Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

16 Nov 2014

နွားနို့ထက် ကယ်လ်ဆီယမ်ဓာတ်ပိုများတဲ့ အစားအစာတွေကို သိသလား

(၁၉) နှစ်ကနေ (၅၀) အတွင်း အသက်အပိုင်းအခြားမှာ ကယ်လ် ဆီယမ်ခေါ် ထုံးဓာတ်ဟာ တစ်နေ့ ကို ၁၀၀၀ မီလီဂရမ်လောက် လို အပ်ပြီး အသက် (၁၈) နှစ်ဆိုရင် ၁၃၀၀ မီလီဂရမ်၊ အသက် (၅၀) ကျော်ဆိုရင် ၁၂၀၀ မီလီဂရမ် လောက် လိုအပ်ပါတယ်။
နေ့စဉ်လိုအပ်တဲ့ ကယ်လ်ဆီ ယမ်ရဖို့အတွက် မဖြစ်မနေ သောက်ကြပြီး တကယ်တမ်း တော့ နွားနို့ တစ်ခွက်မှာ ကယ်လ် ဆီယမ်က ၃၀၀ မီလီဂရမ်လောက် ပဲပါပါတယ်။ ဒီတော့ နွားနို့ သောက်မှ မဟုတ်ဘဲ ကယ်လ်ဆီ ယမ်ကို ဘယ်အစားအစာတွေက နေ ဖြည့်တင်းပေးနိုင်လဲဆိုတာ မျှဝေပေးချင်ပါတယ်။
ကိုက်လန်
----------
အရိုးတွေကို သန်မာစေတဲ့ မဂ္ဂနိစ်နဲ့ ဖော့စ်ပရက်စ် သတ္တုဓာတ်ကြွယ်ဝပြီး ကိုက်လန်အစိမ်းကို ကြိတ်ပြီးဖျော်ထားတဲ့ အနှစ်ရည် လက်ဖက်ရည်တစ်ပန်းကန် မှာ ကယ်လ်ဆီယမ် ၉၀ မီလီဂရမ် ပါရှိပါတယ်။ ဒီတော့ နေ့စဉ်လို အပ်တဲ့ ကယ်လ်ဆီယမ်အတွက် နွားနို့သာ မက ကိုက်လန်ကိုပါ ရွေးချယ်သင့်ပါတယ်။
ဒေါက်ခွရွက်
-------------
ဒေါက်ခွရွက်ဖျော်ရည် လက် ဖက်ရည်တစ်ပန်းကန်စာမှာ ကယ်လ်ဆီယမ် ၂၄၄ ဒသမ ၈ မီ လီဂရမ်ရှိပါတယ်။ ဒါ့ပြင် နေ့စဉ် လိုအပ်တဲ့ မဂ္ဂနိစ်ကလည်း ၈၄ ရာခိုင်နှုန်းလောက် ဒေါက်ခွရွက် မှာပါတာကြောင့် အရိုးသန်မာဖို့ နဲ့ အဆစ်အမြစ် အမြှေးပါးတွေ အတွက်လည်း ကောင်းကျိုးပြုပါ တယ်။
အစိမ်းရောင်ဂေါ်ဖီထုပ်
-------------------------
အနှစ်ရည်နှစ်ခွက်သောက် ရင် ကယ်လ်ဆီယမ် ၄၅၂ ဒသမ ၂ မီလီဂရမ်လောက် ရနိုင်ပါတယ်။ ဗီတာမင်ဘီ ၆၊ ဖောလစ်အက် စစ်တို့လည်း ကြွယ်ဝပါတယ်။
နှမ်းစေ့
--------
အရွက်သုပ်တွေပဲဖြစ်ဖြစ် ဟင်းတချို့မှာပဲဖြစ်ဖြစ် နှမ်းစေ့ တွေဖြူးပြီး စားရတာ မခက်ခဲသ လို နှမ်းစေ့ကိုကြိတ်ထားတဲ့အနှစ် ကိုလည်း ပေါင်မုန့်မှာ သုတ်စား တာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါ တယ်။ နှမ်းစေ့အနှစ် လက်ဖက် ရည်ပန်းကန်လေးပုံတစ်ပုံ ပမာ ဏမှာ ကယ်လ်ဆီယမ် ၃၅၁ မီလီ ဂရမ် ပါဝင်ပါတယ်။
အော်ဂဲနစ်ဒိန်ချဉ်
ကယ်လ်ဆီယမ်အတွက်ဆို ရင် ဒိန်ချဉ်ကလည်း အရေးပါတဲ့ အစားအစာတစ်ခုပါ။ လက်ဖက် ရည်တစ်ပန်းကန်မှာဆိုရင် ၄၄၇ ဒသမ ၄ မီလီဂရမ်လောက် ကယ်လ်ဆီယမ်ရနိုင်တာကြောင့် တစ်ခါစားတာနဲ့ နေ့စဉ်လိုအပ်တဲ့ ကယ်လ်ဆီယမ်ပမာဏကို ၄၅ ရာခိုင်နှုန်းလောက် ဖြည့်ဆည်းပြီး သား ဖြစ်စေမှာပါ။

7 Day ဂျာနယ်ပါ ကျန်းမာရေးဖော်ပြချက်
—Ref: foods4betterhealth.com

တို့စရာလေးတွေကို စိမ်းစိမ်းစိုစိုလေးစားရအောင်






14 Nov 2014

Korea Kimchi

ကင်ချီအမျိုးအစားများစွာရှိတဲ့အထဲကမှ..အခြေခံအကျဆုံးနဲ.လူကြိုက်အများဆုံး မုန်ညှင်းထုပ်ကင်ချီ၊
အင်္ဂလိပ်လို Napa Cabbage Kimchi ၊ ကိုးရီးယားလို Pogi-Kimchi (or) Tongbacheu-Kimchi
အကြောင်းလေးလေ့လာကြည့်ရအောင်ပါ။

မုန်ညှင်းထုပ်ကင်ချီ (သို.) Pogi-Kimchi
****************************************

မုန်ညှင်းဖြူ ထုပ်............၃ ကီလို (သို့ ) ၆ ထုပ်ခန်.
ဆား.........................၁/၂ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)

ပထမအဆင့်အနေနဲ့  မုန်ညှင်းဖြူ အောက်ခြေအမြစ်နားကိုဖြတ်ပြီး ဓါးနဲ. ၂ လက်မလောက်ထိုးခွဲ
လှီးလိုက်ပါ( တစ်ထုပ်လုံးကိုမလှီးရပါ) ။ ဟသွားတဲ့နေရာကနေလက်နှစ်ဖက်နဲ.ဆွဲဖြဲ လိုက်ပါ။
ဒါမှသာအတွင်းပိုင်းမုန်ညှင်းသားတွေနဂိုမူရင်းအတိုင်းရရှိမှာဖြစ်ပါတယ်..။

ရေများများထည့်ထားသောဇလုံမှာ ရေဖွားဖွားဖြစ်နေအောင်ဆေးပြီး အနည်းငယ်စစ်ထားပါ။

မုန်ညှင်းရွက်တစ်ခုချင်းစီကြားထဲကိုနှံ့ အောင် ဆားပက်ထည့်ပြီး ဇလုံတစ်ခုထဲမှာပဲ..၁၀ မိနစ်
၁ ကြိမ်ဟိုဖက်ဒီဖက်လှန်ပေးရပါမယ်။
(ဆားတွေအားလုံးပျံ့ နှံ့ ပြီးကင်ချီလုပ်ချိန်မှာကြွပ်စေဖို.အတွက်ဖြစ်ပါတယ်)

ထိုအချိန်မှာ potage လို.ခေါ်တဲ့ကော်ရည်ဆန်ဆန်အရည်တစ်မျိုးပြု လုပ်ရပါမယ်..။

ကောက်ညှင်းကော်ရည်အတွက်
********************************
ရေ.............၂ ခွက်
ကောက်ညှင်း မှုန် ....၂ဇွန်း(ထမင်းစားဇွန်း)
သကြားညို.....၂ ဇွန်း( ထမင်းစားဇွန်း)
( သူတို.ကတော့ Mochiko powder လို့ တိုက်ရိုက်ပြောဆိုပါတယ်)

ရေနဲကောက်ညှင်းမှုန့် ကိုရောမွှေပြီး..မီးအေးအေးမှာအနည်းငယ်ပျစ်လာအောင်ကြို ပြီးအအေးခံထားရပါမယ်...။

ထိုအရည်ကိုအအေးခံထားချိန်မှာကင်ချီအနှစ်ပြင်ဆင်ရပါမယ်..။

ကင်ချီအနှစ်အတွက်
********************

ကြက်သွန်နီနုပ်နုပ်စဉ်း.....၁ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)
ကြက်သွန်ဖြူ ..။.............၁/၂ ခွက်(................။............)
ချင်းနုပ်နုပ်စဉ်း................၂ ဇွန်း( ထမင်းစားဇွန်း)

ထိုသုံးမျိုးကို ကြိတ်စက်မှာညှက်နေအောင်ရောကြိတ်ထားပါ။

မုန်လာဥဖြူ မီးခြစ်ဆံကဲ့သို.အမျှင်.......၂ ခွက်(လက်ဖက်ရည်ပန်းကန်လုံး)
မုန်လာဥနီ......။............................၁ခွက်(............။..................)
ကြက်သွန်မြိတ်..............................၅ ပင်( ပါးပါးလှီး(သို.) လက်၁ ဆစ်ခန်.)
ကုဆိုင်.........................................၁၀ပင်(....................။.................)
တစ်ခြားအရွက်၁ မျိုးကတော့ကျွန်တော်မမြင်ဖူးပါ
ပုစွန်ဆားရည်စိမ်..............................၂ ဇွန်း(ထမင်းစား)
အရည်ကိုသီးသန့် ညှစ်ထုတ်ပြီးအဖတ်တွေကိုနုပ်နုပ်စဉ်းပါ( ၂မျိုးလုံးထည့်ရန်လို )
ငရုတ်စပ်မှုန်.( အကြမ်းမှုန့် မဟုတ်)........ ၁ ခွက်မှ ၂ခွက်ခွဲထိ( လက်ဖက်ရည်ပန်းကန်လုံး)
မိမိအစပ်မကြိုက်ရင် ၁ ခွက် ၊ ကြိုက်ရင် ၂ခွက်ခွဲအထိ

ဒါတွေအားလုံးရပြီဆိုရင် ၊ ထောင်းထားသောအရော ၊ ပါးပါးလှီးထားသောမုန်လာဥ ၊ကြက်သွန်
မြိတ်၊ ပုစွန်ဆားရည်စိမ် ၊ ငရုပ်စပ်မှုန်. တို.အားလုံးကိုအအေးခံထားတဲ့ကော်ရည်ထဲရောပြီးနှံ.နေ
အောင်မွှေပေးရပါမယ်..။

ရောထားသောကင်ချီအနှစ်ကို ဆားပက်ထားတဲ့မုန်ညှင်းရွက်တွေကြားထဲလက်အိတ်အသုံးပြု ကာ
တစ်လွှာချင်းစီထဲနှစ်ဝင်နေအောင်သိပ်ထည့်ပြီး စဥ့်အိုး (သို.) ဖန်ပုလင်း( သို့ ) မိုက်ခရိုဝေ့ဒဏ်ခံ
နိုင်သောပလပ်စတစ်ဗူးတွေထဲသိပ်ထည့်ပေးပြီးအဖုံးလုံအောင်ဖုံးပေးပါ။

အချိန်(၁) ရက်ခွဲ ၊ (၃၆) နာရီအကြာ သာမန်အခန်းအပူချိန်မှာထားပေးထားရပါမယ်..။အချိန်ပြည့်
လို.ဖွင့်ကြည်တဲ့အခါ အရည်တွေထွက်လာမှာဖြစ်သလို အရည်မှာပူဖောင်းလေးတွေထလာပါမှ
စားသုံးနိုင်သောကင်ချီအဆင့်ကိုရောက်ပါတယ်..။

ထိုမှတဖန် ပုံမှန်ရေခဲသေတ္တာခန်းထဲပြောင်းရွှေ.ပြီး ၁ပတ်ကြာမှစားတာကပိုပြီးပြည့်စုံတဲ့ကင်ချီ
ကိုရမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေ့လာရေးသားလိုက်ရပါတယ်...။

