Pages - Menu

31 Oct 2013

ကလေးမရနိုင်သေးခြင်း အမေး-အဖြေများ

Q and A Infertility  ကလေးမရနိုင်သေးခြင်း အမေး-အဖြေများ
Aug 9, 2010 at 3:16 PM
Q 1: ကျွန်မတို့ အိမ်ထောင်ပြုတာ ၂ နှစ်လောက်ရှိပါပြီ။ ဘာတားဆေးမှ မသုံးဘဲ ကလေးမရပါ။ ဆရာဝန် ပြကြည့်တာ အမျိုးသားက သုတ်ကောင် အားနည်းတာ ဖြစ်နေပါတယ်။ အခုလောလောဆယ် One a day (for men) ဆေး သောက်နေပါသည်။ ဘယ်အချိန် လောက်ကျမှ ကလေးရနိုင်မလဲ။ ဆေးကို ဘယ်လောက် ကြာအောင် ဆက်သောက်ရမလဲ သိချင်လို့ပါ။ ဆေးရဲ့ ဘေးထွက် ဆိုးကျိုး ကိုလည်း သိချင်ပါတယ်။ ကျွန်မက (၃၆) နှစ် အမျိုးသားက (၄၂ )နှစ်ရှိပါပြီ။ ဘယ်လို လုပ်ရင် ကလေးရနိုင်မလဲ။

ပြောတဲ့ဆေးက One-A-Day Essentials လား။ ဒါဆိုရင် Multivitamin ဗီတာမင်တွေ ဖြစ်ပါတယ်။ One A Day® Men’s Health Formula ဆိုရင်လည်း အတူတူပါဘဲ။ Vitamins B6, B12, C, D, E, Folic Acid, Calcium, Magnesium, Selenium, Pantothenic Acid, Chromium တွေပါတယ်။ ဖြစ်ချင်တဲ့ အကျိုးကျေဇူးအတွက် တိုက်ရိုက်မဟုတ်၊ သွယ်ဝိုက် အထောက်အကူ ပေးပါမယ်။ ဆေးရဲ့ ဆိုးကျိုး စိုးရိမ်စရာ မရှိပါ။ ဘယ်လောက် ကြာကြာ သောက်လို့ရပါတယ်။

ကလေးမရနိုင်တာက အားတော့ မငယ်ပါနဲ့၊ ပွင့်ပွင့်လင်းလင်း ပြောရရင်၊ အင်မတန် ခက်ခဲတဲ့ ကျန်းမာရေး၊ လူမှုရေး ပြဿနာ တခုပါ။ ဆရာ ရေးထားတာလေးတွေ ရှိပါတယ်။ အားလုံးကို ဖတ်ဘို့ တိုက်တွန်းပါရစေ။

ပြောတဲ့ အသက်အရွယ်တွေကြောင့် မဖြစ်နိုင်တာ မဟုတ်ပါ။ “သုတ်ပိုးများစေနည်း” မှာ ရေးခဲ့တာက အရေအတွက် များစေဘို့သာ ဖြစ်ပါတယ်။ ကလေးမရတာမှာက အရေအတွက်ရော သန်မာမှုပါ လိုတယ်။ တိတိကျကျ ပြောရရင် Low sperm count, low motility and other semen abnormality & other male factor abnormalities ခင်ပွန်းရဲ့ သုတ် Sperm အရေအတွက်၊ လှုပ်ရှားနိုင်မှု၊ တခြား ပုံမှန်မဖြစ်မှုတွေ ပါတယ်။

ဇနီးအတွက်ဆိုရင် Absent egg formation မျိုးဥမဖြစ်တာ၊ Absent release of ovum from in ovaries due to various hormones disorder မျိုးဥ ဖြစ်ပေမဲ့ ဟော်မုန်းတွေ အခန့်မသင့်လို့ မျိုးဥက ထွက်မလာတာ၊ ဥပမာ Polycystic-ovarian disorder မျိုးးဥအိမ်ရောဂါ၊ Thyroids disorder လည်ပင်းကြီး ဟော်မုန်းရောဂါ၊ High Prolactin & other hormone related infertility တခြား ဟော်မုန်း ရောဂါတွေ ပါတယ်။

