Pages - Menu

15 Feb 2014

ကြက်သားကုန်းဘောင်ကြော်

 ဒီကြက်သားကုန်းဘောင်ကြော်က..အမေ့လက်ရာအစစ်လို.ပြောနိုင်ပါတယ်.။

အခြားအသီးအရွက်တွေအများကြီးမပါပဲ..ကြက်သား ၊ ချင်း ၊ ကြက်သွန်နီ ၊
ပန်းငရုတ်ပွတို.နဲ.သာကြော်တဲ့ရိုးရှင်းတဲ့ပုံစံဖြစ်ပါတယ်...။

ကြက်သားရင်ပုံသား.....................၂၀ ကျပ်သား
ကြက်သွန်နီ................................၂ လုံး
ခရမ်းချဉ်သီး...............................၂ လုံး
ပန်းငရုတ်ပွကြီးကြီး......................၁ လုံး
ငရုတ်ခြောက်တောင့်.....................၅ တောင့်ခန်.
ကြက်သွန်မြိတ်...........................၅ ပင်( ၁ လက္မခန်.လှီး)
ချင်းသေးသေး.............................၁ တက်( အမျှ င်လှီး)

ခရုဆီ ၊ပဲငံပြာရည်အကြည် ၊ အနောက် ၊ တရုတ်မဆလာ

ကြက်သားတွေကို ခပ်ပါးပါးလှီးပြီး..အရသာအနည်းငယ်နဲ.နှပ်ထားပါ။

ကြက်သွန်နီကို ၄ စိတ် ( သို.) ၆ စိတ်ခွဲပြီး..အလွှာတွေကို ခွာထားပါ။

ခရမ်းချဉ်သီးနဲ. ပန်းငရုတ်ပွကို လည်း ကြက်သွန်နီအရွယ်လှီးပါ။

မီးပြင်းပြင်းမှာ ဆီအနည်းငယ်နှင့်အတူ ပထမဆုံးကြက်သွန် တွေကို ခေတ္တ
ခန်.ဆီပူထိုးပြီး..စစ်ယူထားပါ။

ခရမ်းချဉ်သီး ၊ ပန်းငရုတ်ပွတို.ကိုလည်းထိုနည်းအတိုင်းပြု လုပ်ပါ။

ငရုတ်ခြောက်တောင့်ကိုလည်းကြော်ယူစစ်ထားပါ။

နောက်ဆုံး..ဒယ်အိုးထဲကိုဆီအနည်းငယ်ထပ်ဖြည့်ပြီး..ချင်းကိုဆီသတ်ပါ။
အနည်းငယ်မွှေးလာပြီဆိုတာနဲ.ကြက်သားတွေထည့်ပါ။

ချက်ချင်းဆိုသလို ပဲငံပြာရည် အကြည် ၊ အနောက် ၊ ခရုဆီ ၊ သကြား ၊ ဟင်း
ခတ်မှုန်. တို.နဲ.အရသာဖြည့်ပါ။

ရေခမ်းပြီး..ဆီပြန်လာပြီဆိုမှ..ကြော်ယူစစ်ထားတဲ့ ကြက်သွန် ၊ ခရမ်းချ ဉ်သီး
ပန်းငရုတ်ပွ ၊ ငရုတ်ခြောက်တောင့်ကြော်တွေပေါင်းထည့် ၊ ကြက်သွန်မြိတ်
လေးထည့် ၊ တရုတ်မဆလာလေးဖြူးလိုက်ရင် အဆင်ပြေပါပြီ။

မီးရှိန်ပြင်းဖို.နဲ.လျင်မြန်ဖို.အထူးလိုအပ်ပါတယ်...။
 

Twitter Delicious Facebook Digg Stumbleupon Favorites More