Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

31 Oct 2013

အသက်ကြီးမှ အိမ်ထောင်ကျလို့ သားသမီး မရနိုင် တော့ဘူးလား

အမျိုးသမီးတွေ ၄၀ နှစ်ဝန်းကျင် ရောက် လာတဲ့ အချိန်ကို သွေးမဆုံးခင် အစောပိုင်း အချိန်တွေလို့ ဆိုလိုပါတယ်။

ဒီအချိန်မှာ အမျိုးသမီး တစ်ယောက်ရဲ့ သားဥတွေ ကလည်း အသက်ကြီးလာပြီး သားဥကြွေရာမှာ ကူညီပေးနေတဲ့ အီစထရိုဂျင်ဟော်မုန်း ပမာဏကလည်း စတင်ပြီး နည်းစပြုလာပါပြီ။

ဓမ္မတာ သွေးဆင်းတဲ့ ဖြစ်စဉ်ကလည်း အရင်လို ပုံမှန် မဟုတ်တော့ဘဲ ရက်စောတာ၊ နောက်ကျတာ၊ ရာသီသွေးနည်းတာ၊ များတာတွေ ကြုံတွေ့လာရ ပါတယ်။

ဒါ့အပြင် တစ်ကိုယ်လုံးပူတာ၊ အေးတာတွေလည်း ခံစားရနိုင်ပါတယ်။ ဒီလိုလက္ခဏာရပ်တွေ ဖြစ်ပေါ်နေတာကြောင့် သင်ကကိုယ်ဝန် မဆောင်နိုင်တော့ဘူး၊ ကလေးမရနိုင်တော့ဘူး လို့တော့ မယူဆလိုက်ပါနဲ့။ သင်ကလေး ရနိုင် ပါသေးတယ်လို့ Dr.Greene က ပြောပါတယ်။ သွေးမဆုံးမီ အစောဆုံး လက္ခဏာတွေ ပြနေချိန်မှာ သင့်အနေနဲ့ သားသမီးလိုချင်သေးရင် သင့်မှာ ကြိုးစားဖို့ အခွင့်အရေးတွေ ရှိနေပါသေးတယ်။ သင့်အနေနဲ့ ကြိုးစားကြည့်လို့မှ မအောင်မြင်ခဲ့ရင်တော့ သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပြီး တိတိကျကျ လိုက်နာဖို့ လိုပါတယ်။ သင်ရဲ့ ဓမ္မတာလာတဲ့ ဖြစ်စဉ်တွေကို ဆရာဝန်က မေးမြန်းတဲ့အခါ တိတိကျကျ ပြောပြပါ။

သားဥဖြစ်ပေါ်အောင် အားပေးတဲ့ FSH ဟော်မုန်းပမာဏကို စစ်ဆေးပါမယ်။ အီစထရိုဂျင် ဟော်မုန်းနဲ့ ပရိုဂျက် စထရုန်းဟော်မုန်း ပမာဏတွေကို စစ်ဆေးပါမယ် (ဓမ္မတာလာပြီး နှစ်ရက်မြောက်(သို့) သုံးရက်မြောက်နေ့မှာ စစ်ရင် ပိုမိုတိကျတဲ့အဖြေကို ရနိုင်ပါတယ်။) ဆီးချိုသွေးချိုရောဂါ၊ သိုင်းရွိုက်ဟော်မုန်း လျော့နည်းတဲ့ ရောဂါတွေ ရှိ၊ မရှိ စစ်ဆေးပါမယ်။ သင်ရဲ့ သားဥကြွေရာနဲ့ သားမွေးလမ်း တစ်လျှောက် အလုံး၊ အကျိတ်၊ အဖုတွေရှိ၊ မရှိ စစ်ဆေးပါမယ်။ သင့်မှာ ကလေးမရနိုင်အောင် ပြောပလောက်တဲ့ အချက်ရှာမတွေ့ခဲ့ရင်တော့ သင့်အမျိုးသားရဲ့ သုက်ပိုးအရေအတွက်ကို စစ်ပါမယ်။ သင်လည်း သွေးဆုံးချိန် မရောက်သေးဘူး။ သင့်အမျိုးသားရဲ့ သုက်ကောင် အရေအတွက်ကလည်း ပုံမှန် ဖြစ်နေရင် တော့ ဆရာဝန်က သင့်ကို ကုသမှုတွေ စတင်ပါလိမ့်မယ်။ စစ်ဆေးမှုတွေရဲ့ အဖြေပေါ် မူတည်ပြီး တစ်ဦးနဲ့တစ်ဦး ကုသမှုခံယူရတဲ့ အပိုင်းတွေ မတူညီနိုင်ပါ။


မြ၀တီ

ကိုယ်ဝန်ရစေခြင်း၏ အဓိက သော့ချက်

သန္ဓေတည်ရန် အကောင်းဆုံး အခါတော်ပေး (သို့မဟုတ်)
American Pregnancy Association (APA) ၏ Ovulation Calculator
(ကိုယ်ဝန်ရစေခြင်း၏ အဓိက သော့ချက်)



သုတ်ပိုးသည် မမျိုးပွားအဖွဲ့အစည်းအတွင်း တွင် ၅ ရက်အထိသာ အသက်ရှင်နိုင်သည်။ အကယ်၍ သန္ဓေမအောင်ဖြစ်ပါက မမျိုးဥ
သည်လည်း မျိုးဥကြွေပြီးနာရီအနည်းငယ်မှ အလွန်ဆုံး
တစ်ရက်ခန့်သာ အသက်ရှင်နိုင်သည်။

ထို့ကြောင့် မမျိုးဥမကြွေမီ ၅ ရက် မှစ၍ တစ်နေ့တစ်ကြိမ် လိင်ဆက်ဆံခြင်းသည်သာလျှင် သန္ဓေတည်ရန် အကောင်းဆုံးသော အချိန်ဖြစ်သည်။

မူရင်းသုတေသနပညာရှင်က ဆက်ဆံရမည့် (၆)ရက် မတိုင်မှီတွင်
(၅)ရက်ခန့် သုတ်ရည်စွန့်ထုတ်ခြင်းမပြုရန် အကြံပြုထားသည်။

မမျိုးဥကြွေချိန်အား ခန့်မှန်းခြင်း

ပုံမှန်အားဖြင့် မျိုးဥကြွေချိန်ကို ခန့်မှန်းရန် ခက်ခဲတတ်သည်။
သို့သော် American Pregnancy Association (APA)
က ကိုယ်ဝန်ရရှိစေနိုင်မည့် အကောင်းဆုံးသော ခန့်မှန်း ရက်သတ္တပတ်ကို တွက်ချက်ပြထားသည်။ ၄င်းတွက်ပြထားသော ရက်သတ္တပတ်အတွင်း ဆက်ဆံပါက ကိုယ်ဝန်ရရှိစေနိုင်ရန် များစွာ
အထောက်အကူပြုမည် ဖြစ်သည်။

လိင်ဆက်ဆံရမည့်ရက်အားတွက်ချက်ရန်အတွက်
(၁) အောက်ပါလင့်အား ၀င်ရောက်ရန်
http://americanpregnancy.org/gettingpregnant/ovulationcalendar.html?menstrual=04%2F04%2F2013&cycle=30ovul_calc

(၂) အသုံးပြုပုံ
Ovulation Calculator အောက်တွင် ဖြည့်စွက်ရမည့် အကွက် နှစ်ခု ပါရှိပါသည်။

ပထမအကွက်မှာ (First Day of Last Menstrual Period) ရာသီသွေးစပေါ်သောနေ့ ဖြစ်သည်။ ထိုအကွက်အား ပွိုက်တာ ထောက်လိုက်ပါက ပြက္ခဒိန်တစ်ခုထွက်ကျလာမည်။
၎င်းပြက္ခဒိန်တွင် မိမိ၏ ရာသီသွေး စပေါ်ခဲ့သောရက်ကို ကလစ်ရပါမည်။

ဒုတိယအကွက်မှာ (Average Length Of the cycle) ရာသီသွေးဆင်းစက်ဝန်းတစ်ခု၏ ပုံမှန်ကြာမြင့်ချိန် ဖြစ်သည်။

ရာသီသွေးစပေါ်သည့် ပထမရက်မှ နောက်တစ်ကြိမ် ရာသီသွေးပြန်ပေါ်သည့် ပထမရက်အထိ ကြာသည့်ရက်ပေါင်း) အား ဖြည့်စွက်ရန်

(၃) နှစ်ကွက်စလုံးဖြည့်ပြီးပါ က သူ့အောက်တွင်ရှိသော Calculate (တွက်ချက်ပါ) အစိမ်း ကွက်ကို နှိပ်ရမည်။

ထိုအခါ ပြက္ခဒိန် တစ်ခု ပြန်ချပေးမည်ဖြစ်သည်။

၎င်းပြက္ခဒိန်တွင်

ကြတ်ချေခတ် အနီရောင်အမှတ်အသားမှာ
မိမိ၏ ရာသီသွေးဆင်းသော ပထမရက် ကို ပြထားခြင်းဖြစ်သည်။

အစိမ်းရောင် အလုံး '' O '' များ ပြထားသည့် အကွက်များမှာ
လိင်ဆက်ဆံရမည့် ရက်သတ္တပတ်ဖြစ်သည်။ ၄င်း ရက်သတ္တပတ်များမှာ မမျိုးဥကြွေမည့် ရက်ကို ခန့်မှန်းပေးထားခြင်းဖြစ်သည်။

ဒေါက်တာခင်နိုင်ဦး

မှတ်ချက်။ ။ Ovulation Calculator အား အသုံးပြုလိုသူများ (သို့မဟုတ်) စိတ်ဝင်စားမှုရှိ၍ တွက်ချက်လိုသူများ အသုံးပြုရန် အခက်အခဲရှိပါက
(၁) ရာသီသွေး စပေါ်ခဲ့သောရက် လ ခုနှစ်
(၂) ရာသီသွေးဆင်းစက်ဝန်းတစ်ခု၏ ပုံမှန်ကြာမြင့်ချိန်
(ရာသီသွေးစပေါ်သည့် ပထမရက်မှ နောက်တစ်ကြိမ် ရာသီသွေးပြန်ပေါ်သည့် ပထမရက်အထိ ကြာသည့်ရက်ပေါင်း) အား Comment တွင် ရေးချပေးသွားပါ။
မျိုးဥကြွေမည့်ခန့်မှန်းရက်အား ပြန်လည်တွက်ချက်ပေးသွားပါမည်။


https://www.facebook.com/photo.php?fbid=559652390721913&set=a.554962924524193.1073741828.554509527902866&type=1&relevant_count=1

လိင်ဆက်ဆံ(စက်ယှက်)နေချိန်သေဆုံးကြ

နှစ်စဉ် လူ(၅)သောင်းခန့်လိင်ဆက်ဆံ(စက်ယှက်)နေချိန်သေဆုံးကြ

U.S. Society of Cardiology ၏ စာရင်းများအရ နှစ်စဉ် လူ(၅)သောင်းခန့် အမျိုးသမီးများဖြင့် လိင်ဆက်ဆံ(စက်ယှက်)ချိန်တွင် သေဆုံးခဲ့ကြကြောင်း
လေ့လာ ချက်များအရ တွေ့ရှိရကြောင်း သိရသည်။

မိမိ၏တရားဝင်ဇနီးမယား ဖြင့် သာယာမူပြု (စက်ယှက်)နေချိန်သေဆုံး
မူမှာ ၉၀% ရှိ၊ အခြားသော အမျိုးသမီး( ပြည်တန်ဆာ) နှင့်လိင်ဆက်ဆံချိန်
သေဆုံးမှူမှာ ၇၅ % ရှိကြောင်း သုသေတနပြု အထူးလေ့လာခဲ့သူများမှ
ထောက်ပြပြောဆိုခဲ့သည်။

အများဆုံး သေဆုံးမူ၏ ဆက်စပ်မူတွေကို လေ့လာ ကြည့်ချက်များအရ
ပင်ကိုကျန်းမာရေးအားနည်းသူ၊ သွေးတိုးရှိခြင်း ၊ အ၀လွန်ခြင်း ၊ ဆီးချို
ဓါတ်များခြင်း စသည်တို့ကို တွေရသည်။

ထို့ကြောင့် အာရုံကြောများကို ပိုမိ လှူပ်ရှားစေသော ပြုမူဆောင်ရွက်ချက်
များ၊ခံစားမူ ရသအဆုံးရောက်ချိန်ကို ဆိုးကျိုးဖြစ်စေနိုင်သော အရက်သေစာ သုံးဆောင်မူများကို အဆိုပါ ရက်များအတောတွင် ရှောင်ရှားသင့်ကြောင်း အကြံပေးထားပါတယ်။

စိတ်ဝင်စားဖွယ် သမိုင်းမှတ်တမ်း အချက်များအရ လိင်မူပြုစဉ်သေဆုံးခဲ့
ကြသောသူများမှာ ။ ။ Genghis Khan, the emperor Charlemagne, philosopher Avicenna and Pope Leo VII, artist Raphael and Archbishop of Paris တို့ဖြစ်သည်။

Hau Sian Siam (MM Social Sky)
ref:style.news.am

Ovulation home test မျိုးဥ ထွက်-မထွက် စမ်းနည်း

ဆရာ Rapid LH Test Strip အကြောင်း စမ်းသပ်နည်းလေး ရှင်းပြပါအုံးဆရာ။ လေးစားစွာဖြင့်။

• Ovulation test အမျိုးသမီးမှာ မျိုးဥ ထွက်-မထွက်စမ်းနည်းဖြစ်တယ်။ ကိုယ်ဝန်ရနိုင်ဘို့ အတွက် လိုအပ်တယ်။
• Luteinizing hormone (LH) ဟော်မုန်းကို ဦးနှောက်အောက်ခြမှာရှိတဲ့ (ပစ်ကျူထရီ ဂလင်း) ကနေ ထုတ်ပေးတာ ဖြစ်တယ်။
• ယောက်ျားတွေမှာ အဲဒီ ဟော်မုန်းကနေ ကျားဟော်မုန်းခေါ်တဲ့ Testosterone (တက်စတိုစတီရုန်း) ထွက်လာစေအောင် အားပေးတယ်။
• အမျိုးသမီးတွေမှာ ရာသီလလယ်ရက်မှာ ဒီဟော်မုန်းက တက်လာတယ်။ မျိုးဥထွက်လာတော့မယ်။
• Ovulation prediction test kits စမ်းသပ်ကိရိယတစုံထဲမှာ စမ်းသပ်ချောင်းလေး ၅ ခုကနေ ၇ ခုအထိပါတယ်။
• ဘယ်ရက်မှာ စမ်းရမလဲဆိုတာ အမျိုးသမီးရဲ့ ရာသီလကိုသိရမယ်။ ဥပမာ ၂၈ ရက်မှာတခါလာသူအတွက် အရင်လက ရာသီစလာတဲ့နေ့ကနေတွက်ရင် ၁၁ ရက်မြောက်နေ့ကနေစရမယ်။ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်တွေမှာ စမ်းသင့်တယ်။
• ဆီးကို စမ်းရမဲ့အကွက်လေးမှာထည့်လိုက်ရင် အရောင်ပြောင်းလာမယ်။ အဲလို အပေါင်းပြတယ်ဆိုရင် အဲဒီ အမျိုးသမီးဟာ နောက် ၂၄ ကနေ ၆ နာရီအတွင်း မျိုးဥ ထွက်ပါမယ်။ တယောက်နဲ့တယောက် မတူတာတော့ ရှိမယ်။
• ဆီးထဲမှာ (LH) ဟော်မုန်းက တက်လာတယ်ဆိုရင် အပေါင်းပြပါမယ်။ မျိုးဥအိမ်ကနေ မျိုးဥထွက်တယ်လို့ မှတ်ယူနိုင်တယ်။
• ဆီးမစမ်းခင်မှာ ရေ-အရည် အများကြီးမသောက်သင့်ပါ။ တခြားဆေးတွေလဲ မသောက်ဘဲနေဘို့လိုနိုင်တယ်။
• Estrogens, Progesterone, Testosterone ခေါ်တဲ့ ဟော်မုန်းဆေးတွေဖြစ်တယ်။ ကိုယ်ဝန်တားဆေးထဲမှာ ပါတယ်။
• Clomiphene citrate (Clomid) မျိုးဥထွက်ဘို့ပေးတဲ့ဆေးဆိုရင် LH levels ကိုပိုများစေတယ်။ စမ်းသပ်မှုမှာ သေချာစေအောင် ဒီဆေးမျိုးကို မစမ်းခင် ၃ ရက်စောပြီး မသောက်ဘဲနေသင့်တယ်။
• မျဉ်း ၂ ကြောင်းရှိမယ်။ Test line စမ်းသပ်လိုင်းက Reference line မီရမဲ့လိုင်းတက် နဲနဲမှန်တယ်။
• Positive result အပေါင်းပြတယ်ဆိုတာ LH surge ဟော်မုန်းတက်လာလို့ခေါ်တယ်။
• False positive results မှားပြီး အပေါင်းပြတာ ရှားတယ်။
• LH urine tests မျိုးဥအတွက် ဟော်မုန်းတက်လာမှု စမ်းသပ်နည်းဟာ Home fertility monitors မျိုးပွါးနိုင်စွမ်း စောင့်ကြည်ခြင်းနည်းနဲ့ မတူပါ။
• Fertility monitors ဆိုတာ Digital handheld devices လက်ကိုင် ဒစ်ဂျစ်တယ်လ်ကိရိယာဖြစ်တယ်။
• Ovulation မျိုးဥထွက်မှာကို တံတွေးထဲက Electrolyte levels ဓါတ်ဆားအနည်းအများ၊ ဆီးထဲက ဟော်မုန်း အနည်းအများနဲ့ ကိုယ်အပူချိန်တွေကို စောင့်ကြည်နည်းဖြစ်တယ်။

LH blood test သွေးစမ်းနည်းလဲရှိတယ်။ အရွယ်ရောက် အမျိုးသမီးတယောက်မှာ ပုံမှန် 5 to 25 IU/L (6 and 30 U/L) ရှိတယ်။ ယောက်ျားတွေပုံမှန် = 7 and 24 U/L ရှိရမယ်။ 2 mIU/ml ထက်နည်းနေရင် Hypogonadotropic hypogonadism ရောဂါရှိနေမယ်။

LH တွေ ပုံမှန်ထက် များနေတာဟာ ဒါတွေကနေဖြစ်စေတယ်။
• Anorchia ယောက်ျားအစိမရှိသူ၊
• Hypogonadism ရောဂါ၊
• Klinefelter syndrome ရောဂါ၊
• Menopause သွေးဆုံးပြီးချိန်၊
• Ovarian failure မျိုးဥအိမ်အလုပ်မလုပ်ခြင်း၊
• Polycystic ovary disease မျိုးဥအိမ်အကျိတ်များရောဂါ၊
• Precocious puberty အသက်ငယ်လွန်းပြီး အရွယ်ရောက်သူ၊
• Turner syndrome ရောဂါ၊

LH တွေ ပုံမှန်ထက် နည်းနေတာဟာ ဒါတွေကနေဖြစ်စေတယ်။
• Anovulatory bleeding မျိုးဥမထွက်ဘဲ ရာသီသာဆင်းသူ၊
• Infertility ကလေးမရနိုင်သူ၊
• Multiple endocrine neoplasia (MEN) (အင်ဒိုခရိုင်မ်) ရောဂါ၊
• Ovarian cysts မျိုးဥအိမ်အကျိတ်။

LH test ကို တတိယနေ့မှာစမ်းတယ်။ FSH test နဲ့ Estradiol test တွေပါတွဲလုပ်တယ်။ ကိုယ်ဝန်တားဆေး၊ ကိုယ်ဝန် ကြောင့် နည်းနေမယ်။ မျိုးဥထွက်ဆေးကြောင်း များနေမယ်။ FSH ပါနည်းနေမယ်။ LH levels နဲ့ FSH levels တွေကို အချိုးချတယ်။ အချိုး ၁ ဆိုတာ ပုံမှန်ဖြစ်တယ်။ ဆတူလောက်ရှိနေတာကိုဆိုလိုတယ်။ Polycystic ovarian disease (PCOD) မျိုးဥအိမ်မှာ အကျိတ်လေးတွေရှိနေသူဆိုရင် ပြောင်းပြန်အချိုးရှိတယ်။ LH level များနေပြီး FSH level ပုံမှန်ရှိမယ်။ ၂ ဒါမှမဟုတ် ၂ ထက်ပိုနေမယ်။

ဒီဟော်မုန်းတက်လာတာမို့ မျိုးဥထွက်သူဟာ ကိုယ်ဝန်ရချင်ရင် အဲဒီရက်တွေမှာ အကာအကွယ်နည်း တခုမှမသုံးဘဲ အတူနေရမယ်။ တလနဲ့ မရသေးရင် နေယက်လ၊ နောက်လတွေမှာ ဆက်စမ်းပါ။ လတွေကြာလို့မှ မရသေးရင် နည်းလမ်းသစ်ကို ကြံဆရပါမယ်။