ယောက်ျားကို Fertility & Hormone Centre အထူးကုဌာနတွေကနေ စစ်တဲ့အခါမှာ Nil Sperms, Low Sperm Count, Low Sperm Motility, Pus in Sperm, Anti-Sperm Antibody, Absent Ejaculation, Less Semen Formation, Dead Sperms, Abnormal Sperm, Immotile Sperms Tests တွေ လုပ်တတ်တယ်။

သား-သမီးကောင်း မိဘတွေ ဖြစ်ကြပါစေ။
၉-၈-၂ဝ၁ဝ

Q 2: ကလေးမရနိုင်ခြင်းအကြောင်း ရေးတဲ့နေရာ ပြောင်းပြန် မေးတယ်လို့တော့ မထင်ပါနဲ့ဆရာ။ သုတ်ရေကို ပါးစပ်က မျိုချမိရင် ကိုယ်ဝန် ရနိုင်ပါသလား။

မရနိုင်ပါ။ သုတ်ရေထဲက သုတ်ပိုးသည် အစာလမ်းကြောင်း (ပါးစပ်၊ အစာမြိုပြွန်၊ အစာအိမ်) ထဲ ရောက်သွားပါက ကြာကြာ မရှင်နိုင်ပါ။ လူကိုတော့ ဘာမှ မဖြစ်စေနိုင်ပါ။ ကိုယ်ဝန်ရရန် သန်စွမ်းသည့် ကျားသုတ်ပိုးသည် ကျန်းမာနေသော မ-မျိုးဥ နှင့် မ-မျိုးပွားလမ်းကြောင်း (သားအိမ်ပြွန်၊ သားအိမ်) တနေရာရာမှာ တွေ့ရှိ-ပေါင်းစပ် ရပါမည်။ ထို့နောက် သားအိမ်၏ အတွင်းနံရံမှာ လာ၍ တွယ်ကပ်ရပါမည်။ မွေးလမ်းကြောင်း မဟုတ်သော အခြား (အစာလမ်း၊ ဆီးလမ်း စသည်) တို့မှာ မ-မျိုးဥဖြစ်စေ ကျား-သုတ်ပိုးဖြစ်စေ မရှင်နိုင်ပါ။

Q 3: January 15, 2010 9:25 AM
သုတ်ရည် ပြောင်းပြန်ဖြစ်ခြင်းဆိုတာ သုတ်ရည်က သားအိမ်ထဲကို မရောက်ဘဲ အမျိုးသမီး လမ်းကြောင်းက ပြန်ထွက်သွားတာကို ဆိုတာလားဆရာ။ အတူနေပြီးနောက် နာရီ အတော်ကြာ ငြိမ်နေသော်လည်း မနက်ပိုင်းမှာ အမျိုးသမီး လမ်းကြောင်း အရည်တချို့ ပြန်ထွက်ပါတယ်၊ အဲလိုမျိုးကို သုတ်ရည် ပြောင်းပြန်ဖြစ်တယ်လို့ ခေါ်တာလား ဆရာ။ သမီးမေးတဲ့အထဲမှာ ရိုင်းသွားတာပါရင် ခွင့်လွှတ်ပါဆရာ။ ကုသလို့ရတဲ့ နည်းရှိရင်လည်း သိပါရစေ။

ဆက်ဆံအပြီး အမျိုးသမီးရဲ့ အင်္ဂါထဲကနေ အပြင်ဘက်ကို အရည်ပြန်ထွက်တာက ပုံမှန်မှာလဲ ပြန်ထွက်တာပါ။ အရည်တချို့က အထဲ ဝင်ပါတယ်။