ချစ်ခြင်းများစွာဖြင့်.....။

 credit - ဟင်းချက်နည်းများ- fb

ခပ်စိမ်းစိမ်း ဘဲစားပါ့မယ်…ဘရိုကိုလီကိုကွယ်

ဘရိုကိုလီဟု ကြားလိုက်သည်နှင့်တပြိုင်နက် ကျန်မာရေးအတွက်ဆေးဘက်ဝင်တဲ့
အစိမ်းရောင်ပန်းဂေါ်ဖီဆိုတာကို လူတိုင်းသိနှင့် နေပြီးသားဖြစ်ကြမှာပါ။
ဂေါ်ဖီမျိုးနွယ်ဝင်ဖြစ်တဲ့ ဘရိုကိုလီတို့ ဟာ အခြားသော ဂေါ်ဖီထုပ်၊
ပန်းဂေါ်ဖီ(အဖြူ)တို့ ထက် ပိုနူးညံ့ပြီး၊ အတန်ငယ်သက်ကာ
အရသာလဲပိုကောင်းတာမို့ Super vegetable လို့ ဆိုကြပါတယ်။ WHFoods ရဲ့ 
ဓာတ်ခွဲစမ်းသပ်ချက်များ အရ၊ ၁၀၀ ဂရမ် အလေးချိန်ရှိသော
ပန်းဂေါ်ဖီစိမ်းထဲတွင် ခွန်အား ၃၄ ကယ်လိုရီ၊ ကစီဓာတ် ၆.၆၄ ဂရမ်၊ သဘာဝသကြား
၁.၇ ဂရမ်၊ ပရိုတင်း ၂.၈၂ ဂရမ်၊ ရေဓာတ် ၈၉.၃၀ ရမ် တို့ အပြင်၊ လူသားတို
့ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ ဗီတာမင် နှင့် သတတ္တုဓာတ်တို့ 
ကြွယ်ဝစွာရှိကြတယ်လို့ လေ့လာမှတ်သားရပါတယ်။ Johns Hopkins University ရဲ
့သုတေသနပြုချက်များ အရ ဘရိုကိုလီဟာ ကင်ဆာအကြိတ်အဖုတွေကြီးထွားလာမှုကို ၇၅%
လောက် ကာကွယ်တားဆီးပေးနိုင်တာကြောင့်၊ အထူးသဖြင့် အူမကြီးကင်ဆာ၊
ဆီးအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ မမျိုးဥကင်ဆာ နှင့်
အမျိုးသားများဆီးကျိတ်ကင်ဆာတို့ ကို ထိထိရောက် ရောက်ကာကွယ်ပေးနိုင်တယ်လို
့ဆိုပါတယ်။ ဒါတင်မကသေးပါဘူး ဘရိုကိုလီမှာ ချေဖျက်လွယ်သောအမျှင်ဓာတ် ၂.၆
ဂရမ် ပါရှိ တာကြောင့် ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထိန်းသိမ်းလိုသူများ
အားထားလောက်တဲ့ ဟင်းသီးဟင်းရွက်ကလေးပါဘဲ။ နောက်ပြီး အရွယ်တင်နုပျိုစေတယ်တဲ့နော်။

ဘရိုကိုလီ ရဲ့  ဇာစ်မြစ်ဒေသမှာ အီတလီနိုင်ငံဟုဆိုသော်လဲဘဲ၊ ယနေ
့ကမ္ဘာ့နိုင်ငံအသီးသီးရဲ့  ထမင်းစားပွဲဝိုင်းများမှာ သူက ပဏ္ဍာ ရလို
့နေပါတယ်။ မည်သည့်ဟင်းသီးဟင်းရွက် သစ်သီးဝလံမျိုးကိုမဆို
အကြာကြီးအပူပေးကာ နွမ်းတဲ့အထိမချက်ပြုတ်သင့်ပါဘူး။ အဲလိုချက်လိုက်တဲ့အခါ၊
၎င်းတို့ အထဲမှာရှိတဲ့ သဘာဝအာဟာရဓာတ်တွေ လျော့နဲသွားပြီး၊
အရသာလဲပေါ့သွားကာ၊ စားလို့ လဲမ ကောင်းတော့ဘူးပေါ့။ ဘရိုကိုလီဟာလည်း
ထိုနည်း၎င်းပါဘဲ။ ၂ မိနစ်ခန့် သာ အပူပေးချက်ပြုတ်တာ
အသင့်လျော်ဆုံးဖြစ်ပါတယ်။ လတ်ဆတ်မှုရှိမှသာ
ဟင်းလျာကောင်းတစ်ခွက်ရရှိမှာဖြစ်ပါတယ်။ ဘရိုကိုလီဟာ လတ်ဆတ်လေ
အစိမ်းရောင်ရင့်လေဖြစ်ပြီး၊ အပွင့်စိမ်းများဟာလဲ ကြပ်ခဲသိပ်သည်းကာ၊
ရိုးတံခြေထောက်များလဲ တောင့်တင်းနေတာမို့  အရွေးမမှားကြဖို့ လိုပါတယ်။
နောက်ပြီး ဘရိုကိုလီရဲ့အရိုးဟာလည်း စွန့် ပစ်စရာမလိုဘဲအပေါ်ကအခွံနွှာပြီး
စားသုံးလို့ရတယ်ဆိုတာ မမေ့ကြနဲ့ ဦးနော်။ အရေးကြီးတာ တစ်ခုကတော့
ဘရိုကိုလီများ ဈေးကွက်ထဲမရောက်ခင် စိုက်ခင်းထဲမှာ
ပိုးသတ်ဆေးဖျန်းထားတတ်လို့ အော်ဂဲနစ်မျိုးကိုသာ ရွေးဝယ်သင့်ပါတယ်။
အသေချာဆုံးကတော့ ဟင်းလျာမစီမံခင် အနေတော်အတုံးလေးတွေတုံးပြီး၊
ရေစင်စင်ဆေးဘို့  အထူးလို အပ်ပါတယ်။
ကဲ...ဘရိုကိုလီရဲ့ အကြောင်းကိုတော့သိပါပြီ။ အရသာရှိအောင်
ဘယ်လိုချက်ပြုတ်စားကြရင်ကောင်းမလဲနော်။

 <<ဘရိုကိုလီကြော်>>
(၁) မြန်မာအိမ်ရှင်မများကတော့ များသောအားဖြင့်
မီးပူပူမှာကြက်သွန်ဖြူလေးတပြားရိုက် ဆီသတ်ပြီး၊ ဆီပူလာရင်အိုးထဲကို ပန်း
ဂေါ်ဖီစိမ်းပစ်ထဲ့ကာ ဟင်းခတ်ကြက်သားမှုန့် နှင့် ဆားအနဲငယ်စီထဲ့ပြီး၊
ခေတ္တအဖုံးဖုံးပါတယ်။ ၂-မိနစ်လောက်အကြာမှာ အိုးပေါ်က ချပြီး
ပန်းကန်ပြားပေါ်ပြောင်းထဲ့ကာ ရနံ့ အတွက် ငရုပ်ကောင်းမှုန်
့လေးနဲနဲဖြူးစားလိုက်တာပါဘဲ။ ဒါကတော့ ရိုးရိုးဘရိုကိုလီ သက်
သက်လွတ်ကြော်လေးပါ။ (၂) အိုးပေါ်ကချခါနီး ကြက်ဥ (သို့ ) ဘဲဥ ဖောက်ထဲ့ကာ
နှံ့ အောင်မွှေပြီး ကြော်တာကတော့တမျိုးပါ။ ဒီ ဘရိုကိုလီကြော်ကိုတော့
ငရုပ်ကောင်းမှုန့် ဖြူးလေ့မရှိပါဘူး။ (၃) နောက်တစ်နည်းကတော့ ၀က်သား (သို
့) ကြက်သားတို့ ကို ကြို တင်ပြုတ်ထားပြီး၊ ခပ်ပါးပါးလေးတွေလှီးထားပါတယ်။
ကြက်သွန်ဖြူ နှင့် ဂျင်းတို့ ကိုဆီသတ်ပြီးရင် စောစောကလှီးထားတဲ့ ကြက်
(သို့ ) ၀က်သား တို့ ကို ပန်းဂေါ်ဖီစိမ်းနဲ့ တပြိုင်တည်း
အိုးထဲထဲ့ကြော်တဲ့နည်းပါ။ ငရုပ်ကောင်းမှုန့် လေးဖြူးစားရင် အလွန်လိုက်ဖက်
ပါတယ်။ (၄) အသားမဟုတ်ဘဲ ပင်လယ်စာနဲ့ လဲ ကြော်စားလို့ ကောင်းတာပါဘဲ။
ပန်းဂေါ်ဖီစိမ်းကို ဆီနဲနဲနဲ့ ရေလေးဖြန်းပြီး အရင်ကြော်ကာ၊
ပင်လယ်စာတစ်မျိုးဖြစ်တဲ့ ကင်းပွန်(ပြည်ကြီးငါး)ပါးပါးလှီးပြီး၊ ခရုဆီနဲနဲ
ထဲ့ကာ အချိုအငန် အစပ်အဟပ်တဲ့ပြီဆိုရင် ငရုပ်ကောင်းလေးဖြူးပြီး
အိုးချရုံပါဘဲ။ အရည်ဆမ်းစား၊ သောက်စားလို့ ရအောင် ဆီပြန်ရေကျန်လေး
ကြော်စားရင်ပိုကောင်း ပါတယ်။ ကင်းပွန်(ပြည်ကြီးငါး)အစား ပုဇွန်နဲ
့ကြော်စားရင်လည်းကောင်းတာပါဘဲ။ (၅) ထမင်းကြော်/ အစိမ်းကြော်တွေမှာလဲ
ပန်းဂေါ်ဖီစိမ်းပွင့်လေးတွေကို ရှည်ရှည်ပါးပါးလေးတွေလှီးပြီး ကြော်စားလို
့ရပါတယ်။ (၆)ခုနောက်ဆုံးနည်းကတော့ အိမ်မှာ တခါတလေမှသာ
ကြော်စားလေ့ရှိပြီး၊ စားသောက်ဆိုင်များမှာကြော်လေ့ရှိတဲ့ နည်းလေးပါဘဲ။
ကြက်သွန်ဖြူ နှင့် ဂျင်းတို့ ကို ဆီသတ်ပြီး ဘရိုကိုလီ၊ ရေစိမ်ထားတဲ့
ကျောက်ပွင့်အဖြူရောင်၊ ငရုပ်ပွအနီ/အစိမ်း တို့ကို ပဲငံပြာရည်၊ ဆား၊
ကြက်သားမှုန့်တို့ ထည့်ပြီးကြော်တာပါ။ သက်သက်လွတ် (သို့ ) နှစ်သက်ရာ
အသားနဲ့ လဲ ကြော်စားလို့ ကောင်းပါတယ်။

<<ဘရိုကိုလီသုပ်>>
(၁) အစိမ်းသုပ်စားရင် နဲနဲမာဆတ်ဆတ်ဖြစ်ကာ၊ စိမ်းနံ့ ရတာမို့ 
ရေဆူဆူမှာပြုတ်ပြီးသုပ်စားတာအကောင်းဆုံးပါ။ ပန်းဂေါ်ဖီစိမ်း
လေးတွေပျော့မသွားအောင် ၂-မိနစ်မျှသာပြုတ်ပြီး၊
ရေအေးအေးထဲချက်ချင်းပြောင်းစိမ်ပေးရပါမယ်။ အားရပါးရနယ်ဖတ်လို့ ကောင်း
အောင် ဇလုံကြီးကြီးတစ်လုံးထဲမှာ ပန်းဂေါ်ဖီစိမ်း၊ ပါးပါးလှီးထားတဲ့
မုန်လာဥနီ/ကြက်သွန်နီ/ခရမ်းချဉ်သီး၊ မြေပဲဆန်ထောင်း၊ ပုဇွန် ခြောက်မှုန်
့၊ ပဲဆီအနဲငယ်၊ ဆား၊ ကြက်သားမှုန့် တို့ထည့်ပြီးသမအောင်နယ်ပါတယ်။
ချဉ်ချဉ်စပ်စပ်ကြိုက်ရင် ငရုပ်သီးစိမ်းနဲ့ သံပုရာ သီးတို့ ကို
လိုသလောက်ထဲ့သုပ်ကာ၊ အပေါ်က ကြက်သွန်နီဆီချက်ဖြူးထားတဲ့ မြန်မာဆန်ဆန်
ချဉ်စပ်သုပ်ကလေးပါ။ ထမင်းမြိန် စေတဲ့ ဟင်းတစ်ခွက်ပါဘဲ။ (၂) အကယ်၍
ကြက်သွန်နီဆီချက်မဖြူးဘဲ၊ ပဲငံပြာရည် နဲ့ နှမ်းအမဲရောင်လေးတွေကိုဖြူးထဲ့
သုပ်လည်း စားနိုင်ပါတယ်။ (၃) နောက်ပြီး မာလာဟင်းရယ်လို့ ခေတ်စားနေတဲ့
အသီးအရွက်သုပ်ကို ကန့်သတ်ချက်မရှိဘဲ မိမိနှစ်သက်တဲ့
အသီးအရွက်မျိုးစုံကို ထဲ့လို့ ရတာမို့ ၊ မုန်လာဥနီ၊ မုန်ညင်းဖြူ၊
ကြာစွယ်၊ ၀ဥ၊ အော်ဆွန်းတို့ နဲ့ အတူ ပန်းဂေါ်ဖီစိမ်းကိုပါ ရောနှော ကာ၊
ခပ်စိမ်းစိမ်းရေနွေးဖြောပြီး သုပ်စားလို့ လဲရတယ်နော်။ (၄) ယနေ
့အနောက်နိုင်ငံများမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းရွက်သုပ်တွေကို နေ
့စဉ်သုံးအစားအစာအဖြစ် သုပ်စားလေ့ရှိကြပါတယ်။ သူတို့ ကတော့ ချိစ် (သို့ )
မရောနိစ် Mayonnaise ကို အပူပေးပြီး အနဲငယ်ထဲ့သုပ်လေ့ရှိပါတယ်။
၎င်းနိုင်ငံများမှာ ကြက်သားမှုန့် အစား ပျားရည်နဲ့ သကြားတို
့ကိုထဲ့ကြပြီး၊ သံပုရာရည် အစား ဗနီဂါ အရည်ကိုသုံးကြပါတယ်။

