Pages - Menu

30 Aug 2013

ကြက်သားပြောင်းဖူးချက်

ကြက်သားပြောင်းဖူးချက် (၃ ယောက်စာ)
.....................................................

ပါဝင်ပစ္စည်းများ
........................
• ကြက်သား - ၂၀ သား
(ရေဆေးအနေတော် တုံးထားပါ)
• ပြောင်းဖူး - ၂ ဖူး
(အစေ့ခြွေထားပါ)
• ကြက်သွန်နီ - ၁ ဥ
• ကြက်သွန်ဖြူ - ၂ တက်
(နှစ်မျိုးရောထောင်းထားပါ)
• ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
• သကြား - လက်ဖက်ရည်ဇွန်း တစ်ဝက်
• ဆီ - စားပွဲဇွန်း ၂ ဇွန်း
• နနွင်းမှုန့် - အနည်းငယ်
• အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
• နံနံပင် (အလှခတ်ရန်) - ၁ ပင်
• ငရုတ်နီ (အလှခတ်ရန်) - ၂ တောင့်
• ရေ - 300 ml

ချက်ပြုတ်ပုံ
................
၁။ တုံးထားသော ကြက်သားများကို ဆား၊ သကြား ၊ အရောင်တင်မှုန့်၊
နနွင်းမှုန့်တို့နှင့် ရောနယ်ပြီး နှပ်ထားပါ။
၂။ ထောင်းထာသော ကြက်သွန်ဖြူ၊ နီတို့ကို ဆီအိုးတွင် မီးအသင့်အတင့်ဖြင့်
ဆီသတ်ပါ။
၃။ ကြက်သွန်နွမ်းလာလျှင် နှပ်ထားသော ကြက်သားများထည့်ပြီး
အသားများ အရောင်တက်လာသည်အထိ ဆီသတ်ပေးပါ။
၎။ ပြောင်းဖူးစေ့များ ရောထည့်ပြီးမွှေပေးပါ။ ပြောင်းဖူးစေ့များတင်းပြီး ဖောင်း
လာလိမ့်မည်။
၅။ ရေတစ်ဝက်ထည့်၊ အဖုံးအုပ် မီးအနည်းငယ်လျော့ပြီး နှပ်ထားပါ။
၆။ ၅ မိနစ်ခန့်နှပ်ပြီး ကြက်သားနူး၊ မနူး စမ်းမြည်းကြည့်ပါ။
နောက် မိမိကြိုက်နှစ်သက်သလို ရေအနည်း အများချိန်ဆရန်
လိုသလိုထပ်ထည့်ပြီး ၅ မိနစ်ခန့် ပြန်နှပ်ပေးပြီး
ကြက်သားများနူးလာလျှင် နံနံပင် အဖျားပိုင်း၊ ငရုတ်နီတောင့်တို့ဖြင့်
အလှဆင်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

ငံပြာရည်အနံ့သည် ပြောင်းဖူးနှင့်မလိုက်ဖက်ဟု ယူဆသောကြောင့်
ဒီချက်နည်းမှာ ဆားကိုသာသုံးပါသည်။

.............
သစ်ထူး

Twitter Delicious Facebook Digg Stumbleupon Favorites More