သုတ်ရည် ပြောင်းပြန်သွားခြင်း Retrograde ejaculation ဆိုတာ ဆက်ဆံအပြီး Orgasm ရတဲ့အခါမှာ Sperm တွေ ပါနေတဲ့ Seman သုတ်ရည် က Urethra ဆီးသွားပြွန်ကနေ ပန်းအဖျားဘက်ဆီ သွားရမှာကို မသွားဘဲ Bladder ဆီးအိမ်ဆီ နောက်ပြန်သွားတာကို ပြောတာ ဖြစ်ပါတယ်။

ပုံမှန်ဆိုရင် ဆီးအိမ်ရဲ့အောက်မှာရှိနေတဲ့ အထိန်း Sphincter ကနေ လမ်းမှန်အတိုင်းသွားအောင် လုပ်ပေးတယ်။

ယောက်ျားဆီးကြိတ် Prostate ရောဂါရှိရင်၊ ဆီးထွက်ပြွန်ကနေ ကရိယာထည့် ခွဲစိတ်ထားရင်၊ အော်တိုနောမစ် အာရုံကြော စနစ်ကို သွားထိခိုက်မိလို့ ဖြစ်တာပါ။ Testes (တက်စ်တိစ်) ကျားအစိ ကင်ဆာဖြစ်လို့ (လင့်ဖ်-နုတ်) တွေကို ခွဲထုတ်ရင်လဲ ဖြစ်တတ်တယ်။ ဒါ့ကြောင့် အဲလိုမဖြစ်ရအောင် လေဆာသုံးခွဲစိတ်တာ လုပ်ပါတယ်။

ဆေးကြောင့်လဲ ဖြစ်တတ်တယ်။ Prostate လို့ ခေါ်တဲ့ ယောက်ျားဆီးကြိတ်က ကင်ဆာမဟုတ်ဘဲ၊ အသက်ကြီးချိန်မှာ ကြီးလာတဲ့ရောဂါ BPH ကိုကုတဲ့ Tamsulosion ဆေး။ နောက်ပြီး စိတ်ရောဂါကုတဲ့ ဆေးတချို့။ ဆီးချိုရောဂါရှိရင်လဲ ဖြစ်နိုင်တယ်။

အဲဒီပြဿရှိနေသူကို ကလေးရချင်ရင် ယောက်ျားရဲ့ ဆီးကို Centrifuge လုပ်ပြီး သုတ်ရည်ကို ဇနီးရဲ့ မွေးလမ်းထဲ ထည့်ပေးတာ လုပ်နိုင်တယ်။

အထောက်အကူနည်း တခုကတော့ ဆက်ဆံလို့ ပြီးသွားချိန် Orgasm မှာ ယောက်ျား အပြင်လိင်အင်္ဂါ ရှိတဲ့နေရာတဝှိုက် Perineum မှာ နှိပ်နယ်ပေးတာ လုပ်တယ်။

January 11, 2010 6:26 PM
Q 4: ကျွန်မတို့ ဇနီးမောင်နှံက ခွဲနေရတာများပါတယ်။ OG တွေနဲ့ ပြကြည့်တော့လည်း ကလေး မရနိုင်တဲ့အကြောင်း မတွေ့ပါဘူးဆရာ။ အသက်ကလည်း ၃၅ ကျော်နေပြီမို့ သားသမီး အလွန်ရချင်ပါတယ်။ ရာသီစက်ဝိုင်း အလည် လောက်ရောက်ချိန်တွေမှာ အတူနေရင် သားသမီးရနိုင်တယ်လို့ ဆိုကြတာ ဟုတ်ပါသလားဆရာ။ ဘယ်လို တွက်ချက် ပြီးနေရင် ရနိုင်ပါသလဲ။ သမီးမျိုးဥ ကြွေဆေးလည်း တစ်ခါနှစ်ခါ စားဖူးပါတယ်။ ဆရာဝန်ညွှန်ကြားချက် အရပါ။ မထူးခြားခဲ့ပါဘူး။ စိတ်သောက အကြီးအကျယ် ရောက်နေရလို့ အကြံကောင်းရှိရင် ညွှန်ကြားပေးပါရှင်။ သားသမီး ရနိုင်တဲ့ ရက်များမှာ သမီးတို့ အတူနေနိုင်အောင် ကြိုးစားကြည့်ချင်လို့ပါဆရာ။

