ဤလ္ဘက်ရည် ကတော့ အတန်ငယ်ထူးခြားပါသည်။
brick tea (ခေါ်) အနီရောင် လ္ဘက်ချိုခြောက်ကို ကျိတ်ချေပြီး ရေအေးထဲတွင် တစ်ညသိပ်ပြီးနောက်၊ ရေနွေး ဆူဆူဖြင့်နှပ်ကာ အနည်စစ်ရပါသည်။
ထို နော့က်လ္ဘက်ရည်ကျကျ အရောင် ပြောင်းသွားသည်အထိ နောက်ထပ် ၆-မိနစ်လောက် ထပ်မံအပူပေးပြီး၊ နို့ ထောပတ်၊ တိဗက်နွားနို့ ၊ ဆား၊ ဂျုံလှော်မှုန့်  တို့ ထဲ့ ဖျော်သောက်ကြပါသည်။ မွန်ဂိုလီယား နှင့် တိဗက် တို့ တွင် ထောပတ်ရနံ့ သင်းကာ ချိုငန်ငန် အရသာရှိသော ထိုလ္ဘက်ရည်ကို ဇလုံခွက်ငယ်လေးများဖြင့် သောက်သုံး လေ့ရှိပြီး၊ အထူးဧည့်သည်များ လာရောက် သော အခါတွင်လည်း တိုက်ကျွေးလေ့ရှိပါသည်။
တိဗက်တွင်တော့ နွားနို့ အစား၊ ဆိတ်နို့ ကိုအသုံးပြုကြပါသည်။
(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)