Pages - Menu

13 Nov 2013

ကြက်ဂွေးတောက် ရခိုင်ချက်

ကြက်ဂွေးတောက် ရခိုင်ချက်
(Rakhine Chicken with Gwe-Tauk Soup)
ကြက်သားကို ဂွေးတောက်ရွက်နဲ့ ချက်တာဟာ ကျွန်တော်တို့
မြန်မာလူမျိုးတွေအတွက် မထူးဆန်းပါဘူး။ ဒါပေမယ့် အခုလို ကြက်သားကို
ဂွေးတောက်ရွက်သာမက ကင်ပွန်းချဉ်ရွက်၊ မျှင်ငါးပိတို့နဲ့ ရခိုင်ရိုးရာ
ပုံစံချက်စားကြည့်ရင်တော့ တစ်မူထူးတဲ့ အရသာနဲ့ စိတ်ကျေနပ်မှုရမှာပါ။

ပါဝင်ပစ္စည်းများ
.....................
• ကြက်သား - ၅၀ ကျပ်သား
• မျှင်ငါးပိ - စားပွဲဇွန်း ၂ ဇွန်း
• ဂွေးတောက်ရွက် - ၁ စည်း
• ကင်ပွန်းချဉ်ရွက် - ၁ စည်း
• ကြက်သွန်ဖြူ - ၅ တတ်
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• ဆား - အနည်းငယ်
• ကြက်သားမှုန့် - စားပွဲဇွန်း ၂ ဇွန်း
• ရေသန့် - ၂ လီတာ

ပြင်ဆင်ချက်ပြုတ်ပုံ
.............................
၁။ ရေသန့်နှင့်ကြက်သားကို မျှင်ငါးပိထည့်ပြီး
ကြက်သားနူးသည်အထိ ပြုတ်ထားပါ။

၂။ ကြက်ပြုတ်ရည်ထဲသို့ ကြက်သားမှုန့်၊ ဆားနှင့်
ငရုတ်ကောင်းမှုန့် အနည်းငယ် ထည့်ပြုတ်ထားပါ။

၃။ ကြက်သားနူးလျှင် ကင်ပွန်းချဉ်ရွက် ထည့်ချက်ပါ။

၎။ ကင်ပွန်းချဉ်ရွက်နူးလျှင် အရသာအတွက် ဆား၊
ကြက်သားမှုန့် အနည်းငယ်တို့နှင့် ညှိပါ။

၅။ အရသာ စိတ်ကြိုက်ဖြစ်လျှင် အသင့်လှီးထားသော
ဂွေးတောက်ရွက်များထည့်ပြီး အသင့်ထောင်းထားသော
ကြက်သားဖြူနှင့် ငရုတ်ကောင်းခပ်ပြီး အဆုံးသတ်ပါ။

ကိုဆန်နီ

Twitter Delicious Facebook Digg Stumbleupon Favorites More