Pages - Menu

30 Sept 2013

ထောပတ်သီးရဲ့ကျန်းမာရေးနှင့် အလှအပ

ကျန်းမာရေးနှင့် အလှအပ အတွက် အကျိုးရှိစေမဲ့ အသီးတစ်မျိုးကတော့ထောပတ်
သီးဘဲဖြစ်ပါတယ်။ဒီအသီးဟာလည်းရှာ
းပါးအသီးမျိုးတော့မဟုတ်ပါဘူး။အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။ဒီဆောင်းပါးလေးကိုလည်း
ကျွန်တော် 8 Day ဂျာနယ်မှ ကူးယူစုဆောင်းထားတာဖြစ်ပါတယ်။
ကဗျာဆရာခါလီဂျီဘရန်က ‘ချစ်မေတ္တာ ကင်းပတဲ့ ဘဝဟာ မြုံနေတဲ့သစ်ပင်၊ ပန်းပင်နဲ့ တူတယ်’ လို့ဆိုထားတယ်။  အလားတူ ပျိုတို့ သုံးနေတဲ့ အလှကုန် ပစ္စည်းတွေဟာလည်း သစ်သီးသစ်ဖုတွေ မပါဘဲ ဓာတ်တုပစ္စည်း အားကိုးနဲ့ အစွမ်းရှိရိုး ထုံးစံမရှိပါဘူး။ သဘာဝက ပေးစွမ်းထားတဲ့ သစ်သီးသစ်ဥသစ်ဖုများနဲ့ ပျိုတို့အလှကို အရောင်တင်လင်းလက်စေခဲ့ရတာ ဖြစ်ပါတယ်။ ဒီတစ်ခါ ပျိုတို့ရဲ့လင်းရောင်ခြည်ကို တောက်ပစေမယ့် သစ်သီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။

အာရောဂျံအကျိုးကျေးဇူးများ
     ထောပတ်သီးဟာ တခြားသော လူအများစားသုံးကြတဲ့ သစ်သီးတွေထက် ကာရိုတီနွိုက်လူတင်း (Carotenoid Lutein)ပါဝင်တာ ကြောင့်   မျက်လုံးနဲ့ ပတ်သက်တဲ့ ဘေးဘယာများကို ကင်းရှင်းစေပါတယ်။ နှလုံးသမားများအတွက် ထောပတ်သီးဟာ အစဉ်သဖြင့် မှီဝဲ သင့်တဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ ထောပတ်သီးထဲက ဖိုလေး (Folate) ဓာတ်ပါဝင်မှုနှုန်း မြင့်မားခြင်းကြောင့် နှလုံးရိုက်ခြင်း၊ ဖြတ်ခြင်း များကို ကာကွယ် ပေးနိုင်စွမ်း ရှိပြီးနေ့စဉ် ထောပတ်သီးဖျော်ရည်တဟ်ခွက် သောက်သုံးခြင်းဖြင့် ရုတ်တရက် နှလုံးရှော့ခ်ရိုက်ခြင်းမှ ၂၃ ရာခိုင်နှုန်း   ကာကွယ်ပေးနိုင်ကြောင်း  လေ့လာချက်များအရ   တွေ့ရှိရပါတယ်။     ဒါ့အပြင် ထောပတ်သီးထဲမှာ ပါဝင်တဲ့ ဗီတာမင်အီး၊ Monounsaturated Fats နဲ့ ဂလူတသီဝမ်ဓာတ်တို့ဟာ နှလုံးအတွက် အားပေးစေတဲ့ ဓာတ်များပဲ ဖြစ်ပါတယ်။
     ဗီတာမင်တွေထဲမှာ ပျိုတို့အတွက် အလှအပအတွက်ရော၊ ကျန်းမာရေးအတွက်ပါ အရေးအကြီးဆုံး ဗီတာမင်တစ်ခု ဖြစ်တဲ့ ဗီတာမင် အီးကို ချို့တဲ့နေတယ်ဆိုရင် ထောပတ်သီးကို သုံးဆောင်ပေးသင့်ပါတယ်။ ထောပတ်သီးဟာ ဗီတာမင်အီး ပေါကြွယ်ဝဆုံး သစ်သီးတစ်မျိုး ဖြစ်ပါတယ်။
   