<< ဘရိုကိုလီပေါင်း >>
(၁) ဘရိုကိုလီပေါင်းတယ်ဆိုပေမယ့်၊ အလုမ်မရှုပ်မခက်ခဲပါဘူး။
အိမ်မှာထမင်းပေါင်းအိုးရှိရင်ဘဲ လုပ်ရတာလွယ်ကူလို့  ရုံးအားလပ် ရက်တွေမှာ
အဆာပြေ နေ့ လည်စာအဖြစ် လုပ်စားနိုင်ပါတယ်။ ပေါင်းအိုးထဲမှာ ရေ၊ သကြားနဲ
့ ဆားတို့ ထဲ့ပြီး၊ အပေါ် က ပေါင်းခံဇကာထဲမှာ၊ စတီးပန်းကန်ပြားထဲ့၍
ပန်းဂေါ်ဖီစိမ်းတွေကိုအတုံးကြီးကြီးတုံးကာ ရေစင်အောင်ဆေးထဲ့ပြီးတော့
အဖုံးလုံ အောင်ပိတ်ကာ ပေါင်းခြင်းပါဘဲ။ ဘရိုကိုလီတို့  အရမ်းနူးအိသွားရင်
စားမကောင်းလို့ ၊ မီးအနေတော်မှာ အချိန် ၆ မိနစ်လောက် ပေါင်းပေးပြီး၊
အပေါ်ကနေ ထောပတ်ပူပူဆမ်းစားခြင်းပါ။ ပန်းဂေါ်ဖီစိမ်းရဲ့ သဘာဝအချိုနှင့်
ထောပတ်ရနံ့ မွှေးမွှေးလေးတို့ က လွန်စွာလိုက်ဖက် လှတာမို့  အရသာရှိလှပါတယ်။
(၂) တရုပ်စတိုင်လ် ဘရိုကိုလီပေါင်းလုပ်စားမယ်ဆိုရင်တော့ ကြက်သွန်ဖြူဆီ
သတ်ပြီး၊ ငရုပ်သီး၊ မုန်လာဥနီ၊ ပဲငံပြာရည်၊ ခရုဆီ၊ ဆား၊ ကြက်သားမှုန်
့လောင်းထဲကာ၊ အရည်ဖျော်ထားတဲ့ကော်မှုန့် တို့  ရောထဲ့မွှေပြီး၊
အဲဒီအရောအနှောတွေကို ကြိုတင်ပေါင်းထားတဲ့
ပန်းဂေါ်ဖီအစိမ်းပေါ်လောင်းချခြင်းပါ။ ချိုချဉ်ကြော်ဆန်ဆန်
ဘရိုကိုလီပေါင်းထဲမှာ ကော်ရည်ပါလို့  ခပ်ပူပူစားသင့်ပါတယ်။
(မျောက်ခေါင်းမှိုခြောက်ကိုရေဆေးပြီး၊ ပြုတ်ထဲ့စားနိုင်ရင်တော့ အကောင်းဆုံးပေါ့ရှင်)

<<ဘရိုကိုလီစွပ်ပြုတ်>>
(၁) ပန်းဂေါ်ဖီစိမ်းဟာ သားအိမ်ထဲရှိဆဲလ်များကို ကျန်းမာစေကာ၊
သားအိမ်အမြန်ကျက်စေသော အစွမ်းသတ္တိရှိလို့ မီးဖွားပြီးစ မိခင်များ နှင့်
သားပျက်/သားလျောသောအမျိုးသမီးများကို ပန်းဂေါ်ဖီစိမ်းဟင်းခါး (၀ါ)
ဘရိုကိုလီစွတ်ပြုတ် တိုက်ကျွေးသင့်ပါ တယ်။ ကြက်ပြုတ်ရည်ဆူဆူထဲမှာ
ဘရိုကိုလီကို ၃ မိနစ်လောက် ခပ်စိမ်းစိမ်းတည်ပြီးနောက်
ကြက်သွန်ဖြူတပြားရိုက်ထဲ့ကာ၊ ငရုပ်ကောင်း မှုန့် လေးဖြူးပြီးသောက်ရတာပါ။
(၂) ဒါမှမဟုတ် ကြက်သွန်ဖြူ နှင့် ပဲငန်ပြာရည်အကြည်တို့ ကို ဆီသတ်ပြီးတော့
ကြက်ပြုတ်ရည်၊ တို့ ဟူး၊ ပန်းဂေါ်ဖီစိမ်း တို့ တည်ကာ တရုပ်နံနံ (သို့ )
ရှမ်းနံနံ ခပ်ပြီးသောက်ရတာလဲ ထမင်းမြိန်တဲ့ ဟင်းတစ်ခွက် ပါဘဲ။

ဘရိုကိုလီဖျော်ရည်
ပန်းဂေါ်ဖီစိမ်းကိုလဲ သစ်သီးဖျော်စက်နဲ
့ကြိတ်ကာဖျော်ရည်လုပ်သောက်နိုင်ပါတယ်။ သောက်နေကျမဟုတ်တဲ့သူတွေအတွက် ကတော့
သူ့ ချည်းဘဲဆိုရင် အရသာသိပ်မကောင်းလို့ ၊
ပန်းသီးစိပ်ကလေးပါရောကြိတ်ထဲ့သောက်နိုင်ပါတယ်။ သံပုရာသီးလေး
ညှစ်ထဲ့လိုက်ရင် အရသာလဲပိုရှိကာ ပိုလဲမွှေးစေမှာပါ။ အဲ..ပန်းသီးရဲ
့အခွံထဲမှာလဲ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ဓာတ်တိုး ဆန့် ကျင်
ပစ္စည်းတွေအမြောက်အများပါလို့  အခွံမနွှာဘဲထဲ့ကြိတ်သောက်နော်။
+++++++++++++++++++++++++++++++++++++++++++
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHFoods က ကျန်းမာရေးအတွက်ကောင်းကျိုးပြုလှတဲ့
အစိမ်းရောင်ဘရိုကိုလီကို ဖြစ်နိုင်မယ်ဆိုရင် တစ်ပတ်ကို သုံးကြိမ်၊
လေးကြိမ်ခန့် စားသုံးသင့်ကြောင်း တိုက်တွန်းထားပါတယ်။ ဒါကြောင့်
အကျိုးကျေးဇူးများလှတာမို့ ခပ်စိမ်းစိမ်း ဘဲစားပါ့မယ်…ဘရိုကိုလီကိုကွယ်…။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)

သက်ရှည်ကျန်းမာစေမည့် မြင်းခွာရွက်သုပ်ဟင်းလျာ

မြင်းခွာရွက်ပင်လေးများ ပေါက်ရောက်ရာဇစ်မြစ်ဟာ အိန္ဒိယနိုင်ငံဖြစ်တာကြောင့် သူ့ ရဲ့ အမည်ကို Indian Pennywort လို့ ခေါ်ပါတယ်။ အရွက်ဟာ မြင်းခွါပုံသဏ္ဍာန်နှင့်ဆင်တူလို့  မြန်မာပြည်မှာတော့ “မြင်းခွာရွက်” ဟူ၍ အလွယ်ခေါ်ကြပါ တယ်။
  မြင်းခွာရွက်တို့ ကို မြင်းခွာရွက်ရိုးရိုး၊ အညာမြင်းခွာ၊ ကုလားမြင်းခွာ၊ ဆေးမြင်းခွာဟူ၍ မြန်မာ့ပြည်အနှံ့ အပြား တွင် တွေ့ မြင်နိုင်ပြီး အမျိုးအစားအားလုံး ဆေးဖက်ဝင်ကြပါတယ်။ မြင်းခွာရွက်ရိုးရိုး နှင့် အညာမြင်းခွာတို့ မှာ အရွယ်အ စားပုံစံဆင်တူပြီး၊ ကုလားမြင်းခွာ၏အရွက်မှာ အမွှေးရှိကာ၊ ဆေးမြင်းခွာကတော့ အရွယ်အစားအလွန်သေးငယ်ပါတယ်။ မြင်းခွာရွက်ရိုးရိုးကို ဟင်းချို၊ ဟင်းခါး၊ အသုပ်စသည်ဖြင့် နှုတ်မြိန်အရံဟင်းလျာအဖြစ် စားသုံးလေ့ရှိကြသလို၊ ရေစင်စင် ဆေးကာ ငပိရည်အတို့ အမြှုပ်အဖြစ် အစိမ်းလိုက်ဝါးစားကြပါတယ်။ သူရဲ့  မဆိုသလောက်ဖန်ခါးတဲ့ အရသာလေးက ခံတွင်းရှင်းပြီး နှုတ်မြိန်စေပါတယ်။

ဟင်းလျာအဖြစ်စားသုံးလေ့ရှိတဲ့ မြင်းခွာရွက်ရိုးရိုးဟာ နှလုံး သွေးကြောရောဂါ၊ ဦးနှောက် နှင့်အာရုံကြောရောဂါ၊ အသီး ရောင်ဖျားနာခြင်း၊ နှင်းခူယားနာအဖုအပိမ့်များ၊ မျက်စိရေတိမ် ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးရောဂါအမျိုးမျိုး၊ သွေးမ သန့် ခြင်း၊ အဆစ်အမြစ်ကိုက်ခဲရောင်ရမ်းခြင်း၊ ဖောရောင်ခြင်း၊ ရင်သားကင်ဆာ စတဲ့ရောဂါတို့ အတွက် ဆေးဖက်ဝင် ပါတယ်။ ဒါ့ပြင် နာတာရှည်ဖျားနာပြီးနောက် မြင်းခွာရွက်လက်တစ်ဆုပ်စာပမာဏကို အမြစ်ပါဆွဲနှုတ်၍ ရေစင်စင်ဆေး ပြီး နွားနို့  ၂၅ ကျပ်သားဖြင့် သုံးခွက်တခွက်တင်ကြိုသောက်ခြင်းဖြင့် ချက်ချင်းအားပြည့်လာစေသလို၊ ခံတွင်းလိုက်စေမှာ ဖြစ်ပါတယ်။
 ဈေးနှုန်းချိုသာပြီး အလွယ်တကူဝယ်ယူရရှိနိုင်ခြင်းကလည်း မြင်းခွာရွက်၏ အားသာချက်တခုလို့ ဆိုနိုင်ပါတယ်။

သက် ရှည်ကျန်းမာ ဆေးဖက်ဝင်မြင်းခွားရွက်သုပ် လုပ်စားနည်းလေးကို မျှဝေလိုက်ပါရစေ။
မိသားစု ၅ ဦးစာ တနပ်စာဟင်း လျာ အသုပ်တစ်ပွဲ ပြင်ဆင်ဖို့ အတွက် ပါဝင်ရမည့် ပစ္စည်းများမှာ-
(၁) မြင်းခွာရွက် သုံးစီး
 (၂) ကြက်သွန်နီ ငါးလုံး
 (၃) ကြက်သွန်ဖြူ အမွှာကြီး ၂ မွှာ
 (၄) ဂေါ်ဖီထုပ် တစ်စိပ်
 (၅) သံပုရာသီး တစ်လုံး
 (၆) ဟင်းခတ်မှုန့် သင့်ရုံ
 (၇) ခရမ်းချဉ် သီး နှစ်လုံး
(၈) အခွံချွတ်၍ မညက်တညက်ထောင်းထားတဲ့ လက်တစ်ဆုပ်ပမာဏရှိတဲ့ မြေပဲဆံလှော်
 (၉) ပဲဆီဖြင့် ချက်ထားသော ဆီချက်
(၁၀) ငရုပ်သီးစိမ်း ဆယ်တောင့်
 (၁၁) အရောအနှောမပါ အငံမပါသော အကောင်းစား ပုစွန် ခြောက်မှုန့်  စတီးဇွန်းနှစ်ဇွန်းတို့  လိုအပ်ပါတယ်။