• ၃ဝ% သော အမျိုးသမီးတွေက အဲဒီ လလယ်ရက် အတိအကျမှာ မျိုးဥထွက်တယ်။
• ၆ဝ% က လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။
• အားလုံးကို ခြုံလိုက်ရင် ၇၈%က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။
• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံးရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “မဆက်ဆံသူ” တွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “ဆက်ဆံသူ” တွေထဲက (ကွန်ဒွမ်) နည်း၊ သုတ်ရည် အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ ဆက်ဆံသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ ဆက်ဆံသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ ဆက်ဆံသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ ဆက်ဆံသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

အသက် (၁၆) နှစ်ကတဲက ရာသီလာလို့ တအားနာတာအတွက် ဆေးစစ်ဘို့လိုပါမယ်။ မျိုးဥအိမ်နဲ့ သားအိမ်တွေကို လက်နဲ့ စမ်းသပ်တာအပြင် (အာလ်ထွာဆောင်း) ရိုက်ဘို့ လိုနိုင်တယ်။ နာတာနဲ့ ကိုယ်ဝန်မရသေးတာဟာ အကြောင်း တခုတည်းကနေ ဖြစ်နေနိုင်တယ်။ စမ်းသပ်တာလုပ်ပြီးလို့ ရောဂါနာမည်သိရရင် ထပ်မေးနိုင်ပါတယ်။ ခင်ပွန်းကို စစ်-မစစ် မသိပါ။

အမျိုးသမီးတွေ အရွယ်ရောက်ကတည်းက သွေးဆုံးတဲ့ အရွယ်အထိ မျိုးဥကခု လတိုင်း ထွက်တယ်။ ကိုယ်ဝန်ရနိုင်-မရနိုင်ဆိုတာ ဒီမျိုးဥ ထွက်-မထွက်အပေါ် အများကြီး မူတည်တယ်။ ကိုယ်ဝန်မရအောင် တားနည်းတခုဖြစ်တဲ့ ရက်တွက်ပြီး အတူနေနည်းကလဲ ဒီရက်ကို သိမှ စိတ်ချနိုင်တယ်။ အပျိုလေးတွေ အပျိုကြီးတွေ ဖြစ်အုံးတော့ မိန်းမဆိုရင် မိန်းမပီသမှ ကောင်းတယ် မဟုတ်ပါလား။

လစဉ် မျိုးဥထွက်-မထွက် စမ်းသပ်တဲ့ ကရိယာကို Ovulation Predictor Kits လို့ခေါ်တယ်။ ထွက်ပြီး ၂၄ နာရီအထိ ခံတယ်။ လအလယ်မှာ မျိုးဥထွက်ဘို့ Luteinizing hormone (LH) ဟော်မုန်းနဲနဲ ပိုထွက် လာရတယ်။ Ovulation Tests ဆိုတာက ဒါ ဖြစ်-မဖြစ် စမ်းရတာပါ။

• ကိုယ်ဝန် ရှိ-မရှိ စမ်းတဲ့ hCG pregnancy test နဲ့ မတူပါ။ ကိုယ်ဝန်ကို စမ်းရင် မနက်ခင်းသွားတဲ့ ဆီးကို စမ်းတာ ကောင်းပေမဲ့ မျိုးဥထွက်တာ စမ်းရင်တော့ နေ့ ၂ နာရီလောက် သွားတဲ့ဆီးက အကောင်းဆုံးဖြစ်တယ်။ မနက် ၁ဝ နာရီ နောက်ပိုင်းသွားတဲ့ဆီးလဲ ရပါတယ်။
• နေ့ဆက် စမ်းရတာမို့ အချိန်တူမှာ စမ်းပါ။
• ဆီးစမ်းမဲ့အချိန် မတိုင်ခင် ၂ နာရီလောက်မှာ ရေ-အရည် လျော့သောက်ပါ။
• ကိုယ့်ရာသီခွင်ကိုသိပါ။ ရာသီသွေးစဆင်းတဲ့ ပဌမနေ့ကနေ နောက်တလအတွက် ဆင်းမဲ့နေ့ မတိုင်ခင်ရက်အထိ ဖြစ်တယ်။
• စမ်းသပ်မဲ့လ မတိုင်ခင် လအနည်းငယ်အတွင်းက ရာသီခွင်ကို မှတ်ပါ။ ဘယ်ရက်မှာ မျိုးဥ ထွက်နိုင်တယ် ဆိုတာ ခန့်မှန့်နိုင်မယ်။
• LH surge ဟော်မုန်း တက်လာချိန်နောက် ၁၂-၄၈ (ပျမ်းမျှ ၃၆) နာရီအတွင်းမှာ မျိုးဥထွက်ပါမယ်။
• ကလေးရချင်သူများဆိုရင် LH surge ဟော်မုန်း တက်တဲ့ရက်ကနေ ၃ ရက်အတွင်း အတူနေသင့်ကြတယ်။
• ကိုယ်ဝန်ကို စမ်းတဲ့အခါ မျဉ်းကြောင်းက ခပ်မှုံမှုံပေါ်နေတာကိုလဲ အပေါင်းလက္ခဏာလို့ သတ်မှတ်နိုင်ပေမဲ့ မျိုးဥ စမ်းတာမှာတော့ မှုံနေတာကို အနုတ်လက္ခဏာလို့ သတ်မှတ်တယ်။
• Basal Body Temperature (BBT) ဆိုတဲ့ အကြမ်းဖျဉ်းနည်း တခုရှိတယ်။ မနက်အိပ်ရာထ ကိုယ်ပူချိန် တိုင်းနည်းကလဲ LH surge ဟော်မုန်းများလာတာကို သိနိုင်တာ ဖြစ်တယ်။ သိပ်မတိကျဘူး။
• Clomid ဆိုတဲ့ Fertility drug ကလေးရဘို့ပေးတဲ့ဆေး Clomiphene citrate သောက်နေပြီး၊ မျိုးဥထွက်တာကို ရက်သိပ်စောပြီး စမ်းရင် False positives မမှန်တဲ့ အပေါင်းလက္ခဏာ ပြတတ်တယ်။
• ခန့်မှန်းရက်ထက် ၂ ရက်စောပြီး နေ့တိုင်း စမ်းသင့်တယ်။ ရာသီလာပြီး ၁၃ ရက်ကနေ ၂ဝ ရက်အတွင်း ဖြစ်ဘို့ များတယ်။ ၁၁ ရက်ကစစမ်းပြီး ၂ဝ ရက်နောက်ဆို မစမ်းပါနဲ့တော့။ နောက်တလကြမှ ပြန်စမ်းပါ။
• တလမှာ ၅ ရက်စမ်းသူ ၈ဝ% နဲ့ ၁ဝ ရက်ကြာစမ်းသူ ၉၅% မှန်နိုင်တယ်။
• အပေါင်းလက္ခဏာ ပြတာနဲ့ ဆက်စမ်းစရာ မလိုပါ။
• ဒီစမ်းသပ်ကရိယာဟာ ၉၉% စိတ်ချရတယ်။
• Cassettes အမျိုးအစားက Strips ထက်ကောင်းတယ်။
• အိန္ဒိယမှာ ၅ ခုပါ Cassette ကို ၁၄၅ဝ ရူးပီးပေးရတယ်။ ဆေးဘူးတခုထဲမှာ Cassette တခု၊ Pipette တခုနဲ့ အထားခံအောင် စမ်းရာမှာမလိုအပ်တဲ့ Desiccant ဆိုတာပါတယ်။
• ၃ မိနစ်နဲ့ အဖြေထွက်တယ်။

Dr. တင့်ဆွေ
၁၃-၂-၂ဝ၁၁

သဘာဝအတိုင်း ကိုယ်ဝန်ရရှိနိုင်သည့် နည်းလမ်းများ

ဝါကျွတ်ကာလ ရောက်ပြီမို့ မင်္ဂလာ ဆောင်မယ့်သူတွေ ဝမ်းသာနေကြ သလို အကြောင်းကြောင့် ကလေး မရနိုင်တဲ့သူ တွေဟာလည်း စိတ်မချမ်းမသာ ဖြစ်နေကြရမှာ အမှန်ပါပဲ။ ကလေးရရှိဖို့အတွက်လည်း ဖန်ပြွန် သန္ဓေသားနည်း အပါအဝင် နည်းမျိုးစုံနဲ့ ကြိုးစား နေတယ်လို့ သိရပါတယ်။ ဖန်ပြွန် သန္ဓေသားနည်းနဲ့ ကလေး ရရှိအောင် မပြုလုပ်ခင်မှာ သဘာဝအတိုင်း ကလေးရရှိဖို့ ကြိုးစား နိုင်အောင် နည်းလမ်း ကောင်းလေး တွေကို ဖော်ပြ ပေးလိုက်ပါတယ်။ ကလေး လိုချင်တဲ့ ဇနီးမောင်နှံ နှစ်ဦးဟာ အတူတူ နေကြပေမယ့် တစ်နှစ်အတွင်း ကလေး မရရှိနိုင်ခဲ့ရင် မျိုးမအောင်ဘူးလို့ သတ်မှတ်ပါတယ်။ အနောက်နိုင်ငံတွေမှာ ရှိတဲ့ လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းဟာ မျိုးမအောင်ဘူးလို့ သိရပါတယ်။ သဘာဝ နည်းအတိုင်း ကိုယ်ဝန် ရရှိနိုင်ဖို့ လင်မယား နှစ်ဦး စလုံးမှာ တာဝန်ရှိပြီး အောက်ပါ အချက်တွေနဲ့ ကိုက်ညီဖို့ လိုပါတယ်။

(က) ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်း
ကလေး ရရှိနိုင်ဖို့ မိမိမှာ ရှိတဲ့ ရောဂါရဲ့ အခြေအနေ တွေနဲ့ မိမိ အသုံးပြုနေတဲ့ ဆေးဝါး တွေပေါ်မှာ နားလည်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ သေသေချာချာ စစ်ဆေးမှု ပြုလုပ် ရပါမယ်။

(ခ) မမျိုးဥကြွေချိန်ကို သိရှိခြင်း

သဘာဝ နည်းလမ်းအတိုင်း ကိုယ်ဝန်ရရှိနိုင်ဖို့ အမျိုးသမီး တစ်ယောက် အနေနဲ့ ဓမ္မတာ စက်ဝန်း အကြောင်းကို နားလည်ပြီး မျိုးဥကြွေတဲ့ အချိန်ကို သိရှိဖို့ အလွန် အရေးကြီးပါတယ်။ မမျိုးဥ ကြွေတာဟာ ပုံမှန်အားဖြင့် ဓမ္မတာ စတင် ပေါ်ပေါက်တဲ့ ပထမနေ့ရက်မှ ရေတွက် မယ်ဆိုရင် ၁၄ရက် မြောက်နေ့မှာ ဖြစ်လေ့ရှိတာမို့ ဇနီးမောင်နှံ အနေနဲ့ ဓမ္မတာ စတင် ပေါ်ပေါက်တဲ့နေ့မှ ရေတွက်ရင် ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ကြားမှာ လိင် ဆက်ဆံမှု ပြုလုပ်ရင် သဘာဝအတိုင်း ကလေးရရှိဖို့ အခွင့်အလမ်း ပိုများပါတယ်။ အမျိုးသမီးတွေရဲ့ ဓမ္မတာစက် ဝန်းဟာ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားခြားနား တတ်တာမို့ မမျိုးဥကြွေချိန်ကို တိတိကျကျ တွက်ချက်နိုင်ဖို့ မမျိုးဥ ကြွေချိန်မှာ ဖြစ်ပေါ်တတ်တဲ့ အောက်ပါ လက္ခဏာ တွေကိုလည်း သိထား သင့်ပါတယ်။

၁။ ပြက္ခဒိန်မှာ မိမိဓမ္မတာ စတင်လာတဲ့ နေ့ရက်ကို မှတ်သားထားပါ။ ဒီလို ပြုလုပ်တာကြောင့် ကလေး ရရှိနိုင်ဖို့ လိင် ဆက်ဆံမှု ပြုလုပ်သင့်တဲ့ အကောင်းဆုံး ရက်ကို ရွေးချယ် နိုင်မှာပါ။
၂။ မိန်းမကိုယ်မှ ဆင်းလာတဲ့ အဖြူရည်ကို စစ်ဆေးပါ။ မမျိုးဥကြွေချိန်မှာ အဖြူရည်ဟာ ပျစ်ချွဲချွဲ မဟုတ်ဘဲ အကြည်ရောင် ဖြစ်နေပြီး ပုံမှန်ထက် အဖြူ ပိုဆင်း တတ်ပါတယ်။
၃။ မိန်းမကိုယ် အတွင်းကို စမ်းသပ် ကြည့်ပါ။ 

 မမျိုးဥကြွေချိန်မှာ သားအိမ် ခေါင်းဝဟာ ပုံမှန်ထက် ပိုပျော့ ပျောင်းပြီး ကျယ်နေတတ်ပါတယ်။
၎။ ဝမ်းဗိုက် အောက်ပိုင်းမှာ ရုတ်တရက် စူးပြီး အောင့်တတ်ပါတယ်။ ဝမ်းဗိုက်မှာ စူးပြီး နာကျင်တာ ဒါမှမဟုတ် ဘောင်းဘီမှာ သွေးအနည်းငယ် စွန်းနေတာဟာ မမျိုးဥကြွေတဲ့ လက္ခဏာပါ။
၅။ ခေါင်းကိုက်တာ၊ လေပွတာ၊ ရင်သား နာကျင်တာ တွေဟာလည်း မမျိုးဥ ကြွေတဲ့ လက္ခဏာ တွေပါ။

(ဂ) Sex အရည်အသွေး ကောင်းမွန်ခြင်း
Sex အရည်အသွေး ကောင်းမွန် တာဟာလည်း ကိုယ်ဝန်ရနိုင်တဲ့ အခွင့်အရေး ပိုများပါတယ်။ Sex နဲ့လုပ်နေစဉ်မှာ မိန်းမကိုယ်မှ ချောဆီ ဆင်းလာတာဟာလည်း ကလေးရနိုင်ဖို့ အခြေအနေ ပိုများပါတယ်။ ရောက်အောင် ကူးခပ်ဖို့ အကူအညီ ပေးနိုင်လို့ပါ။ ဒါကြောင့် စိတ်ကျေနပ်မှု ရအောင် အချိန်ပေးပြီး Sex ကိစ္စ ပြုလုပ် ရပါမယ်။ ဒါ့အပြင် ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို နားလည်ရပါမယ်။ လိင်ဆက်ဆံမှုဟာ ကမ္ဘာ မြေကြီးရဲ့ ဆွဲငင်အား ပြောင်းပြန် အနေအထား (ဥပမာ အမျိုးသမီးက အပေါ်ရောက်နေတာမျိုး) မပြုလုပ် ရပါဘူး။ အမျိုး သမီးက အိပ်လျက် အနေအထားဖြစ်ပြီး တင်ပါးအောက်မှာ ခေါင်းအုံး ခုထားတာဟာ သုက်ပိုးတွေ ခန္ဓာကိုယ်ထဲ ဝင်ရောက် နိုင်တဲ့ အကောင်းဆုံး အနေအထားပါ။

(ဃ) Sex လုပ်အပြီး ခန္ဓာကိုယ် အနေအထား မှန်ကန်အောင် နေခြင်း
သားအိမ်ထဲမှာ ရောက်နှင့်ပြီးသား သုက်ပိုးတွေ အပြင်ကို ပြန်မထွက်သွားဖို့ Sex လုပ်အပြီးမှာ ခန္ဓာကိုယ်ရဲ့ အနေအထား မှန်ကန်ဖို့ဟာလည်း အရေးကြီး ပါတယ်။ လိင်ဆက်ဆံမှု ပြုလုပ်ပြီးပြီးချင်း အိပ်ရာထဲမှာ လဲလျောင်းနေပါ။ ပြုလုပ်ပြီး မိနစ် ၃၀ အတွင်း အိမ်သာကို မသွားဖို့လည်း အရေးကြီး ပါတယ်။

(င) ကပ်ပယ်အိတ်ကို အေးအောင်ထားခြင်း
ကလေးရနိုင်ဖို့ အမျိုးသား အနေနဲ့လည်း မိမိရဲ့ သုက်ပိုး အရေအတွက်နဲ့ အရည်အသွေး ကောင်းမွန်ဖို့ လိုအပ်ပါ တယ်။အတွင်းခံ ဘောင်းဘီ ကျပ်ကျပ် ဝတ်မယ့်အစား လေဝင် လေထွက် ကောင်းမွန်နိုင်တဲ့ Boxerဘောင်းဘီ တွေကို ဝတ်ပေးတာကြောင့် သုက်ပိုးတွေ ပျက်စီးမှု မရှိနိုင်အောင် ကာကွယ်နိုင်ပါတယ်။ အဲဒီ ဘောင်းဘီ တွေဟာ ကပ်ပယ်အိတ် အတွင်း အပူချိန် လွန်ကဲမှု မဖြစ်အောင် ကာကွယ်နိုင်တဲ့ အတွက် သုက်ပိုးတွေ မပျက်စီးနိုင်လို့ပါ။ ဒါ့အပြင် သုက်ပိုး အရေအတွက် ပုံမှန်ထွက်ရှိအောင် အမျိုးသား တစ်ယောက်အနေနဲ့ သုံးရက်တစ်ကြိမ် သုက်လွှတ် သင့်ပါတယ်။

(စ) ကျန်းမာရေးနှင့် ညီညွတ်သော ဘဝ နေထိုင်မှုရှိခြင်း
အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးစလုံး အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝ နေထိုင်မှု ပုံစံရရှိတာဟာလည်း ကလေး ရရှိဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဆေးလိပ် ဖြတ်ပါ။ အရက် မသောက်ပါနဲ့။ အပြည့်အဝ အနားယူပါ။ သကြား၊ ဂျုံဖြူနဲ့ ပြုလုပ်ထားတဲ့ အစားအစာ၊ အချိုရည်၊ ကဖင်း၊ အယ်လ်ကိုဟော၊ ထပ်ပြန်ကြော် ဆီတွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာ၊ အချိုမှုန့်၊ ဆိုးဆေးနဲ့ ဆေးသကြားတွေကို ရှောင်ရပါမယ်။ ဒါ့အပြင် ပဲပိစပ်ထုတ် ကုန်တွေဟာ ဟော်မုန်းညီညွတ်မှုကို အနှောင့်အယှက်ပေးပြီး သိုင်းရွိုက် အကျိတ်ရဲ့ လုပ်ငန်း ဆောင်တာကို ချိုးနှိမ်တတ် တာကြောင့် များများ မစားသင့်ပါဘူး။ မျိုးရိုး ဗီဇပြုပြင်ထားတဲ့ အစားအစာတွေ ကိုလည်း ရှောင်သင့် ပါတယ်။ သင်စားတဲ့ အစားအစာတွေဟာ အာဟာရတန်ဖိုး မြင့်မားသင့်ပါတယ်။ ကယ်လိုရီပါဝင်မှု များပြီး အာဟာရ တန်ဖိုးနည်းတဲ့ အစားအစာတွေဟာ ကလေးရလိုသူတွေနဲ့ မသင့်တော်လှပါဘူး။ တချို့ လူတွေက ကလေးရဖို့အတွက် တိရစ္ဆာန်မှ ရရှိတဲ့ အဆီနဲ့ ကိုလက်စထရောများတဲ့ အစာတွေကို ရှောင်ခိုင်း တတ်ကြပါတယ်။ အမှန်မှာတော့ ကိုလက်စထရော အသင့်အတင့်ဟာ ခန္ဓာကိုယ်မှ အဆီတွေကို ချေဖျက်ဖို့နဲ့ လိင်ဟော်မုန်း ထုတ်လုပ်ဖို့ အပါအဝင် ခန္ဓာကိုယ်လုပ်ငန်းဆောင်တာ အများစုအတွက် လိုအပ်ပါတယ်။

(ဆ) စိတ်ဖိစီးမှုနည်းသော ဘဝကို ရရှိခြင်း
ကလေးရရှိနိုင်ဖို့ နောက်ဆုံးအချက် အနေနဲ့ စိတ်ဖိစီးမှု နည်းပါးတဲ့ ဘဝကို ရရှိဖို့ပါပဲ။ စိတ်ဖိစီးမှုနဲ့ ကိုယ်ဝန် ရရှိတာဟာ သိပ္ပံနည်းကျ ဆက်စပ်မှုမရှိပေမယ့် စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်တွင်းက စနစ်တွေ အားနည်း သွားတဲ့အတွက် ခန္ဓာကိုယ် လုပ်ငန်းတွေလည်း လျော့ကျ သွားပါတယ်။ စိတ်ဖိစီးမှုကြောင့် ဟော်မုန်း တွေကို ထိန်းချုပ်ထားတဲ့ ဦးနှောက် အစိတ်အပိုင်းကို ထိခိုက် နိုင်ပါတယ်။ အမျိုးသမီးတွေမှာ မမျိုးဥ ထွက်ရှိလာဖို့နဲ့ အမျိုးသားတွေရဲ့ တက်စတိုစတီရုန်း အဆင့်အတွက် ဟော်မုန်းတွေကို ဦးနှောက်မှ ထိန်း ချုပ်ထားပါတယ်။ စိတ်ဖိစီးမှု များလွန်းနေရင် ဓမ္မတာ စက်ဝန်း အတွင်း မမျိုးဥကြွေချိန် နောက်ကျတာ၊ ဒါမှမဟုတ် မမျိုးဥ လုံးဝ မကြွေတာတွေ ဖြစ်တတ်ပါတယ်။ Stress Induced Anovulation လို့ ခေါ်ပါတယ်။
မြ၀တီသတင်းဌာနမှကူးယူဖော်ပြသည်။

