အန်ခြင်း၊ ဝမ်း
သွားခြင်းတို့ကို ဖြစ်စေတတ်သည်။
ခရမ်းချဉ်သီးတွင် အက် ဆစ်ဓာတ်ပါဝင်သဖြင့် ဗိုက်ထဲ၌ အစာမရှိဘဲ စားမိပါက ဗိုက်နာခြင်း၊ ဝမ်းသွားခြင်းစသည့်ဗိုက်ပြဿနာကို ဖြစ်စေတတ်သည်။
ရေခဲသေတ္တာထဲတွင် ထည့်ထားသောဟင်းသီးဟင်းရွက် များကို
ကြာရှည်စွာမချက်ပြုတ်ရပါ ။ သို့မဟုတ်က ယင်းတို့တွင်ပါရှိသော အာဟာရဓာတ်များ
ပျက်ပြယ်သွား မည် ဖြစ်သည်။
ကြက်ဟင်းခါးသီးတွင် အောက်ဆဲလစ်အက်ဆစ်ပါဝင်သ ဖြင့် မချက်မီ ရေနွေးဖျောသင့်သည်။
မုန်လာဥနီနှင့်မုန်လာဥဖြူ ကိုရော၍ မစားသုံးသင့်ပါ။ အတူ
ကြိတ်၍လည်းကောင်း၊ ရောပြီး အစာသွတ်ခြင်း၊ သုတ်ခြင်းဖြင့် မုန်
လာဥနီတွင်ပါဝင်သောအင်ဇိုင်းဓာတ် က မုန်လာဥဖြူအတွင်းမှ ဗီတာမင်စီ ကို
ပျက်စီးသွားစေသည်။
25 Sept 2013
ဟင်းသီးဟင်းရွက်အချို့ စားသုံးရာ တွင် သတိထားရမည့်အချက်များ
Wednesday, September 25, 2013
Taunzalat