Pages - Menu

29 Nov 2012

ကော်ဖီ အသောက်များသူများ မျက်စိကွယ်နိုင်

နေ့စဉ် ကော်ဖီသုံးခွက်နှင့် အထက် သောက်သုံးသူများတွင် “Glaucoma” ဟု ခေါ်ဆိုသော မျက်စိတွင် ဖိအားများ၍ မျက်စိကွယ်ခြင်း ဖြစ်နိုင်သော အန္တရာယ် မြင့်တက်လာကြောင်း အမေရိကန် သုတေသီများက ပြောကြားသည်။

ယခုလေ့လာမှုတွင် အမျိုးသမီးပေါင်း ၇၈,၉၇၇ ဦးနှင့် အမျိုးသား ၄၁,၂၀၂ ဦးတို့၏ အချက်အလက်များပါဝင်သည်ဟု ဘော်စတွန်အမျိုးသမီးဆေးရုံမှသုတေသီ ဂျေဟီကန်းက

 ပြောကြားသည်။

သုတေသနတွင် ပါဝင်သူများသည် အနည်းဆုံး အသက် ၄၀ အရွယ်ရှိပြီး ၁၉၈၀ ခုနှစ်များတွင် သူနာပြုများထံ၌ မျက်စိစစ်ဆေးမှုများ ခံယူခဲ့ကြပြီး ၁၉၈၆ မှ ၂၀၀၈ ခုနှစ်အထိ ကျန်းမာရေး အရာရှိများနှင့် စစ်ဆေးခဲ့ကြသည်။

 ထို့အပြင် သုတေသီများက ၎င်းတို့၏ လေ့လာမှုများတွင် ပါဝင်သူများအား မည်သည့် အဖျော်ရည်များ သောက်သုံးသည်ကိုလည်း မေးမြန်းခဲ့ကြသည်။

 ယင်းနောက် ကော်ဖီ အသောက်များသူများ(တစ်နေ့သုံးခွက်နှင့်အထက်) သောက်သုံးသူများနှင့် ကဖိန်းဓာတ် ရှောင်ရှားသူများကို ခွဲခြား၍ နှိုင်းယှဉ် လေ့လာခဲ့ကြသည်။

ဤနေရာတွင် ကော်ဖီ အသောက်များသူများ၌ သွေးဖိအားကြောင့် အမြင်အာရုံကြော ပျက်စီးပြီး မျက်စိကွယ်နိုင်သော အန္တရာယ် မြင့်တက်နေသည်ကို တွေ့ရှိရသည်ဟု သုတေသီများက ပြောကြားသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More