အိမ်ထောင်သည်မိန်းမများ မိမိယောင်္ကျားကို ဒါတွေကျွေးပါ

အမျိုးသား အများစုက အစာကို စနစ်တကျ ရွေးချယ်ပြီး စားလေ့ မရှိကြပါဘူး။
 ဒါ့အပြင် ကျန်းမာရေးကိုလည်း ဂရုမစိုက်ဘဲ လျစ်လျူရှုထားလေ့ ရှိကြပါတယ်။
 ဒီအချက်ဟာအမျိုးသားတွေရဲ့သက်ရှည်ကျန်းမာရေးကိုအဟန့်အတား ဖြစ်စေတဲ့အချက်တစ်ခု
 ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇနီးမယားတွေကပဲ သင့်အမျိုးသား အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။

(၁)ဂျုံမှုန့်အကြမ်း

အမျိုးသားတွေအတွက် အကောင်းဆုံးနံနက်စာမှာ ဂျုံမှုန့်အကြမ်း ပါဝင်သင့်ပါတယ်။ ဒါမှ သာ နှလုံးရော ဂါ ဖြစ်နှုန်း လျော့ကျမှု ရှိမှာပါ။ ချက်ပြီးသား ဂျုံမှုန့်အကြမ်း တစ်ခွက်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ် သုံးဂရမ် ပါဝင်တာကြောင့် ကြာကြာ ဗိုက်ပြည့်စေပြီး သွေးတွင်း သကြားဓာတ် တည်ငြိမ်ကာ သွေးတွင်းကို လက်စထရောအဆင့် လျော့ကျမှု ရှိစေပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှု တွန်းလှန်ပေးတဲ့ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့် အစွမ်းရှိတဲ့ တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

(၂)ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်စီယမ် အများအပြား ပါဝင်တဲ့အတွက် အမျိုးသားတွေရဲ့ သွေးဖိအားကို ထိန်းညှိပေးနိုင်သလို ကြွက်တက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီး မှာ ရောင် ရမ်း မှု လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အဆစ်နဲ့ ကြွက်သားတွေကို တစ်နေ့လုံး နာကျင်ကိုက်ခဲမှု ကင်းဝေးစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ငှက်ပျောသီးကို စားပေးရင်ကို လက်စ ထရော လျော့ကျစေပြီး အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မဂ္ဂနီဆီယမ် ပါဝင် တာကြောင့် လေဖြတ်တဲ့ အန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။

(၃)ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ပါဝင်ပြီး ဆီးကျိတ်ကျန်းမာရေး ကောင်းမွန်စေတဲ့အတွက် အမျိုးသားတွေ အတွက် စံပြ အစာပါ။ အစွမ်းထက် ကာရိုတီးနွိုက် ဖြစ်တာကြောင့် ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေ တဲ့အပြင် ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းကိုပါ လျော့ကျစေပါတယ်။ ခရမ်းချဉ်သီးကို မစားခင် အရင်ချက်ပါ။ အပူပေးလိုက်တဲ့အခါ လိုင်ကိုပင်းကို စုပ်ယူအား ပိုကောင်းစေလို့ပါ။

(၄)ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီး တစ်အောင်စမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ် များများ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးကို အပြာရောင် ဖြစ်စေတဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ဟာ အန်သိုဆိုင်ယာနင် ခန္ဓာကိုယ်ထဲက အစွမ်းထက် ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၅)သံလွင်ဆီ

တစ်နေ့ သံလွင်ဆီ ထမင်းစားဇွန်း နှစ်ဇွန်းစားရုံနဲ့ ကိုယ်အလေးချိန် လျော့ကျစေပြီး စိတ်ခံစားမှု ကောင်းမွန်စေကာ ရောဂါဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။ သံလွင်ဆီမှာ မပြည့်ဝဆီအပြင် ဗီတာမင်အီးနဲ့ ကာရို တီးနွိုက်တွေလို အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင် တာကြောင့် သွေး တိုး ကျစေပြီး ကင်ဆာရောဂါ ကြီးထွားနှုန်းကို ချိုးနှိမ်ပေးကာ ပန်းနာရင်ကျပ် ရောဂါနဲ့ အဆစ်ရောင် နာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သံလွင်ဆီမှာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး နာကျင်ကိုက်ခဲ မှုနဲ့ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။

(၆)သစ်ကြားသီး 

သစ်ကြားသီးမှာပါတဲ့ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်အီးတို့ဟာ ဆီးကျိတ်ကို အကာအကွယ် ပေးနိုင်ပါတယ်။ သစ်ကြားသီးကို ပုံမှန်စားသူတွေဟာ သွေးတွင်းစုစုပေါင်း ကိုလက်စထရောအဆင့် ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မကောင်းတဲ့ ကိုလက်စရော ၉ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျမှု ရှိကြောင်း အမေရိကန် အာဟာရ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

(၇)ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဗီတာမင်အေ၊ စီနဲ့ အီးတို့အပြင် မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်စတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းနိုင်တဲ့ အပြင် နှလုံးရော ဂါနဲ့ ကင်ဆာဖြစ်နှုန်းကိုလျော့ကျစေပါတယ်။

(၈)အဆီများသောငါး

အဆီများတဲ့ ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် နှလုံးရော ဂါ ဖြစ်နှုန်း ကို လျော့ ကျစေပါတယ်။ ထရစ်ပတိုဖန် အာဟာရဓာတ်လည်း ပါဝင်တဲ့အတွက် တစ်နေ့လုံး စိတ်တည်ငြိမ် လန်းဆန်းစေပြီး အိပ်ရေးဝဝအိပ်ပျော်စေပါတယ်။

(၉)ပဲမည်း 

ဆိုဒီယမ်၊ အဆီနဲ့ ကိုလက်စထရော ပါဝင်မှု နည်းပြီး အမျှင်ဓာတ်များတဲ့ ပဲမည်းကို စားတာကြောင့် တစ်နေ့လုံး စွမ်းအင် ပြည့်ဝစေပါတယ်။ ပဲက အရောင်ပိုရင့် လေလေ၊ အင်တီအောက်ဆီးဒင့် ပမာဏ ပိုများလေလေ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ အစာတွေကို စားတာကြောင့် ကင်ဆာနဲ့နှလုံးရောဂါဖြစ်နှုန်းကိုလျော့ကျစေပါတယ်။

(၁၀)လက်ဖက်စိမ်းလက်ဖက်ရည်

လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာကြောင့် ကက်တီချင်လို အင်တီအောက်ဆီးဒင့် ရရှိစေပြီး ကင်ဆာဆဲလ်တွေကို ဟန့်တားပေးနိုင်ကာ ကိုယ်ခံစွမ်း အားကောင်းစေတဲ့ အင်ဇိုင်းထုတ်လုပ်မှုကို အားပေးပါတယ်။

ကေအမ်
By Good Health

 http://myawadynews.blogspot.com/2013/09/blog-post_9565.html

အိမ်ထောင်မှုသုခ... အရေးပါသောဗီတာမင်များ

အိမ်ထောင်မှုသုခ အပြည့်အ၀ခံစားနိုင်စေရန် အရေးပါသောဗီတာမင်များ 

ဗီတာမင်ဘီတွေဟာ လိင်အင်္ဂါ အစိတ်အပိုင်းတွေကို ပုံမှန် လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ ခန္ဓာကိုယ်ထဲက ဗီတာမင်ဘီ ပမာဏဟာ ထွက်ရှိလာတဲ့ လိင်ဟော်မုန်းပမာဏနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ဗီတာမင်ဘီ ခိျု့တဲ့မှု ဖြစ်ရင် နုံးချည့် ညောင်းညာတာနဲ့ အားအင် မရှိတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီအခါ အနားယူဖို့နဲ့ အိပ်စက်ဖို့ လိုအပ်နေပါတယ်။

ဗီတာမင်ဘီအုပ်စုဟာဦးနှောက်လုပ်ငန်းဆောင်တာနဲ့ တွေးခေါ်နိုင်စွမ်းမှာ အရေးပါတဲ့ အပြင် စိတ်ဓာတ် ကျတာနဲ့ ပူပင်သောကများတာ တို့ကို လည်း လျော့ကျစေ ပါတယ်။ တချို့ ဗီတာမင်ဘီ အမျိုးအစားတွေက လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သာမက အထွေထွေ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါ တယ်။ 

ဗီတာမင် B1 - သိုင်ယာမင်း
သိုင်ယာမင်းဟာ သွေးလှည့်ပတ်မှု ကောင်းစေတဲ့အတွက်နှလုံးဆီသို့သာမကလိင်အင်္ဂါဆီကိုလည်း
 သွေးစီးဆင်း ရောက်ရှိစေ ပါတယ်။ စွမ်းအင်အဆင့် တိုးစေပြီး ဦးနှောက်လုပ်ငန်း ဆောင်တာကို ကောင်းမွန်စေပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီးတွေကို စွမ်းအင် ပိုရှိစေပါတယ်။ အင်တီအောက်ဆီးဒင့် အစွမ်းလည်း ရှိတဲ့ အတွက် ခန္ဓာကိုယ်ကို အိုမင်းမှုဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ လူတွေက ပိုမို နုပျိုကြည့်ကောင်း လေလေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိ လေလေ ဖြစ်ပြီး လိင်ဆွဲဆောင်အား ပိုကောင်း လေလေပါ။


ဗီတာမင် B1 ပါဝင်မှု မြင့်မားသည့် အစာများ -
ဆန်လုံးညို၊ မြေပဲ၊ ပဲစိမ်း၊ ပင်လယ်ရေညှိလို ပင်လယ် ဟင်းသီးဟင်းရွက်တွေ၊ ဖွဲနုနဲ့ အခွံ ချွတ်မထားတဲ့ ကောက်နှံစာ အများစုထဲမှာ သိုင်ယာမင်းဓာတ် ပါဝင်ပါတယ်။

ဗီတာမင် B2 - ရိုင်ဘိုဖလေဗင်
ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ ပရိုတင်းဓာတ်တို့ တည်ဆောက် ဖြိုခွဲရာမှာ အသုံးဝင်ပါတယ်။ ဗီတာမင် B1 ခိျု့တဲ့ရင် စားသမျှ အစာတွေကို တည်ဆောက်ဖြိုခွဲမှု မပြုလုပ်နိုင်ဘဲ အဆီအဖြစ် သိုလှောင် ထားတတ်ပါတယ်။ ဆံပင်တစ်သျှူးတွေ၊ အရေပြားနဲ့ လက်သည်း ခြေသည်းတွေမှာ အောက်ဆီဂျင် အသုံးပြုမှု အားကောင်းစေတဲ့ အတွက် ငယ်ရွယ်နုပျိုပြီး ဆွဲဆောင်အား ကောင်းမွန်စေပါတယ်။
ဗီတာမင် B2 ပါဝင်မှု မြင့်မားသည့် အစာများ - ပဲသီး၊ ဟင်းနုနယ်ရွက်နဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာထဲမှာ ရိုင်ဘိုဖလေဗင် ပါဝင်ပါတယ်။

ဗီတာမင် B3 - နိုင်ယာစင်
နိုင်ယာစင်ဟာ အသားအရေကို ကျန်းမာစေပြီး သွေးလှည့်ပတ်မှု ကောင်း မွန်စေတဲ့အတွက် အသားအရေကို ထိ တွေ့လိုက်ရုံနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ခံစား ချက်ကို ဖြစ်စေနိုင်ပါတယ်။
လိင်ဟော်မုန်း တည်ဆောက်မှုမှာ ပါဝင်တဲ့အပြင်မကောင်းတဲ့ကိုလက်စထရောတွေကို လျော့ကျစေပါတယ်။
ဗီတာမင် B3 ပါဝင်မှု မြင့်မားသည့် အစာများ - နိုင်ယာစင် ပါဝင်မှုများတဲ့ အစာတွေက မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ အာလူး၊ ဂျုံစေ့၊ စွန်ပလွံသီးနဲ့ မြေပဲတို့ ဖြစ်ကြပါတယ်။

ဗီတာမင် B5 - ပန်တိုသီးနစ်အက်စစ်
ဗီတာမင် B5 ဟာ အဒရီနယ်ဟော် မုန်းထွက်ရှိမှုကို သက်ရောက်စေပြီး စိတ် ဖိစီးမှု လျော့ကျစေတဲ့အတွက် စိတ်ခံစား မှုကို ကောင်းမွန်စေပါတယ်။ အဒရီနယ် ဂလင်းက ကောင်းကောင်း အလုပ်မလုပ် ရင် သက်လုံလျော့ကျပြီး လိင်စိတ်ဆန္ဒ လည်း လျော့နည်းတတ်ပါတယ်။ နည်းနည်းလောက်လှုပ်ရှားလိုက်ရုံနဲ့ ချွေး ထွက်ပြီး စိတ်ဖိစီးမှုကို ခံနိုင်ရည်လည်း နည်းပါတယ်။
ဗီတာမင် B5 ပါဝင်မှု မြင့်မားသည့် အစာများ - ပဲသီး၊ အစိမ်းအတိုင်း စား နိုင်တဲ့ ဟင်းသီးဟင်းရွက် အများစု၊ မှို၊ အခွံမာတဲ့ အစေ့အဆန်၊ ပျားရည်စတာ တွေထဲမှာ ဗီတာမင် B5 ပါဝင်မှုများပါ တယ်။

ဗီတာမင် B6 - ပရီဒေါက်စင်း
ရာသီအကြိုဝေဒနာ လက္ခဏာတွေ ကို လျော့ကျစေသလို ၀မ်းမှန်မှန် သွားစေတဲ့ အစွမ်းလည်း ရှိပါတယ်။ နှလုံးကြွက်သားတွေကို ဟိုမိုစစ္စ တင်းဓာတ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကူညီပေးပြီး ကိုလက်စထရော စုပုံမှု မဖြစ်စေပါဘူး။
ဗီတာမင် B6 ပါဝင်မှု မြင့်မားသည့် အစာများ - ဟင်းနုနယ်ရွက်၊ နေကြာ စေ့၊ မုန်လာဥနီ၊ ပဲ၊ သီဟိုဠ်စေ့၊ ထောပတ် သီး၊ ငှက်ပျောသီး၊ ပဲ၊ ပဲပိစပ်၊ ပန်းဂေါ်ဖီ စိမ်းနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာ တို့မှာ ဗီတာမင် B6 ပါဝင်ပါတယ်။

ဗီတာမင် B12 - ဆိုင်ယာနိုကိုဘက်လမင်း
ဗီတာမင် B12 ဟာမျိုးအောင်နိုင်စွမ်း ကောင်းမွန်အောင်ကူညီပေးပြီးပန်းသေပန်းညှိုး ဖြစ်တာကို လျော့ကျစေ ပါတယ်။ အစာချေဖျက်မှုနဲ့ အစာစုပ်ယူမှု တို့ အားကောင်းစေဖို့ ဗီတာမင် B12 လိုအပ်ပါတယ်။ ဗီတာမင် B12 ဟာ စားသမျှ အစာတွေကို စွမ်းအင် ဖြစ်အောင် အသုံးပြုပေးပါတယ်။ စွမ်းအင်ရှိလေ၊ အိမ်ထောင်မှု သုခ ပြည့်ဝလေပါ။
ဗီတာမင် B12 ပါဝင်မှု မြင့်မားသည့် အစာများ - ပင်လယ်ရေမှော်လို ပင်လယ်အောက်က ရတဲ့ ဟင်းသီးဟင်းရွက် တွေမှာ ပါဝင်မှု များပါတယ်။
By ပြည်မြန်မာ

သားသမီးရတနာ –အစားအစာနည်းလမ်းများ

ရတနာစုလိုသူများအတွက် အစားအစာနည်းလမ်းများ
============================
သားသမီးရတနာ –
မလိုချင်သည့် သူများက ဟောတစ်ယောက် ဟောတစ်ယောက် မွေးနေချိန်မှာ လိုချင်တဲ့သူတွေက မှိုင်နေရပါတယ်။ မှိုင်မနေသည့်သူတွေကလည်း နည်းလမ်း အမျိုးမျိုးနဲ့ကြိုးစားနေကြပါတယ်။ ကြိုးစားနေတဲ့သူတွေရော၊ မတတ်နိုင်လို့ လက်မှိုင်ချနေရတဲ့သူတွေအတွက်ပါ အထောက်အကူဖြစ်စေမယ့် နည်းလမ်းလေးတွေ ပေးလိုက်ပါ တယ်။ ယင်းအစားအစာတွေက raspberries လိုချမ်းသာတဲ့သူတွေ သာရနိုင်တဲ့အစာတွေမဟုတ်ဘဲ အလွှာပေါင်းစုံကသူတွေ လက်လှမ်းမီနိုင်တဲ့အစာတွေပါ။

(၁)လတ်ဆတ်တဲ့သစ်သီးများ- ဗီတာမင်စီကြွယ်ဝစွာ ပါဝင်တဲ့အတွက် လတ်ဆတ်တဲ့အသီးအများစုဟာ သုက်ပိုးတွေရဲ့စွမ်းရည်နဲ့အရည်အ
သွေးကို တိုးတက်စေပါတယ်။ တကယ်လို့ ကလေးအဖေတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေရင်တော့ ကျွန်တော်တို့က သံပရာ၊ လိမ္မော်၊ သရက်နဲ့ကန်စွန်းဥတို့ကို ညွှန်ပါရစေ ။

(၂) ကြက်သွန်ဖြူ – ကြက်သွန်ဖြူက သွေးလှည့်ပတ်မှုကို ကောင်းစေပြီး လိင်အင်္ဂါထောင်မတ်နိုင်ဖို့ကို အားပေးပါတယ်။

(၃)ငါးအမျိုးမျိုး – ငါးအများစုဟာ fatty acid ကြွယ်ဝစွာပါဝင်ပြီး လိင်အင်္ဂါတစ်ဝိုက်ကို သွေးလှည့်ပတ်မှု ကောင်းစေတဲ့အပြင် သုက်ပိုးတွေရဲ့ အရည်အသွေးကိုလည်း ကောင်းမွန်စေပါတယ်။

(၄)အာလူး -ဖုတ်ထားတဲ့အာလူးက အာဟာရမျိုးစုံအပြင် ဗီတာမင်ဘီ နဲ့အီးကြွယ်ဝတဲ့အတွက် အမျိုးသမီးတွေမှာ မမျိုးဥကြွေမှုကို အားပေးပါတယ်။


(၅)ဥအမျိုးမျိုး -ဥအမျိုးမျိုးမှာတော့ ဗီတာမင်ဘီ ၁၂ နဲ့ဖောလိတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ အတွက် ကိုယ်ဝန်ဆောင်စဉ်သန္ဓေသားကို ချို့ယွင်းချက်မရှိစေဖို့ ကူညီပေးပြီး အန်တီအောက်ဆီဒန့်နဲ့ ကယ်ရိုတီး နွိုက်တို့ပါဝင်တဲ့အတွက် အမျိုးသမီးတွေရဲ့မျိုးပွားစွမ်း
ရည်ကို မြင့်တက်စေပါတယ်။

(၆)အခွံမာသီးအမျိုးမျိုး – အခွံမာသီးတွေဖြစ်တဲ့ မြေပဲ၊ဗာဒံစတဲ့အသီးတွေဟာ ဗီတာမင်အီးကြွယ်ဝစွာပါဝင်တဲ့အတွ
က် အမျိုးသမီးတွေကို လိင်စိတ်ပိုမိုတက် ကြွစေပြီး ကိုယ်ဝန်ဆောင်စဉ်မှာ လည်း ကိုယ်ဝန်ပျက်ကျမှုကို လျော့နည်းစေပါတယ်။

အပိန်လေး

ref:IANS

Healthy Sex Life (အိမ်ထောင်ရှင်များ အတွက်သာ)

Healthy Sex Life အတွက် နည်းလမ်း ကောင်းများ (အိမ်ထောင်ရှင်များ အတွက်သာ)
============================
ကမ္ဘာမြေပေါ်တွင် နေထိုင်ကြသောလူသား များအဖြစ် ပေါက်ဖွားလာခြင်းနှင့် လိင်ဆက်ဆံရေး သည် ဆက်စပ်၍အလွန်ပင်အရေးပါလှသည်။အချ
င်းချင်း မည်သို့မျှ ဖွင့်ဟမပြောချင်သော် လည်း လိင်ဆက်ဆံမှုအကြောင်းကို လူသားတစ် ယောက်အတွက် ကောင်းစွာသိရှိရန်လိုအပ်သည်။ လိင်အကြောင်းကို ပညာပေးသော ဆောင်းပါးများ ရေးသားဖော်ပြခြင်း သည် ကောင်းသောပညာအသိ ပေးခြင်းဖြစ်ပြီး ယောက်ျားကောင်း တစ်ယောက် (သို့) မိန်းမပီသသူတစ်ဦးအတွက် လိင်ကျန်းမာရေး အကြောင်းကို အရွယ်ရောက်သူများ အထူးသိထား အပ်ပါသည်။

