ထောပတ်သီးစားသုံးခြင်းသည်ကိုယ်ခန္ဓာအတွက်လိုအပ်သော အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြားဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ်အလေးချိန်ကျဆင်းစခြင်း၊အကျိုး
ပြု
ကိုလက်စတီရောကိုတက်စေပြီးဆိုးကျိုးပေးသောကိုလက်စတီရော
ကိုကျဆင်းစေခြင်းစသည့်အချက်များကိုရရှိစေနိုင်သည်ဟုသိရသည်။
ယခု
လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက
ကာကွယ်ပေးနိုင်ကြောင်းဖော်ထုတ် နိုင်ခဲ့သည်။ယခုလေ့လာမှုသည်
အမျိုးသား ကျန်းမာရေးနှင့် အာဟာရဆိုင်ရာစစ် တမ်း(National Health and
Nutrition Examination Survey, NHANES) မှရရှိခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်မှ
၂၀၀၈ခုနှစ်အတွင်း လေ့လာခဲ့ သည်။အမေရိကန်နိုင်ငံသား အသက် ၁၉နှစ်အထက်ရှိသူ
၁၇၅၆၇ဦးကို လေ့လာခဲ့သော ယခုလေ့လာမှုတွင် ၃၄၇ဦးသည် နေ့စဉ်ထောပတ်သီးကို
စားသုံးပေးသူ
များဖြစ်ကြောင်းေ ဖာ် ထုတ်နိုင်ခဲ့သည်။ အဆိုပါ ထောပတ် သီး နေ့စဉ် စားသုံးပေးသူများ၏ ကျန်းမာရေးအခြေအနေကို မေးခွန်း များ မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ ဖြင့်လေ့လာခဲ့သည်။
များဖြစ်ကြောင်းေ ဖာ် ထုတ်နိုင်ခဲ့သည်။ အဆိုပါ ထောပတ် သီး နေ့စဉ် စားသုံးပေးသူများ၏ ကျန်းမာရေးအခြေအနေကို မေးခွန်း များ မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ ဖြင့်လေ့လာခဲ့သည်။
ထို့ပြင်ကျန်းမာရေးအတွက် သင့်တော်သောအဆီဓာတ်များကိုထောပတ်သီးနေ့ စဉ်စားသုံးပေးပါက မစားသုံးသူများထက် ၁၈% ပိုမိုရရှိ ကြောင်းလည်းဖော်ပြထားသေးသည်။ ယခုလေ့လာမှုကပြဆိုသော ရလဒ်မှာ ကိုယ်ခန္ဓာဇီဝဖြစ်စဉ် ချို့ယွင်းမှု (metabolic syndrome)ကြောင့်ဖြစ် ရသောလေဖြတ်ခြင်းကိုလည်း ၅၀% လျှော့ချပေးနိုင်ကြောင်းပင်ဖြစ်သည်။
ယခုလေ့လာမှုကို National Nutrition Journal တွင်ပုံနှိပ်ဖော် ပြထားခြင်းဖြစ်သည်။
သန့်စင်
Myanmar News Update