Pages - Menu

8 Dec 2012

ဆီးသီးလက်ပံပွင့်ဟင်းရည်

 ဆီးသီးခြောက်နဲ့ အညာက မိတ်ဆွေတစ်ယောက် ပေးလိုက်တဲ့ လက်ပံပွင့်ခြောက်လေး ချက်ပါမယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့
  ဆီးသီးခြောက် လက်တစ်ဆုပ်၊ လက်ပံပွင့်ခြောက် (၁၀) ပွင့်၊ ကြက်သွန်ဖြူ၊ ငပိစိမ်းစား လက်တစ်ဆစ်၊ ပုစွန်ခြောက် အနည်းငယ်၊ ဆား၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်တို့ပါနော်။

ဆီးသီးခြောက်နဲ့ လက်ပံပွင့်ခြောက်တို့ကို ရေစိမ်ပေးထားပါ။

 ပြီးရင် အိုးတစ်လုံးထဲမှာ ပုစွန်ခြောက်၊ ငပိ စိမ်းစား၊ ဆား၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး မီးဖိုပေါ် တည်ပေးပါ။

ပွက်ပွက်ဆူလာပြီ ဆိုရင်တော့ ကြက်သွန်ဖြူလေး ဓားပြားရိုက်ပြီးထည့်ပေးပြီး ဆက်တည်ပေးပါနော်။

 ပြီးရင် ရေစိမ်ထားလို့ ဆီးသီး ခြောက်လေးတွေကို အသာလေးလက်နဲ့ အသားဖတ်လေးတွေ ဖဲ့ပေးပါနော်။

 ပြီးတော့မှ ဆီးသီးခြောက်နဲ့ လက်ပံပွင့်ခြောက်တို့ ထည့်ပြီး တည်ပေးပါနော်။

တည်ပေး ရင်းနဲ့ ဆီးသီးထဲကနေ ချိုချဉ်အရသာလေး ထွက်လာ သလို လက်ပံပွင့်လေးကနေလည်း ခပ်ချွဲချွဲလေး ဖြစ်လာပါမယ်နော်။

 ပြီးရင်တော့ အရသာ အပေါ့အငန်မြည်းပြီးတော့ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ ဟင်းအိုးချလို့ရပါပြီနော်။

ချိုချဉ်အရသာ လေးနဲ့ ခံတွင်းရှင်းစေတဲ့ ဆီးသီး လက်ပံပွင့်ဟင်းရည်သောက်လေး ရပါပြီနော်။






Twitter Delicious Facebook Digg Stumbleupon Favorites More