မရှိမဖြစ်လိုအပ်သော လိင်ဆက်ဆံမှုပါဝင် သည့် ကျန်းမာရေးဘဝတစ်ခုသည် ထူထောင်ရန် အောက်ပါအချက်များကို အလေးထားအပ်ပေသည်။ လိင်အားနည်းခြင်း၊ စိတ်ကုန်ခြင်းသည် ယောက်ျား မိန်းမ အားလုံးတွင် ဖြစ်တတ်သော ရောဂါဖြစ်သည်။ အသက်အရွယ်အလိုက် မူတည်ဖြစ်တတ်သော် လည်း အချို့မှာ ပင်ကိုယ်စိတ်ထား၊ အနေအထိုင်အ ပြုအမူ၊ သဘာဝပတ်ဝန်းကျင်၊ နေ့စဉ်အစားအစာ အပေါ်တွင် မှီခို၍ ဖြစ်တတ်ကြောင်းကို ဆေးသုတေ သီများမှ နောက်ဆုံးလေ့လာတွေ့ရှိထားသည်။
အချို့သော အစားအစာများသည် လိင်အင်္ဂါ အတွက် အကောင်းဆုံးအာဟာရဖြစ်စေနိုင်သော သဘာဝ ဟိုမုန်းစွမ်းအားများရှိကြောင်းကို တွေ့ရှိရ ပေသည်။ မည်သည့် ဟိုမုန်းဆေးများကိုမှ ဆောင် ထားရန်မလိုဘဲ နေ့စဉ်အစားအစာဖြင့် Life Style ပြောင်းလဲ၍ လိင်ကျန်းမာမှုပြုနိုင်ကြပေသည်။

(၁) ကောင်းသော အာဟာရပေါ်တွင် လိင်ကျန်းမာ မှု မှီခိုနိုင်
သန်မြန်သော အာရုံကြောစနစ်ရှိခြင်း၊ ကျန်း မာသန်စွမ်းသော ဟိုမုန်းများထုတ်လုပ်ပေးစွမ်းရှိ ခြင်းနှင့် တင်ပဆုံအနီးသို့ စနစ်တကျကောင်းမွန်စွာ သွေးများ စီးဆင်းလှည့်ပတ်နိုင်မှုရှိခြင်းတို့သည် လိင် ပိုင်းဆိုင်ရာ အင်္ဂါများအတွက် ကောင်းမွန်စွာ အ လုပ်လုပ်စေနိုင်ပေသည်။

၎င်းစနစ်များကောင်းစွာ အလုပ်လုပ်နိုင်ရန် အတွက် သွေးကြောနံရံများ ကောင်းမွန်စွာသန်စွမ်း စေနိုင်ရန်အတွက် Citrus အက်ဆစ်ပါဝင်သော သစ်သီး တစ်နည်း အားဖြင့် ဗိုက်တာမင်စီ ပါဝင် သော အသီးအရွက်များကို နေ့စဉ်စားသုံးပေးသင့် ပေသည်။

ထို့အပြင် အဆီဓာတ်လျော့သောအစားအ စာများ အမျှင်ဓာတ်များများ ပါဝင်သော ဟင်းသီး ဟင်းရွက်များသည် မျိုးပွားစေနိုင်သောအင်္ဂါစနစ် တစ်ခုလုံး ကို ကောင်း စွာဖွံ့ဖြိုးစေနိုင်ခြင်းပင်ဖြစ် သည်။

(၂) ဗိုက်တာမင် အီးနှင့် မျိုးပွားအင်္ဂါဆက်စပ်မှု
ဗိုက်တာမင်အီး ကြွယ်ဝသော အစားအစာ အားလုံးသည် အကောင်းဆုံးဟု သတ်မှတ်ခံထား ရသည်ကို အထူးသတိပြုအပ်ပါသည်။

(၃) အလုပ်ပင်ပန်းခြင်းနှင့် စိတ်ဓာတ်ကျခြင်း

ပင်ပန်းနွမ်းနယ်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ သည် လိင်ဆက်ဆံမှုအတွက် အဓိကအနှောင့်အ ယှက်ဖြစ်သည်။ ¤င်းအတွက် ကောင်းမွန်စွာ လေ့ ကျင့်ခန်းလုပ်ခြင်း၊ အပန်းဖြေအနားယူခြင်းသည် အကောင်းဆုံးဖြစ်ပြီး၊ အသားဓာတ်၊ ငါး၊ အခွံမာ သီး၊ ပဲမျိုးစုံတို့သည်လည်း အထူးအကျိုးဖြစ်ထွန်း စေနိုင်ပါသည်။

(၄) အရက်နှင့်မူးယစ်ဆေး
အလွန်အကျွံသောက်သုံးသူများ (သို့) အရက် စွဲ၊ မူးယစ်ဆေးဝါးစွဲသူများသည် အမျိုးသမီးများ အတွက် အီစတိုဂျင်ဟိုမုန်းများ၏ ပြောင်းလဲထုတ် လုပ်မှုများပါ ဖြစ်ေ ပ်ါလာပြီး သွေးကြောများ၊ အာရုံ ကြောများပုံမှန်အလုပ်မလုပ်တော့ဘဲ လိင်စိတ်ကုန် ခန်းသွားတတ်ကြသည်။ နေ့စဉ် သောက်နှုန်းကို လျှော့ချပါ။

သို့ကြောင့် Healthy Sex Life ဖြစ်လာစေ ရန်အတွက် အားဆေးကိုသာ မှီဝဲလိုသူများအတွက် နေ့စဉ်အာဟာရကသာ အဓိကဖြစ်ပါကြောင်း။

လိင်စိတ်နဲ့ ကျန်းမာရေး

(၂) သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်
 လိင်စိတ်ကြွဖို့ နှိုးဆွနေစဉ်နဲ့ လိင်ကိစ္စ အထွတ်အထိပ်ကို ရောက်နေစဉ်မှာ သင့်ရဲ့ ပျော်ရွှင်မှု ဟော်မုန်းအဆင့်တွေ မြင့်တက်...လာပါတယ်။ ပျော်ရွှင်မှု ဟော်မုန်းတွေ ဖြစ်တဲ့ Oxytocin နဲ့ DHEA တွေဟာ သားမြတ်ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

လေ့လာမှု တစ်ခု အရ တစ်လကို တစ်ကြိမ်ထက် ပိုပြီး လိင်ဆက်ဆံမှု ပြုလုပ်တဲ့ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှု ပြုလုပ်တာ နည်းတဲ့ အမျိုးသမီးတွေထက် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေနည်းတယ်လို့ သိရပါတယ်။ ဂရိမှ သုတေသန ပြုသူတွေကလည်း အသက်(၅၀) အရွယ်မှာ လိင်ကိစ္စ အထွတ်အထိပ် ရရှိမှု တစ်လကို အနည်းဆုံး ခုနစ်ကြိမ် ရရှိသူ အမျိုးသားတွေဟာလည်း အမျိုးသား သားမြတ်ကင်ဆာ (Male Breast Cancer)ဖြစ်နိုင်ခြေ သိသိသာသာနည်းတာကို တွေ့ရှိခဲ့ပါတယ်။

(၃) သင့်နှလုံး ကျန်းမာစေပါတယ်

လိင်ဆက်ဆံမှု ပြုလုပ်တာဟာ လမ်းမြန်မြန်လျှောက်သလိုမျိုး အတော်အသင့် လေ့ကျင့်ခန်း ဖြစ်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်း လုပ်သလိုမျိုးပါပဲ။ ပြင်းပြင်းထန်ထန် လုပ်နိုင်လေ ကျန်းမာရေး အတွက် အကျိုးပိုရှိလေပါ။ လိင်ကိစ္စ အထွတ်အထိပ်ရောက်ရင် သင့်နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို ၁၁၀ အထိ ရောက်နိုင်တာမို့ လမ်းမြန်မြန်လျှောက်တာ ဒါမှမဟုတ် ရွရွလေး ပြေးရင် ရရှိတဲ့ နှလုံးခုန်နှုန်းနဲ့ နှိုင်းယှဉ်နိုင်တဲ့ အကျိုးကျေးဇူးပါ။

(၄) ဆီးကျိတ်ကို ကာကွယ်ပေး နိုင်ပါတယ် 
တစ်ပတ်ကို အနည်းဆုံး လေးကြိမ် သုက်လွှတ်တဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတွေဟာ သုက်လွှတ်နည်းတဲ့ အမျိုးသားတွေထက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ နည်းပါတယ်လို့ သြစတြေးလျမှ လေ့လာမှု အရ သိရပါတယ်။ ရေပိုက်ထဲကရေဟာ စီးဆင်းနေရင် ပိုက်အတွင်း ပိတ်ဆို့မှု နည်းနေသလိုမျိုးပေါ့လို့ Alriarado ဆေးရုံမှ MD.Irwin ကပြောပါတယ်။

(၅) စိတ်ဖိစီးမှု လျော့နည်းစေပါတယ်
စိတ်ဖိစီးမှုများ နိုင်တဲ့ ရက်မတိုင်ခင် နှစ်ပတ်အလိုမှာ ဖိုမဆက်ဆံရေး လုပ်တဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ လူအများရှေ့ စကားထွက်ပြောရာမှာ ချောမွေ့နိုင်ပြီး စိတ်တွက် တွက်ချက်ရာမှာလည်း အဆင်ပြေတယ်လို့ လေ့လာမှုအရ တွေ့ခဲ့ရပါတယ်။
လူအများရှေ့မှာ စကားပြောနေစဉ် သူတို့ရဲ့ အပေါ်သွေး ဖိအားမြင့်တက်မှု နည်းပြီး ပုံမှန်အဆင့် ပြန်ရောက်တာဟာလည်း ဖိုမဆက်ဆံမှု မလုပ်သူတွေထက် ပိုမြန်တယ်လို့ ဆိုပါတယ်။ လိင်ဆက်ဆံမှု လုပ်တာကြောင့် ဦးနှောက်လုပ်ငန်းတွေ ပိုမိုအလုပ်လုပ် နိုင်တာကြောင့်ပါ။ တခြားအကြောင်းတစ်ခုက လိင်ဆက်ဆံမှုကြောင့် အရေးကြီးတဲ့ အာရုံကြောတွေကို လှုံ့ဆော်နိုင်လို့ပါ ဆိုပါတယ်။

(၆) သင်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်
တစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် လိင်ဆက်ဆံမှု ပြုလုပ်သူတွေဟာ မလုပ်တဲ့ သူတွေထက် ရောဂါပိုးကို တွန်းလှန်နိုင်တဲ့ ပဋိပစ္စည်း ၃၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ သုတေသနပြုသူတွေက တွေ့ရှိခဲ့ပါတယ်။ လိင်စိတ်ကြွဖို့ နှိုးဆွနေစဉ်နဲ့ လိင်ကိစ္စ အထွတ်အထိပ် ရောက်နေတဲ့ အမျိုးသားတွေကို သွေးဖောက်စစ်ကြည့်ရာ ရောဂါပိုးကို တိုက်ထုတ်နိုင်တဲ့ သွေးဖြူဥတွေ များနေတာကို တွေ့ရှိရပါတယ်။
ဒီအကျိုးသက်ရောက်မှုတွေဟာ လေ့ကျင့်ခန်းလုပ်တာနဲ့ သီချင်းနားထောင်တာလိုမျိုး စိတ်ဖိစီးမှုကို တွန်းလှန်နိုင်တဲ့ လုပ်ငန်းလိုမျိုးပဲ ရောဂါပိုးကို တွန်းလှန်ဖို့ ခန္ဓာကိုယ်မှ အချို့ပရိုတင်းအရည်တွေ ထုတ်လုပ်မှုကို မြင့်တက်စေနိုင်ပါတယ်။

(၇) မီးယပ်သွေးဆုံးစဉ်မှာ မိန်းမကိုယ်ခြောက်သွေ့မှုကို ကာကွယ်နိုင်ပါတယ်
လိင်ဆက်ဆံမှု တစ်နှစ်ကို ၁၀ကြိမ် ထက်ပိုပြီးလုပ်တဲ့ မီးယပ်သွေးဆုံးပြီးသူ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှု နည်းတဲ့ အမျိုးသမီးတွေထက် မိန်းမကိုယ် သိမ်သွားခြင်း နည်းတယ်လို့ New Jersey မှ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃ဝ)

ပုံပြင်နဲ့ စပါရစေ။ သူများ ယဉ်ကျေးမှုတွေမှာ ဖို-မ ဆက်ဆံတာမယ် မေတ္ကာတွေ၊ ချစ်တာတွေ အသာထား၊ Casual, One-night stand “တွေ့တဲ့ဟာနဲ့ ကြုံရာကျပန်း၊ တညတာ စခန်းသွား” နေကြလို့ Love ဆိုတာလေး ရှာတော့ ၃ ရာစုမှာ သွားတွေ့ပါတယ်။

ဖေဖေါ်ဝါရီ ၁၄ ရက်ကို သတ်မှတ်တဲ့ Valentine နေ့ သမိုင်းဟာ မယုံရင် ပုံပြင်မှတ် အစားထဲကပါ။ မူကွဲ မဟုတ်ဘဲ၊ တခုနဲ့ တခုလဲ မတူကြဘူး။ “မျက်မမြင်ကို ဆေးကုပေးတဲ့ သမားပုံပြင်” က ဆေးပညာနဲ့ နီးစပ်လို့ ဘက်လိုက်ပြီး ရွေးပါမယ်။

ဘာသာရေး ယုံကြည်ချက်နဲ့ ထောင်ကျနေရတဲ့ Valentine ဟာ ထောင်အရာရှိ တဦးရဲ့ သမီးကို ဆေးကုပေးစဉ် မေတ္ကာသက်ဝင် ချစ်ခင်လာပါသတဲ့။ ဆေးချက် ကလဲမှန်၊ ယုံကြည်မှုကလဲ ပြင်းထန်တာမို့ ချစ်စရာ ကလေးမ မျက်စိနှစ်ကွင်း အလင်းပြန်ရပြီး၊ “သင့်ရဲ့ Valentine” ဆိုတာကို ဖတ်နိုင်လာသတဲ့။ ဒါပေမဲ့ ဧကရာဇ် Claudius II ကနေ သေဒဏ်ပေးလို့ မသေခင်လေး ရေးခဲ့ရတဲ့ Valentine ရဲ့ စာတစောင်သာ ဖြစ်ပါတယ်။ “မျက်စိမမြင်လဲ အချစ်ရှိတယ်ပေါ့။”
Valentine Foods ဆိုတာက လိင်စိတ်အားပေးတဲ့ အစားအစာတွေပါ။ Aphrodisiac လို့လဲ ခေါ်တယ်။ “အချစ်နဲ့ လိင်ကို စိုးပိုင်တော်မူသော ဂရိ နတ်သမီး” Aphrodite ကနေ လာတာပါ။ သမိုင်းတလျှောက် ဒီအရေးအရာမှာ နာမည်ကြီးခဲ့တဲ့ အသောက်၊ အစား နဲ့ အမူအကျင့်တွေ အများကြီး ရှိခဲ့ပါတယ်။

ညစ်ညမ်းတယ်တော့ မထင်ပါနဲ့။ ကွက်ကနဲ ကွင်းကနဲမြင်အောင် ရေးပါရစေ။ Aphrodisiac တွေထဲမှာ ပုံပန်းကိုက လိင်အင်္ဂါနဲ့ တူတာတွေပါတယ်။ Rhinoceros ကြံချိုကနေ ထုတ်တဲ့ဆေး ရောင်းကောင်းလှတယ်။ Banana ငှက်ပျောသီး နဲ့ Ice-cream ရေခဲမုံ့ကို မော်ဒယ်လှလှ ပါးစပ်နားတေ့ပြ ကြော်ညာတော့လဲ တမျိုးဘဲ။

ကနု-ကမာ Oysters ဆိုတာ မ-အင်္ဂါနဲ့ တူလို့တဲ့။ ၁၈ ရာစု ဥရောပ နန်းတွင်းနဲ့ အထက်တန်းလွှာ အမျိုးသမီး ကြီး-ငယ် ကြားမှာ ရေပန်းစားခဲ့တဲ့ Womanizer မြာပွေသူလို့ သမိုင်းတင်ခဲ့တဲ့ Giacomo Casanova ဟာ မနက်စာ စားရင် Oysters ၅ဝ အစိမ်း စားတယ်လို့ ပြောစမှတ် ရှိတယ်။ (Mr. Bean လို သိုးတာကို သွားမစားနဲ့။) ဒီအစားက Pine nuts လိုဘဲ Zinc သွပ်ဓါတ် များတာမို့ Sperm production သုတ်ထွက်အား ကောင်းစေတယ်။ D-aspartic acid နဲ့ N-methyl-D-aspartate တွေပါလို့ Testosterone ကျား-ဟော်မုန်း များစေတယ်။

Middle Ages အလယ်ခေတ်တုံးက “အထင်တခု” ရှိခဲ့တယ်။ ယောက်ျားရဲ့ ဘယ်ဘက်က အစိကို ထုတ်ထားရင် သား ယောက်ျားလေး မွေးစေသတဲ့။ ကနေ့အထိ ယုံနေကြတာကတော့ အထီးကောင်တွေရဲ့ Testicles အစိ၊ Rocky Mountain Oysters (ရောကီး) တောင်တန်းကလာတဲ့ ကနု-ကမာ ဒီနေရာမှာ ကောင်းပါသတဲ့။ Bull testicles နွားထီး ဟာကို အများဆုံး စားသုံးကြပါတယ်။

Yohimbine ဆိုတာ အမေရိကမှာ တရားဝင် ရောင်းခွင့်ရှိတဲ့ ယောက်ျား လိင်အားတိုးဆေးပါ။Bremelanotide ကတော့ အမျိုးသား-အမျိုးသမီး သုံးနိုင်တယ်။ Chocolate ချော့ကလက်လဲ စာရင်းထဲ ထည့်တယ်။ ဒါပေမဲ့ သူ့ထဲပါတဲ့ Serotonin, Phenylethylamine တွေဟာ ဦးနှောက် ထဲက Pleasure areas တွေကို သက်ရောက်နိုင်လို့ Sex နဲ့တော့ တူတယ်၊ ဒါပေမဲ့ သူ့ကြောင့် Sex ကို အကျိုး သက်ရောက်တာ ရှာမတွေ့ဘူး။

Club drug (ကလပ်) ဆေးတွေလဲ နာမည်ရှိတယ်။ Alkyl nitrites (Poppers) ဆိုတာကို ရှူရတယ်။ ကြွက်သား အနုစားတွေ လျှော့ပေးစေလို့ သွေးပိုလျှောက်ပြီး၊ Sphincters အထိန်းတွေ ကျယ်စေကာ ဒီစိတ်ကို နိုးဆွပေးပါတယ်။ မူးယစ်အုပ်စုဝင် Cocaine (ကိုကိန်း) နဲ့ Methamphetamine (မက်သမ်ဖတမင်း) တို့လည်း ဒီလိုဘဲတဲ့။ လေ့လာသူတွေက ပြန်ပြောတယ်။ Booze and party drugs ခေါ်တဲ့ Cannabis ဆေးခြောက်၊ Cocaine နဲ့ Ecstasy (MDMA) ဆေးဝါးတွေက Testosterone ကျားဟော်မုန်း လျှော့စေလို့ ပြောင်းပြန်အကျိုး သက်ရောက်စေသတဲ့။ Alcohol, Champaign အရက်မျိုးစုံ နဲနဲဆိုရင် ဖြစ်စေနိုင်ပေမဲ့ များသွားလို့ကတော့ တယောက်ထဲ အိပ်ပျော်သွားမှာ သေခြာတယ်။

Spanish fly ဆိုတဲ့ အင်းဆက်ကို ဆေးပြား၊ ဆေးမှုံ့၊ ဆေးရည်၊ မျိုးစုံကို မပေါ့်တပေါ်ပုံ အဖုံဖုံနဲ့ ရောင်းပါတယ်။ အမှန်က Fly မဟုတ်ဘဲ Beetle ပိုးကောင် ဖြစ်ပါတယ်။ အကောင်တော့ လိုက်ရှာ မနေပါနဲ့။ ဒီအကောင်မှာ ဒီအစွမ်း မရှိဘူးလို့ ထောက်ပြတာ ရှိတယ်။

သဘာဝ လိင်အားတိုး အစာနဲ့ဆေး Natural Aphrodisiac foods and drugs လို့ နာမယ်ပေးတာတွေလဲ မနည်းပါ။ Cinnamon သစ်ကြံပိုးခေါက်၊ Coriander တရုပ်နံနံကြီး၊ Parsley တရုတ်နံနံသေး၊ Clove လေးညှင်းပွင့်၊ Garlic ကြက်သွန်ဖြူ၊ Ginger ချင်း (ဂျင်း)၊ Liquorice Root နွယ်ချိုမြစ်၊ Mace and Nutmeg ဇာတိပ္ဖိုလ် အသီး-အခွံ-အပွင့်၊ Mustard မုံညင်း၊ Pepper ငရုတ်ကောင်း၊ Saffron ကုံကုမံ၊ Orchid သစ်ခွရည်။ Saffron နနွင်းထဲမှာပါတဲ့ Crocin ကိုလည်း ကောင်းတယ်လို့ ဆိုပါတယ်။

