Pages - Menu

13 Nov 2013

Bo Bo Cha Cha


BoBoChaCha ဆိုတဲ့ အချိုပွဲကတော့ ကျွန်မတို့
မြန်မာရွှေရင်အေးနဲ့ ဆင်တယ်လို့ ပြောရမှာပါပဲ။
အဓိကကတော့ အုန်းနို့ရည်ကိုသုံးပြီး အချိုပွဲလုပ်ထားတာပါ။
ကန်စွန်းဥ၊ ပိန်းဥနှင့် ပီလောပီနံများကို အုန်းနို့အချိုရည်ထဲထည့်ပြီး၊
ထန်းလျက်ရည် ဆမ်းကာ သုံးဆောင်ကြတာများပါတယ်။
တချို့ကလည်း ပီလောပီနံမှုန့်ကို ကျိုထားတဲ့ ကော်လုံးလိုမျိုးလေးကိုလည်း
ထည့်စားလေ့ရှိကြတယ်။ ကျွန်မကတော့ အဲဒါလေးတွေမထည့်ဘဲ
အသီးအနှံသက်သက်ကိုပဲသုံးပြထားပါတယ်။

ပါဝင်ပစ္စည်းများ
.........................
• ကန်စွန်းဥ - တရုတ်ပန်းကန်လုံးတစ်လုံးမောက်မောက်
• ပီလောပီနံ - တရုတ်ပန်းကန်လုံးတစ်လုံးမောက်မောက်
• ပိန်းဥ - တရုတ်ပန်းကန်လုံးတစ်လုံးမောက်မောက်
• အုန်းနို့ - ၂၅၀ ဂရမ်
• သကြား - ၁၂၀ ဂရမ်
• ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
• ဆွမ်းမွှေးရွက် - တစ်ရွက်

ပြုလုပ်နည်း
..................
၁။ ပထမဆုံး ကန်စွန်းဥ၊ ပီလောပီနံနှင့် ပိန်းဥများကို
ခပ်ကြီးကြီးလေးစိတ်ကာ ရေ ၂ လီတာခန့်တွင်ထည့်ကာ
ဆူအောင်ပြုတ်ပေးပါ။ ဆွမ်းမွှေးရွက်ကိုလည်း ထည့်ပေးပါ။

၂။ ရေဆူပြီး ကန်စွန်းဥများနူးလျှင် အုန်းနို့ကို ထည့်မွှေပေးပါ။

၃။ သကြားနှင့် ဆားကိုလည်းထည့်ပါ။

၎။ စားခါနီးမှ ထန်းလျက်ရည်ဆမ်းကာ သုံးဆောင်ပါ။

Evy Kitchen
http://evyfoodlover.com/

Twitter Delicious Facebook Digg Stumbleupon Favorites More