မြင်းခွာရွက်သုပ် ပြုလုပ်ပုံနည်းမှာ-
 (၁) မြင်းခွာရွက်ပင် ပဉ္စငါးပါးစလုံး(အရွက် ပင်စည် အမြစ်အားလုံး)ကို ရေစင်စင်ဆေး ပြီး အနေတော်ပါးပါးလှီးဖြတ်ထားပါ
 (၂) ကြက်သွန်ဥနီ နှစ်လုံး နှင့် ကြက်သွန်ဖြူ အမြွှာကြီး ၂ မွှာကို ဆီချက် ချက်ထား ပါ
 (၃) ကြက်သွန်နီဥ သုံးလုံး၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်းတို့ ကို ပါးပါးလှီးဖြတ်ထားပါ
 (၄) ပြီးရင် ပါးပါးလှီး ဖြတ်ထားသော မြင်းခွက်ရွက်ထဲကို ကြက်သွန်နီ၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်းတို့ ထဲ့ပါ
 (၅) ထို နော့က် ဟင်းခတ် မှုန့် ၊ ပုစွန်ခြောက်မှုန့် ၊ မြေပဲဆံထောင်းအမှုန့် ၊ ဆီချက်ချက်ထားတဲ့ ဆီတို့ ကို ရောကာ သမအောင်နယ်၍ ချိုငန်အရ သာကိုမြည်းကာ လိုသလိုထပ်ဖြည့်ပါ
 (၆) ချဉ်စပ်အရသာလေးဖြစ်စေဖို့  သံပုရာရည်ညှစ်ပါ
 (၇) အရသာ စိတ်ကြိုက် ဖြစ်ပြီဆိုရင် ပန်းကန်ပြားတစ်ချပ်ပေါ်ကို မြင်းခွက်ရွက်သုပ်ပြောင်းထဲ့၍ အပေါ်ကနေ ဆီချက်အဖတ်လေးတွေကို ဖြန့်  ၍ဖြူးပေးပါ။ ဆေးဖက်ဝင်မြင်းခွာရွက်သုပ်ရပါပြီ။
အစပ်မကြိုက်သူများက ငရုပ်သီးစိမ်းလျော့ထဲ့နိုင်သလို၊ သက်သက်လွတ်သမားများအတွက် ပုစွန်ခြောက်မှုန့် မထဲ့ လည်းအရသာရှိနေမှာပါ။ သွားအခေါင်းပေါက်ပြဿနာရှိသူများအတွက် မြေပဲဆံထောင်းကို မသုံးလိုပါက၊ ပဲမှုန့် လှော် (အကျက်)ကို အစားထိုးသုံးနိုင်ပါတယ်။

သတိပြုရန်။ (က) မြင်းခွာရွက် နှင့် သခွားသီး တို့ တွဲဖက်မစားသင်ပါဘူး၊ အော့အန်တတ်လို့ ပါ (ခ) မြင်းခွာရွက်ပင်၏ သဘောသဘာဝဟာ မြေကြီးနှင့်ကပ်ကာ တွားသွားပေါက်လေ့ရှိသဖြင့် ရောဂါပိုးအမျိုးမျိုးနှင့် ထိတွေ့ညစ်ညမ်းစေနိုင် တာကြောင့် ရေစင်စင်ဆေးပြီးမှသာ စားသုံးသင့်ပါတယ်
 (ဂ) တချို့ ကိုယ်ဝန်ဆောင်အမျိုးသမီးများက မြင်းခွာရွက်နှင့် ဓာတ်မတည့်သဖြင့် သားပျက်သားလျောဖြစ်စေနိုင်၍ အထူးသတိပြုပါ။
(ဃ) မြင်းခွာရွက်ဟာ ကျန်းမာရေးကိုအကျိုးပြု စေတာမှန်သော်လဲ၊ လိုအပ်သည်ထက်ပိုစားပါက၊ မူးဝေတတ်ပါတယ်။

(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)

ဆေးဖက်ဝင် ငပိရည်ဖျော်နည်း

ကျွန်မတို့ နေ့ စဉ်ထမင်းမြိန်စေတဲ့ ငပိရည်ဟာ စားလို့ တော့ကောင်းပါရဲ့ ။
ငပိရည်ဘယ်လိုဖြစ်လာတာကို သိသူနည်းပါးပါလိမ့် မယ်။ ဒါကြောင့် ဆေးဖက်ဝင်
ငပိရည်ဖျော်နည်းအကြောင်းမပြောခင် ဦးစွာပထမ
ငပိလုပ်နည်းကိုပြောပြချင်ပါတယ်။ ငပိတစ်ပိဿာအတွက်
ငါးတစ်ပိဿာ နှစ်ဆယ့်ငါးကျပ်သားလောက် ၀ယ်ရပါမယ်။ ငပြေမကတော့
ပြောစမှတ်ဖြစ်ရအောင် အချို ဓာတ် လေးလေးပင်ပင်ရှိလှပါတယ်။
ဈေးမှာလွယ်လွယ်ဝယ်လို့ ရတဲ့ ငရံ့ ၊ ငခူ၊ ငကျီး၊ ငမွေထိုး စတဲ့ ရေချိုငါးတို
့ကိုလည်း သုံးနိုင် ပါတယ်။ ဦးစွာ ငါးတွေကို ဗိုက်ခွဲ အူထုတ်ပြီး
ရေပြောင်အောင်ဆေးပေးပါ။ ငါးတစ်ကောင်ချင်းစီကို တစ်ထွာလောက်ထက် ပို၍
မကြီးသင့်ပါဘူး။
ငါးအကောင်ကြီးရင်တော့ ထက်ခြမ်းခွဲသင့်ပါတယ်။ ဒါမှသာ ပထမနေ့ မှာပဲအတော်အသင့်
အစိုဓာတ်နဲသွားမှာ ပါ။ ဆားနယ်တဲ့အခါမှာ ပုံမှန်ဟင်းချက်တာထက်ပိုပြီးနယ်ရမှာပါ။ သို
့သော် ဆားထဲ့များရင် ငံလွန်းနေပြီး ဆားနည်းရင်တော့ ငါး တွေပုပ်တတ်ပါတယ်။
သဘာဝနည်းဖြစ်လို့ အချိုမှုန့် နဲ့  ယမ်းစိမ်း လုံးဝထည့်စရာ မလိုပါ။ *(သတိပြုရန်။
ငါးနေလှန်းတဲ့အခါ ယင် ကောင်များနားပါက၊ ဥချခဲ့ရင် ငပိထဲမှာလောက်ကောင်များ တွေ
့ရတတ်လို့  ယင်မနားပါစေနှင့်) *ငါးခြောက်ဖြစ်တဲ့ အထိ နေမ လှန်းပဲ အစိုဓာတ်
ထက်ဝက်လောက်လျော့ကျသွားချိန်မှာ ငရုပ်ဆုံထဲထည့်ပြီးထောင်းပေးပါ။ သို
့သော် အထူးညက်စရာမလိုပါ။
ငါးပုံပျက်ပြီး အနဲငယ်ပဲ့ရွဲ့ ၍ ဖိသိပ်ထဲ့လို
့ရတဲ့အနေအထားထိပျော့ပျောင်းလာရင်တော့ ပလပ်စတစ်ဗူး၊ ဖန်ဘူးများထဲ သိပ်ထည့်
ထားပါ။ ပြီးရင်အပေါ်မှ ဆားများကိုဖြူး၍(အနဲဆုံး လက်တစ်ဆုပ်ခန့် )အဖုံး
ကိုလုံအောင် ပိတ်ထားလိုက်ရုံပါဘဲ။ ယခုလို သဘာဝ နည်းဖြင့် ငါးငပိလုပ်နည်းက
ငါးကလေးဆိုရင်
နှစ်လခွဲ ခန့် ကြာမှာဖြစ်ပြီး၊ ငါးကြီးဆိုလျှင် သုံးလခွဲခန့် ကြာနိုင်ပါတယ်။
ငပိနပ်လို့  အိုးစဖွင့်တယ် ဆိုရင်ဘဲ ငပိအိုးတက်ရည်များကိုတွေ့ ရပါလိမ့်မယ်။
အဲဒီအိုးတက်ရည်တွေဟာ သဘာဝငပိမှထွက်တဲ့  ငံပြာရည် များဖြစ်လို့ 
ဘေးအန္တရယ်ကင်းစွာ အသုံးပြုနိုင်ပါတယ်။ ဒီအတိုင်းသုံးရင် အနံ့ မကောင်းတဲ့အတွက်
အိုးထဲမှငံပြာရည် (အိုးတက် ရည်)များကို ခပ်ယူပြီး
ပွက်ပွက်ဆူအောင်ကျိုချက်ထားရပါမယ်။ ငံပြာရည်အချိုကြိုက်ရင်တော့
သကြားထဲ့ပေးနိုင်ပါတယ်။
ပြီးရင် ပုလင်းအလွတ် တစ်လုံးထဲမှာသိမ်းပြီး သဘာဝငါးငံပြာရည်စစ်စစ်အဖြစ်
လိုသလိုအသုံးပြုနိုင်ပါတယ်။ ဒါဆိုရင်ဖြင့် အိမ်ရှင်မများ မိမိအိမ်မှာ
ငါးငပိလုပ်ရင်း၊ ငါးငံပြာစစ်စစ်ကိုပါ သုံးစွဲလို့ ရပါပြီ။

<< ဆေးဖက်ဝင် ငပိရည်ဖျော်နည်း >>
ငပိဆိုတာ ငါးကိုရေဆေး၊ ဗိုက်ခွဲကာအူတွေထုတ်ပြီး၊ ဆား(အငန်ဓာတ်တွေ)နဲ့ 
အပုပ်ခံလုပ် ထားတာမို့ လည်း ငပိရည်က စား လို့ တော့ကောင်းပါရဲ့  အငန်ဓာတ်ကဲနေပါတယ်။
ဒါ့ကြောင့်လည်း သွေးတိုးရောဂါသည်များ နှင့် ၀က်ခြံပေါက်သူများက ထမင်း
ဝိုင်းမှာ ငပိရည်ရနံ့ မွှေးမွှေးလေးကို စိတ်ရှိတိုင်းမစားရဲကြပါဘူး။ သို
့သော် အထက်မှာဖော်ပြထားသလို
ဘသာဝနည်းနဲ့ ပြုလုပ် ဖော်စပ်ထားတဲ့ ငပိရည်ကို ဆေးဖက်ဝင်အောင်ဖျော်၍
သင့်တင့်တဲ့ပမာဏစားခြင်း လူကိုဘေးထွက်ဆိုးကျိုးမဖြစ်စေပါဘူး။ ဦးစွာ
ငပိရည်ကျိုတဲ့အခါမှာ နနွင်း(စနွင်း)မှုန့် ကိုထဲ့၍ ကြိုပေးရမှာပါ။
ဘာကြောင့်လဲဆိုရင် နနွင်းမှုန့် က အညှီအဟောက်များကို လွန်
စွာပြေပျောက်စေတဲ့အပြင်၊ အရောင်လှပရုံသာမက ငပိရည်၏ အနံ့ နှင့်အရသာကိုပါ
ပိုကောင်းစေနိုင်လို့ ပါဘဲ။ နနွင်းနှင့် ရော ကြိုပြီး ပွက်ပွက်ဆူလာတဲ့အခါ
အိုးပေါ်မှချ၍ ထောင်းထားတဲ့ ကြက်သွန်ဖြူနိုင်နိုင်ထည့်ပေးလိုက်ခြင်းဖြင့်
စားချင့်စဖွယ် “ဆေး ဖက်ဝင် ငပိဖျော်ရည် ” ရပါပြီ။ အစပ်ကြိုက်သူများက
ငရုပ်သီးစိမ်းကိုလှော်၍ ထောင်းထဲ့စားနိုင်ပါတယ်။ ငရုပ်သီးစိမ်းလှော် က ငပိရည်
ရနံ့ ကိုပို၍ဆွဲဆောင်မှုဖြစ်စေရုံသာမက၊ ငရုပ်သီးစိမ်းစားလို
့ဗိုက်နာခြင်းမှလည်း ကြိုတင်ကာကွယ်ရာရောက်ပါတယ်။ (ငရုပ်သီးအကျက်မှုန့် ကိုမှ
ကြိုက်သူများကလည်း မိမိအလိုရှိသလိုထဲ့လို့ ရပါတယ်) ဆေးဖက်ဝင်ငပိရည်ဖျော်အတွက်
အချိုမှုန့်  မထဲ့သင့်ပါဘူး၊ အချိုမှုန့် အစား ပုစွန်ခြောက်မှုန်
့အနည်းငယ်ထဲ့ပေးနိုင်ပါတယ်(သို့ မဟုတ်)မိမိအဆင်ပြေရာ ပြုတ်ထားသော ငကျည်း
ငကြင်း ငမြစ်ချင်းအသားအနည်းကို အရိုးနွှင်၍ ငပိရည်ထဲခတ်ပေးနိုင်ပါတယ်။
ထမင်းဝိုင်းပြင်ခါနီးမှာ ငပိရည်ခွက်ထဲကို သံပုရာ ရည်ညှစ်ထည့်ပေးလိုက်ပါဦး။
သံပုရာရည်က သွေးတိုးကိုထိန်းပေးနိုင်သလို မြန်မာ့အကြိုက် ချဉ်၊ ငံ၊ စပ်
အရသာပြီးပြည့် စုံတဲ့ ငပိရည်တစ်ခွက်ရပါပြီ။ (အတို့ အမြှုပ်အဖြစ်
မန်ကျည်းသီးဖြင့်ပြုတ်ထားသော ကန်စွန်းရိုးနီ၊ ဖန်ခါးသီး၊ ဆီးဖြူသီး၊ သခွား
သီး၊ ဖရဲသီးငယ်(သို့ မဟုတ်)ဗူးသီးပြုတ်၊ ခရမ်းကျွတ်သီး၊ ပူစီနံရွက်၊
မုန်လာဥနီ၊ ချဉ်ဖတ်အမျိုးမျိုး၊ ရေနွေးဖျောထားတဲ့ ပဲစောင်း
ခါးသီး-ဂေါ်ဖီ-ပဲတောင့်ရှည်-ကနဖော့-မှိုနတို-စာကလေးခြေထောက်-ပဲပုစွန် စတဲ့
သဘာဝဟင်းသီးဟင်းရွက်များကို ငပိရည်ဖြင့် တွဲဖက်စားခြင်းဖြင့် ခံတွင်းလိုက်
စေသလို ဆေးဖက်လည်း ၀င်စေမှာ အမှန်ပါ)


