Pages - Menu

10 Dec 2014

သီရိလင်္ကာစတိုင်လ် လ္ဘက်ရည်

အချိုစူးရှသော လ္ဘက်ရည်ဖြစ်ပါသည်။
 နွားနို့ ကဲထားပြီး၊ သကြားအစား ဒေသထွက် ထန်းလျက်ခဲ ကို ချေပြီးဖျော် သောက် လေ့ရှိပါသည်။ ၄င်းကို ကျေးလက်ရိုးရာ “ hakuru tea ” ဟု ခေါ်ဝေါ်ကြပြီး၊ တစ်ခါတစ်ရံ အုန်းသီးခြောက်မှုန့်  ထဲ့ကာ သောက်သုံးကြပါသည်။ 
 ထိုလ္ဘက်ရည်ကို hoppers (ခေါ်) ဆန်မုန့် ညက်တစ်မျိုးဖြင့် တွဲဖက်၍ စားသောက် လေ့ရှိပါသည်။ ဘင်္ဂလားဒေ့ရေှ့် နှင့် ပါကစ္စတန် နိုင်ငံတို့ တွင်လည်း hakuru tea ကို သောက်သုံးကြပါသည်။ ပါကစ္စတန်နိုင်ငံတွင်တော့ အချိုမကြိုက်ဘူးထင်ပါသည်။
 သူတို့ က အချိုအရသာကို နဲနဲလျော့ သောက်ကြပါသည်။
 နောက်တစ် မျိုးရှိပါသေးသည်။ သီရိလင်္ကာ ၏ အနက်ရောင် Ceylon tea သည် ကဖိန်းဓာတ်အလွန်များကာ အရသာလဲအလွန်ပြင်းသောကြောင့်၊ ကော်ဖီ အစားထိုး အဖြစ် သောက်သုံး ကြပါသည်။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)


Twitter Delicious Facebook Digg Stumbleupon Favorites More