ထောပတ်သီးဟာ ဝိတ်ကျစေတယ် လို့ အမေရိကန်နှလုံးရောဂါအဖွဲ့ကြီးက ထောက်ခံချက်ပေးထားပါတယ်။ အမေရိကန်ဆီးချို ရောဂါကာကွယ်ရေး အဖွဲ့ကလည်း ထောပတ်သီးဟာ ဆီးချိုရောဂါမဖြစ်ပွားအောင် တားဆီးပေးနိုင်စွမ်းရှိရုံမျှမက ဝိတ်ကျစေတယ်လို့ အတည်ပြုထားပါတယ်။

ကာကွယ်တားဆီးပေးခြင်း
     ထောပတ်သီးဟာ ကင်ဆာအတော်များများကို ကြိုတင်ကာကွယ် တားဆီးပေးပါတယ်။ အနောက်တိုင်းမှာ အမျိုးသမီးတွေ အဖြစ်များ နေတဲ့ ရင်သားကင်ဆာရောဂါကိုလည်း တားဆီးပေးပါတယ်။ ထောပတ်သီးထဲမှာ ပါတဲ့ အော်လီအစ် (Oleic) အက်ဆစ် ပါဝင်မှုကြောင့် ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်ကြောင်း သုတေသီ စာတမ်း အတော်များများမှာ တွေ့ရှိထားပါတယ်။

ထောပတ်သီးနဲ့ အလှပြင်နည်းများ
 ထောပတ်သီးထဲမှာ ဗီတာမင်စီ၊ ဗီတာမင်အီးတို့ အထူးကြွယ်ဝတာကြောင့် ပျိုတို့ရဲ့ အလှအပတိုးတက်ရေးအတွက် အထူးပဲ သင့်တော်တဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ သာမန်စားသုံးပေးရုံနဲ့တင် လူကို အကျိုးပြုစေတဲ့ သစ်သီး ဖြစ်ပါတယ်။

မျက်လုံးမို့အစ်ဖောင်းနေခြင်း
 ဖိအိပ်ထားလို့ပဲ ဖြစ်ဖြစ်၊ ငိုထားလို့ပဲ ဖြစ်ဖြစ် မျက်ဝန်းပေါ်က မျက်ခွံအိမ်လေးဟာ မို့မို့ဖောင်း နေတတ်ပါတယ်။ ဒီမို့မို့ဟာ ပျိုတို့အတွက် လိုလားအပ်တဲ့အရာတော့ ဟုတ်မယ် မထင်ပါဘူး။ ဒီလိုမျိုး မျက်ခွံမို့မို့ဖောင်းနေရင် ထောပတ်သီးကို အခွံခွာပြီး အတွင်းသားလေးကို အ လွှာချပ်လေးပုံစံလှီးပြီး မျက်ခွံပေါ်သိပ်ပါ ကျန်အတွင်းသားတွေနဲ့ မျက်နှာအသားအရေကို လိမ်းကျံပါ။ မျက်လုံးအောက်ဘက်ခြမ်းနေရာကို လိမ်းကျံပေးရမှာ ဖြစ်ပါတယ်။ မိနစ်၂၀ ခန့်ထားပြီးတော့မှ ရေနွေးနွေးနဲ့ ဆေးကြောပေးပါ။ မို့မို့ဖောင်း မျက်ခွံလေးတွေ ပျောက်ကင်း သွားပါလိမ့်မယ်။

ကေသာဆံမြ နူးညံ့လှစေ
ပျိုတို့ကေသာအတွက် ဗီတာမင်အီးပါတဲ့ ရှမ်ပူတွေကို သုံးမယ့် အစား အောက်က ဖော်ပြထားတဲ့ နည်းလမ်းလေးနဲ့ ပြုလုပ်မယ်ဆိုရင် ပျိုတို့ရဲ့ ကေသာဟာ သိသိသာသာ နူးညံ့ပြီး ချောမွေ့လာပါမယ်။ ကမ္ဘာကျော်မော်ဒယ်တစ်ယောက်ဖြစ်တဲ
့ ဆဲလစ်တာဘန့်ခါဟာ ဆိုရင် ထောပတ်သီးနဲ့ အမြဲခေါင်းလျှော်ပြီး ကေသာ တောက်ပြောင်အောင် လုပ်တယ်လို့ သိရပါတယ်။
 ဆဲလစ်တာရဲ့ ကေသာတောက်ပြောင် လျှို့ဝှက်ချက်နည်းကတော့ ထောပတ်သီး တစ်လုံးဝက်ခန့်ကို အနှစ်သားတွေပဲ ယူပြီးဆံပင်ကို လိမ်းကျံတာပဲ ဖြစ်ပါတယ်။ မိနစ်အနည်းငယ်ခန့်ထားပြီးမှ ရေနဲ့ ပြန်ဆေးတာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ပန်းကန်ခွက် (သေးသေး)တစ်လုံးထဲကို ထောပတ်သီးတစ်လုံး (ဆံပင်တိုရင်တော့ တစ်ဝက်ခန့်သာသုံးရန်)၊ ကြက်ဥအကာရည်(ကြက်ဥတစ်လုံးစာ)၊ သံလွင်ဆီ ဇွန်းတစ်ဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကို ရောစပ်ပြီး ဆံပင်ကို လိမ်းပေးပါ။ လိမ်းပြီး နာရီဝက်ခန့်(သို့) အထက်ထားပြီး ခေါင်းလျှော်ပေးပါ။