(ဆောင်းပါးရှင်..တင်ထက်ထက်ဇော်....ရေးသားမျှဝေသည်)

7 Nov 2014

Detox Water

သင့်ကိုယ်ခန္ဓာအတွင်းမှာအညစ်အကြေးတွေဘယ်လောက်တောင်စုပုံနေပြီလည်း။
-------------------------
သွေးအတွင်းမှအညစ်အကြေးတွေကိုလည်း သန့်စင်ပေးဖို့ မိမိကိုယ်တိုင်စွမ်းဆောင်နိုင်ပါတယ်။ ဒါကတော့ Detox Water ပြုလုပ်ပြီးသောက်လိုက်ရုံပါပဲ။ ရနိုင်တဲ့အကျိုးတွေကလည်းအများကြီးပါ။ 

Detox Water လုပ်ဖို့ဘာတွေလိုအပ်သနည်း။

 - ရေသန့် ၂လီတာ လိုပါတယ်။
 - သံပရိုသီး ( သို့ ) သံပရာသီး ၁လုံး ( သို့ ) Apple Cider Vinegar ဟင်းခပ်ဇွန်း ၁-၂ခွန်း ( မိမိ လိုအပ်သလောက်အနည်းအများချိန်နိုင်သည်။ အရမ်းချဉ်အောင်တော့မထည့်သင့်ပါဘူး။
 - ပူစီနံရွက် ၁၀ရွက် မှ ၁၅ရွက် - သခွားသီး အလတ် ၁လုံး ( သို့ ) ဖရဲသီး အနည်းငယ် - လိမ္မော်သီး အနည်းငယ် - ရေ ၂လီတာဆံ ဖန်ခွက်ကြီးတစ်လုံး အထက်ပါ လိုအပ်တာအားလုံးတို့အား ဖန်ခွက်အတွင်းပေါင်းထည့်ပါ။ ကြိတ်ဖို့မလိုပါဘူး။ 

ထို့နောက် ရေခဲသေတ္တာထဲတွင်ထည့်ပြီးနောက်နေ့မနက်မှစတင်ကာ ၁ရက်လုံးသောက်သုံးနိုင်ပါပြီ။ ၂၄နာရီထက်ကျော်ပြီးတော့မသောက်သုံးသင့်ပါ။

 ထိုသို့နေ့စဉ်ဆက်တိုက်သောက်သုံးနိုင်သလို ၁ပါတ်အတွင်း၂ရက်၃ရက်အဆင်ပြေသလိုသောက်သုံးနိုင်ပါတယ်။ ၁လလောက်သောက်သုံးပြီးသွားရင်တော့ အနည်းငယ်ထူးခြားလာပါလိမ့်မယ်။ ရလာဒ်တွေအနေနဲ့ကတော့ 

-သွေးအတွင်းမှ အညစ်အကြေးများကို သန့်စင်သွားပါလိမ့်မယ်။ -ကျောက်ကပ်နှင့် အသည်း အတွင်းမှ အညစ်အကြေးများကို သန့်စင်သွားပါလိမ့်မယ်။ - မလိုတဲ့အဆီတွေကိုလည်း ကျစေပါတယ်။

 -  ကိုယ်ခန္ဓာရဲ့ ခုခံစွမ်းအားလည်းတက်လာပါမယ်။ - အသားအရေ ဟာလည်း ၀င်းပလှပလာပါလိမ့်မယ်။ 

- နေ့တိုင်းလည်း ရေကို ပိုသောက်ဖြစ်စေတာပေါ့။ သင်လည်းစမ်းသောက်ကြည့်လိုက်ပါအုံး။ ရေကတော့ ၁လီတာပဲ သောက်မယ်ဆိုရင် လိုအပ်တာတွေကိုလည်း လျှော့ထည့်ဖို့မမေ့နဲ့အုံး။

ကျန်းမာရေးလေ့ကျင့်ခန်းများ

KFC Style ကြက်ကြော်ကြော်နည်း။

၁။ကြက်ပေါင်၊တောင်ပံ၊မိမိကြိုက်ရာကိုသန့်ရှင်ပြီးရေဆစ်ထားပါ။
 ၂။ကြက်သားကိုဆား၊ငရုပ်ကောင်းမှုန့်၁ဇွန်းထည့်ပြီးနှယ်ထားပါ။
ကြက်သွန်ဖြူ ၁လုံး၊ကြက်သွန်နီ၁လုံး၊ငြုပ်သီးပုမှုန့်၁ဇွန်းတို့ကိုထောင်းပြီးကြက်သားနဲ့ရောနှယ်ထားပါ။

၃။ကြက်ဥ၂လုံးကိုပုဂံ၁လုံးထဲဖောက်ထည့်ပြီးနွားနို့လက်ဖက်ရည်ပုဂံလုံးတခွက်နဲ့ရောမွှေထားပါ။

၎။ဂျုံမှုန့်(သို့)ပြောင်းဖူးမှုန့်ကိုဆန်ချိန်ခွက်၂ခွက်စာထဲ၊ဆား၊ငရုပ်ကောင်း၊

အချိုမှုန့်၊ငြုပ်သီးရောင်တင်မှုန်၊နနွင်းမှုန့်အနည့်ငယ်စီထည့်၍မွှေထားပါ။

ကြက်သားကြော်ရန်။
ကြက်သားကြော်ရန်ဒယ်အိုးကိုမီးmedian hight နဲ့ဆီကိုကျက်အောင်အရင်လုပ်ပါ။ဆီကျက်လျှင်ကြက်သားကိုကြက်ဥနဲ့နွားနို့ရည်ထဲစိမ်ပြီး
အသင့်စပ်ထာသောဂျုံမှုန့်(သို့)ပြောင်းဖူးမှုန့်နဲ့လူးပြီးဆီပူပူထဲကြော်ထည့်ပါ။ကြက်သားကိုနီပြီး
ကြွပ်ရွနေအောင်ကြော်ပေးပါ။













အကြော်ကျက်ပါကငြုပ်ဆီချဉ်ရည်ဖျော်ရန်။
ပုဂံလုံးထဲကိုသံပုရာသီး၁ခြမ်းညှစ်ထည့်ပါ။
ကြက်သွန်ဖြူ ၅တက်၊ငြုပ်သီးစိမ်း၅တောက်လောက်ကိုထောင်ထည့်ပါ။
ဆား၊အချိုမှုန့်တို့ရောဖျော်ပါ။
အပေါ့အငံမြည်းပြီးKFC Style ကြက်ကြော်သုံးဆောင်လို့ရပါပြီး။
ငံပြာရည်ကြိုက်ပါကဆားလျှော့ထည့်ပြီးငံပြာရည်ထည့်နိုင်သည်။

အမျိုးသားသန္ဓေအောင်ခြင်းကို ထိခိုက်စေမည့်အကြောင်းများ

အမျိုးသားတွေရဲ့  အသက်ရှင်နေစဉ်ကာလအတွင်း ကျားအင်္ဂါဇာတ်က သုက်သွေးတွေထုတ်ပေးနိုင်တဲ့စွမ်းရည်ကို အစကနဦး တည်းကပင် သဘာဝအလျောက်ပြဌာန်းထားပြီးသား ဖြစ်ပါတယ်။ တချို့ မှာ မွေးရာပါအင်္ဂါဇာတ်ရောဂါအမျိုးမျိုး (ဥပမာ သုက် ရည်ပြွန်၊ ဝှေးစေ့၊ ကပ္ပါယ်အိတ် ရောဂါပြဿနာ) တို့ ကြောင့် မည်သို့ ပင် ခွဲစိပ်ပြုပြင်၍ ပဋိဇီဝဆေးဝါးမှီဝဲပါသော်လည်း ဘ၀ တစ်သက်တာအတွက် ဖခင်ဖြစ်ခွင့်မရှိနိုင်ပါဘူး။ တချို့ ကတော့ မွေးရာပါ ကျားစွမ်းဆောင်ရည် ချို့ ယွင်းချက်မရှိသော်လဲ၊ အနေ အထိုင် စားသောက်မှု အမူအကျင့်များ မှားယွင်းမှုကြောင့် ကျားစွမ်းဆောင်ရည်ပျက်စီးသွားကာ သန္ဓေမအောင်ခြင်းပြဿနာ နှင့် ကြုံတွေ့ လာရပါတယ်။ အောက်ပါ အကြောင်းရင်းများကို လေ့လာမှတ်သား၍ သတိပြုဆင်ခြင်သင့်ပါတယ်။
(၁) အရက် အလွန်အကျုးသောက်ခြင်း
၄၈ နာရီအတွင်းမှာ အရက်ရှစ်ပုလင်းထက် ပိုသောက်မိပါက သုက်သွေးထုတ်လုပ်မှုမှာ အဆိပ်သင့်စေပါတယ်။ ဘီယာထဲရှိ အပင်မှရသော အက်စထရိုဂျင်ဟာ အမျိုးသမီးဟိုမုန်းတွေကို ဟန်ဆောင်အတုအပလုပ်နိုင်ပြီး၊ အမျိုးသားတွေမှာတော့ သန္ဓေ မအောင်နိုင်စေတော့ပါဘူး။ ဒါကြောင့် အမျိုးသား အမျိုးသမီးအားလုံးအတွက် ကောင်းကျိုးမပြုတဲ့ အရက်သေစာများကို လွန် ကဲစွာသောက်သုံးခြင်းမှ ရှောင်ကျဉ်ပါ။

(၂) ကော်ဖီ
လေ့လာ စမ်းစစ်ချက်များအရ၊ ကော်ဖီက အမျိုးသမီးတွေရဲ့  သန္ဓေအောင်မြင်မှုကို လျော့နည်းစေသော်လဲဘဲ၊ အမျိုးသားတွေ ရဲ့ သုက်သွေးထုတ်လုပ်မှုကိုတော့ လှုံ့ ဆော်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ သို့ သော် ဘက်စုံကျန်းမာရေး ကောင်းမွန်စေဖို့  အတွက်၊ အရွယ်ရောက်ပြီးသူ အမျိုးသားတိုင်းဟာ တစ်နေ့ လျှင် ကော်ဖီ ၃-ခွက်ထက် ပို၍မသောက်သင့်ပါဘူး။ ကဖိန်းဓာတ် ပါသော ကိုလာအချိုရည်များဟာလည်း ထိုနည်း၎င်းဘဲ ဖြစ်ပါတယ်။

(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းဟာ (က) သုက်ကောင်ရဲ့ အမြှေး(ခေါ်)အပေါ်ယံအလွှာ မင်ဘရိန်းကိုဖျက်ဆီးပစ်ပါတယ် (ခ) အမမျိုးဥ ဆီ သို့  အရောက်ရွေ့ လျာနိုင်တဲ့ စွမ်းရည်ကိုလည်း ဖျက်ဆီးပစ်ပါတယ် (ဂ) ကျန်းမာတဲ့ သုက်သွေးထုတ်လုပ်မှုအတွက် လွန်စွာ အရေးပါတဲ့ ဗီတာမင်စီကိုလည်း ထိခိုက်ဆုံးရှုံးစေပါတယ်။

