Pages - Menu

30 Jan 2014

စပါးလင်အကြောင်းသိကောင်းစရာ( Lemon Grass )

စပါးလင်ကို ရုက္ခဗေဒအမည်အရ Cymbopogon လို.ခေါ်တွင်ပြီးအင်္ဂလိပ်
လိုတော့..lemon grass , citronella grass , barbed wire grass လို.လဲ
ခေါ်တွင်ကြပါတယ်...။

စပါးလင်ကိုစတင်တွေ.ရှိရာမူရင်းဒေသကအိန္ဒိယဖြစ်ပြီး..ယခုအခါ မြန်မာ ၊ထိုင်း၊ ဗီယက်နမ်အပြင်..အာရှတိုက်အပြင်အခြားနိုင်ငံများမှာလည်းတွေ.ရှိ
နေရပြီဖြစ်ပါတယ်..။

စပါးလင်ဟာ ရနံ.ရှိတဲ့ မြက်( ၄၅) မျိုးစာရင်းမှာပါဝင်ပြီး..အမြင့်ပေ (၅-၆) ပေ
(သို.) ၂ မီတာအထိရှည်လျားတတ်ကြပါတယ်..။ပင်စည်ကအပြင်မှာ
အနီရောင်သန်းပေမယ့် အပေါ်ယံအခွံမာများဖယ်ရှားလိုက်တဲ့အခါ ..ဆင်စွယ်
ရောင်ကဲ့သို.ရှိတတ်ပါတယ်...အရွက်တွေကတော့..သေးသွယ်ရှည်လျားပြီး
အသွားထက်တဲ့ဓါးသွားကဲ့သို.ရှတတ်ပါတယ်...။

စပါးလင်မှာ Citric ဓါတ်ပေါကြွယ်ဝစွာပါဝင်ပြီး...လူ.ခန္စာကိုယ်အတွက်ဗိုက်
တာမင်( A ) ဓါတ်ကို ကောင်းစွာပံ့ပိုးပေးနိုင်ပါ
တယ်...။

စပါးလင်ရဲ.ပင်စည်အဖြူရောင်အပိုင်းတွေကို အာရှ မှာ ဟင်းချို ၊ အသားဟင်း
တွေမှာဟင်းခတ်အမွှေးအကြိုင်အဖြစ်သာအသုံးပြုပေမယ့် အချို.သောအာဖရိ
ကနဲ. အချို.သောလက်တင်အမေရိက နိုင်ငံများမှာလက်ဖက်ရည်နှင့်တွဲပြီး
သောက်သုံးလေ့ရှိပါတယ်..( ဥပမာ ..တိုဂို ၊ မက္ကဆီကို စသောနိုင်ငံများ )

စပါးလင်မှာ lemonal လို.သတ်မှတ်တဲ့ သင်းပျံ့.မွှေးကြိုင်ခြင်းဂုဏ်သတ္တိ
ကြောင့်..ယခုအခါ ဆပ်ပြာ ၊ ရေမွှေး ..စသည့်အလှကုန်ပစ္စည်းများမှာပါအသုံး
ပြုနေကြပြီဖြစ်ပါတယ်...။

ထို.အပြင်စပါးလင်ရဲ.ရနံ.ကြောင့်အစားစာချင်စိတ်ကိုဖြစ်ပေါ်စေပြီး..ထမင်း
မြိန်စေခြင်းလို.ခေါ်တဲ့..လျှာရင်းမြက် စေခြင်းကိုပံ့ပိုးကူညီပေးပါတယ်..။

စပါးလင်သုံးစွဲခြင်းကြောင့် ထူးခြားတဲ့ရနံ.ကိုရရှိစေတတ်သလို...
ခေါင်းကိုက်ခြင်း ၊ အစာအိမ်ရောင်နာခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း ၊အကြော
တက်ခြင်းစတဲ့ ဝေဒနာများကိုလည်း..ထိရောက်စ
ွာပံ့ပိုးကူညီပေးနိုင်ပါတယ်..။

ခံတွင်းရနံ.ဆိုးသူများ..နေ.
စဉ်တိုင်း..စပါးလင်ကိုပါးပါးလေးလှီးကာ..ဆား
အနည်းနှင့်အတူစားသုံးပေးပါက
လုံးဝပျောက်ကင်းစေတယ်လို.ဆိုပါတယ်..။

ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေသား..။

ချစ်ခြင်းများစွာဖြင့်....။

Admin ( ဟင်းချက်နည်းများ )

Twitter Delicious Facebook Digg Stumbleupon Favorites More