လက်အသားအရေ နူးညံ့ချောမွေ့စေခြင်း
ရွှေဇွန်းကိုက်ပြီး မမွေးလာရလို့ပဲ ဖြစ်ဖြစ်၊ ဘတ်စ်ကားလက်ရန်းကိုင်ပြီး ကားတိုးစီး နေရလို့ပဲ ဖြစ်ဖြစ် မေတို့ရဲ့ လက်ချောင်းလေးတွေ ဟာ ထူထဲမာကြမ်းနေတယ်ဆိုရင် ထောပတ်သီးက နူးညံ့သွားအောင် တာဝန်ယူကူညီဖြေရှင်းပေးပါရစေ။
 ထောပတ်သီး (အခွံနွာပြီးလေးပုံတစ်ပုံခန်
့ထည့်ရန်)၊ ကြက်ဥအကာရည် (ကြက်ဥ တစ်လုံးစာ)၊ ကောက်ညှင်းဆန် ၂ ဇွန်းခန့် (စားပွဲတင်ဇွန်း)၊ သံပုရာရည်တစ်ဇွန်းခန့် (လက်ဖက်ရည်ဇွန်း) တို့ကို ပေါင်းစပ်ရောနှောပြီး လက်ဖမိုးနဲ့ လက်ခုံတို့ကိ လိမ်းပေးပါ။ လိမ်းပြီး မိနစ် ၂၀ ခန့်စောင့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးမှရေနွေးနွေးနဲ့ ဆေးကြောပြီး လက်ကိုဖွဖွလေး ပြန်နှိပ်ပေးပါ။ လက်ဖမိုးအသားအရေဟာ နူးံညံ့ပျော့ပြောင်းလာမှာ ဖြစ်ပါတယ်။

 ထောပတ်သီးနဲ့ နေလောင်ဒဏ်အသားအရေကို ကုစားနိုင်ပါသေးတယ်။ လတ်လတ် ဆတ်ဆတ် ထောပတ်သီးတစ်လုံး ရဲ့အတွင်း သား  နဲ့ နေလောင်ခံထားရတဲ့ အရေပြားတွေကို ညင်သာစွာ ပွတ်ပေးပါ။ နေလောင်အသားအရေများ ကင်းပသွားပြီး နေ့စဉ်ထော ပတ်သီးကို စားသုံးပေးမယ်ဆိုရင် အလွယ်တကူ ဖျားနာခြင်းများ၊ အားအင် ကုန်ခမ်းမောပန်းခြင်းများကိုလည်
း တားဆီးကာကွယ်ပေးသွားပါတယ်။

လျှို့ဝှက်ချက်

- ထောပတ်သီးအတွင်းသားနဲ့ တစ်ကိုယ်လုံးကို လိမ်းကျံပေးရင်လည်း ကိုယ်အရေပြားနူးညံ့စေပါတယ်။

သတိထားရမည့်အချက်များ

- ထောပတ်သီးကို ရေခဲသေတ္တာထဲမှာ လှီးပြီး၊ ခြမ်းပြီး၊ စိတ်ပြီး ၂ ရက်ခန့်အထိ သိမ်းထားနိုင်ပါတယ်။
 ထောပတ်သီးကို ခွဲခြမ်းပြီးနောက် မြန်မြန်သုံးလေပိုပြီး အာနိသင်ရှိလေပဲ ဖြစ်ပါတယ်။

 အကြာကြီး သိမ်းထားရန် မသင့်ပါ။
Source: http://onlinepyadaik.com/profiles/blogs/4021190:BlogPost:150265

Twitter Delicious Facebook Digg Stumbleupon Favorites More