Pages - Menu

8 Dec 2012

အာဗြဲခြောက်ဘာလချောင်ကြော်

 အာဗြဲခြောက်................ ၂၀ ကျပ်သား
ကြက်သွန်နီ....................၅ လုံး
ကြက်သွန်ဖြူ...................၁၀ တက်
ငရုတ်ကြမ်းမှုန်. ..............၃ ဇွန်း( ထမင်းစားဇွန်း)
ဆား+ဟင်းခတ်မှုန်..........အနည်းငယ်စီ

အာဗြဲခြောက်တွေကို ခေါင်းနဲ.အမြီးတွေဖယ်ပြီး..လက်တစ်လောက်အရွယ်များဖြစ်အောင်

ကပ်ကြေးနဲ.ညှပ်ပြီးရေအေးမှခေတ္တစိမ်ထားပါ။

ဇကာတစ်ခုနဲ.ရေစစ်ထားပါ။

ကြက်သွန်ဖြူ ၊ နီ တွေကိုပါးပါးလှီးပြီးရွှေအိုရောင်ရအောင်ကြော်ပြီးစစ်ယူထားပါ။

ထိုဆီထဲမှာပဲ..အာဗြဲခြောက်တွေကို...လက်တစ်ဆုပ်စာဆီ(အနည်းငယ်စီ)
ထည့်ကြော်ပြီးစစ်ယူထားပါ ( အလွန်ကြွပ်သွားအောင်ကြော်ရင်တော့စားလို.မကောင်းပါဘူး )

၃ ဇွန်းစာလောက်ချန်ထားပြီး ပိုလျှံတဲ့ဆီတွေကိုဖယ်ထုတ်လိုက်ပါ။

မီးကိုလျှော့ချပြီး..နနွင်းမှုန်.အနည်းငယ်နဲ့အတူ ငရုတ်ကြမ်းမှုန်.တွေကို ဆီသတ်ပါ.။

ဆား ၊ ဟင်းခတ်မှုန်. အနည်းငယ်တို.နဲ.အရသာဖြည့်စွက်ပြီး..ကြော်ထားတဲ့
ကြက်သွန်နီ ၊ ဖြူ ကြော် ၊ အာဗြဲခြောက်ကြော်တွေထည့်ပြီး မွှေပေးလိုက်ရုံပါ
ပဲ .။ ( ဆားက ငရုတ်သီးအတွက်သာဖြစ်ပြီး..အနည်းငယ်လေးသာထည့်ပေး
ရုံပါပဲ )

လေလုံပုလင်းလေးထဲထည့်သိမ်းထားရင်..ရက်ရှည်စားသုံးလို.ရပါတယ်
( Admin က တစ်လစာ ကြော်ပါတယ် )


ပာင်းချက်နည်းများ

Twitter Delicious Facebook Digg Stumbleupon Favorites More