(၄) ရေပူချိုးခြင်း
ရေပူထဲမှာ စိမ်၍ ချိုးခြင်းက ကျန်းမာတဲ့သုက်သွေးထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရေပူထဲမှာ အကြာကြီးထိုင်၍ စိမ်ချိုးခြင်းမျိုးမှ ရှောင်ကျဉ်ပါ။ ကွန်ပြူတာလပ်ပ်တော့ပ်(lap top) ကို ပေါင်ပေါ်တင်၍ အသုံးပြုခြင်းကလည်း အချိန်ကြာ လာတာနဲ့ အမျှ ပေါင်နှင့် လိင်အင်္ဂါများကို အပူဟပ်စေတာကြောင့် အမျိုးသားများသန္ဓေမအောင်ခြင်း နှင့် ဆက်စပ်မှုရှိနေလို့  အထူး သတိပြုသင့်ပါတယ်။

(၅) တင်းကျပ်တဲ့ အတွင်းခံအ၀တ်အစားများ
တင်းကျပ်တဲ့ အတွင်းခံဘောင်းဘီများ နှင့် ချွေးအောင်း အပူလောင်စေတတ်တဲ့ နိုင်လွန်ဘောင်းဘီမျိုးတွေကို မ၀တ်ပါနှင့်။ ဝှေး စေ့ဟာ ခန္ဓာကိုယ်ဗဟိုချက် အပူချိန်ထက်ပိုပြီး အေးနေဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် ကပ်ပယ်အိတ်အရည်ခွံဟာ သိပ်ပါးပြီး၊ ထပ် ဆင့်ထုတ်ပေးတဲ့ အစိပ်အပိုင်းဟာလည်း အပြင်ဖက်မှာရှိနေတာကြောင့် အင်္ဂါဇာတ်ကို အပူလောင်စေတတ်ပါတယ်။

(၆) အချိန်ကြာကြာ ထိုင်ခြင်း
ဥပမာ ကားကြာကြာမောင်းနှင်ခြင်း၊ စားပွဲခုံမှာ အချိန်အကြာကြီးထိုင်ခြင်း၊ လှုပ်ရှာမှုနည်း၍ အညောင်းထိုင်ခြင်းတို့ ကလည်း အမျိုးသားများ သန္ဓေအောင်နိုင်မှု စွမ်းရည်ကို အဟန့် အတားဖြစ်စေပါတယ်။ ဒါကြောင့် ရက်သတ္တ ၁-ပတ်မှာ အနည်းဆုံး ၄-ကြိမ်ခန့်  စက်ဘီးစီး၊ လမ်းသွက်သွက်လျှောက်၊ အပြေး စတဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းအားဖြင့် သွေးလည် ပတ်မှုကောင်းလာစေပြီး ကျန်းမာတဲ့ သုက်သွေးထုတ်လုပ်မှုကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။

(၇) စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများလာတဲ့အခါမှာ ခန္ဓာကိုယ်က ကော်တီဆောဟိုမုန်းတွေ အလိုအလျောက်စိမ့်ထွက်လာပါတယ်။ ၄င်းဟိုမုန်းတွေက သုက်သွေးထုတ်လုပ်မှုကို အဟန့် အတားဖြစ်စေပါတယ်။

(၈) ပြည့်ဝဆီတွေ စားသုံးခြင်း
ဝက်ဆီ၊ အမဲဆီ၊ ကြက်ဘဲ အရေခွံ စတဲ့ တရိစ္ဆာန်မှထွက်ရှိတဲ့ အဆီများ နှင့် ထပ်ခါထပ်ခါပြန်ကြော်ထားတဲ့ အဆီများကို စား သုံးပြီးနောက်၊ ခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါ ၄င်းအဆီများက ခဲဆိပ်သတ္တုတွေအဖြစ် ဓာတ်ပြောင်းလဲသွားပြီး သန္ဓေသားအောင် ခြင်းကို ကြီးစွာသော အနှောင့်အယှက်ဖြစ်စေပါတော့တယ်။

(၉) သင့်လျော်တဲ့အစားအစာများ မှီဝဲခြင်း
အထက်ပါ သွားလာနေထိုင်စားသောက်မှုပုံစံ မှားယွင်းခြင်း၏ နောက်ဆက်တွဲပြဿနာအဖြစ် သုက်သွေးရဲ့  ဒီအင်န်အေ(DNA) ကို ပျက်စီးစေနိုင်ပါတယ်။ ထိုပြဿနာမှ ကြိုတင်ကာကွယ်ထားတဲ့အနေဖြင့် အမျိုးသားကျန်းမာရေးအတွက် သင့်လျော်တဲ့အစား အစာတွေကို စားပေးသင့်ပါတယ်။ (က) သွပ်ဓာတ်ကြွယ်ဝတဲ့ အစားအစာများဖြစ်ကြသော အဆီမပါတဲ့ အနီရာင်အသား၊ ဂျုံကြမ်း၊ ပုစွန်ထုပ်၊ သစ်သီး သစ်ဥ သစ်ဖု၊ အစေ့အဆံ နှင့် မြေပဲများ (ခ) ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအစာ များဖြစ်ကြသော အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ (ဂ) ဓာတ်တိုးဆန့် ကျင်ပစ္စည်းတစ်မျိုးဖြစ်သော ဆီလီနီယမ် ဓာတ်ကြွယ် ၀တဲ့ အစားအစာများဖြစ်ကြတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပျစ်သီးများ (ဃ) ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကြက်ဥ အနှစ် တို့ ကို စားသုံးပါ။ (င) ဖော်ပြပါ အစားအစာများအပြင် လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်၍ ဗီတာမင်စီ၊ ဗီတာမင်ဒီ နှင့် ဗီတာမင်အီး ဆေးဝါးတို့ ကို ဖြည့်စွက်စာအဖြစ် သောက်ပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)

အစေ့အဆံလေးများ၏ ကျန်းမာရေးအစွမ်းသတ္တိလေးများ

မြေပဲ၊ သီဟိုစေ့၊ ဗာဒံစေ့ စတဲ့ Nuts လို့ ခေါ်တဲ့ အစေ့အဆံလေးတွေဟာ ကျန်းမာရေးအ တွက် ဘက်ပေါင်းစုံမှ ကောင်းကျိုးပြု တယ် ဆိုတာကိုတော့ ကျန်းမာရေးလိုက်စားသူ တော်တော်များများ သိထားပြီးဖြစ်ကြပါလိမ့်မယ်။ သို့ သော် ဘယ်အစေ့အဆံမှာ ဘယ်လိုအားသာချက်တွေ ရှိနေ တယ် ဆိုတာကို ဂဃဏန သိထားမယ်ဆိုရင်ဖြင့် မိမိကျန်းမာရေးအတွက် အထောက်အ ကူဖြစ် စေမှာဖြစ်ပါကြောင်း။
 (ဗာဒံစေ့ အစွမ်း)
ဦးနှောက်ကို ကောင်းကျိုးပြုပါတယ်။ ကိုလက်စထရောကို ထိန်းညှိပေးပါတယ်။ နှလုံးကိုကော င်း ကျိုြး ပုပါတယ်။ အသားအရေ အတွက် အဖော်မွန်ကောင်းပါဘဲ။ သွေးဖိအားကို ပုံမှန်ဖြစ်လာေ အာင် ထိန်းညှိပေးတာကြောင့် သွေးတိုးရောဂါ ဝေဒနာသည်များ စားပေးသင့်ပါတယ်။ ကင်ဆာေ ရာ ဂါအမျိုးမျိုးမှ ကာကွယ်ပေးနိုင်ပါတယ်။ ဆီးချိုရောဂါဖြစ်မလာအောင် ကာကွယ်ပေးနိုင်သလို၊ ဆီးချိုရောဂါရှိနေသူတွေလည်း နေ့ စဉ်စားပေးသင့်ပါတယ်။ ဖို-မ မျိုးအောင်စေပါတယ်။ ကိုယ်ဝ န်ေ ဆာင် မိခင်လောင်းများ နှင့် ပဋိသန္ဓေ သားလောင်းများအတွက် အားဆေးတစ်ခွက်ပါ။ ကိုယ် အလေးချိန် ကျစေပါတယ်။ အူသိမ်အူမများကို ကောင်းကျိုးပြုတဲ့ အပြင်၊ ၀မ်းချုပ်ခြင်းမှ ကာကွယ်ေ ပး ပါတယ်။ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာစေပါတယ်။ အ၀လွန်ခြင်းကို တားဆီးပေး
နိုင်ပါတယ်။ အရွယ်တင်နုပျိုဆေးအဖြစ် အားကိုးထိုက်ပါတယ်။ ဗီတာမင်အီး ရရှိရာ အရင်းအြ မ စ်ဖြ စ်ပါတယ်။

(သီဟိုစေ့ အစွမ်း)
ကယ်လိုရီဓာတ် မြင့်မားစွာပါရှိတဲ့အပြင် ချေဖျက်လွယ်သော အမျှင်ဓာတ်များ၊ ဗီတာမင် နှင့် သ တ္တု ဓာတ်များ အလုံအလောက် ပါရှိနေပါတယ်။ ဒါ့ပြင် ရောဂါပိုးများကို တိုက်ထုတ်ပေးနိင်တဲ့ သဘာဝ အစွမ်းသတ္တိများလည်း ပါရှိနေတာကြောင့် ကူးစက်ရောဂါ အမျိုးမျိုး နှင့် ကင်ဆာရောဂါ တို့ ဖြစ်မ လာအောင် ကာကွယ်တားဆီးပေးနိုင်ပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာမှ ကာကွယ် ပေး ပါတယ်။ နှလုံး နှင့် နှလုံးသွေးကြောရောဂါသည်များအတွက် အကောင်းဆုံးအဖော်မွန်ပါဘဲ။
သွေး ထဲရှိ မကောင်းတဲ့ LDL ကို လက်စထရောများကို ချပေးပြီး၊ ကောင်းတဲ့ HDL ကိုလက်စ ထေ ရာကို တိုးပွားလာစေပါတယ်။ ဆံပင် နှင့် အသားအရေအတွက် အဖော်မွန်ကောင်းပါဘဲ။ အရိုးသန်မာစေပါတယ်။ အာရုံကြောအဖွဲ့ အစည်းကို အထောက်အပံ့ဖြစ်စေပါတယ်။ ကိုယ်အေ လး ချိန် ထိန်းလိုသူများ ပုံမှန်စားပေးသင့်ပါတယ်။ ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေး နိုင် ပါတယ်။ ခန္ဓာကိုယ်အကျိုးပြု ဇင့်၊ selenium၊ ဗီတာမင် B1, B5, B6 နှင့် သွပ်ဓာတ်တို့  ကြွယ်ဝ စွာ ပါရှိနေတာကြောင့် ဗီတာမင်ဖြည့် စွက်စာအဖြစ် စားပေးနိုင်ပါတယ်။

(မြေပဲ အစွမ်း)
ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေမည့် ခွန်အား၊ ဓာတ်တိုးဆန့် ကျင်ပစ္စည်းများ၊ စွမ်း အာြး ပည့်အဆီဓာတ်တို့  ရရှိရာ အရင်းအမြစ်ဖြစ်ပါတယ်။ ဒါ့ပြင် လူသားတို့ အတွက် မရှိမဖြစ် ပရိုတင်းခွန်အားကို ပေးစွမ်းနိုင်ပါတယ်။ ကာမအားကို အထောက် အကူဖြစ်ေ စပါတ ယ်။ သွေးထဲရှိ သကြားပမာဏကို မျှတစေပါတယ်။ ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေး ပါတယ်။ စိတ်ဓာတ် ကျနေသူများအတွက် အကောင်းဆုံးဆေးတစ်ခွက်ပါဘဲ။ မှတ်ဥာဏ် အား တိုးပွားစေပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေ အလား အလာကို လျော့ချပေးနိုင်တဲ့အပြင်၊ နှလုံးနှ င့်ပတ်သက်သော ဝေဒနာများကို ကောင်းကျိုးပြုပါတယ်။ အရွယ်တင် နုပျိုစေပါတယ်။ ဆံသား၊ အသားအရေ၊ လက်သည်းခွံ လှပမှုရေးရာတို့ အတွက် အားကိုးဆေးလေးပါဘဲ။


