Pages - Menu

2 May 2014

အာပြဲခြောက်ကြော်ချက်

ငါးဖောင်ရိုးခြောက်( သို.) အာပြဲခြောက်ကြော်ချက်
*******************************

ငါးဖောင်ရိုးခြောက်(သို.) အာပြဲခြောက်........၁၅ ကောင်ခန်.
ခရမ်းချဉ်သီး........................................၃ လုံး(နုပ်နုပ်စဉ်း)
ကြက်သွန်ဖြူ .......................................၃ တက်(......။....)
ငရုတ်သီးစိမ်း.......................................၂ တောင့်
ဆား+ဟင်းခတ်မှုန်. .............................အနည်းငယ်စီ

ငါးဖောင်ရိုးခြောက်(သို.) အာပြဲခြောက်အကောင်ကြီးကြီးတွေကို ၁ လက်မအရွယ်လောက်ပိုင်းဖြတ်ပြီးခေတ္တရေအေးစိမ်ထားပါ။

ခရမ်းချဉ်သီး ၊ ကြက်သွန်ဖြူ တွေကို နုပ်နိုင်သလောက်ခပ်နုပ်နုပ်စဉ်းပါ။

ဆီအနည်းငယ်မှာ ငါးခြောက်တွေကို အနည်းငယ်ပွရုံလေးသာကြော်ပေးပါ။
ကြွပ်သွားရင်စားမကောင်းတော့ပါဘူး။

လက်ကျန်ဆီမှာ ကြက်သွန်ဖြူ ကို နနွင်းလေးပါသည်ဆိုရုံနဲ.ဆီသတ်ပါ။

အနည်းငယ်မွှေးလာလျင်နုပ်နုပ်စဉ်းထားတဲ့ခရမ်းချဉ်သီးတွေထည့်ပြီးအနှစ်ကျ
အောင်ချက်ပါ။ ဆား၊ ဟင်းခတ်မှုန်.တို.နှင့်အရသာသွင်းပါ။

နောက်ဆုံး ကြော်ထားတဲ့ငါးခြောက်တွေထည့် ၊ ငရုတ်သီးစိမ်းမထူမပါးလေးလှီးထည့်ကာ နံနံပင်ပါးပါးလှီးလေးတွေဖြူးကာသုံးဆောင်နိုင်ပါပြီ...။
ပာင်းချက်နည်းများ

Twitter Delicious Facebook Digg Stumbleupon Favorites More