စိတ်အားမပျက်ဘို့တော့ အားပေးပါတယ်။ ပွင့်ပွင့်လင်းလင်းတော့ ရေးပါရစေ။ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါ။ ကြိုးစားပါ။

“ရာသီစက်ဝိုင်းအလည် လောက်ရောက်ချိန်တွေမှာ အတူနေရင် သားသမီးရနိုင်တယ်လို့ ဆိုကြတာ” မှန်ပါတယ်။ လစဉ် ရာသီလာတာ တခါနဲ့တခါ စုစုပေါင်း ၂၈ ရက်၊ ၃ဝ ရက်၊ စသဖြင့် ကွာခြားပါတယ်။ အဲဒါကို တလလို့ယူပါ။ အလယ်ရက်ဟာ မ-မျိုးဥထွက်တဲ့ရက် ဖြစ်ပါတယ်။ ဆိုပါစို့ ၂၈ ရက်သမားအတွက် အရင်လ ရာသီစဆင်းတဲ့နေ့ရဲ့နောက် ၁၄ ရက်ဖြစ်မယ်။ ၃ဝ ရက်သမားအတွက်က နောက် ၁၅ ရက်မှာဖြစ်တယ်။ ဆိုလိုတာက တခါဆင်းတာနဲ့ နောက်ဆင်းတာ ၂ ခုရဲ့ အလယ် တည့်တည့်ရက် ဖြစ်ပါတယ်။ ရက်တွက်ရင် ရာသီ စဆင်းတဲ့ရက်ကို ၁ လို့ မှတ်ပါ။ စဆင်းရက်ဆိုတာက မမှားနိုင်ဘူး။ ပြီးသွားတဲ့ရက် ဆိုတာက မသေခြာဘူး မဟုတ်လား။

အဲဒီနေ့မှာ မ-မျိုးဥထွက်တယ်ဆိုရင် အမျိုးသမီးရဲ့ကိုယ်အပူချိန်ဟာ နဲနဲလေး တက်လာပါတယ်။ ကရိကထ ခံနိုင်ရင် တလလုံး မနက် အိပ်ရာထမှာ Body temperature ကိုယ်အပူချိန် တိုင်းပြီး မှတ်ရတယ်။ မ-မျိုးဥ ထွက်တဲ့နေ့မှာ နဲနဲတက်လာတာကို သိရမယ်။

အလယ်တည့်တည့်ရက် ၁ ရက်ထဲသာ မဟုတ်ပါ။ မတိုင်ခင် ၂-၃ ရက်၊ နောက် ၂-၃ ရက်တွေကလည်း ကိုယဝန်ရှိနိုင်တဲ့ ရက်တွေချည်း ဖြစ်ပါတယ်။

ကိုယ်ဝန်တားနည်းတွေ တခုမှ မလုပ်ပါနဲ့။ အတူနေပြီးပြီးချင်း၊ ရေမဆေးပါနဲ့။ ဇနီးက ပက်လက်အနေအထားကိုသာ ၅-၁ဝ မိနစ် နေပါ။ လိုအပ်ရင် အဲဒီအချိန်လေးမှာ အောက်ပိုင်းကို နဲနဲမြှင့်ထားရင် ပိုကောင်းပါတယ်။ အထဲဝင်ရမှာတွေ ထွက်မကျစေဘို့ပါ။

