Pages - Menu

6 Jun 2013

ပုစွန်ကျားနဲ့ခရမ်းသီးအလုံးနှပ်


ခရမ်းသီးအလုံးကြီးကို အခုလိုချက်တာ
အမြင်လည်းလှသလို အရသာလည်း တစ်မျိုးလေးဖြစ်စေပါတယ်။
မစည်ရဲ့ ကိုယ်ပိုင် ပြန်လည်တီထွင် ထားခြင်းပါ။
ဧည့်သည်များများကို ဧည့်ခံမယ်ဆိုရင်
ဟင်းပွဲပြင်လို့အကောင်းဆုံးဟင်းပွဲလေးပါ။
ပုစွန်ဆိုတော့လူတိုင်းစားကြတော့
သိပ်ကိုအဆင်ပြေသလို အရသာလည်းရှိတာပေါ့။
စွဲသွားမယ် ချက်စားကြည့်နော်… ။

ပါဝင်ပစ္စည်း
..................
၁။ ခရမ်းသီး -၁ လုံး ( ခရမ်းသီးလုံးဘေးပတ်လည်ကို
ဓားဖြင့် အလယ်ထိ ဒေါင်လိုက် မွှန်းပါ။ အလုံးမပျက်ပါစေနှင့်)
၂။ ရှမ်းနံနံ - ၁ ပင် (ဟင်းပွဲအလှဆင်ရန်)
၃။ ရှလကာရည်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
( ရေနဲ့ရောပြီးမွှန်းထားသော ခရမ်းသီးကိုနယ်နှပ်ပါ)
၎။ ပုစွန်ကျားကောင်ကြီး -၁၀ ကောင်
(ခေါင်း၊ အမြီးနှင့်အခွံကလွဲလို့ကိုယ်ခွံခွာ ပေးပါ၊ ကျောကိုဓားရာပေးပါ)
၅။ ဟင်းခတ်အမွှေးမှုန့် - နည်းနည်း (ပုစွန်ကိုနယ်ရန်)

ဟင်းအနှစ် (Spice Paste)
.....................................
၁။ နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
၂။ ချင်း - လက်တစ်ဆစ် (ထောင်းထားပါ)
၃။ ကြက်သွန်ဖြူ - ၅ြ မွှာ(ထောင်းထားပါ)
၎။ ကြက်သွန်နီ - အကြီး ၃ လုံး (ထောင်းထားပါ)
၅။ ရှမ်းနံနံ - ၂ ပင် (အရွက်တွေခြွေထားပါ။ ဟင်းအနှစ်ထဲထည့်ရန်)
၆။ ငရုတ်ကောင်းအဖြူ - နည်းနည်း
၇။ ဟင်းရွက်ဆီ - စားပွဲဇွန်း၃ ဇွန်း
၈။ ဆား - အနည်းငယ်
၉။ ငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၀။ ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၁။ ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ချက်ပြုတ်နည်း
......................
၁။ ပုစွန်ကို ဆား ၊ နနွင်း ၊ ဟင်းခတ်မှုန့်များနှင့် နယ်နပ်ထားပါ။
မွှန်းထားပြီး ရှလာကာရည် နယ်ထားသော ခရမ်းသီးကို
ဆားရေထဲထည့်ပြုတ်ပါ။ သိပ်အကျက်ကြီးမဟုတ်ပါ။
(အချိန်ရလျှင်တော့ ရေနွေးငွေ့နှင့်ပေါင်းလျှင်ပိုကောင်းပါတယ်။ အရသာပိုရှိတာပေါ့ ။ မစည်ကတော့ထည့်ပြီး ပေါင်းတယ်)

၂။ ဆီ၊ ဆားနှင့် ငံပြာရည်ကလွဲလို့
ဟင်းအနှစ်ပြုလုပ်ရန်ပါဝင်ပစ္စည်းများကို ကြိတ်စက်ထဲထည့်ကြိတ်ပါ။
(သို့) ညက်တဲ့အထိ ထောင်းပါ။

၃။ ရလာသောအနှစ်ကို ဆီသတ်ပါ။ အရောင်ပြောင်းရင်
ငံပြာရည်၊ ဆားထည့်ပြီးတာနဲ့ နယ်နပ်ထားသော
ပုစွန်ကိုထည့်မွှေပါ။ ရေအနည်းငယ်ထည့်ပါ။
ပုစွန်ကွေးရင် ဆယ်ပြီးဖယ်ထားပါ။
ကျန်အနှစ်ကို ပေါင်းထားသော ခရမ်းသီးအကွဲတွေထဲသိပ်ပြီး
ရေအနည်းငယ်ထည့်၍ အိုးအဖုံးဖုံးပြီး
မီးမျှင်းမျှင်းလေးနဲ့နပ်ထားပါ။

၅။ ခရမ်းသီးနူးလာလျှင် ပုစွန်ပြန်ရောပါ။ အရသာအားလုံးကိုယ်စိတ်တိုင်းကျဖြစ်ပြီဆိုရင်
ဟင်း ပွဲပြင်မယ့်ပန်းကန်ထဲထည့်ပြီး
ရှမ်းနံနံလေးတွေအပေါ်ကနေ ဖြူးပြီး
အလှဆင်တော့ပိုပြီး စားချင်စရာပေါ့နော်။

Syi Foodsgarden

Twitter Delicious Facebook Digg Stumbleupon Favorites More