သင့်ခန္ဓာကိုယ်မှ အဆိပ်တွေ ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေ မျိုးစုံ ရှိပါတယ်။
ဒီအထဲက အကောင်းဆုံးနည်းဟာ အစားအစာစားပြီး သဘာဝအလျောက် အဆိပ် ဖယ်ရှားတဲ့
နည်းလမ်းမို့ ကိုယ်တွင်း အဆိပ်တွေ ဖယ်ရှားနိုင်တဲ့ အစားအစာတွေကို ဖော်ပြ
ပေးလိုက်ပါတယ်။
၁)အသီးအနှံ
အသီးအနှံတွေဟာ များသောအားဖြင့် အရည်ရွှမ်းတတ်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေ
ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။ အသီးတွေဟာ အစာကြေလွယ်ပြီး ဓာတ်တိုး
ဆန့်ကျင်ပစ္စည်း၊ အာဟာရဓာတ်နဲ့ အမျှင်တွေလည်း များစွာပါဝင်ကာ
ဗီတာမင်စီလိုမျိုး ခန္ခာကိုယ်အတွက် အရေးကြီးတဲ့ ဗီတာမင်ဓာတ်တွေလည်း
အများအပြား ပါဝင်ပါတယ်။
၂) အစိမ်းရောင်အစာများ
ခန္ဓာကိုယ်မှ အဆိပ်တွေပြေဖို့ စိမ်းပြာရောင် ရေညှိ၊ ဘာလီ၊ ကိုက်လန်၊
ဟင်းနုနယ်နဲ့ အစိမ်းရောင် ဟင်းရွက်တွေ များများစားပါ။ အဲဒီအရွက်တွေမှာ
အစာချက်နိုင်တဲ့ ကလိုရိုဖေးတွေ ပါဝင်လို့ပါ။ ကလိုရိုဖေးဟာ
ပတ်ဝန်းကျင်မှတစ်ဆင့် ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်နေတဲ့ မီးခိုးငွေ့၊
ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ သန့်စင်ပစ္စည်းနဲ့ ဓာတုပစ္စည်း အစရှိတာတွေမှ
ထွက်ရှိလာတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်လို့ပါ။ ဒါ့အပြင် အသည်းမှ
အဆိပ်ကိုလည်း ဖယ်ရှားနိုင်ပါတယ်။
၃) ရှောက်သီး၊ လိမ္မော်သီးနှင့် သံပရာသီး
ဒီအချဉ်အရသာရှိတဲ့ အသီးတွေဟာ ခန္ဓာကိုယ်မှ အဆိပ်တွေ စွန့်ပစ်ဖို့
ကူညီနိုင်တဲ့အပြင် အသည်းမှ အဆိပ်ဖယ်ရှားတဲ့ ဖြစ်စဉ်ကိုလည်း ကူညီနိုင်ပါတယ်။
နေ့စဉ် မနက်အိပ်ရာထတိုင်း ရေနွေးတစ်ခွက်ထဲ ရှောက်ရည်ညှစ်ပြီး သောက်ပေးပါ။
ဗီတာမင်စီဟာ အဆိပ်ဖြေဖို့ အကောင်းဆုံး ဗီတာမင်ဖြစ်ပြီး အဆိပ်တွေကို
အစာခြေနိုင်တဲ့ အင်ဇိုင်းအဖြစ် ပြောင်းလဲနိုင်ပါတယ်။
၎) ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ အသည်းမှ အဆိပ်ဖြေနိုင်တဲ့ အင်ဇိုင်းတွေ ထွက်လာအောင်
လှုံ့ဆော်ပေးတာကြောင့် အစာခြေစနစ်အတွင်းမှ အဆိပ် အကြွင်းအကျန်တွေကို
စစ်ထုတ်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို အစိမ်းအတိုင်း ဒါမှမဟုတ်
ဟင်းထဲထည့်ပြီး ချက်စားပါ။
၅) အစိမ်းရောင် ပန်းဂေါ်ဖီ အညှောက်
ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင်တာမို့ အစာခြေလမ်းကြောင်းမှ
အဆိပ်ဖြေတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်နိုင်အောင် လှုံ့ဆော်ပေးပါတယ်။ အညှောက်ဟာ
အပွင့်ထက်ပိုပြီး ထိရောက်မှု ရှိပါတယ်။
၆) လက်ဖက်ရည်ကြမ်း
ဓာတ်တိုးဆန့်ကျင် ပစ္စည်းအများအပြား ပါဝင်တာမို့ လက်ဖက်ရည်ကြမ်းဟာ
ကိုယ်တွင်းစနစ်အတွင်းမှ အဆိပ်တွေ ဖယ်ရှားနိုင်ရုံမက သူ့မှာ ပါဝင်တဲ့
Catechins ဆိုတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းကြောင့် အသည်းရဲ့
လုပ်ငန်းဆောင်တာလည်း ပိုကောင်းစေပါတယ်။
၇) ပဲစေ့ အမျိုးမျိုး
အစာခြေရ လွယ်ကူပြီး အူနံရံအတွင်း အဆိပ်အကြွင်းအကျန်တွေကို စုပ်ယူနိုင်ပါတယ်။
၈) ဟင်းသီးဟင်းရွက် အစိမ်းများ (Raw Vegetable)
ကြက်သွန်နီ၊ မုန်လာဥနီ၊ ကညွတ်၊ ဂေါ်ဖီထုပ်၊ အစိမ်းရောင် ပန်းဂေါ်ဖီ၊
ကိုက်လန်၊ မုန်ညင်း၊ ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ နနွင်းနဲ့ ဟင်းမွှေးရွက်တွေကို
မချက်ပြုတ်ဘဲ အစိမ်းတိုင်းစားရင် အသည်းမှ အဆိပ်သန့်စင်တဲ့ လုပ်ငန်းကို
ကူညီနိုင်ပါတယ်။ အဲဒီအစာတွေမှာ ဆာလဖာနဲ့ ဂလူတာသီရုန်းတွေ များစွာ
ပါဝင်ပါတယ်။ ဆာလဖာဟာ အသည်းမှ ဓာတုပစ္စည်း အဆိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
၉) အစေ့နှင့် အခွံမာသီးများ
ဖရုံစေ့၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ နှမ်းစေ့နဲ့ နေကြာစေ့တွေဟာ အစာကြေလွယ်ပြီး
အဆိပ်တွေကို ဖယ်ရှားနိုင်ပါတယ်။ အဆိပ်ဖြေနေစဉ်အတွင်း အခွံမာသီးနဲ့
ပြုလုပ်တဲ့ ထောပတ် (ဥပမာ-မြေပဲ ထောပတ်) ကို ရှောင်ထားပါ။
၁ဝ) အိုမီဂါ ၃ အဆီ
ထောပတ်သီး၊ သံလွင်ဆီ ဒါမှမဟုတ် ဂုန်လျှော်စေ့ဆီကို အဆိပ်ဖြေစဉ်မှာ
အသုံးပြုပါ။ အူနံရံတွေကို ချောဆီဖြစ်စေကာ အဆိပ်တွေကို စုပ်ယူနိုင်ပြီး
ခန္ဓာကိုယ်မှ စွန့်ပစ်နိုင်လို့ပါ။ စားသင့်သော အစားစာတွေပါ...........
23 Sept 2013
ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များကို ဖယ်ရှားနိုင်သည့် အစားအစာ ၁၀ မျိုး
Monday, September 23, 2013
Taunzalat