အခုဟာက သဘာဝနည်းတွေသာ ဖြစ်ပါတယ်။ ဆေးကူရမှာတွေကိုတော့ စာနဲ့ရေးထားပြီ ဖြစ်ပါတယ်။ အသစ်တခု အကြံပြုပါတယ်။

နှစ်ဦးစလုံး စိတ်ထဲမှာလဲ ကြည်ကြည်လင်လင်နဲ့ ဆုတောင်းသလို Concentration ထားပါ။ စိတ်ရဲ့တန်ခိုးဟာ ဆေး တန်ခိုးထက် အဆများစွာ သာလွန်ပါတယ်။ Autosuggestion ဆိုတဲ့ မသိစိတ်မှာကိုက လိုလိုလားလား၊ စူးစူး စိုက်စိုက်၊ ထပ်ခါတလည်း၊ အဆင့် တခုတိုင်း၊ တခုပြီးတခု၊ စဉ်တိုက်၊ ဆက်တိုက်၊ အလေးအနက် အမိန့်ပေးတဲ့ စိတ်ရဲ့ စွမ်းအာကို အသုံးချကြည့်ပါ။ တကယ်ဘဲလို့ မြင်-သိနေပါ။ ဖြစ်အောင် လုပ်ပေးနေပါ။ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာနဲ့ အမိန့်ပေးနေပါ။