(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

ဆေးဖက်ဝင်တဲ့ မဲဇလီဖူးသုပ်

တန်ဆောင်မုန်းလပြည့်ညဟာ ဆေးပေါင်းခတဲ့ညဖြစ်တာကြောင့် ထိုညမှာ မဲဇလီဖူးသုပ်စားရင် ကျန်း မာရေးအတွက်ဆေးဖက် ၀င်တယ်လို့  အားလုံးက သိထားပြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း အိမ် ရှင်မ များဟာ တန်ဆောင်မုန်းလပြည့်နေ့  နံက်ကတည်းက ဈေးထဲမှာ မဲဇလီဖူး အစည်းလေးေ တွဝယ် လာပြီး၊ ချစ်ခင်ရတဲ့မိသားစုကို သုပ်ကျွေးလေ့ရှိကြပါတယ်။ တခါတရံ မဲဇလီဖူးတွေ ဈေးထဲမှာ ပြတ် လပ် သွားတတ်တာကြောင့်လည်း တချို့ အိမ်ရှင်မများက လပြည့်နေ့ မတိုင်ခင်ကတည်းက ကြိုဝယ် ထားတတ်ကြ ပါတယ်။
အဲဒီလို ဆေးပေါင်းခတဲ့ မဲဇလီဖူးသုပ်ကို စားသုံးလာခဲ့ကြတာဟာ ကုန်းဘောင်ခေတ်ကတည်းကြ ဖစ်တယ်လို့  ရာဇ၀င်များအရ လေ့လာမှတ်သားရပါတယ်။ မဇ္ဈိမဒေသမှလာတဲ့ သာရကောမုဒိဆေး ကျမ်းအရ၊ တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ယံ လမင်း ကြီးဝိုင်းစက်ပြည့်ဝန်းနေစဉ်မှာ ကြတ္တိ ကာနက္ခတ် နှင့်စန်းယှဉ်၍ ပုဏ္ဍာတိထီ(ဗေဒင်အခေါ် တိထီ ၁၅ လုံးအတွင်း) ဆေးပင် အပေါင်း ကို စောင့်ရှောက်သောနတ်တို့ သည် မဲဇလီပင်စောင့် နတ်မင်းကြီးထံ လာရောက်ခစားကြတာကြောင့် ထိုည ထိုအချိန်မှာ မဲဇလီကို ဆေးဖက်ဝင်အောင် စီရင်ခြင်းဟာ အချိန်အခါကောင်း တစ်ရပ်လို့  ဖော်ပြ ထားပါတယ်။ ထိုသို့ စီရင်ရာမှာလည်း လမင်း ကြီး ပြည့်ပြည့်၀၀ ပြည့်ဝန်းနေချိန်မှာ အရှေ့ ဖက် သို့  ထွက်နေသော မဲဇလီ အဖူး၊ အပွင့်၊ အရွက်တို့ ကို စုံလင်အောင် ဆွတ် ခူးယူ၍ ချက်ချင်းသုပ် စားရ မယ်လို့ ဆိုပါတယ်။
သို့ သော် မြို့ ပြနေသူများကတော့ မဲဇလီပင်နှင့် လက်တကမ်းမှာမရှိနိုင်တာကြောင့် ဈေးထဲမှာသာ ၀ယ်ယူရရှိနိုင်တဲ့ မဲဇလီဖူး အစည်းလေးတွေကိုသာဝယ်၍ အိမ်မှာအသုပ်လုပ်ကာ တချို့ ကလည်း ည ၁၂ နာရီမှာ စားကြသလို၊ အများစုကတော့ အဆင် ပြေတဲ့အချိန် ဇတိသဘောဖြင့် သုပ်စားဖြစ်ပါတယ်။ တန်ဆောင်မုန်းည ဆေးပေါင်းခချိန်ခါမှာ မဲဇလီဖူးသုပ်စားခြင်းက တစ်နှစ် တာကာလပတ်လုံး ကျန်းမာ ချမ်းသာ ဘေးဘယာကင်းဝေးစေနိုင်တာကြောင့်၊ ရှေးထုံးကိုမပယ်တဲ့အနေနဲ့  ဖြစ်နိုင်ရင် ည သန်း ခေါ င်ယံမှာ အရွက် ၁ ညွန့် (သို့  မဟုတ်)အသီးတစ်တွဲကို အပင်မှဆူးခွတ် ရေဆေး ထောင်းနယ်၍ ညဦးပိုင်းက ကြိုတင်သုပ် ထားတဲ့ မဲဇလီဖူးသုပ်ထဲသို့  ရောမွှေကာ စားသုံးသင့်ပါတယ်။
မည်သို့ ပင်ဆိုစေကာမူ အရသာ ခပ်သက်သက် ဆိမ့်ဆိမ့်လေးဖြင့် ဆေးပေါင်းခတဲ့ မဲဇလီဖူး သုပ်ကိုေ တာ့ ကျား-မ မရွေး နှစ်ခြိုက်လျှက်ရှိရာ၊ တန်ဆောင်တိုင် ရာသီမရွေး အောက်ပါအတိုင်း သုပ်စားနိုင် ပါ တယ်။
(၁) မဲဇလီဖူးဟာ နုတဲ့အချိန်မှာ အစိမ်း ဖျော့ရောင်ဖြစ်ပြီး၊ ရင့်လာတဲ့အခါ အညိုရောင် ပြောင်းသွား တတ်ပါတယ်။ ဒါကြောင့် အစိမ်းဖျော့ရောင် အဖူးလေးတွေကို ရွေး ချယ်ပါ။
(၂) မဲဇလီဖူးကို အစိမ်းရည်များ ထွက်လာတဲ့အထိ ပြုတ်ပြီး ရေအေးမှာစိမ်ထားပါ။
(၃) ပြီးလျှင် ပါးပါးလှီးပါ (သို့ မဟုတ်) အသီးလေးတွေကို ၄-စိပ်ကွဲအောင် မညက်တညက်ထောင်းပါ။ (၄) ဇလုံကြီးကြီး တစ်ခုထဲမှာ စောစောက ထောင်းထားတဲ့ မဲဇလီဖူးများထဲ့၍၊ ဆီချက်(ဆီ)၊ ပါးပါးလှီး ထားတဲ့ ကြက်သွန်နီ၊ ပုစွန်ခြောက်မူန့်၊ မြေပဲထောင်းမှုန့် ၊ နှမ်း၊ ဆား၊ အရသာ ဟင်း ခတ်မူန့်တို့ကို မိသားစုအကြိုက် အရသာဖြစ်အောင် ရောနယ်ပါ။
(၅) ပြီးလျှင် သံပုရာသီးလေးညှစ်ထဲ့ပါ။
(၆) ဆီချက် အဖတ် (ကြက်သွန်နီ ဆီချက်အဖတ်) ဖြူး၍ စားပါ။





ဆေးဖက်ဝင်တဲ့ မဲဇလီဖူးသုပ်လေးစားရင်း၊ ရောဂါဘယ ကင်းဝေးကြပါစေလို့  ဆန္ဒပြုဆုတောင်းေ ပးလိုက်ရပါတယ်ရှင်။