Scents အနံ့ကလဲ အားပေးပါသတဲ့။ Wild Rose Shrub နှင်းဆီရိုင်းက ထုတ်တဲ့ရေမွှေး။ Kasturi Mriga သမင်တမျိုးက ထုတ်တဲ့ Musk (Kasturi) ရေမွှေးက “အမျိုးသမီးတွေ ကောက်ကောက်ပါ လိုက်လာစေနိုင်တယ်” လို့ နာမယ်ရနေတာ ရာစုနှစ် တခု ရှိနေပါပြီ။ ကြော်ညာဝင်ပါရစေ။ The Body Shop White Musk, Comptoir Sud Pacifique Cristal dr Musc, Serge Lutens Clair de Musc, Montale White Musk, Les Bains du Maais Musc Blanc, Le Palais des Reines, Il Profumo Musc Bleu တွေက ထိပ်ဆုံး ရေမွှေး ၇ မျိုးပါ။ နောက်ပိုင်း Male musk deer သမင်းဖိုကနေ မဟုတ်ဘဲ တခြားအကောင်တွေရဲ့ Gland အိတ်ကနေ ထုတ်ယူကြတယ်။

လိင်အားပေးတဲ့ Flowers ပန်းတွေလဲရှိတယ်။ Morning glory ပန်းရောင်နဲ့ အပြာရောင် ရောပွင့်တဲ့ပန်း၊ Poppy ဘိန်းပန်း၊ Sunflower နေကြာ၊ Wild Rose Shrub နှင်းဆီရိုင်း။

B-Complex ဗီတာမင်ဘီအုပ်စု၊ Zinc သွပ်ဓါတ်၊ Kelp ပင်လယ်ရေညှိ၊ L-Tyrosine အမိုင်နိုအက်စစ်၊ Spirulina ပင်လယ် ရေညှိအသေး၊ လူတိုင်းစားတဲ့ ဂျုံ ထဲမှာ မဟော်မုန်း Estrogen နဲ့ Vitamine E ပါတယ်။

တိုင်းရင်းဆေးတွေထဲမှာ Ashwagandha အိန္ဒိယ (ဂျင်ဆင်း) လို့လဲခေါ်တဲ့ ဆေးဘက်ဝင်သစ်မြစ်။ ဗမာတွေ မပူနဲ့ Betel palm ကွမ်းရွက်၊ Betel seed ကွမ်းသီးမှာလဲ ဒီတန်ခိုး မဆိုးဘူးတဲ့။

တောင်အမေရိကမှာ ပေါက်တဲ့ Borrachero အပင်၊ အရိုင်းသုံးရင် Get-you-drunk “မူးသွားမယ်နော်” လို့ ပြောနိုင်တယ်။ ဝတ်မှုံရှူတာနဲ့ အိပ်မက်ဆန်းတွေ မက်စေတာက Hallucinogen စိတ်ကို ပြောင်းလဲစေတဲ့သတ္ကိ ပြင်းပြင်း ရှိလို့။ သူ့ထဲမှာ ပါတဲ့ Scopolamine (Hyoscine) ကိုတော့ ဆေးအဖြစ် သုံးတယ်။ အန်ချင်တာ၊ ကားမူးတာ၊ အဆိပ်သင့်တာ၊ အရည်ထွက် များတာ၊ မျက်စဉ်း စတာတွေမှာ သုံးတယ်။ ဒါပေမဲ့ Zombies ဖုတ်ဝင်သလို ဖြစ်စေတဲ့ သတ္ကိရှိလို့ အမေရိကားမှာ ဘာလို့ တရားဝင် ရောင်းခွင့်ပြုသလဲ ဆိုပြီး Drug Safety Society က မေးခွန်း ထုတ်နေတယ်။

စုံတွဲတွေ စားသုံးဘို့ ချက်နည်း-ပြုတ်နည်း
Cookbooks for Lovers စာအုပ်တွေလဲ သပ်သပ်ရှိသေးတယ်။ ဒီထဲမှာ Asparagus ကညွတ်၊ Banana ငှက်ပျေားသီး၊ Mushroom မှို၊ (ဒီ သုံးမျိုးက သဏ္ဌာန်အရ ပြောကြတာလား မသိပါ။) Caviar (Sturgeon) ငါးဆားနယ်၊ Creamy wild mushroom soup မှိုရိုင်း (ဆု-ပ်)၊ Figs သင်္ဘောသဖန်းသီး၊ Ginseng (ဂျင်ဆန်း)၊ Lobster ကျောက်ပုဇွန်၊ Oysters ကမာ-မုတ်ကောင်၊ Puffer Fish အဆိပ်ရှိ ပင်လယ်ငါး၊ Radish မုံလာဥ ဖြူ-နီ၊ (အဝါ မဟုတ်)၊ Truffles ညိုမဲမဲ မှိုတမျိုး၊ Veal Marsala နွားပျိုသားဟင်း စတာ-စတာတွေ ပါတယ်။ (မဆလာ ဆိုတာ ရောနှောချက်တာကို ပြောတာပါ။)

လိင်စိတ်အားပေး အစာနဲ့ ဆေးဆိုတာတွေကို သိပ္ပံနည်းကျ ပြောရရင်တော့ Placebo effect စိတ်မှာ သက်သာစေတဲ့ ဆေးမျိုးတွေက များတယ်။ ရောဂါ အတော်များများကို ဒီသဘောမျိုး ဆေးတွေ ပေးပါတယ်။ “လူနာကို ညာတာလား” လို့ မေးရင် မှန်လဲ မှန်တယ်။  မမှန်လဲ မမှန်ဘူး။ ရှေးကတည်းက သုံးခဲ့ကြတာပါ။ ဆေးပေးတာတင်မက ခွဲစိတ်ပေးရတာလည်း ပါသေးတယ်။ လူနာရဲ့ စိတ်မှာ သက်သာတယ်လို့ ထင်သွားစေတာကိုက ထိရောက်တဲ့ ကုသနည်းတခု မဟုတ်ပါလား။

Dr. တင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁ဝ
http://dts-medicaleducation-adult.blogspot.in/2012/04/aphrodisiac.html

Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး

Clomifene ဆေးကို ၁၉၆ဝ ကတည်းက သုံးနေခဲ့တယ်။ အရင်ကတော့ Oligomenorrhea ရာသီသွေး နည်းတဲ့ သူတွေကိုသာ ပေးတာဖြစ်တယ်။ အခုနောက်ပိုင်းမှာ ကလေးရအောင် လုပ်နည်းအတွက် အတော်များများ သုံးနေကြပြီ။

• Clomiphene Citrate ကို Clomid, Milophene, Serophene ဆိုတဲ့ နာမည်တွေနဲ့ ရောင်းတယ်။ Clomifene (INN) = Clomiphene (USAN and former BAN) = Clomid or Clomifert ဆေးကို Selective estrogen receptor modulator (SERM) လို့ ခေါ်တယ်။
• ဒီဆေးမျိုးကို မျိုးဥမထွက်သူ၊ ဒါမှမဟုတ် မျိုးဥထွက် မမှန်သူတွေကိုသာ ပေးဘို့လိုတယ်။
• ဆေးပေးပြီး အမျိုးသမီးရဲ့ မျိုးဥထွက်တာ၊ မျိုးဥရဲ့ အရည်အသွေးတွေကို စမ်းသပ်စစ်ဆေးတာကို Clomiphene challenge test ခေါ်တယ်။ ဆေးကနေ မျိုးဥအိမ်က ထွက်ပေးနေတဲ့ Follicle-stimulating hormone (FSH) ကို အားပေးလိမ့်မယ်။
• ဆေးပေးပြီးနောက်ရက်မှာ သွေးထဲက FSH blood level က အရင်လို ပုံမှန်ကိုပြန်ကျသွားတယ်ဆိုရင် (နော်မယ်) လို့ပြောနိုင်တယ်။
• တကယ်လို့ မြင့်မားနေမယ်ဆိုရင်တော့ ဒီအမျိုးသမီးဟာ Ovarian reserve မျိုးဥအိမ်အလုပ် နည်းနေတယ်။ ဒီလို အမျိုးသမီးက Donor eggs သူများ လှူထားတဲ့ မျိုးဥကို သုံးရတော့မယ်။
• In vitro fertilization (IVF) or Gamete intrafallopian transfer (GIFT) နည်းပညာတွေသုံးပြီး မျိုးဥကို များစေ-ပွါးစေအောင် လုပ်ရသေးတယ်။
• ဒီဆေးကနေ အဲလို အပြင်မှာ မျိုးစပ်ပြီးနောက် Intrauterine insemination or Artificial insemination သူ့ သားအိမ်ထဲ သန္ဓေကို လာထည့်ပေးခံမဲ့ မျိုးဥထွက် မမှန်သူ အမျိုးသမီးအတွက်လဲ အကျိုးရှိစေတယ်။
• Clomiphene ဆေးကို တခြားဆေးတွေနဲ့လဲ တွဲပေးတတ်တယ်။
• အမျိုးသမီးလူနာက အလွန်ဝပြီး Polycystic Ovary Syndrome (PCOS) ရောဂါလဲရှိနေသူဖြစ်ရင် ကိုယ်အလေးချိန်ကို အရင် ချခိုင်းရမယ်။ Body mass index (BMI) ကျစအောင် diet အစားရှောင်နည်းနဲ့ exercise လေ့ကျင့်ခန်းလုပ်ခိုင်းမယ်။ မရသေးရင် Insulin metabolism ကို ပြင်တဲ့ဆေး ပေးရမယ်။
• Clomiphene ဆေးကို ယောက်ျားတွေအတွက်လဲ သုံးတယ်။ Low sperm counts (Oligospermia) ခေါ်တဲ့ သုတ်ပိုး နည်းနေသူတွေအတွက် ကောင်းစေမယ်။
• ဒါပေမဲ့ Unexplained infertility ဘာကြောင့် ကလေးမရနိုင်မှန်း မသိသူတွေကိုတော့ ဒီ Clomiphene ဆေးက ကိုယ်ဝန်ရစေမယ်လို့ မပြောနိုင်ဘူး။
• Clomiphene ဆေးဟာ Insemination procedure အပြင်ကနေ သုတ်ပိုးထည့်ပေးခံမဲ့ အမျိုးသမီးကို မျိုးဥတွေ ပွါးများလာအောင် လုပ်ပေးရာမှာ အထိရောက်ဆုံး ဖြစ်တယ်။
• အမျိုးသမီးတွေကိုပေးရင် မျိုးပွါးရာမှာ မရှိမဖြစ်လိုအပ်တဲ့ ovulation မ-မျိုးဥ ထွက်စေအာင် လှုံ့ဆော်အားပေးတယ်။
• ရာသီတလရဲ့ အစောပိုင်းရက်တွေမှာ ၅ ရက်ဆက်တိုက် သောက်စေတယ်။ ၃ လကနေ ၆ လအထိ ပေးတတ်တယ်။
• ဆေးသောက်ရသူအတွက် အတိအကျ လိုအပ်မဲ့ Dose ဆေးအဆကို ပြောမရလို့ ဆေးကို နောက်ပိုင်းမှာ တိုးတိုးပေးရတတ်တယ်။
• Dose ကိုသိလာရရင် အဲဒီ Dose အတိုင်း ၃ လဆက်ပေးမယ်။ ၆ လနေလို့မှ ကိုယ်ဝန်မတည်ရင်တော့ ဒီနည်းနဲ့ မရနိုင်ဘူးလို့ ပြောနိုင်ပြီ။
• 50 mg tablet တလုံးကို နေ့တိုင်း ၅ ရက်သောက်ရမယ်။ မျိုးဥမထွက်သေးရင် 100 mgs ကို နေ့တိုင်း ၅ ရက်ပေးမယ်။
• ရာသီစလာတဲ့နေ့ရဲ့နောက် ၃-၄-၅ ရက်မှာ စသောက်ပါ။ ၅ ရက်ဆက်တိုက်သောက်ပါ။
• 100 mgs ထက်ပို ပေး-မပေး ဆွေးနွေးနေဆဲဖြစ်တယ်။
• Instructions ညွှန်ကြားချက်။ ရာသီစလာတဲ့ရက်ကို Cycle Day 1 ပဌမနေ့လို့ သတ်မှတ်တယ်။ ဆေးကို မနက်မှာ သောက်ရင် ၅ ရက်လုံး မနက်မှာ သောက်ပါ။ နောက်ကျသွားရင်လဲ သတိရတာနဲ့ ချက်ချင်းသောက်ပါ။ တရက်နောက်ကျရင် ဆေး ၂ လုံး တခါတည်း သောက်ပါ။
• Infrequent မျိုးဥထွက် မမှန်သူ နဲ့ No ovulation မျိုးဥလုံးဝမထွက်သူတွေကို Clomiphene ဆေးပေးရင် ၈ဝ% မျိုးဥထွက်မယ်။
• ဆေးကုတာ ၉ လရှိသူတွေထဲက ၇ဝ-၇၅% ကိုယ်ဝန်ရတယ်။ သဘာဝ အမျိုးသမီးတွေထက် Miscarriage ကလေးပျက်ကျနှုန်း ပိုတော့များတာ အရင်က တွေ့ရတယ်။ နောက်ပိုင်း အဲလို မဟုတ်ပါဘူးလို့ ပြောလာတယ်။
• Side Effects ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ = Ovarian hyperstimulation နည်းနည်းသာဖြစ်ရင် မျိုးဥအိမ်ကကြီးလာမယ်။ ဗိုက်အောင့်မယ်။ အလတ်စားဆိုရင် ပျို့ချင်-အန်ချင် ဖြစ်မယ်။ ဆိုးဝါးသူတွေမှာ အသက်ကို အနရာယ်ပေးနိုင်တယ်။ မျက်နှာတွေ နီမြန်းမယ်။ စိတ်တိုမယ်။ ခေါင်းကိုက်မယ်။ သားအိမ်အဝက ချွဲတွေ စေးပြစ်လို့ သုတ်ပိုးအလွယ်နဲ့ ဝင်မရဖြစ်နိုင်တယ်။ ဒါ့ကြောင့် ဆေးသုံးနိုင်တယ်။ လိုအပ်ရင် သုတ်ပိုးကို သားအိမ်ထဲထည့်ပေးရမယ်။ ရင်သားတွေ တင်း-နာမယ်။ မျက်စိဝေဝါးနိုင်တယ်။ ရှားရှားပါးပါး ဆံပင်ကျွတ်မယ်။ အားယုတ်မယ်။ အိပ်ရေးပျက်မယ်။
• Clomiphene therapy နည်းကြောင့် ကိုယ်ဝန်ရရင် ၅-၈% မှာ အမွှာတွေ ဖြစ်မယ်။ ပုံမှန်အမွှာဆိုတာ ၁-၂% သာရှိတယ်။ Twins ကလေး ၂ ယောက်တွဲသာ ဖြစ်ပါမယ်။ Triplets ဆိုတာ ရှာမှရှား ဖြစ်နိုင်တယ်။
• Clomiphene ဆေးက ကလေးကို ဒုက္ခမပေးပါ။
• ကလေးရအောင် လိုအပ်သေးတဲ့ Estrogen ဟော်မုန်း အနည်း-အများလဲ မှန်နေရမယ်။ ဦးနှောက်ထဲက ဟော်မုန်းတွေထွက်ရာ Pituitary gland ကလည်း မှန်မှန် အလုပ်လုပ်နေဘို့လိုပါတယ်။ သူ့ခင်ပွန်းကလဲ ကလေးရနိုင်သူ ဖြစ်ရပါမယ်။
• ဆေးစစ်တာတွေ စုံအောင် လုပ်ရမယ်။ Careful medical history ကျန်းမာရေး ရာဇဝင် ကျကျနနယူမယ်။ Physical exam ကိုယ်ကာယ စစ်ဆေးမှုတွေ လုပ်မယ်။ Semen analysis သုတ်ပိုးစစ်ဆေးမယ်။ Pituitary, Thyroid, and Adrenal function ဟော်မုန်းထွက်ရာတွေ အကုန်စစ်မယ်။ Endometriosis သားအိမ်ရောဂါ မရှိတာစစ်မယ်။
• ယောက်ျားမှာလဲ အပြစ်ကင်းနေမှသာ Clomiphene ဆေးနည်းသုံးတာဟာ စိတ်ချရတဲ့ နည်းလမ်းကောင်းလို့ သတ်မှတ်တယ်။
• Clomifene ဆေးကို အားကစားလောကမှာ သုံးကြတယ်။ မသုံးရလို့ World Anti-Doping Agency က သတ်မှတ်ထားတယ်။

Ovulation Test မျိုးဥထွက်တာ သေခြာချင်တယ် http://dts-medicaleducation-adult.blogspot.in/2012/05/ovulation-test.html
Fertomid 50 mg မျိုးဥကျွေဆေး http://dts-medicaleducation-adult.blogspot.in/2012/11/fertomid-50-mg.html

Dr. တင့်ဆွေ

Ref : http://dts-medicaleducation-adult.blogspot.com/2012/05/clomiphene-citrate.html

သားသမီး လိုချင်သူများ မဖြစ်မနေ သိထားသင့်သော အချက်များ

သားသမီး လိုချင်သူတွေ အနေနဲ့ မဖြစ်မနေ သိရှိထား သင့်တဲ့ အချက်တွေ ရှိ နေပါတယ်။

(၁) အသုံးပြု နေသော သားဆက်ခြား နည်းများ ကိုရပ်ပါ
သားသမီး မလိုချင် သေးလို့ ပဋိ သန္ဓေ တားဆေး၊ ထိုးဆေးတွေ အသုံးပြု တာ၊ ကွန်ဒုံး သုံးတာ၊ အမျိုးသမီး သန္ဓေတား ပစ္စည်းထည့်တာ စတဲ့နည်း တွေနဲ့ သန္ဓေ တားခဲ့ တယ်ဆိုရင် သားသမီး လိုချင်ပြီဆို ရင်တော့ ဒီနည်းတွေ ရပ်ဖို့ လိုပါတယ်။ ပဋိသန္ဓေတား နည်းတွေကို ရပ်လိုက်ပေ မယ့် ချက်ချင်း သားသမီး မရနိုင်တာမျိုး ဖြစ် တတ်ပါတယ်။ အထူးသဖြင့် ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေက သုံးတာကို ရပ် လိုက်ပေမယ့် ကလေး ချက်ချင်း မရနိုင်ပါ။

(၂) ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ
သွေးဖိအား၊ ကိုယ်အလေးချိန်၊ ကူး စက်မဟုတ်တဲ့ နာတာ ရှည်ရောဂါ (ဆီးချို သွေးချို) ရှိ၊ မရှိတွေကို ဆရာဝန်ထံ ပြသ စစ်ဆေးဖို့ လိုပါတယ်။ မိခင်က ကျန်းမာ မှ ကျန်းမာတဲ့ ရင်သွေးကို ရရှိနိုင်မှာပါ။


(၃) ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ
သားသမီး ရယူဖို့ ကြိုးစားနေတဲ့ မိခင်လောင်း တစ်ယောက်ဟာ အစားအ သောက်ကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတစွာ စားသောက်ဖို့ လိုပါတယ်။ အ သားဓာတ်၊ သစ်သီး၊ ဟင်းသီး ဟင်းရွက်၊ ကောက်နှံ ကွေကာ တွေကို အဓိကစားသုံး ပြီး အချို၊ အဆီနဲ့ အဆင်သင့် ပြုပြင်ထားတဲ့ အစာတွေ ကိုတော့ လျော့စား သင့်ပါတယ်။

(၄) ဖောလစ်အက်စစ် ဖြည့်စွက် သောက်သုံးပါ
ဖောလစ်အက်စစ်က ဖောလိတ်ရဲ့ ပြုပြင်ထားတဲ့ ပုံစံတစ်ခု ဖြစ်ပြီး သန္ဓေသား မှာ မွေးရာပါ ချို့ယွင်း ချက်ဖြစ်နိုင်ခြေကို လျှော့ချ ပေးပါတယ်။ သန္ဓေသားမှာ မွေး ရာပါ ချို့ယွင်းချက် ဖြစ်ပေါ်တာက ကိုယ် ဝန်ရှိပြီလို့ မသိရှိ ခင်ကတည်းက ဖြစ်နေ နိုင်ပါတယ်။ ဒါကြောင့် မိခင်လောင်းတွေ အနေနဲ့ သားသမီး ယူဖို့ ကြိုးစားနေချိန် ကတည်းက ဖောလစ်အက်စစ်ကို ဖြည့် စွက်သောက် သုံးဖို့ FDA အကြံပြုထား ပါတယ်။
 

(၅) ဆေးလိပ်နှင့် အရက်ဖြတ်ပါ
သားသမီး ယူဖို့ ကြိုးစားနေချိန်မှာ အမျိုးသားတွေအနေနဲ့ ဆေးလိပ်သောက် တာ၊ အရက်သောက်တာတွေကို ဖြတ်ဖို့ လိုပါတယ်။ ဒါတွေသုံးစွဲတာက အမျိုး သားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်း စေတာကြောင့်ပါ။ ခရိုမိုဇုမ်းပျက်စီးတာ၊ သုက်ကောင်လေးတွေရဲ့ လှုပ်ရှားကူးခတ် နိုင်စွမ်းလျော့နည်းတာ၊ ပန်းသေပန်းညှိုး တာ စတာတွေကြောင့် အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်းစေတာပါ။

