ငရုတ်သီးမှာ
ပါဝင်တဲ့ ပူစပ်တဲ့ အရသာရှိတဲ့ capsaicin ဟာနာကျင်မှု သက်သာစေတာကြောင့်
ကြွက်သား နာကျင်တာ၊ ခွဲစိတ်အပြီး နာကျင်တာနဲ့ အဆစ်ရောင် ရောဂါတွေ သက်သာ
စေတာကို ယနေ့အထိ လူသိများနေဆဲလို့ ဆိုပါတယ်။
ငရုတ်သီးဟာ
ဦးနှောက်အတွင်း နာကျင်မှုဝေဒနာကို သယ်ဆောင် ပေးတဲ့ chemical messages
တွေကို တားဆီးနိုင်တယ်လို့ သိရပါတယ်။ နောက်ဆုံး လေ့လာမှုအရ ငရုတ်သီးဟာ
ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ ကူညီနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ငရုတ်သီးဟာ
သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ ငရုတ်သီးပါဝင်တဲ့
နေ့လယ်စာ စားသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတဲ့ ဟော်မုန်း
(Insulin) မြင့်တက်နေပြီး အစာဆာလောင်စိတ်များတဲ့ ဟော်မုန်း
(Ghrelin)ကျဆင်းနေတာကို တွေ့ရှိရပါတယ်လို့ သုတေသနပြုသူတွေက ဆိုပါတယ်။
သင့်ရဲ့
အစားအစာထဲမှာ ငရုတ်သီးအစိမ်း လိုက်ထည့်စားတာ ဒါမှမဟုတ် အသုပ်တွေထဲမှာ
ငရုတ်သီးမှုန့် ထည့်စားတာ၊ ငရုတ်သီးမှုန့်နဲ့ ဟင်းချက်ပြီး စားတာတွေ လုပ်ပါ။
Mg Mandalay
source>>http://www.facebook.com/mg.mandalay
Mg Mandalay