(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်

ဆေးဘက်ဝင် မဲဇလီပင်လေးများအကြောင်း

**** တန်ဆောင်မုန်းလပြည့်ည နှင့် ဆေးဘက်ဝင် မဲဇလီပင်လေးများအကြောင်း ****
မဲဇလီဆိုသည်မှာ ရွက်ပေါင်းအရွက်ရှိ၍အ၀ါရောင်အပွင့်များအချိန်လိုက်ဖူးပွင့်သည့် ပင်စောက်ကြီးတစ်မျိုး (အရွက်၊ အဖူးစ သည်ကို ဟင်းလျာအဖြစ်စားသုံးပြီး အရသာခါး၍ဆေးဖက်ဝင်သည်)ဟု မဲဇလီနှင့်ပတ်သက်၍မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားပါ တယ်။ ထူပါရုံစေတီကျောက်စာပေါ်မှာ
ရေးထွင်းထားသော မှတ်တမ်းစာအရ၊ ရှေးယခင်က မဲဇလီပင်ကို “မည်ဇရီပင်” ဟုခေါ်ရာ မှ
အသံထွက်အလိုက် မယ်ဇရီ ဖြစ်လာပြီး၊ ထို့ နောက် ကာလကြာတဲ့အခါ မယ်ဇရီ မှ
မယ်ဇလီ-မဲဇလီ ဟူ၍ အဆင့်ဆင့်အသံ ထွက်ပြောင်း၍ ခေါ်ဝေါ်လာခဲ့ကြပါတယ်။
နေရာဒေသပေါ်မူတည်ပြီး တချို့ ကတော့ မဉ္စူရီပင်ဟု ခေါ်ကြသလို၊ ကချင်လူမျိုးတို့  က
မယ်ဂျူရီပင် ဟုလည်းကောင်း၊ ရှမ်းလူမျိုးတို့ က မယ်ပဉ္စလီ ဟုလည်းကောင်း
ခေါ်ဆိုကြပါတယ်။ မဲဇလီဖူးဟာ နုတဲ့အချိန်မှာ အစိမ်းဖျော့ရောင်ဖြစ်ပြီး၊
ရင့်လာတဲ့အခါ အညိုရောင်ပြောင်းသွားတတ်ပါတယ်။
 မဲဇလီပင်အကြောင်းကိုရေးလျှင် တန်ဆောင်မုန်းလအကြောင်းကိုလည်း
ချန်ထား၍မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရှေး လူကြီးသူမများလက်ထပ်
ကုန်းဘောင်ခေတ်ကတည်းက တန်ဆောင်မုန်းလပြည့်ည သို့ ရောက်တိုင်း မဲဇလီဖူးခူး၍
သုပ်စား ကြတဲ့ အစဉ်အလာများ ရှိခဲ့လို့ ပါဘဲ။ တန်ဆောင်မုန်းဟူသော အရေးအသားကို
လေ့လာကြည့်တဲ့အခါ၊ ပုဂံခေတ် ကျောက်စာ များတွင် “တန်ဆောင်မှုန်” ဟုရေးထိုး၍
တန်ဆောင်မှုန်း ဟုအသံထွက်ဆိုခဲ့ကြပါတယ်။ “ မိုက်မှောင်လွင့်ပြုန်း၊
တန်ဆောင်မုန်း၊ ဆောင်မှုန်း ခေါ်တကား။ ဟထိုး ပျောက်ကာ၊ ပြောင်းရွှေ့ လာ၊ မုန်း
သာခုထင်ရှား ” ဟူသော စပ်ဆိုထားခြင်းက တန်ဆောင်မုန်း ၏ ဖြစ်စဉ်ကို
ပေါ်လွင်သိရှိနိုင်ပါတယ်။ တန်ဆောင် = ဆီမီး၊ မီးရှူး၊ မီးတိုင်။ မှုန်း =
ထွန်းလင်းခြင်း၊ တောက်ပခြင်းဟူ၍ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့်လည်း မြန်မာ့
၁၂လရာသီမှာ တန်ဆောင်းမုန်းလဟာ အထွန်းလင်း၊ အတောက်ပဆုံး နှင့် အသာ ယာဆုံး
လတစ်လဟု ဆိုနိုင်ပါတယ်။ မြန်မာ့သမိုင်းမှတ်တမ်းများအရ၊ ဗိဿနိုးနတ်မင်းကြီးသည်
နှစ်စဉ်နှစ်တိုင်း ၀ါဆိုလဆန်း ၁၂ ရက်နေ့ မှစ၍ အိပ်စက်လိုက်ရာ
တန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့ မှနိုးထသဖြင့် တန်ဆောင်မုန်းလကို “နတ်နိုးလ” ဟု
ခေါ်ဆိုကြောင်း လေ့လာမှတ်သားရပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့ မှာ မြတ်စွာဘုရားရှင်က ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်း
နှင့် အပေါင်းပါတို့ အား သာမညဖလ သုတ်ဟောကြားသည့် နေ့ ထူးနေ့ မြတ်ဖြစ်ပါတယ်။
တန်ဆောင်မုန်းလပြည့်ညမှာ ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုး စသည့် ငါးမျိုး
ကင်းစင်နေတာကြောင့် ထက်ကောင်းကင်တစ်ခွင်လုံးကြည်လင်ကာ နက္ခတ်တာရာ
တစ်စုံထွန်းလင်းနေပါတယ်။ မပီဝိုးဝါး သေး မွှားတဲ့
ကြတ္တိကာကြယ်(ခေါ်)ဖျောက်ဆိပ်ကြယ်စုလေးများလည်း လင်းလက်ခွင့်ရတဲ့ ညဖြစ်ပါတယ်။
မဇ္ဈိမဒေသမှလာတဲ့ သာရ ကောမုဒိဆေးကျမ်းအရ၊ တန်ဆောင်မုန်းလပြည့်ည
သန်းခေါင်ယံလမင်းကြီး ၀ိုင်းစက်ပြည့်ဝန်းနေစဉ် ကြတ္တိကာနက္ခတ် နှင့် စန်း ယှဉ်၍
ပုဏ္ဍာတိထီ(ဗေဒင်အခေါ် တိထီ ၁၅ လုံးအတွင်း)ဆေးပင်အပေါင်းကို
စောင့်ရှောက်သောနတ်တို့ သည် မဲဇလီပင်စောင့် နတ်မင်းကြီးထံ လာရောက်ခစားကြသည်ဟု
ဆိုပါတယ်။ ဒါကြောင့် ထိုအချိန်မှာ မဲဇလီကို ဆေးဖက်ဝင်အောင် စီရင်ခြင်းဟာ
အချိန်အခါကောင်းတစ်ရပ်လို့  ဆိုနိုင်ပါတယ်တဲ့။ ထိုသို
့စီရင်ရာမှာလည်းလမင်းကြီး တိတိကျကျပြည့်ဝန်းနေချိန် တွင် အရှေ့  ဖက်သို
့ထွက်နေသော မဲဇလီ အဖူး၊ အပွင့်၊ အရွက်၊ အမြစ်၊ အခေါက်၊ အသီးတို့ ကို
စုံလင်အောင် ဆွတ်ခူးတူးယူ၍ ထိုညမှာ အဖူး၊ အပွင့်၊ အရွက်တို့ ကို
စားသုံးရပါမယ်။ ကျန် အမြစ်၊ အခေါက်၊ အသီးတို့ ကိုတော့
နေရိပ်မှာအခြောက်လှန်းအမှုန့် ပြု၍ နေ့  စဉ် စားသုံးပေးသွားရမှာပါ။ ဤသို
့စားသုံးလျှင် ရုပ်ရည်အဆင်းနုပျို၍ အရွယ်တင်ကာ အသက်ရှည်စေကြောင်း၊ ဘုန်းကြီး၍
ဥာဏ်ပညာထက်မြက်ကာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေကြောင်း ယုံကြည်ကြပါတယ်။
ဒါကြောင့်လည်း တန်ဆောင်း မုန်းလပြည့်နေ့ည (၁၂)နာရီတိတိအချိန်ကို
ဆေးပေါင်းခတဲ့ညရဲ့ အမြင့်ဆုံး၊ အစွမ်းထက်ဆုံး အချိန်လို့သတ်မှတ်ပြီး
တိုင်းရင်း ဆေးဆရာကြီးများက ဆေးဝါးမျိုးစုံကို ဖော်စပ်လေ့ရှိကြပါတယ်။ << မဲဇလီ နှင့်ကျန်းမာရေး >>
ရုက္ခဗေဒအမည်အရ Cassiasiamea Linn မျိုးရင်းဖြစ်ပါတယ်။ ၁၀၀ ဂရမ်အလေးချိန်ရှိ
တဲ့ မဲဇလီဖူး နှင့် အရွက်တို့ ကို ဆေး သိပ္ပံနည်းအရ ဓာတ်ခွဲစမ်းသပ်ကြည့်ရာ၊
ကယ်လိုရီ ၁၀၀၊ ပရိုတင်း ၇.၁ ဂရမ်၊ အဆီဓာတ် ၁.၀ ဂရမ်၊ ကစီဓာတ် ၁၇.၉ ဂရမ်၊
ထုံးဓာတ် ၄၄.၁ မီလီဂရမ်၊ သံဓာတ် ၁၇.၀ မီလီဂရမ်၊ ဗီတာမင် အေအိုင်ယူ ၁၄၅၀၀၊
ဗီတာမင်ဘီဝမ်း ၀.၄ မီလီဂရမ်၊ ဗီတာမင်ဘီတူး ၀.၆၉ မီလီဂရမ်၊ နိုင်ယာစင် ၁.၃
မီလီဂရမ်၊ ဗီတာမင်စီ ၁၀၁ မီလီဂရမ် တို့  အသီးသီးပါရှိကြပါတယ်။ ဒါ့အပြင်
ဟင်းသီးဟင်းရွက်များမှာ ရှားရှားပါးပါးတွေ့ ရခဲသော ဆေးဘက်ဝင် glycosides,
terpenoids, tannins, saponins, flavonoids နှင့် steroids တွေလဲ
ပါရှိကြပါသေးတယ်။
(၁) ချို၊ ဆိမ့်၊ ဖန် အရသာ သုံးမျိုးရောပြွမ်း၍ ခါးသက်သက်အရသာလွှမ်းမိုးသော
မဲဇလီပင် မှာ အာပေါဓာတ်ကြီးစိုး၍ ၀ါယော ဓာတ် ပူးတွဲပါရှိနေတာကြောင့်
ရှေးတိုင်းရင်းသမားတော်ကြီးများက မြန်မာ့ရိုးရာဆေးမြီးတိုအဖြစ်
အိပ်မပျော်ခြင်း၊ သွေးတက်ခြင်း၊ ရုပ်ရည်ခန်းခြောက်ခြင်း၊ အသက်ရှုပြွန်ချောင်း
ရောင်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း စတဲ့ ရောဂါများအတွက် ကုသပေးခဲ့ကြ ပါတယ်။
(၂) အိန္ဒိယနိုင်ငံမှာတော့ ကာလသားရောဂါ ရှန်ကာနာ ကို မဲဇလီရွက်ဖြင့်ကုသလေ့ရှိပါတယ်။
 (၃) သမ်းဝေပြီး အိပ် မပျော်ခြင်းအတွက် မဲဇလီဖူးကိုသုပ်၍စားကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်ပါတယ်။
 (၄) ပါးစပ်အတွင်း အပူထွက်ခြင်း၊သွားဖုံး ရောင်ခြင်းတို့ အတွက် မဲဇလီရွက် နှင့် အပွင့်တို့ ကို ခပ်ကျကျပြုတ်၍ငုံပေးပါက သက်သာပျောက်ကင်းနိုင်ပါတယ်။
(၅) မျက်စိ နာခြင်းအတွက်မဲဇလီမြစ်ကိုသွေး၍ မျက်စိတ၀ိုက်ကွင်းပေးပါ။
 (၆) ကနခိုစေ့စား၍၀မ်းသွားလွန်ခြင်းအတွက် မဲဇလီမြစ်ကို ထန်း လျက်နှင့်ပြုတ်၍ သောက်ပေးခြင်းဖြင့်
ဝမ်းရပ်တန့် ပါလိမ့်မယ်။
(၇) ချောင်းဆိုး၊ ရင်ကျပ်၊ လည်ချောင်းနာဖြင်းတို
့အတွက် မဲဇလီ ရွက် နှင့် မုရားကြီးရွက်တို့ ကိုဆတူရော၍
သုံးခွက်တစ်ခွက်တင်ကြိုပြီးနောက် ငုံပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။
(၈) ကလေးများ သန်ထပါက မဲဇလီရွက်လတ်လတ်ဆတ်ဆတ်ထောင်းရည် (သတ္တုရည်) နှင့်
သံပုရာရည် ရောစပ်တိုက်ပေးခြင်း ဖြင့် သန်ကျစေနိုင်ပါတယ်။
 (၉) ၀မ်းချုပ်ပြီးစမြင်းခံခြင်းအတွက် မဲဇလီဖူးကိုပြုတ်၍ တို့ စရာအဖြစ်စားပေးပါက ၀မ်းမှန်၍ လေ
သက်စေနိုင်ပါတယ်။
 (၁၀) ကင်း၊ ပုရွက်ဆိတ် စတဲ့ အဆိပ်ရှိသတ္တ၀ါတွေအကိုက်ခံရပါက၊
မဲဇလီရွက်ကိုကြိတ်၍ ဒဏ်ရာပေါ် အုံပေးပါက အဆိပ်ပြေစေပါတယ်။
 (၁၁)နှင်းခူအစိုအတွက် မဲဇလီရွက်ကို သံပုရာရည်နှင့်ကြိတ်၍ နှင်းဖူပေါ်အုံခြင်း၊
မဲဇလီရွက် ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးပေးခြင်းတို့ ပြုလုပ်ပေးပါ။
 (၁၂)အမျိုးသမီးများ မျက်နှာပေါ်တွင် မီးယပ်ကွက်ထွက်ခြင်းအတွက် မဲဇလီပွင့် (သို
့မဟုတ်) အရွက်ကို အခြောက်လှမ်း အမှုန့်ကြိတ်၍ ရေဖြင့်ဖျော်ပြီး လိမ်းပေးပါ။
(၁၃) မဲဇလီရွက်ပြုတ်ရည်ဖြစ်စေ၊ အရွက်ကို အခြောက်လှမ်းအမှုန့် ကြိတ်၍ဖြစ်စေ
ပျားရည်နှင့်ရောစပ်စားပေးပါက သွေးသားသန့် စင်၍ အားအင်ပြည့်ဖြိုး စေပါ တယ်။
(၁၄) မဲဇလီ ဖူးထဲတွင်ပါရှိသော သဘာဝအခါးဓာတ်က အသည်းအားကောင်းစေပါတယ်။
 (၁၅)အစာချေစံနစ်ကိုကောင်း မွန်စေရုံသာမက၊ ပျို့ အန်ခြင်း၊ အက်စစ်ဆန်တက်၍
လေချဉ်တက်ခြင်း၊ ရင်ပူခြင်းတို့ ကို သက်သာစေပါတယ်။
 (၁၆) ခန္ဓာကိုယ်အတွက်လိုအပ်သော ပရိုတင်းဓာတ်ကိုဖြည့်တင်းပေးပြီး၊ ကိုယ်ခန္ဓာကြီးထွားမှုကို
ကောင်းစွာအထောက်အပံ့ ပေးပါတယ်။
 (၁၇) အူမကြီးကို ကောင်းစွာအလုပ်လုပ်စေလို့ ၊
ဝမ်းပျော့ပျော့သွားစေပါတယ်။ ထို့ ပြင် အူမကြီး နှင့် အူသိမ်အူမများထဲရှိ တုပ်
ကောင်/သန်ကောင်စတဲ့ ကပ်ပါးကောင်များကို ဖယ်ရှားပေးလို့  အူကိုသန့် စင်စေပါတယ်။
(၁၈) ကစီဓာတ်ကြွယ်ဝစွာပါရှိခြင်း ကြောင့်၊ ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ကို
ကောင်းကျိုးပြုပါတယ်။
 (၁၉) သရက်ရွက်ထဲရှိ ကောင်းသောဆဲလ်အသစ်များကို တိုးပွားစေတာကြောင့်၊ သရက်ရွက်ကို ကျန်းမာစေပါတယ်။
 (၂၀) မဲဇလီဖူးထဲတွင်ပါရှိသောသဘာဝအဆီဓာတ်က ခန္ဓာကိုယ်ထဲရှိ မ ကောင်းသောဓာတ်များကို လောင်ကျွမ်းစေပါတယ်။
 (၂၁)အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအပြင်၊ ပိုလီဖီနောဓာတ် များပါရှိသဖြင့်
ခန္ဓာကိုယ်အတွက် မလိုလားအပ်သော ဖရီးရယ်ဒီကယ်များကို
သုတ်သင်ဖယ်ရှားပေးတာကြောင့်၊ အူမကြီးကင် ဆာ၊ အစာအိမ်က်ငဆာ ဆာရောဂါများမဖြစ်စေနိုင်ပါ။
 (၂၂) မဲဇလီဖူးထဲတွင်ပါရှိသော သတ္တုဓာတ်ပေါင်းစုများက သူငယ်နာ
အရိုးပျော့ရောဂါကို ကာကွယ်ပေးတာကြောင့် မွေးဖွားလာသော ကလေးများတွင်
ပိုလီရိုရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ် သည့်အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များ
မဲဇလီဖူးကို မဖြစ်မနေစားသုံးသင့်ပါတယ်။
 (၂၃) ဓာတ်ခွဲစမ်းသပ်ချက်များအရ၊မဲဇလီဖူး-ရွက်-ပွင့်ထဲတွင်ပါရှိသော အာဟာရဓာတ်များက ဟင်းနုနယ်တွင် ပါရှိသောအာဟာရဓာတ်များနှင့် အလားတူတယ်လို့  ဆိုပါတယ်။
တန်ဆောင်မုန်းလပြည့်ညမှာ ကာလသားတွေဟာ အိမ်ကတာ၊ လမ်းတကာမှ ပစ္စည်းများကို
ဟိုဟိုဒီဒီ နေရာရွှေ့ကာ၊ စနောက် လေ့ရှိကြတဲ့ “ကျီးမနိုးပွဲ” (၀ါ) “စောရပွဲ”
ဟာလည်း ချစ်စရာ့မြန်မာ့ရိုးရာဓလေ့လေးပါ။ ဆေးပေါင်းခတဲ့ တန်ဆောင်မုန်း
လပြည့်ညလေးမှာ မိသားစတွေ ပျော်ရွှင်စွာဝိုင်းဖွဲ့ ကာ မဲဇလီဖူးသုပ်လေးစားရင်း၊
ရောဂါဘယကင်းဝေးကြပါစေလို့ ဆန္ဒပြုရင်း။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)

Twitter Delicious Facebook Digg Stumbleupon Favorites More