(၆) ဓမ္မတာ စက်ဝန်းကို သိရှိပါစေ
ရာသီလာပြီး ၁၄ ရက်မြောက်နေ့ မှာ သားဥကြွေ ကျပြီး သားသမီး ရရှိနိုင်တဲ့ နေ့ပါ။ ဒီလို ရက်မျိုးမှာ အမျိုးသားနဲ့ အတူ နေတာက သားသမီး ရရှိဖို့ အခွင့်အလမ်း များနိုင် ပါတယ်။ အမျိုးသမီး တစ်ဦးနဲ့တစ် ဦးက ရာသီစက်ဝန်းချင်း မတူညီ တတ်ပါ ဘူး။ တချို့က ရက် ၃၀ မှာ တစ်ကြိမ် ရာသီလာ တတ်ပြီး တချို့လည်း အဲဒီ ထက် နောက်ကျ တတ်တာမျိုး ရှိပါတယ်။ ရာသီ စက်ဝန်း မတူညီပေမယ့် အဲဒီစက် ဝန်းရဲ့ အလယ်ရက်က သားဥြွေကရက်ပါ။

(၇) ကိုယ်အပူ ချိန်ကို လေ့လာပါ
ခန္ဓာကိုယ် အပူချိန်က သင့်ကို သန္ဓေ အောင်စေနိုင်တဲ့ အကောင်းဆုံးအချိန်ကို ညွှန်ပြပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆို တော့ သားဥြွေကချိန်မှာ ပရိုဂျက်စတုန်း ဟော်မုန်းထုတ်လုပ်တာကြောင့် သာမန် ကိုယ်အပူ ချိန်တက် အနည်းငယ် တက်နေ တတ်ပါတယ်။ သားသမီး ရရှိလိုသူတွေ အနေနဲ့ ဒီလို အချိန်ကို အကောင်းဆုံး အသုံးချ နိုင်ဖို့ လိုပါတယ်။


(၈) မိန်းမကိုယ်မှ ထွက်သော အချွဲ အကျိများ သတိထားကြည့်ပါ
သားဥကြွေ ချိန်မှာ မိန်းမကိုယ် ကနေ ချောမွတ်တဲ့ အရည်ကြည် လေးတွေ ထွက် ပါတယ်။ သုက်ကောင်လေးတွေ အလွယ် တကူ ဖြတ်သန်း ဝင်ရောက်နိုင် အောင်ပါ။ မိန်းမကိုယ်မှ ကြက်ဥ အကာလို အရည် ကြည်လေးတွေ ထွက်တဲ့ အချိန်ဟာ သား သမီးရရှိနိုင်တဲ့ အချိန်ဖြစ်ပါတယ်။

(၉) အတွင်းခံ ဘောင်းဘီကို ဂရုစိုက်ပါ
အမျိုးသမီးတွေ အနေနဲ့ အတွင်းခံ ဘောင်းဘီ တင်းကျပ် လွန်းတာ၊ လေဝင် လေထွက် မကောင်းတာတွေက ယောနိ လမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေပါတယ်။ အမျိုးသားတွေ မှာတော့ အတွင်း ခံဘောင်း ဘီကျပ် လွန်းတာ၊ လေဝင် လေထွက် မရှိတာ တွေကြောင့် ဝှေးစေ့ကနေ သုက်ကောင် ထုတ်လုပ်မှုကို ထိခိုက်စေပြီး မျိုးအောင် နိုင်စွမ်းကို လျော့နည်း စေပါတယ်။

(၁၀) သာယာကြည်နူးဖို့ အချိန်ပေးပါ

သားသမီး ရရှိဖို့က အမျိုးသားနဲ့အ တူ သာယာကြည်နူးဖို့ အချိန်ပေး တာက အဓိက ကျပါတယ်။ စိတ်ဖိစီး မှုတွေ၊ အလုပ်တွေ အားလုံးကို မေ့ပျောက်ထား ပြီး သာယာကြည်နူးမှု တွေကို ဖန်တီးယူပါ။

Good Health

ကလေးရစေနိုင်မည့် နည်းလမ်းများ


ကွန်ဒုံးစသည်ဖြင့် အကာအကွယ်မယူ၊  တစ်နှစ်ခန့်ကြာသည်အထိ လိင်ဆက်ဆံသော်လည်း သန္ဓေမတည်နိုင်ခြင်းကို မြုံတယ်လို့ သူက သက်မှတ်လိုက်ပါတယ်။
သည် အဓိပ္ပါယ် သတ်မှတ်ချက်ဟာ တကယ်တော့ သိပ်ပြီး ရှင်းလင်းပြီး ပြီးပြည့်စုံလွန်းတယ်လို့တော့ မဆိုလိုပါဘူး။
သို့သော်လည်း  မြုံခြင်း (Infertility) ကနေ သန္ဓေတည်ခြင်း (Fertility) ပြန်ဖြစ်နိုင်ပါတယ်။
သန္ဓေမတည်နိုင်တဲ့ စုံတွဲတစ်တွဲ  ကို လေ့လာကြည့်မယ်ဆိုရင်--
အမျိုးသားဘက်က ချို့ ယွင်းချက်  ၄၀% နှင့် အမျိုးသမီးဘက်က ၄၀% ဖြင့် ဆတူဖြစ်ကြောင်း လေ့လာချက်တစ်ရပ်က
ဆိုပါတယ်။ ကျန်တဲ့ အကြောင်းအရင်းမသိဘဲ မြုံနေခြင်းကတော့ ၂၀% ရှိကြောင်း တွေ့ရှိရပါတယ်။

ကလေးမရကြတဲ့ စုံတွဲတွေဟာ ကမ္ဘာပေါ်မှာ တနေ့တခြား ပိုများလာပါတယ်။
မှတ်တမ်းတွေအရ  ၁၉၈၈ ခုနှစ်မှာ ၅.၅ သန်း၊ ၁၉၉၅ ခုနှစ်မှာ ၆.၇ သန်း နဲ့ ၂၀၀၂ ခုနှစ်မှာ ၇.၂ သန်းအထိ တိုးလာကြောင်းတွေ့ရပါတယ်။သည်လိုဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့
(၁) အသက်အရွယ်ကြီးတဲ့ အမျိုးသမီးအရေအတွက် ပိုများလာခြင်းနှင့်
(၂) ကလေးရယူရန် အချိန်ဆွဲခြင်းတို့ကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

ကိုယ်ဝန်ဆောင်နိုင်သည့် စံနှုန်း
စုံတွဲများအတွက် ကိုယ်ဝန်ဆောင်ကြသည့် စံနုန်းမှာ
(က) စုံတွဲ ၂၅% သည် ပထမ လတွင်လည်းကောင်း၊
(ခ) စုံတွဲ ၆၀% သည် ၆ လအတွင်းတွင်လည်းကောင်း၊
(ဂ) စုံတွဲ ၇၅% သည် ၉ လအတွင်းတွင်လည်ေးကာင်း၊
(ဃ) စုံတွဲ ၉၀% သည် တစ်နှစ်ခွဲအတွင်းတွင်လည်းကောင်း ကိုယ်ဝန်ဆောင်နိုင်ကြကြောင်း တွေ့ရှိရပါတယ်။

မြုံခြင်းကို ယေဘုယျအားဖြင့်
(၁) Primary Infertility နှင့် (၂) Secondary Infertility ဟူ၍ နှစ်မျိုး ခွဲပြထားပါတယ်။

(၁) Primary Infertility
အကာကွယ်မဲ့ ဆက်ဆံသော်လဲ ယခုအချိန်အထိ ကိုယ်ဝန် တစ်ခါမှ မဆောင်နိုင်ဘူးတဲ့ အမျိုးသမီး ၊ ကိုယ်ဝန်ရရှိစေရန် ဆက်ဆံသော်လည်း  ယခုထိ မရနိုင်သေးတဲ့ အမျိုးသား ကို (Primary Infertility) လို့ သတ်မှတ်ပါတယ်။သည်လိုအခြေအနေက ၇၀ % ရှိတယ်လို့ ပြောပါတယ်။

(၂) Secondary Infertility ဆိုတာက
ယခင်က ရခဲ့ဖူးတယ် ၊ သို့သော်လည်း လွန်ခဲ့သည့် တစ်နှစ်ခန့်က စ၍ ကြိုးစားသော်လည်း ယခုအထိမရရှိသေးသည့် အခြေအနေကို ဆိုလိုပါတယ်။ သည်လိုမျိုး က 30% ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နိုင်စေရန် သိထားရမည့် အချက်များ

၁။ ကိုယ်ဝန်ဆောင်နိုင်သည့် ဥပဒေသ
၎င်းတွင် (၁) ရာသီစက်ဝန်း၊ (၂) မျိုးဥကြွေခြင်း  (၃) ဆက်ဆံချိန်နှင့် ကြိမ်နှုန်း (၄) ဖို/မ မျိုးပွားအဂါင်္အဖွဲ့အစည်းစနစ်
စသည်ဖြင့် ပါဝင်ပါတယ်။

၂။  အမျိုးသားအတွက် အဓိကလိုအပ်ချက်
(၁) ပုံမှန် သုတ်ပိုးထုတ်လုပ်နိုင်မှုနှင့် သုတ်ပို့ပြွန်စနစ်
(၂) မမွေးလမ်းကြောင်းထဲသို့ သုတ်ပိုးထိုးသွင်းရောက်ရှိနိုင်မှု
(၃) သင့်တင့်လျောက်ပတ်သော ကိုယ်စိတ်ဆန္ဒအားရှိမှု
(၄) လုံလောက်သော လိင်အင်္ဂါထောင်မတ်နိုင်ခြင်း
(၅) သုတ်ရည်ပုံမှန် ပမ်းထုတ်နိုင်စွမ်း
(၆) သုတ်ရည်အား မိန်းမကိုယ်အတွင်း ထိုးသွင်းပမ်းထည့်ရခြင်း တို့ ဖြစ်ပါတယ်။

၃ ။ အမျိုးသမီးအတွက် အဓိကလိုအပ်ချက်
(၁) သင့်တင့်လျောက်ပတ်သော ကိုယ်စိတ်ဆန္ဒအားရှိမှု
(၂) မျိုးပွားအဂါင်္များပုံမှန်အနေအထား ရှိခြင်းနှင့် လုပ်ဆောင်မှု မှန်ကန်ခြင်း
(၃) သန္ဓေသားအသက်ရှင်ရန်အတွက် သင့်လျော်သော မမျိုးပွားအဂါင်္နှင့် စနစ်
(၄) သန္ဓေသားနှင့်အချင်းအတွက် လိုအပ်သော အောက်ဆီဂျင် ၊ အဟာရဓါတ်များထိန်းသိမ်းရန်အတွက်လုံလောက်သော ကျန်းမာရေးကောင်းမွန်မှု၊ အဟာရပြည့်ဝခြင်း တို့ ဖြစ်ပါတယ်။

၎။ ကိုယ်ဝန်မရခြင်း ၊မြုံခြင်း နှင့် ဆက်နွယ်နေသော အချက်များ-မှာ
(၁) မျိုးပွားစနစ်အကြောင်း အသိပညာနည်းခြင်း
(၂) ဆက်ဆံရမည့် အချိန် နှင့် ကြိမ်နှုန်းအား မသိခြင်း
(၃) အသက်အရွယ်ကြီးလာခြင်း
(၄) လိင်မှတဆင့်ကူစက်တတ်သော ရောဂါများရှိနေခြင်း
(၅) အဟာရ
(၆) သုံးစွဲနေသော ဓါတုဆေးဝါးများ
(၇) ဓါတ်ရောင်ခြည်သင့်မှု
(ဂ) မျိုးပွားစနစ်အား ခွဲစိတ်ခံထားရမှု
(၉) သန္ဓေသားတွင် အလုံးတည်ခြင်း စသည့်အချက်များဖြစ်သည်။

လိမ်းဆေးများ ၊ချောဆီများ  
အချို့သော လိမ်းဆေးများ၊ချောဆီများသည် သုတ်ပိုးများကို သေစေတတ်သော အာနိသင်ရှိခြင်း ၊ သုတ်ပိုး၏ ရှင်သန်လှုတ်ရှားမှုအားနှေးကွေး စေတတ်ခြင်းကို ဖြစ်စေသည်။

အမျိုးသမီးအသက်အရွယ်နှင့် သန္ဓေတည် နှုန်း 

အသက် ၄၀ ကျော်ပါက အမျိုးသမီးသည် သန္ဓေတည်နှုန်းမှာ သိသိ သာသာ လျော့နည်းလာသည်။
သိုသော်လည်း ၄၀ ကျော်သော အမျိုးသမီးများ သည်လည်း ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးနိုင်သေးသည်။

အမျိုးသားအသက်အရွယ်နှင့် သန္ဓေတည် နှုန်း
 
အသက်ကြီးလာသော အမျိုးသားများသည် ဆက်ဆံသည့်ကြိမ်နှုန်းလျော့နည်းလာတတ်ပြီး လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုများ ကျဆင်းလာတတ်သည်။

လိင်မှတဆင့်ကူးစက်တတ်သောရောဂါများနှင့် ကိုယ်ဝန်ဆောင်နိုင်မှုနှုန်း 

ကိုယ်ဝန်မရရှိခြင်း၏ အကြောင်းအရင်း  ၁၅ % မှ ၃၀% အထိ   မှာ  လိင်မှတဆင့်ကူးစက်တတ်သောရောဂါများ ရှိနေခြင်းကြောင့် ဖြစ်သည်။

ယခင်ကိုယ်ဝန်စဉ်က ဖြစ်ခဲ့သော ကျန်းမာရေးဆိုင်ရာ ပြဿနာများ 

သားမွေးစဉ်အတွင်း မွေးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများရရှိခဲ့ခြင်း၊ စုတ်ပြဲခဲ့ခြင်း၊ နှင့် သားအိမ်ထိခိုက်ခဲ့ခြင်းသားအိမ်ဖြတ်ထားခဲ့ဖူးခြင်း၊ ၀မ်းဗိုက်ခွဲစိတ်ထားခံရဖူးခြင်း တို့ မှာ နောက်ထပ်တစ်ကြိမ်ကိုယ်ဝန်ဆောင်ခြင်းကို များစွာ အဟန့်အတားဖြစ်စေသည်။

အမျိုးသမီး၏ ကိုယ်အလေးချိန်နှင့် ကိုယ်ဝန်ရရှိနိုင်မှု 

BMI( Body Mass Index)  17 kg/m2 အောက် နှင့် 30 kg/m2    အထက်  (ပိန်လွန်း၊ ၀လွန်း) အမျိုးသမီးများသည် ကလေးရရှိနိုင်မှုနှုန်း
နည်းပါးလာတတ်သည်။

အဆိပ်ဆင့်စေတတ်သော ပစ္စည်းများ 

ခဲ ဆပ်သင့်ခြင်းသည် အမျိုးသမီးများတွင် ကိုယ်ဝန်ရှရိမှုနှုန်းကို လျော့နည်းစေပြီး၊
အမျိုးသားများတွင် သုတ်ကောင်အရေအတွက်ကို လျော့နည်းစေတတ်သည်။

အရက်သောက်သုံးခြင်း 

အရက်သောက်ခြင်းကြောင့် အမျိုးသမီးများတွင်
(၁) သန္ဓေတည်မှု လျော့နည်းလာခြင်း
(၂) သားပျက်သားလျောဖြစ်တတ်ခြင်း
(၃) နေရာလွဲမှား သန္ဓေသာဖြစ်တတ်ခြင်း
(၄) အချင်းအနေအထားမမှန်ခြင်းများ နှင့်
(၅) သန္ဓေသားအတွက် မလိုလားအပ်သော ဆိုးကျိုးများကို ဖြစ်ပေါ်စေတတ်သည်။


အမျိုးသားများတွင်
(၁) သုတ်ရေထုတ်လုပ်ခြင်း
(၂) သုတ်ကောင်၏ လှုတ်ရှားနိုင်မှုစွမ်းအားများ
(၃) သုတ်ကောင်ပုံသဏ္ဍာန်ပျက်ယွန်းခြင်းများ
(၄) သန္ဓေတည်နိုင်မှု စွမ်းအင်ပျက်စီးခြင်းများ ဖြစ်တတ်သည်။


လိင်ဆက်ဆံရမည့် နေ့များ

မ မျိုးဥ စေ ကြွသောနေ့ နှင့်  မကြွေမီ ငါးရက် အချိန်သည် ကိုယ်ဝန်ရရှိရန် အကောင်းဆုံးအချိန်ဖြစ်သည်။
ရှင်းလင်းချက်။  ။ သုတ်ပိုးသည် မမျိုးပွားအဖွဲ့အစည်းအတွင်း တွင် ၅ ရက်အထိသာ အသက်ရှင်နိုင်သည်။ အကယ်၍ သန္ဓေမအောင်ဖြစ်ပါက  မမျိုးဥသည်လည်း မျိုးဥကြွေပြီးနာရီအနည်းငယ်မှ အလွန်ဆုံးတစ်ရက်ခန့်သာ အသက်ရှင်နိုင်သည်။
ထို့ကြောင့် မမျိုးဥမကြွေမီ ၅ ရက် မှစ၍ လိင်ဆက်ဆံခြင်းသည်သာလျှင် အကောင်းဆုံးသော အချိန်ဖြစ်သည်။
ဆက်ဆံရမည့်အကြိမ်အရေအတွက်


ပထမ (၅) ရက်အား သုတ်ရည်စွန့်ထုတ်ခြင်းမပြုရန် နှင့်
၎င်းမှ နောက်ဆက်တွဲဖြစ်သော  မမျိုးဥမကြွေမီ ငါးရက်တွင် တစ်နေ့တစ်ကြိမ်ဆက်ဆံခြင်းသည် ကိုယ်ဝန် ရှရှိစေနိုင်ရန် အခွင့်အရေးပိုများစေပါသည်။
စစ်တမ်းတစ်ရပ်အရ
လိင်ဆက်ဆံသည့်ကြိမ်နုန်းသည် ကိုယ်ဝန်ရရှိမှု နှင့်အောက်ပါအတိုင်း ဆက်နွယ်မှုရှိကြောင်း တွေ့ရပါသည်။

လိင်ဆက်ဆံသည့် ကြိမ်နုန်း နှင့် ကိုယ်ဝန်ရရှိမှု တစ်ပတ်လျှင်တစ်ကြိမ်ထက်ပိုနည်း ပါက ၆ လအတွင်း ကိုယ်ဝန်ရနိုင်သည့် နုန်း ၁၇ %
တစ်ပတ်လျှင်တစ်ကြိမ်  ၃၂ %
တစ်ပတ်လျှင် နှစ်ကြိမ်  ၄၆%
တစ်ပတ်လျှင် သုံးကြိမ်  ၅၂%  ရှိကြောင်း တွေ့ရသည်။

ဒေါက်တာခင်နိုင်ဦး
  • ဆက်လက်ဖတ်ရှုရန် ( သန္ဓေတည်ရန် အကောင်းဆုံး အခါတော်ပေး (သို့မဟုတ်)
American Pregnancy Association (APA) ၏ Ovulation Calculator
(ကိုယ်ဝန်ရစေခြင်း၏ အဓိက သော့ချက်)

http://www.facebook.com/photo.php?fbid=559652390721913&set=a.554962924524193.1073741828.554509527902866&type=1&relevant_count=1




ဘာကြောင့် ကိုယ်ဝန်မရတာလဲ

ကိုယ်ဝန်ရလိုလျှင်.......... သို့ မဟုတ်........ 
ဘာကြောင့် ကိုယ်ဝန်မရရှိ ခဲ့ ဒါလဲ......? ဆေးပညာအရသာ...
ကလေးလိုချင်တဲ့ စုံတွဲတွေ အနေနဲ့ ကလေး ယူဖို့ ပြင်ဆင်နေရတဲ့ အချိန်ကာလ တွေဟာ စိတ်လှုပ်ရှား စရာကောင်းပြီး မိခင်လောင်းနဲ့ ဖခင်လောင်းတွေဟာ တတ်နိုင်သမျှ မြန်မြန် ကိုယ်ဝန် ရလို ကြပါတယ်။ ဒါပေမယ့် အမျိုး သမီး တစ်ယောက်ရဲ့ ကိုယ်ဝန် ရနိုင်ခြေကို လွှမ်းမိုးနေတဲ့ အချက်တွေ ရှိပါတယ်။ တချို့ စုံတွဲတွေ အနေနဲ့ ပထမ အကြိမ် ကြိုးစားမှု မှာပဲ ကိုယ်ဝန် ရနိုင်သလို တချို့ စုံတွဲတွေ ကတော့ ကိုယ်ဝန် မရတာက လပေါင်းများစွာ ကြာနိုင် ပါတယ်။

အောက်ပါ အကြံပြုချက်တွေက လလေး လိုချင်တဲ့ စုံတွဲတွေ အနေနဲ့ ကိုယ်ဝန် ရနိုင်ခြေကို ပိုများအောင် လုပ်ဆောင်နိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ပုံမှန် ဆက်ဆံမှုနဲ့ မှန်ကန်တဲ့ အချိန် ဖြစ်ပါစေ။ ကလေးလိုချင်ပြီး မရတဲ့ စုံတွဲ အများစုဟာ ပုံမှန် လိင်ဆက်ဆံ မှုရှိတာ ဒါမှမဟုတ် လတစ်လရဲ့ မှားယွင်းတဲ့ အချိန်မှာသာ လိင်ဆက်ဆံမှု လုပ်တာကြောင့် ဖြစ်တတ်ပါတယ်။

