Pages - Menu

6 Sept 2013

ငါးကြင်းရေချို

ငါးကြင်းကို ကြော်နှပ်စားသလို ငါးသလောက်ပေါင်းလိုလည်း စားလို့ရပါတယ်။
အခုလို ရေချိုချက်စားရင်လည်း အရသာရှိပါတယ်နော်။

ပါဝင်ပစ္စည်းများ (၇-၈ ယောက်စာ)
• ငါးကြင်း - ၂ ကီလို
• စပါးလင် - ၁ ချောင်း
• ကြက်သွန်နီ - ၁၅၀ ဂရမ်
• ကြက်သွန်ဖြူ - ၅၀ ဂရမ်
• ဆား - စားပွဲဇွန်း ၂ ဇွန်း
• ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
• ဟင်းခတ်မှုန့် - စားပွဲဇွန်း ၂ ဇွန်း
• ချင်း - စားပွဲဇွန်း ၂ ဇွန်း
• နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• အရောင်တင်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ငရုတ်သီးခွဲခြမ်း - စားပွဲဇွန်း ၁ ဇွန်း
• မဆလာ - စားပွဲဇွန်း ၁ ဇွန်း
• နံနံပင် - အနည်းငယ်

ချက်ပြုတ်နည်း
၁။ ငါးကြင်းကို အကြေးခွံများခြစ်ကာ အကွင်းလိုက် အနေတော်လှီးပါတယ်။
ပြီးမှ အလယ်က ထက်ခြမ်းခြမ်းကာ ဆား ၁ ဇွန်း၊ ဟင်းခတ်မှုန့် ၁ ဇွန်း၊
ချင်း ၁ ဇွန်း၊ နနွင်းတို့ဖြင့် ဆုပ်နယ်ထားပါ။

၂။ ကြက်သွန်နီကို ပါးပါးလှီးပြီး အဖြူကို ဓားပြားရိုက်ထားပါ။
ဒယ်အိုးတွင် ဆီကို အနည်းငယ်ထည့်ကာ ကြက်သွန်များကို စပါးလင်၊
ငရုတ်သီးတို့ဖြင့်ဆီသတ်ပါ။ ကျန်တဲ့ ဆား၊ ချင်း၊ ဟင်းခတ်မှုန့်တို့ရောပါ။
အတန်ကြာ ကြက်သွန်ကျက်ပြီး အနံ့မွှေးပြီဆိုရင်
ငါးကြင်းတုံးလေးများထည့်ပြီး ဖြည်းဖြည်းလုံးပေးပါ။ 

၂ မိနစ်အကြာမှာ ရေကို လီတာဝက်ခန့်ထည့်ပါ။ အဖုံးအုပ်ထားပါ။
 ရေပွက်လာရင် ငံပြာရည်ထည့်ပါ။ ငါးမကပ်အောင် အိုးကိုမမွှေဘဲ လှုပ်ပေးပါ။
ငါးကျက်ပြီ ဆီပြန်ရေကျန်အနေရပြီဆိုရင် မီးပိတ် မဆလာဖြူး၊
နံနံပင်ဖြူးကာ စားသုံးရန် အဆင်သင့်ဖြစ်ပါပြီ။

Htet Family's Creation
www.htetfamily.com

Twitter Delicious Facebook Digg Stumbleupon Favorites More