Pages - Menu

24 Mar 2013

Oyster ခေါက်ဆွဲကြော်

တရုတ်ရိုးရာအရ မွေးနေ့တွေမှာ စားလေ့ရှိကြတဲ့ ဒီခေါက်ဆွဲကို သက်ရှည်ခေါက်ဆွဲလို့လည်း
အသိများကြပါတယ်။ အသက်ရှည်အောင်ဆိုတဲ့ ရိုးရာအယူအဆနဲ့ အမျှင်သိပ်မပြတ်လွယ်တဲ့ခေါက်ဆွဲကို
စားကြတာပါ။

 ကြည့်လိုက်ရင် စာကလေးခွေနဲ့ ခပ်ဆင်ဆင်တူပြီးပြုတ်ပြီးတော့မှ သာမန်ခေါက်ဆွဲနဲ့တူသွားတာပါ
Long life Noodle / Ee Fu Noodl ရယ်လို့လည်း စင်ကာပူမှာ ခေါ်ကြပါတယ်။ ဒါကခေါက်ဆွဲရဲ့နာမည်ပေါ့။
အဲဒီ Ee Fu ခေါက်ဆွဲကိုမှ ကြော်နည်းပေါင်းမျိုးစုံရှိပါတယ်။
ကျွန်မကတော့ Oyster လေးတွေနဲ့ တစ်မျိုးကြော်ပြပေးထားပါတယ်

ပါဝင်ပစ္စည်းများ
-------------------
၁။ Ee Fu Noodle (သို့) ကြက်ဥခေါက်ဆွဲ - ၁၀၀ ဂရမ်(၆ ကျပ်ခွဲသား)
၂။ ကြက်သား -လက်တစ်ဆုပ်စာ(နုပ်နုပ်စဉ်း)
၃။ ငရုတ်သီးအနီ - အနည်းငယ်(နုပ်နုပ်စဉ်း)
၎။ မုန်လာဥနီ - အနည်းငယ်
၅။ ကိုက်လန် - လက်တစ်ဆုပ်စာ
၆။ ကြက်ဥ - ၁ လုံး(ခလောက်ထားပါ)
၇။ ကြက်သွန်ဖြူ -၁ မြွှာ (ဓားပြားရိုက်)

ကြော်နည်း
-------------
(၁) ဆီ စားပွဲဇွန်း ၁ ဇွန်းကို အပူပေးပြီး ကြက်သွန်ဖြူထည့်ကာ နွမ်းအောင်ကြော်ပါ။
နောက် မုန်လာဥနီ၊ ငရုတ်သီး၊ ကိုက်လန်ထည့်ပြီး
၁ မိနစ်ခန့်ကြော်ပေးပါ။

(၂) ပြီးရင် ကြက်သားထည့်၊ Oyster ထည့်ပြီး
၁ မိနစ်ထပ်ကြော်ပေးပါ။

(၃) နောက်ဆုံးမှ ခေါက်ဆွဲထည့်
ပဲငံပြာရည် စားပွဲဇွန်း ၂ ဇွန်း၊
သကြားလက်ဖက်ရည် ဇွန်းထက်ဝက်၊
ကြက်သားမှုန့် လက်ဖက်ရည်၁ ဇွန်းထည့်ကြော်ပါ။

(၄) ၃ မိနစ်လောက်ကြော်ပြီးရင် ခေါက်ဆွဲတွေကို
ဘေးတွန်းထားပြီး ကြက်ဥကိုထည့်ကြော်ပါ။
ကြက်ဥကျက်ရင် ရောမွှေပြီး စားရန်အသင့်ဖြစ်ပါပြီ။

Twitter Delicious Facebook Digg Stumbleupon Favorites More