အမျိုးသမီးအနေနဲ့ ဘယ်ရက်တွေမှာ မျိုးဥ ကြွေနိုင်လဲ ဆိုတာကို သိထားဖို့ လိုပါတယ်။ ယေဘုယျ အားဖြင့်တော့ မျိုးဥကြွေတာဟာ ဓမ္မတာ ရာသီ စက်ဝန်းရဲ့ အလယ်၊ ရာသီ စလာတဲ့ ရက်ကနေ စရေ တွက်ရင် ၁၄ ရက်မြောက်နေ့ ဝန်းကျင်ရက် တွေမှာ လိင်ဆက်ဆံမှု ရှိရင် ကိုယ်ဝန်ရနိုင်ခြေက အများဆုံးပါပဲ။

အရေးကြီးတဲ့ ဒီရက်တွေကို အတိအကျ သိချင်ရင် အမျိုးသမီးရဲ့ ဆီးထဲက ဟော်မုန်း အဆင့်ကို တိုင်းတာတဲ့ နည်းတွေလည်း ရှိပါတယ်။ ဒီအတွက်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒါ့အပြင် လိင်ဆက်ဆံ ပြီးနောက်မှာ အမျိုးသမီးဟာ ပက်လက်လဲ လျောင်းပြီး တင်ပါး အောက်မှာ ခေါင်းအုံး တစ်လုံးခံ ထားရင် သားအိမ်ခေါင်းကို သုက်ရည်နဲ့ တတ်နိုင်သမျှ များများ ထိတွေ့စေတဲ့ အတွက် ကိုယ်ဝန် ရနိုင်ခြေကို များစေပါတယ်။

ကိုယ်အလေးချိန် လျှော့ပြီး မျှတတဲ့ အစာအာဟာရတွေ စားပါ
အဝလွန်တဲ့ အမျိုးသမီးတွေ ဒါမှ မဟုတ်ပိန်လွန်းတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန် ရနိုင်ခြေ နည်းတယ်လို့ သားဖွား မီးယပ် အထူးကု ဆရာဝန်က ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ်အလေးချိန် နည်းလွန်းခြင်း ဒါမှမဟုတ် များလွန်းခြင်းဟာ ဓမ္မတာ ရာသီ စက်ဝန်းရဲ့ မှန်ကန် မှုနဲ့ မျိုးဥကြွေမှုကို အနှောင့်အယှက် ဖြစ်စေတာ ကြောင့်ပါ။

သာမန်ရှိသင့်တဲ့ ကိုယ်အလေးချိန် ဆိုတာက ခန္ဓာကိုယ် ဒြပ်ထုညွှန်းကိန်း (BMI) ၁၈ ဒဿမ ၅ နဲ့ ၂၄ ဒဿမ ၉အတွင်း ဖြစ်ပါတယ်။ မိခင်လောင်း အနေနဲ့ ကိုယ်ဝန် ရနိုင်ခြေ ပိုများ စေဖို့အတွက် ရှိသင့်တဲ့ BMI အတွင်းမှာ ရှိအောင် လေ့ကျင့်ခန်း လုပ်ပြီး မျှတတဲ့ အစာ အာဟာရတွေ စားဖို့ လိုပါတယ်။ မိခင်လောင်းရော၊ ဖခင်လောင်းပါ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေ အများ အပြားပါတဲ့ အစာအာဟာရ တွေကို စားပြီး လိုအပ်ရင် အားဖြည့်ဆေး သောက်ပါ။

ကဖင်းဓာတ်သောက်သုံးမှုကို လျှော့ပါ

ကဖင်းဓာတ် အများအပြား သောက်သုံးရင် ခန္ဓာကိုယ်က သံဓာတ် စုပ်ယူမှုကို လျော့နည်း စေပြီး ပြင်းထန်တဲ့ ကိုယ်ဝန်ဆောင် ပြဿနာတွေကို ဖြစ်စေ နိုင်ပါတယ်။ အမျိုးသားရော၊ အမျိုးသမီးပါ ကဖင်းဓာတ် ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာတွေကို လျှော့သောက်ဖို့ လိုပါတယ်။ ကဖင်းပါတဲ့ အရည်တွေ မသောက်ဘဲ နွားနို့နဲ့ ဒိန်ချဉ်ကို များများ သောက်ပေးရင် ကယ်လ်စီယမ် ရရှိမှု များစေပြီး ကိုယ်ဝန်ဆောင် နိုင်ဖို့ အတွက်လည်း အထောက်အကူ ဖြစ်ပါတယ်။

ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေး သုံးစွဲမှု ရှောင်ကြဉ်ပါ
ဒီအချက် သုံးချက်က ကိုယ်ဝန်နိုင်ခြေကို ကန့်သတ် ထားနိုင်ပြီး ကိုယ်ဝန် ပျက်ကျခြင်း၊ ကလေး အသေ မွေးခြင်းနဲ့ လမစေ့ကလေး မွေးဖွားခြင်း တွေကိုလည်း ဖြစ်စေ နိုင်ပါတယ်။ ဆေးလိပ် သောက်ခြင်း ဟာ အမျိုးသမီးရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေပြီး အမျိုးသား မှာလည်း သုက်ပိုး အရေအတွက်ကို ကျဆင်း စေပါတယ်။

ဒါ့အပြင် ဆေးလိပ် သောက်ခြင်းဟာ ခန္ဓာကိုယ်က ဇင့်ဓာတ်နဲ့ ဗီတာမင်စီလိုမျိုး အရေးကြီး အာဟာရ ဓာတ်တွေ စုပ်ယူမှုကို တားဆီးထားပြီး သွေးထဲမှာ ကဒ်မီယမ်နဲ့ ခဲလိုမျိုး အဆိပ် အတောက် တွေရဲ့ အဆင့်ကို ပိုများ စေပါတယ်။ သုတေသနတွေက တစ်ပတ်မှာ အယ်လ်ကိုဟော ငါးယူနစ်အောက် နည်းပြီးသောက်တဲ့ အမျိုးသမီးဟာ ၁၀ ယူနစ် ဒါမှ မဟုတ် ဒီထက် ပိုသောက်တဲ့ အမျိုးသမီး တွေထက် ခြောက်လ ကြာပြီးနောက် သန္ဓေ အောင်နိုင်ခြေ နှစ်ဆ ပိုများတယ်လို့ ဆိုပါတယ်။

ဖောလစ်အက်စစ် အားဆေးသောက်ပါ
ဖောလစ် အက်စစ်ဟာ ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြော စနစ်ကို ထိခိုက်စေတဲ့ မွေးရာပါ ချို့ယွင်းမှုတွေ ဖြစ်ပွားမှုကို လျော့နည်း စေတာကြောင့် ကလေးယူဖို့ ပြင်ဆင်နေချိန်မှာ ဖောလစ် အက်စစ် သောက်သင့် ပါတယ်။ အစားအသောက်ကနေ ဖောလစ်အက်စစ် လုံလောက်အောင် ရရှိဖို့ မလွယ်တာကြောင့် ဖောလစ်အက်စစ် အားဆေး သောက်ပါ။

စိတ်ဖိစီးမှုလျှော့ပါ
အမျိုးသမီးတွေမှာ စိတ်ဖိစီးမှု ခံစားရရင် Prolactin ခေါ်တဲ့ ဟော်မုန်း တစ်မျိုး ထုတ်လုပ်မှုကို များစေ ပါတယ်။ ဒီဟော်မုန်းက မျိုးဥကြွေတာကို အနှောင့်အယှက် ဖြစ်စေပြီး ကိုယ်ဝန် ရနိုင် ခြေကို နည်းစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီး နေတဲ့လူမှာ ရတဲ့စွမ်းအင် အများစုကို ခန္ဓာ ကိုယ်တွင်း စနစ်တွေ ထိန်းသိမ်းမှုနဲ့ ပြုပြင်မှုအတွက် သုံးနေရတဲ့အတွက် ကိုယ်ဝန် ရနိုင် ခြေက နည်းသွား နိုင်ပါတယ်။ အမျိုးသားရော၊ အမျိုးသမီးပါ ကလေးလိုချင်ရင် စိတ်ဖိစီးမှု လျော့နည်းစေဖို့ အလုပ်တွေ လျှော့တာနဲ့ ယောဂ ကျင့်တာလို မျိုး ဖြေလျှော့တာတွေ လုပ်ဆောင် သင့်ပါတယ်။

ဖခင်ဖြစ်လိုသူများအတွက် အကြံပြုချက်များ
ကလေး လိုချင်တဲ့ ဖခင်လောင်း တွေကလည်း ဇနီးမှာ အောင်မြင်တဲ့ ကိုယ်ဝန် ဆောင်နိုင်ဖို့ အတွက် လုပ်ဆောင်သင့်တဲ့ အချက်တွေ ရှိပါတယ်။ ရေပူချိုးတာ၊ တင်းကျပ်လွန်တဲ့ အောက်ခံ ဘောင်းဘီနဲ့ အပြင်ဝတ် ဘောင်းဘီ ကျပ်ကျပ်တွေ ဝတ်ဆင်တာ၊ Laptop ကွန်ပျူတာကို ပေါင်ပေါ်မှာ တင်ထားပြီး သုံးတာတွေကို ရှောင်ပါ။

ဒီအချက်တွေက ဝှေးစေ့က အပူချိန်ကို များစေပြီး သုက်ပိုး အရေအတွက်ကို ကျဆင်း စေပါတယ်။ ဒါ့အပြင် အမျိုးသားတွေဟာ သန္ဓေအောင် နိုင်စွမ်း တိုးစေ နိုင်ဖို့အတွက် ဆေးလိပ်၊ အရက်နဲ့ မူးယစ် ဆေးသုံးစွဲမှု တွေကို ရှောင်ကြဉ်ပါ။ ကဖင်းဓာတ် သောက်သုံးမှု ကိုလည်း လျှော့ပါ။ အရေးကြီး အာဟာရဓာတ်တွေကို လုံလောက်အောင် ရရှိဖို့အတွက် အားဆေး နေ့စဉ် သောက်ပါ။

သုတေသန တွေက စုံတွဲအနည်းစုသာ ပထမအကြိမ် ကြိုးစားမှုမှာ အောင်မြင်စွာ ကိုယ်ဝန် ရကြတယ်လို့ ဆိုပါတယ်။ တကယ်တော့ ကျန်းမာတဲ့ စုံတွဲတွေ ဖြစ်ပေမယ့်လည်း တစ်လမှာ ကိုယ်ဝန် ရနိုင်ခြေက ၂၀-၂၅ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုပါတယ်။ ကလေးလိုချင်တဲ့ စုံတွဲ တွေဟာ ၁၂ လကျော် ကြာတဲ့အထိ ကလေး မရနိုင်ရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်ကို တိုင်ပင်ပြီး အကူအညီရယူဖို့ လိုအပ်ပါတယ်။

ကလေးမရနိုင်သေးခြင်း အမေး-အဖြေများ

Q and A Infertility  ကလေးမရနိုင်သေးခြင်း အမေး-အဖြေများ
Aug 9, 2010 at 3:16 PM
Q 1: ကျွန်မတို့ အိမ်ထောင်ပြုတာ ၂ နှစ်လောက်ရှိပါပြီ။ ဘာတားဆေးမှ မသုံးဘဲ ကလေးမရပါ။ ဆရာဝန် ပြကြည့်တာ အမျိုးသားက သုတ်ကောင် အားနည်းတာ ဖြစ်နေပါတယ်။ အခုလောလောဆယ် One a day (for men) ဆေး သောက်နေပါသည်။ ဘယ်အချိန် လောက်ကျမှ ကလေးရနိုင်မလဲ။ ဆေးကို ဘယ်လောက် ကြာအောင် ဆက်သောက်ရမလဲ သိချင်လို့ပါ။ ဆေးရဲ့ ဘေးထွက် ဆိုးကျိုး ကိုလည်း သိချင်ပါတယ်။ ကျွန်မက (၃၆) နှစ် အမျိုးသားက (၄၂ )နှစ်ရှိပါပြီ။ ဘယ်လို လုပ်ရင် ကလေးရနိုင်မလဲ။

ပြောတဲ့ဆေးက One-A-Day Essentials လား။ ဒါဆိုရင် Multivitamin ဗီတာမင်တွေ ဖြစ်ပါတယ်။ One A Day® Men’s Health Formula ဆိုရင်လည်း အတူတူပါဘဲ။ Vitamins B6, B12, C, D, E, Folic Acid, Calcium, Magnesium, Selenium, Pantothenic Acid, Chromium တွေပါတယ်။ ဖြစ်ချင်တဲ့ အကျိုးကျေဇူးအတွက် တိုက်ရိုက်မဟုတ်၊ သွယ်ဝိုက် အထောက်အကူ ပေးပါမယ်။ ဆေးရဲ့ ဆိုးကျိုး စိုးရိမ်စရာ မရှိပါ။ ဘယ်လောက် ကြာကြာ သောက်လို့ရပါတယ်။

ကလေးမရနိုင်တာက အားတော့ မငယ်ပါနဲ့၊ ပွင့်ပွင့်လင်းလင်း ပြောရရင်၊ အင်မတန် ခက်ခဲတဲ့ ကျန်းမာရေး၊ လူမှုရေး ပြဿနာ တခုပါ။ ဆရာ ရေးထားတာလေးတွေ ရှိပါတယ်။ အားလုံးကို ဖတ်ဘို့ တိုက်တွန်းပါရစေ။

ပြောတဲ့ အသက်အရွယ်တွေကြောင့် မဖြစ်နိုင်တာ မဟုတ်ပါ။ “သုတ်ပိုးများစေနည်း” မှာ ရေးခဲ့တာက အရေအတွက် များစေဘို့သာ ဖြစ်ပါတယ်။ ကလေးမရတာမှာက အရေအတွက်ရော သန်မာမှုပါ လိုတယ်။ တိတိကျကျ ပြောရရင် Low sperm count, low motility and other semen abnormality & other male factor abnormalities ခင်ပွန်းရဲ့ သုတ် Sperm အရေအတွက်၊ လှုပ်ရှားနိုင်မှု၊ တခြား ပုံမှန်မဖြစ်မှုတွေ ပါတယ်။

ဇနီးအတွက်ဆိုရင် Absent egg formation မျိုးဥမဖြစ်တာ၊ Absent release of ovum from in ovaries due to various hormones disorder မျိုးဥ ဖြစ်ပေမဲ့ ဟော်မုန်းတွေ အခန့်မသင့်လို့ မျိုးဥက ထွက်မလာတာ၊ ဥပမာ Polycystic-ovarian disorder မျိုးးဥအိမ်ရောဂါ၊ Thyroids disorder လည်ပင်းကြီး ဟော်မုန်းရောဂါ၊ High Prolactin & other hormone related infertility တခြား ဟော်မုန်း ရောဂါတွေ ပါတယ်။

ယောက်ျားကို Fertility & Hormone Centre အထူးကုဌာနတွေကနေ စစ်တဲ့အခါမှာ Nil Sperms, Low Sperm Count, Low Sperm Motility, Pus in Sperm, Anti-Sperm Antibody, Absent Ejaculation, Less Semen Formation, Dead Sperms, Abnormal Sperm, Immotile Sperms Tests တွေ လုပ်တတ်တယ်။

သား-သမီးကောင်း မိဘတွေ ဖြစ်ကြပါစေ။
၉-၈-၂ဝ၁ဝ

Q 2: ကလေးမရနိုင်ခြင်းအကြောင်း ရေးတဲ့နေရာ ပြောင်းပြန် မေးတယ်လို့တော့ မထင်ပါနဲ့ဆရာ။ သုတ်ရေကို ပါးစပ်က မျိုချမိရင် ကိုယ်ဝန် ရနိုင်ပါသလား။

မရနိုင်ပါ။ သုတ်ရေထဲက သုတ်ပိုးသည် အစာလမ်းကြောင်း (ပါးစပ်၊ အစာမြိုပြွန်၊ အစာအိမ်) ထဲ ရောက်သွားပါက ကြာကြာ မရှင်နိုင်ပါ။ လူကိုတော့ ဘာမှ မဖြစ်စေနိုင်ပါ။ ကိုယ်ဝန်ရရန် သန်စွမ်းသည့် ကျားသုတ်ပိုးသည် ကျန်းမာနေသော မ-မျိုးဥ နှင့် မ-မျိုးပွားလမ်းကြောင်း (သားအိမ်ပြွန်၊ သားအိမ်) တနေရာရာမှာ တွေ့ရှိ-ပေါင်းစပ် ရပါမည်။ ထို့နောက် သားအိမ်၏ အတွင်းနံရံမှာ လာ၍ တွယ်ကပ်ရပါမည်။ မွေးလမ်းကြောင်း မဟုတ်သော အခြား (အစာလမ်း၊ ဆီးလမ်း စသည်) တို့မှာ မ-မျိုးဥဖြစ်စေ ကျား-သုတ်ပိုးဖြစ်စေ မရှင်နိုင်ပါ။

Q 3: January 15, 2010 9:25 AM
သုတ်ရည် ပြောင်းပြန်ဖြစ်ခြင်းဆိုတာ သုတ်ရည်က သားအိမ်ထဲကို မရောက်ဘဲ အမျိုးသမီး လမ်းကြောင်းက ပြန်ထွက်သွားတာကို ဆိုတာလားဆရာ။ အတူနေပြီးနောက် နာရီ အတော်ကြာ ငြိမ်နေသော်လည်း မနက်ပိုင်းမှာ အမျိုးသမီး လမ်းကြောင်း အရည်တချို့ ပြန်ထွက်ပါတယ်၊ အဲလိုမျိုးကို သုတ်ရည် ပြောင်းပြန်ဖြစ်တယ်လို့ ခေါ်တာလား ဆရာ။ သမီးမေးတဲ့အထဲမှာ ရိုင်းသွားတာပါရင် ခွင့်လွှတ်ပါဆရာ။ ကုသလို့ရတဲ့ နည်းရှိရင်လည်း သိပါရစေ။

ဆက်ဆံအပြီး အမျိုးသမီးရဲ့ အင်္ဂါထဲကနေ အပြင်ဘက်ကို အရည်ပြန်ထွက်တာက ပုံမှန်မှာလဲ ပြန်ထွက်တာပါ။ အရည်တချို့က အထဲ ဝင်ပါတယ်။

သုတ်ရည် ပြောင်းပြန်သွားခြင်း Retrograde ejaculation ဆိုတာ ဆက်ဆံအပြီး Orgasm ရတဲ့အခါမှာ Sperm တွေ ပါနေတဲ့ Seman သုတ်ရည် က Urethra ဆီးသွားပြွန်ကနေ ပန်းအဖျားဘက်ဆီ သွားရမှာကို မသွားဘဲ Bladder ဆီးအိမ်ဆီ နောက်ပြန်သွားတာကို ပြောတာ ဖြစ်ပါတယ်။

ပုံမှန်ဆိုရင် ဆီးအိမ်ရဲ့အောက်မှာရှိနေတဲ့ အထိန်း Sphincter ကနေ လမ်းမှန်အတိုင်းသွားအောင် လုပ်ပေးတယ်။

ယောက်ျားဆီးကြိတ် Prostate ရောဂါရှိရင်၊ ဆီးထွက်ပြွန်ကနေ ကရိယာထည့် ခွဲစိတ်ထားရင်၊ အော်တိုနောမစ် အာရုံကြော စနစ်ကို သွားထိခိုက်မိလို့ ဖြစ်တာပါ။ Testes (တက်စ်တိစ်) ကျားအစိ ကင်ဆာဖြစ်လို့ (လင့်ဖ်-နုတ်) တွေကို ခွဲထုတ်ရင်လဲ ဖြစ်တတ်တယ်။ ဒါ့ကြောင့် အဲလိုမဖြစ်ရအောင် လေဆာသုံးခွဲစိတ်တာ လုပ်ပါတယ်။

ဆေးကြောင့်လဲ ဖြစ်တတ်တယ်။ Prostate လို့ ခေါ်တဲ့ ယောက်ျားဆီးကြိတ်က ကင်ဆာမဟုတ်ဘဲ၊ အသက်ကြီးချိန်မှာ ကြီးလာတဲ့ရောဂါ BPH ကိုကုတဲ့ Tamsulosion ဆေး။ နောက်ပြီး စိတ်ရောဂါကုတဲ့ ဆေးတချို့။ ဆီးချိုရောဂါရှိရင်လဲ ဖြစ်နိုင်တယ်။

အဲဒီပြဿရှိနေသူကို ကလေးရချင်ရင် ယောက်ျားရဲ့ ဆီးကို Centrifuge လုပ်ပြီး သုတ်ရည်ကို ဇနီးရဲ့ မွေးလမ်းထဲ ထည့်ပေးတာ လုပ်နိုင်တယ်။

အထောက်အကူနည်း တခုကတော့ ဆက်ဆံလို့ ပြီးသွားချိန် Orgasm မှာ ယောက်ျား အပြင်လိင်အင်္ဂါ ရှိတဲ့နေရာတဝှိုက် Perineum မှာ နှိပ်နယ်ပေးတာ လုပ်တယ်။