ကိုယ်စားတွေးပေးမယ်။ ဆိုပါတော့ ဆက်ဆံပြီးချိန်လေးမှာ -
• Sperm ကျားသုတ်ပိုးတွေဟာ အခု Vagina မွေးလမ်းထဲက၊ ဟို အတွင်းဆုံးနေရာမှာရှိတဲ့ Cx သားအိမ်အဝမှာ ရောက်နေကြပြီး၊ သားအိမ်အဝ အထဲကို မြန်မြန် ဆန်ဆန် ဝင်ချင်နေကြပြီ၊
• သန်မာလှတဲ့ သုတ်ပိုးတွေက သန်းနဲ့ချီရှိတာ၊ အလုအယက်၊ အမြန်အဆန်၊ သားအိမ်အဝထဲကို ဝင်လာကြပြီ။
• သားအိမ်အဝကလဲ နွေးနွေးထွေးထွေး၊ လက်ကမ်းကြိုနေတယ်။ သားအိမ်အဝက ကျိချွဲချွဲအရည်လေးတွေကလဲ ကူညီနေကြတယ်။ အဆင်ပြေလိုက်တာ။ အနွေးဓါတ်ကလဲ သူတို့ အကြိုက်ဘဲ။ လမ်းကလဲ ဖြောင့်လို့၊ တန်းလို့။
• Ovary မျိုးဥအိမ်က ထွက်လာတဲ့ ကျန်းမာလှတဲ့ Ovum မ-မျိုးဥကလဲ ဝင်လာနေကြတဲ့ ကျားပိုးတွေနဲ့ တွေ့ရ၊ ဆုံရ၊ ပေါင်းစပ် ချင်လှပြီ။ မျှော်နေတာ ကြာပြီလေ။
• မျိုးဥလေးက Tube သားအိမ်ပြွန်ကနေ အထဲဝင်လာနေပြီ။ ဘာအခက်အခဲမှလဲ မရှိဘူး။ အဆင်ပြေလိုက်တာ။
• အထဲကိုရောက်ပြီ၊ လိုက်ရှာနေပြီ။ အလုအယက် ဝင်လာနေကြတဲ့ အင်မတန် တပ်မက်စရာ ကောင်းလှတဲ့ ကျားသုတ်ပိုးတွေဆီကို မ-မျိုးဥက အကြော့သား ဆင်းလာနေပြီ၊
• ကျားသုတ်ပိုးကလဲ အကင်းပါးလိုက်တာ မပြောပါနဲ့တော့၊ ဘယ်မှာရှိမယ်ဆိုတာ အတတ်သိ။
• ဟော သူတို့တတွေ ဖူးဇာဆုံ၊ ရေစက်ပါတာမို့ တွေ့ကြ၊ ပေါင်းကြပြီ။ အရင်ဘဝတွေမှာ အတူတူ ကုသိုလ် ပြုခဲ့သူတွေ ဖြစ်နေတာကိုး။
• ပျော်စရာ၊ နှစ်သက်စရာ၊ စွဲမက်စရာ အင်မတန် ကောင်းလှပါလား။ တမျိုးနဲ့တမျိုး သံလိုက်ဓါတ် အဖိုနဲ့အမလို ကပ်သွား လိုက်ကြတာ။ ဘယ်လိုမှ ခွါထုတ်လို့ မရတော့ဘူး။ Bravo!
• သန်းနဲ့ချီတဲ့ ကျားသုတ်ကောင် သန်သန်မာမာတွေက သူ့ထက်ငါ အစွမ်းပြနေကြတယ်။ သူတို့ထဲက အကောင်းဆုံး၊ အတော်ဆုံး၊ အချောဆုံး၊ အလှဆုံး၊ ကံအကောင်းဆုံးတခုက အနိုင်သွားပြီး။ မမျိုးဥကနေ သူ့ကို ဆန်ခါတင် ရွေးလိုက်ပြီဘဲ။ Congratulations!
• ဟော သူတို့က ပေါင်းသွားလိုက်ကြတာ နှစ်ကိုယ့်တစိတ်။ တခုထဲ လုံးလုံးဖြစ်သွားပြီ။
• Uterus သားအိမ်ထဲက အခြေအနေတွေကလဲ အလွန်ကို အဆင်ပြေလိုက်တာ။ လိုလေသေးမရှိ အကုန် အဆင်ချောအောင် လုပ်ပေးနေတယ်။
• မှန်ဘီလူးနဲ့ ကြည့်လိုက်ရင် ဆဲလ် တွေ ၁ ခုက ၂ ခု၊ ၂ ခုကနေ ၄ ခု၊ ၈ ခု၊ ၁၆ ခု ပွါးများလာလိုက်ကြတာ။ မြန်လဲမြန်၊ မှန်လဲမှန်။ အသက်ရှိတယ်ဆိုတာ ဒါမျိုးပြောတာ။
• ငါ့ သွေး၊ သူ့သွေး စစ်လို့။ ငါ့မျိုးဆက်၊ သူမျိုးဆက် ပေါင်းဖက်ကြပြီ။ ဒို့မျိုးဆက် ဖြစ်လာနေပြီ။
• ငါ့ သားအိမ်ထဲက အကောင်းဆုံး နေရာလေးကို လိုက်ရှိနေပြီ။ တွေ့ပြီ၊ တွေ့ပြီ။ ဒီနေရောလေး။ မြုပ်ဝင်သွားပြီ။ ရေခံမြေခံ ကောင်းလှတယ်ဆိုတာ ဒါဘဲ။
• မျိုးလဲမှန်၊ မိုးလဲသန်။ သားအိမ်ကနေ လိုတာတွေ အကုန်အစင် လိုလေသေးမရှိ ဖြည့်ဆီးပေးနေတယ်။ ဆဲလ်လေးတွေ ဆက်ဆက် ပွါးများလာကြတယ်။
• ဟော ဒို့လိုချင်နေကြတဲ့ သန္ဓေသား၊ အမိစစ်-အဖစစ်ရဲ့ မျှော်နေရတဲ့ သန္ဓေသား၊
• ၅၂၈ အသစ်တခု လူ့လောကထဲမှာ လာနေပါပေါ့လား။ Welcome to the beautiful World!

Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/infertility-2.html

Dr. တင့်ဆွေ
၁၁-၁-၂ဝ၁ဝ
http://dts-medicaleducation-adult.blogspot.in/2012/03/infertility-1.html?zx=6033350137e49784

Twitter Delicious Facebook Digg Stumbleupon Favorites More