Pages - Menu

18 Sept 2013

ခန္ဓာကိုယ်အတွက် သံဓါတ်

လူတစ်ယောင်အတွက် သံဓါတ်ဟာမရှိမဖြစ်လိုအပ်ပါတယ်။
အထူးသဖြင့်အမျိုးသ္မီးတွေမှာပိုလို့ တောင် လိုအပ်ပါသေးတယ်။
ဒီတော့ သိထားသင့်တဲ့ကျန်းမာရေးအတွက် သံဓါတ်အကြောင်းလေးကို
တင်ပေးလိုက်ပါတယ်။

(ပါဝင်မှုနှုန်း)

လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ သံဓါတ်ပါဝင်မှုနှုန်းဟာ အလေးချိန်အရဆိုရင်
၃လက်မ သံတစ်ချောင်းစာရှိပါတယ်။

(လုပ်ဆောင်ချက်)


သံဓါတ်မှာအဓိကလုပ်ဆောင်ချက် ၃မျိုးရှိပါတယ်။
၁.အောက်ဆီဂျင် ပို့ ဆောင်ရေးနှင့်သိုလှောင်ရေး
၂.စွမ်းအင်ထုတ်လွှတ်မှုကိုထောက်ပံ့ခြင်းနှင့်ဆဲလ်အသစ်ပျံ့ နှံ့ စေခြင်း
၃.ပြင်ပရောဂါကာကွယ်ခြင်းနှင့်ပင်မအာရုံကြောစနစ်ကိုကောင်းစွာ
အထောက်အကူပေးခြင်း

(သံဓါတ်အားနည်းတဲ့အချိန်နှင့်လက္ခဏာ)

သံဓါတ်အားနည်းတာကိုသွေးအားနည်းတာလို့ အလွယ်ခေါ်နိုင်ပါတယ်။
သံဓါတ်အားနည်းတဲ့အချိန်မှာအောက်ဆီဂျင်ပို့ ဆောင်ရေးကိုထိခိုက်
လာတာကြောင့်အောက်ဆီဂျင်ဓါတ်ရရှိမှုနည်းပါးလာနိုင်ပါတယ်။
သံဓါတ်အားနည်းလာတဲ့အခါမှာတော့ -
ပင်ပန်းနွမ်းနွယ်ခြင်း ၊ အားနည်းခြင်း ၊ နှလုံးခုန်မြန်ခြင်း ၊ မူးလဲခြင်း နှင့်
လျှာရောင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

(စုပ်ယူမှု)


သံဓါတ်အဓိကရရှိတဲ့နေရာကတော့ စားနေကျအစားအစာတွေမှဖြစ်ပြီး
သံဓါတ်စုပ်ယူမှုနှုန်းကိုတော့ သင့်ခန္ဓာကိုယ်ရဲ့သံဓါတ်တည်ရှိနေမှုပေါ်
မူတည်ပြီးစုပ်ယူလေ့ရှိပါတယ်။ဒီလိုမှမဟုတ်ပဲ သံဓါတ်ကိုလိုတာထက်
ပိုမိုစုပ်ယူတဲ့အဖြစ်မျိုးကို Hemochromatosis လို့ ခေါ်ပြီး
ဒါကတော့အသည်းကိုဖျတ်စီးပစ်ဖို့ ဦးတည်လာစေပြီး
လေးလံထိုင်းမှိုင်းခြင်းနှင့်မောပန်းနွမ်းနွယ်ခြင်းစတာတွေပါဖြစ်လာနိုင်ပါတယ်။

(လိုအပ်မှု)

မိမိကိုယ်ကိုသံဓါတ်လိုအပ်ပြီလို့ ထင်လာရင်ဆရာဝန်ဖြင့်တိုင်ပင်ပြီး
သံဓါတ်အားဆေးသောက်သင့်ပါတယ်။ဘာလို့ လဲဆိုတော့ အလွန်အကျွံ
သောက်မိရင် အသည်းနှင့်နှလုံးကိုကောင်းကောင်းဒုက္ခပေးနိုင်လို့ ဖြစ်ပါတယ်။

(ရရှိမှု)

များသောအားဖြင့် အသားမှရရှိပါတယ်။အခြားအစားအစာတွေကတော့
အသား၊ငါး၊မြေပဲ၊သစ်သီးနှင့်ဟင်းရွက်မှာအကောင်းဆုံးကတော့
ဟင်းနုနွယ်ရွက်ပဲဖြစ်ပါတယ်။

ကျန်းမာသောမိသားစုဘ၀ကိုပိုင်ဆိုင်နိုင်ကြပါစေ......။

ZK(ကနောင်)

Twitter Delicious Facebook Digg Stumbleupon Favorites More