လူ့ဦးနှောက်ဟာ နေ့စဉ် စားသုံးတဲ့ အစားအစာ ကယ်လိုရီရဲ့ ၂၀ ရာခိုင်နှုန်းကို ဆုပ်ယူ သုံးစွဲ ပါတယ်။
 ဒါကြောင့် နေ့စဉ် ကိုယ်စားသောက်တဲ့ အစားအစာ တိုင်းဟာ မိမိ မှတ်ဥာဏ်နဲ့ ဦးနှောက် ကျန်းမာ ဖွံ့ဖြိုးမှု
 အတွက် အလွန် အရေးကြီး ပါတယ်။ ဦးနှောက် ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှု အတွက် 
အရေးကြီးတဲ့ အစားအစာ အချို့ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
 
 ၁။ Grain
 
 ဆန်၊ ဂျုံနဲ့ ဆက်စပ် အစားအစာ များက အကောင်းဆုံး ပါပဲ။ တကူးတက 
ရှာစားစရာတောင် မလိုပါဘူး။ နေ့စဉ် စားသုံးမှုမှာ ပါဝင်နေပြီး သွေးထဲမှာ 
ဂလူးကိုစ့်ဓာတ် တိုးစေပါတယ်။ ယင်း ဂလူးကိုစ့် များက ဦးနှောက် များထိ လည်ပတ်
 စီးဆင်းပြီး ဦးနှောက်ကို ကျန်းမာစေပါတယ်။
 
 ၂။ ငါး
 
 
ငါးထဲမှာကိုမှ အဆီများတဲ့ငါးမျိုးက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ငါးဆီဟာ EPA, 
DHA လို့ခေါ်တဲ့ ဓာတ်မျိုး ပါဝင်ပြီး ဆေးတောင် တကူးတက သောက် စရာ မလိုပါဘူး။ 
သူက အယ်လ်ဇိုင်းမား၊ ဦးနှောက် တစ်ခြမ်းသေနဲ့ ဆက်စပ် ရောဂါများကို 
ကာကွယ်ပြီး မှတ်ဥာဏ် လည်း တိုးစေ ပါတယ်။
 
 ၃။ စပျစ်သီး
 
 
စပျစ်သီးကို ပုံမှန်စားသုံးဖို့ တိုက်တွန်း ထားပါတယ်။ သူက အတိုမှတ်ရမယ့် 
မှတ်ဥာဏ်များကို မှတ်သား ပေးမှုမှာ အားကောင်း စေပြီး အခြားသော လုပ်ဆောင်ချက်
 များလည်း ရှိနေ ပါသေးတယ်။
 
 ၄။ ခရမ်းချဉ်သီး
 
 
ခရမ်းချဉ်သီးက Lycopeneဟာ သဘာဝအလျောက် Antioxidant ဖြစ်ပြီး ဦးနှောက် 
ဖွံ့ဖြိုးမှု အတွက် အထောက်အကူ ဖြစ်ပါတယ်။ တစ်ခုခုရယ် ကြောင့်မို့ 
ဦးနှောက်ကို ထိခိုက်ရင်တောင် သူက ဆဲလ်တွေ ပြန်ရှင်အောင် လုပ်ပေးနိုင်စွမ်း 
ရှိပါတယ်။
 
 ၅။ ဗီတာမင်ဘီ
 
 ဗီတာမင်ဘီ ဓာတ်ကြွယ်တဲ့ အစားအစာ 
အားလုံးက ဦးနှောက် ကျန်းမာရေး အတွက် အကျိုးပြု ပါတယ်။ ဘီအပြင် ဗီတာမင် 
ဘီ-၆၊ ဘီ ၁၂၊ ဖိုးလစ် အက်ဆီ တို့လို ဆက်စပ် ဗီတာမင် များလည်း ထိုနည်းတူ 
ဖြစ်ပြီး ဦးနှောက်နဲ့ ဆက်စပ် ရောဂါကို ကုသတဲ့ အခါ လူနာကို B6,B12 
ဓာတ်ကြွယ်ဝတဲ့ အစားအစာ များကို မှီဝဲ ခိုင်းပါတယ်။ ဥပမာ-ပဲ၊ ပြောင်း၊ 
ငှက်ပျော တို့လို အစားအစာများ ဖြစ်ပါတယ်။
 
 ၆။ ဗီတာမင် စီ
 
 ဗီတာမင်စီ ဓာတ်အများစုက သစ်သီးများက ရရှိပါတယ်။ ယင်းဓာတ်က ဦးနှောက်ရဲ့ တုန့်ပြန် မှုအား ကောင်းစေ ပြီး လန်းဆန်း စေပါတယ်။
 
 ၇။ ရွှေဖယုံသီး
 
 ရွှေဖယုံသီးလို့ အစားအစာဟာ သံဓာတ် ပြည့်ဝပြီး မှတ်ဥာဏ် ကောင်းလို့ တွေးခေါ်မှု စွမ်းရည် မြင့်တင် ပေးပါတယ်။
 
 ၈။ ပန်းဂေါ်ဖီစိမ်း
 
 ပန်းဂေါ်ဖီစိမ်းက ဗီတာမင်ကေ ဓာတ်ပြည့်ဝပြီး ဦးနှောက်စွမ်းရည် 
မြင့်တင်ပေးလို့ စာပေ သင်ယူ လေ့လာမှု၊ ကျက်မှတ်မှု၊ မှတ်သားမှု ဥာဏ်ကောင်း 
စေပါတယ်။
 
 ၉။ ကလျာဏီပင်
 
 Sage လို့ခေါ်တဲ့ ကလျာဏီ ပင်မျိုး 
တစ်ခုရှိပါတယ်။ သူက အသားဟင်း ချက်ရာမှာလည်း ထည့်သုံးနိုင်တဲ့ အရွက်တစ်မျိုး
 ဖြစ်ပြီး မှတ်ဥာဏ်အား တိုးစေတယ်လို့ ဆိုပါတယ်။
 
 ၁၀။ ဝက်သစ်ချသီး
 
 ဝက်သစ်ချသီး တစ်မျိုးတည်း မဟုတ်ပါဘူး။ ဟေဇယ်သီး၊ သစ်အယ်သီး တို့လို အစေ့ 
အစားအစာ များကို အသက်ကြီးသူမျး စားသုံးဖို့ အမေရိကန် ဆေးပညာရှင် များက 
တိုက်တွန်း ထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ယင်းအစေ့ များဟာ ဗီတာမင်အီး 
ဓာတ်ကြွယ်ဝပြီး အသက်ကြီးတဲ့ ဦးနှောက် လုပ်ဆောင်ချက် နှေးကွေး သွားမှုကို 
ပြန်လည် မြင့်တင် ပေးပါတယ်။
 
 Ref: medic-facts
4 Feb 2014
ဦးနှောက် ကျန်းမာ ဖွံ့ဖြိုးမှု အတွက် အစားအသောက်များ
Tuesday, February 04, 2014
  Taunzalat
  