January 11, 2010 6:26 PM
Q 4: ကျွန်မတို့ ဇနီးမောင်နှံက ခွဲနေရတာများပါတယ်။ OG တွေနဲ့ ပြကြည့်တော့လည်း ကလေး မရနိုင်တဲ့အကြောင်း မတွေ့ပါဘူးဆရာ။ အသက်ကလည်း ၃၅ ကျော်နေပြီမို့ သားသမီး အလွန်ရချင်ပါတယ်။ ရာသီစက်ဝိုင်း အလည် လောက်ရောက်ချိန်တွေမှာ အတူနေရင် သားသမီးရနိုင်တယ်လို့ ဆိုကြတာ ဟုတ်ပါသလားဆရာ။ ဘယ်လို တွက်ချက် ပြီးနေရင် ရနိုင်ပါသလဲ။ သမီးမျိုးဥ ကြွေဆေးလည်း တစ်ခါနှစ်ခါ စားဖူးပါတယ်။ ဆရာဝန်ညွှန်ကြားချက် အရပါ။ မထူးခြားခဲ့ပါဘူး။ စိတ်သောက အကြီးအကျယ် ရောက်နေရလို့ အကြံကောင်းရှိရင် ညွှန်ကြားပေးပါရှင်။ သားသမီး ရနိုင်တဲ့ ရက်များမှာ သမီးတို့ အတူနေနိုင်အောင် ကြိုးစားကြည့်ချင်လို့ပါဆရာ။

စိတ်အားမပျက်ဘို့တော့ အားပေးပါတယ်။ ပွင့်ပွင့်လင်းလင်းတော့ ရေးပါရစေ။ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါ။ ကြိုးစားပါ။

“ရာသီစက်ဝိုင်းအလည် လောက်ရောက်ချိန်တွေမှာ အတူနေရင် သားသမီးရနိုင်တယ်လို့ ဆိုကြတာ” မှန်ပါတယ်။ လစဉ် ရာသီလာတာ တခါနဲ့တခါ စုစုပေါင်း ၂၈ ရက်၊ ၃ဝ ရက်၊ စသဖြင့် ကွာခြားပါတယ်။ အဲဒါကို တလလို့ယူပါ။ အလယ်ရက်ဟာ မ-မျိုးဥထွက်တဲ့ရက် ဖြစ်ပါတယ်။ ဆိုပါစို့ ၂၈ ရက်သမားအတွက် အရင်လ ရာသီစဆင်းတဲ့နေ့ရဲ့နောက် ၁၄ ရက်ဖြစ်မယ်။ ၃ဝ ရက်သမားအတွက်က နောက် ၁၅ ရက်မှာဖြစ်တယ်။ ဆိုလိုတာက တခါဆင်းတာနဲ့ နောက်ဆင်းတာ ၂ ခုရဲ့ အလယ် တည့်တည့်ရက် ဖြစ်ပါတယ်။ ရက်တွက်ရင် ရာသီ စဆင်းတဲ့ရက်ကို ၁ လို့ မှတ်ပါ။ စဆင်းရက်ဆိုတာက မမှားနိုင်ဘူး။ ပြီးသွားတဲ့ရက် ဆိုတာက မသေခြာဘူး မဟုတ်လား။

အဲဒီနေ့မှာ မ-မျိုးဥထွက်တယ်ဆိုရင် အမျိုးသမီးရဲ့ကိုယ်အပူချိန်ဟာ နဲနဲလေး တက်လာပါတယ်။ ကရိကထ ခံနိုင်ရင် တလလုံး မနက် အိပ်ရာထမှာ Body temperature ကိုယ်အပူချိန် တိုင်းပြီး မှတ်ရတယ်။ မ-မျိုးဥ ထွက်တဲ့နေ့မှာ နဲနဲတက်လာတာကို သိရမယ်။

အလယ်တည့်တည့်ရက် ၁ ရက်ထဲသာ မဟုတ်ပါ။ မတိုင်ခင် ၂-၃ ရက်၊ နောက် ၂-၃ ရက်တွေကလည်း ကိုယဝန်ရှိနိုင်တဲ့ ရက်တွေချည်း ဖြစ်ပါတယ်။

ကိုယ်ဝန်တားနည်းတွေ တခုမှ မလုပ်ပါနဲ့။ အတူနေပြီးပြီးချင်း၊ ရေမဆေးပါနဲ့။ ဇနီးက ပက်လက်အနေအထားကိုသာ ၅-၁ဝ မိနစ် နေပါ။ လိုအပ်ရင် အဲဒီအချိန်လေးမှာ အောက်ပိုင်းကို နဲနဲမြှင့်ထားရင် ပိုကောင်းပါတယ်။ အထဲဝင်ရမှာတွေ ထွက်မကျစေဘို့ပါ။

အခုဟာက သဘာဝနည်းတွေသာ ဖြစ်ပါတယ်။ ဆေးကူရမှာတွေကိုတော့ စာနဲ့ရေးထားပြီ ဖြစ်ပါတယ်။ အသစ်တခု အကြံပြုပါတယ်။

နှစ်ဦးစလုံး စိတ်ထဲမှာလဲ ကြည်ကြည်လင်လင်နဲ့ ဆုတောင်းသလို Concentration ထားပါ။ စိတ်ရဲ့တန်ခိုးဟာ ဆေး တန်ခိုးထက် အဆများစွာ သာလွန်ပါတယ်။ Autosuggestion ဆိုတဲ့ မသိစိတ်မှာကိုက လိုလိုလားလား၊ စူးစူး စိုက်စိုက်၊ ထပ်ခါတလည်း၊ အဆင့် တခုတိုင်း၊ တခုပြီးတခု၊ စဉ်တိုက်၊ ဆက်တိုက်၊ အလေးအနက် အမိန့်ပေးတဲ့ စိတ်ရဲ့ စွမ်းအာကို အသုံးချကြည့်ပါ။ တကယ်ဘဲလို့ မြင်-သိနေပါ။ ဖြစ်အောင် လုပ်ပေးနေပါ။ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာနဲ့ အမိန့်ပေးနေပါ။

ကိုယ်စားတွေးပေးမယ်။ ဆိုပါတော့ ဆက်ဆံပြီးချိန်လေးမှာ -
• Sperm ကျားသုတ်ပိုးတွေဟာ အခု Vagina မွေးလမ်းထဲက၊ ဟို အတွင်းဆုံးနေရာမှာရှိတဲ့ Cx သားအိမ်အဝမှာ ရောက်နေကြပြီး၊ သားအိမ်အဝ အထဲကို မြန်မြန် ဆန်ဆန် ဝင်ချင်နေကြပြီ၊
• သန်မာလှတဲ့ သုတ်ပိုးတွေက သန်းနဲ့ချီရှိတာ၊ အလုအယက်၊ အမြန်အဆန်၊ သားအိမ်အဝထဲကို ဝင်လာကြပြီ။
• သားအိမ်အဝကလဲ နွေးနွေးထွေးထွေး၊ လက်ကမ်းကြိုနေတယ်။ သားအိမ်အဝက ကျိချွဲချွဲအရည်လေးတွေကလဲ ကူညီနေကြတယ်။ အဆင်ပြေလိုက်တာ။ အနွေးဓါတ်ကလဲ သူတို့ အကြိုက်ဘဲ။ လမ်းကလဲ ဖြောင့်လို့၊ တန်းလို့။
• Ovary မျိုးဥအိမ်က ထွက်လာတဲ့ ကျန်းမာလှတဲ့ Ovum မ-မျိုးဥကလဲ ဝင်လာနေကြတဲ့ ကျားပိုးတွေနဲ့ တွေ့ရ၊ ဆုံရ၊ ပေါင်းစပ် ချင်လှပြီ။ မျှော်နေတာ ကြာပြီလေ။
• မျိုးဥလေးက Tube သားအိမ်ပြွန်ကနေ အထဲဝင်လာနေပြီ။ ဘာအခက်အခဲမှလဲ မရှိဘူး။ အဆင်ပြေလိုက်တာ။
• အထဲကိုရောက်ပြီ၊ လိုက်ရှာနေပြီ။ အလုအယက် ဝင်လာနေကြတဲ့ အင်မတန် တပ်မက်စရာ ကောင်းလှတဲ့ ကျားသုတ်ပိုးတွေဆီကို မ-မျိုးဥက အကြော့သား ဆင်းလာနေပြီ၊
• ကျားသုတ်ပိုးကလဲ အကင်းပါးလိုက်တာ မပြောပါနဲ့တော့၊ ဘယ်မှာရှိမယ်ဆိုတာ အတတ်သိ။
• ဟော သူတို့တတွေ ဖူးဇာဆုံ၊ ရေစက်ပါတာမို့ တွေ့ကြ၊ ပေါင်းကြပြီ။ အရင်ဘဝတွေမှာ အတူတူ ကုသိုလ် ပြုခဲ့သူတွေ ဖြစ်နေတာကိုး။
• ပျော်စရာ၊ နှစ်သက်စရာ၊ စွဲမက်စရာ အင်မတန် ကောင်းလှပါလား။ တမျိုးနဲ့တမျိုး သံလိုက်ဓါတ် အဖိုနဲ့အမလို ကပ်သွား လိုက်ကြတာ။ ဘယ်လိုမှ ခွါထုတ်လို့ မရတော့ဘူး။ Bravo!
• သန်းနဲ့ချီတဲ့ ကျားသုတ်ကောင် သန်သန်မာမာတွေက သူ့ထက်ငါ အစွမ်းပြနေကြတယ်။ သူတို့ထဲက အကောင်းဆုံး၊ အတော်ဆုံး၊ အချောဆုံး၊ အလှဆုံး၊ ကံအကောင်းဆုံးတခုက အနိုင်သွားပြီး။ မမျိုးဥကနေ သူ့ကို ဆန်ခါတင် ရွေးလိုက်ပြီဘဲ။ Congratulations!
• ဟော သူတို့က ပေါင်းသွားလိုက်ကြတာ နှစ်ကိုယ့်တစိတ်။ တခုထဲ လုံးလုံးဖြစ်သွားပြီ။
• Uterus သားအိမ်ထဲက အခြေအနေတွေကလဲ အလွန်ကို အဆင်ပြေလိုက်တာ။ လိုလေသေးမရှိ အကုန် အဆင်ချောအောင် လုပ်ပေးနေတယ်။
• မှန်ဘီလူးနဲ့ ကြည့်လိုက်ရင် ဆဲလ် တွေ ၁ ခုက ၂ ခု၊ ၂ ခုကနေ ၄ ခု၊ ၈ ခု၊ ၁၆ ခု ပွါးများလာလိုက်ကြတာ။ မြန်လဲမြန်၊ မှန်လဲမှန်။ အသက်ရှိတယ်ဆိုတာ ဒါမျိုးပြောတာ။
• ငါ့ သွေး၊ သူ့သွေး စစ်လို့။ ငါ့မျိုးဆက်၊ သူမျိုးဆက် ပေါင်းဖက်ကြပြီ။ ဒို့မျိုးဆက် ဖြစ်လာနေပြီ။
• ငါ့ သားအိမ်ထဲက အကောင်းဆုံး နေရာလေးကို လိုက်ရှိနေပြီ။ တွေ့ပြီ၊ တွေ့ပြီ။ ဒီနေရောလေး။ မြုပ်ဝင်သွားပြီ။ ရေခံမြေခံ ကောင်းလှတယ်ဆိုတာ ဒါဘဲ။
• မျိုးလဲမှန်၊ မိုးလဲသန်။ သားအိမ်ကနေ လိုတာတွေ အကုန်အစင် လိုလေသေးမရှိ ဖြည့်ဆီးပေးနေတယ်။ ဆဲလ်လေးတွေ ဆက်ဆက် ပွါးများလာကြတယ်။
• ဟော ဒို့လိုချင်နေကြတဲ့ သန္ဓေသား၊ အမိစစ်-အဖစစ်ရဲ့ မျှော်နေရတဲ့ သန္ဓေသား၊
• ၅၂၈ အသစ်တခု လူ့လောကထဲမှာ လာနေပါပေါ့လား။ Welcome to the beautiful World!

Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/infertility-2.html

Dr. တင့်ဆွေ
၁၁-၁-၂ဝ၁ဝ
http://dts-medicaleducation-adult.blogspot.in/2012/03/infertility-1.html?zx=6033350137e49784

30 Oct 2013

သုတ်နှင့် သုတ်ရည်

အမျိုးသားလိင်အင်္ဂါက ထွက်လာတဲ့ အကြည်ရောင် ချောကျိကျိ အရည်မှာ သုက်ပိုးပါပါသလား။ ပါမယ်ဆိုရင် ဘယ်လောက် ရာခိုင်နှုန်းအထိ ပါတတ်ပါသလဲ။ အဆိုပါ အကြည်ရောင် အရည်ကြောင့် ကိုယ်ဝန် ရသွားနိုင်တဲ့ ဖြစ်ရပ်ကော သုတေသန ရှိပါသလား။

ယောက်ျား တယောက်ဟာ Sexually stimulated လိင်စိတ်ကြွလာတာနဲ့ Seminal vesicles နဲ့ Prostate gland တွေကနေ Seminal fluid အရည်ထွက်လာ တယ်။ အရည်ဆိုတာထဲမှာ Sperm သုတ်ပိုး ရောနေနိုင်တယ်။ (ပညာပိုင်း အခေါ်ဝေါ်တွေကို နောက်မှာ ရေးထားပါတယ်။)
Semen ကိုလဲ သုတ်ရည်လို့ ခြုံခေါ်နေကြတာ များတယ်။ ဆေးပညာ တတ်သိသူတွေကပါ သုံးနှုန်းကြတယ်။ Bulbourethral Glands တွေကနေ ထုတ်ပေးတဲ့ အချွဲရည်ဟာ Lubrication လိင်ဆက်ဆံတဲ့အခါ အသုံးဝင်တဲ့ ချောဆီ သဘော ဖြစ်တယ်။ တိတိကျကျ ပြောရရင် Semen ဆိုတာ Sperm မပါတဲ့ အရည်သာ ဖြစ်တယ်။ အဲဒီ အရည်ဟာ သုတ်မလွှတ်ခင် ထွက်တာမို့ Pre-ejaculate ကနဦး-အရည်လို့ ခေါ်မှ မှန်တယ်။

Spermatozoa သုတ်ပိုး ပါတာကိုသာ Sperm ခေါ်သင့်တယ်။ Semen အရည်ထဲမှာ Sperm cells က ထုထည် ၂-၅% သာပါတယ်။ သုတ်ပိုးရဲ့ Head ခေါင်းပိုင်းမှာ DNA ပါတယ်။ (ဒီအင်န်အေ) ဆိုတာ လူရဲ့ Blueprint ဗီဇ ဘဲ။ အရည် သန့်သန့်က ဗီဇမပါလို့ သန္ဓေ မရစေနိုင်ဘူး။ သူက သုတ်ပိုးတွေကို အကာကွယ်ပေးတယ်။ လှုတ်ရှားစေနိုင်တယ်။ တခြား နေရာဆီကို သွားနိုင်ဘို့ သယ်ပို့ ပေးတယ်။
Sperm cells သုတ် (ဆဲလ်) တွေဟာ Egg cell မ-မျိုးဥ (ဆဲလ်) နဲ့ အဆက်ရတာနဲ့ လျင်မြန် သွက်လက် လာကြတယ်။ ကိုယ်ခန္ဓာမှာ ရှိတဲ့ တခြား (ဆဲလ်) တွေနဲ့ မတူတာက Chromosome (ခရိုမိုဇုန်း) အရေအတွက်ဟာ တဝက်သာ ရှိတာမို့ Haploid လို့ ခေါ်တယ်။

သုတ်ပိုးမပါတဲ့ အရည်ကနေ (သီအိုရီ) အရ ကိုယ်ဝန် မရစေနိုင်ပါ။ ဒါ့ကြောင့် ပဋိသန္ဓေ တားနည်းတွေထဲမှာ Withdrawl method သုတ်ရည် အပြင်ထုတ်ပြစ်နည်း ဆိုတာပါတယ်။ ဒါပေမဲ့ ဒီနည်းကနေ ၁၅-၂၈% ကိုယ်ဝန် ရနိုင်တယ်။ ဘာလို့လဲ။ လိင်ဆက်ဆံနေတုံးမှာ အချိန်ကြာအောင် စိတ်ကို ထိန်းကြတယ်။ ကြိုးစားနိုင်သူ လူတော်ဘဲ။ ခက်တာက သုတ်ရည် အကုန် ပန်းမထွက်အောင် စွမ်းဆောင်နိုင်ပေမဲ့ တစက် (အမှန်က တစက်တောင်မှ မရှိပါ။) ဖြစ်ဖြစ် ထွက်လာနိုင်တယ်။ တကယ့် Orgasm (အော်ဂဇင်) ကို ထိန်းလို့တော့ ရပါရဲ့ သုတ်ပိုး အရေအတွက် သိန်းနဲ့၊ သန်းနဲ့ ပါနေမယ်။
Sympathetic nerves (ဆင်ပသက်တစ်) အာရုံကြောတွေကနေ လိင်ဆန္ဒ ပြည့်ဝချိန်မှာ Ejaculation သုတ်လွှတ်တာ လုပ်ပေးတယ်။ သုတ်လွှတ်လိုက်ရင် Prostate gland ဆီးကျိတ် နဲ့ Seminal vesicles အိတ်တွေကနေ အရည်တွေ ပိုထုတ်ပေးလာတယ်။ Orgasm လိင်ဆန္ဒ ပြည့်ဝချိန် ကြာလေလေ အရည်များ လေလေ။ အသက်ငယ်သူတွေမှာ ပိုများတယ်။ လူ ၃ဝ ကို စမ်းသပ်တာ ပျမ်းမျှ သုတ်ရည် ထုထည် 3.4 ml ရှိကြတာ တွေ့ရတယ်။ အများဆုံး 4.99 ml နဲ့ အနည်းဆုံး 2.3 ml ရှိတယ်။ သုတ်ပိုးပေါင်း 100 to 600 million ပါနေမယ်။

လူတယောက်မှာ Sperm ထုတ်နိုင်စွမ်းက သိပ်မပြောင်းလဲတတ်ပေမဲ့ Semen အရည်ကတော့ အစားအသောက်ကြောင့် ဖြစ်ဖြစ် နည်းနိုင်တယ်၊ များနိုင်တယ်။ ဆွီဒင် နဲ့ ဒိန်းမတ် လေ့လာမှုတခုကတော့ အချိန် ကြာကြာ လိင်ဆက်ဆံတာက Sperm count သုတ်ပိုး ပိုများတယ်။ Semen ထုထည်ကတော့ ပိုမများဘူးတဲ့။

Semen ဘယ်ကလာသလဲ၊ နေရာ ၄ ခုကနေလာတယ်။
1. Seminal vesicle = 65-75% (Seminal vesicles ဆိုတာ နာမယ်ကိုက Semen ထုတ်တဲ့ အဓိပ္ပါယ်ပါတယ်။ ဆီးအိမ် နောက်နား-အောက်နားမှာ အတက် ကလေးတွေလို ရှိတယ်။)
2. Prostate = 25-30% (ဆီးကျိတ်က ယောက်ျားမှာသာ ရှိတယ်။ ဆီးအိမ်အောက်မှာ ကပ်နေတယ်။ သူ့ထဲမှာ ကြည်တဲ့အရည်ကိုပါ လှောင်ထားတယ်။)
3. Testes = 2-5% (ကျား-အစိ ကနေ Sperm သုတ် နဲ့ ကျားဟော်မုန်း Testosterone ကိုလဲ ထုတ်ပေးတယ်။)
4. Bulbourethral glands = < 1% (ဆီးကျိတ်နောက်မှာ ပဲစေ့လောက်၊ Urethra ဆီးသွားပြွန် တဖက်တချက်မှာ ရှိကြတယ်။)

ကျား-အစိနောက်မှာ Epididymis ဆိုတာ ရှိတယ်။ ရှေးခေတ် ဂရိ-စစ်သား ဆောင်း (ဟဲလ်မက်) နဲ့ ဆင်တယ်။ ပေ ၂ဝ လောက် ရှည်ပေမဲ့ နေရာ ကျဉ်းကျဉ်း လေးမှာ ခွေနေလို့ သုတ်ပိုးတွေ များများ လှောင်ထားနိုင်တယ်၊ ကြီးရင့်လာဘို့ အချိန် ရစေတယ်။ ထိရင်-ကိုင်ရင် နာမယ်၊ ပိုးဝင်ရင်လဲ ရောင်တယ်။ အဲဒါ ရောင်တာကို Epididymitis ခေါ်တယ်။ အစိပါရောင်ရင် Epididymo-orchitis ခေါ်တယ်။ ကလေး၊ လူကြီး ဖြစ်တယ်။ Antibiotic ဆေးပေးရတယ်။ ဆေးမကုဘဲ ထားရင် Sterility ကလေးအဖေ မဖြစ်နိုင်ဘူး။

လိင်ဆက်ဆံလို့ ဖြစ်ဖြစ်၊ ဖါသာ-အာသာ ဖြေလို့ ဖြစ်ဖြစ် လိင်ဆန္ဒ ပြည့်ဝသွားချိန်မှာ ၃ဝ စင်တီမီတာလောက် ရှည်တဲ့ Vas deferens (Ductus deferens) ကိုဖြတ်ပြီး လိင်တံထိပ်ဖျားကနေ သုတ်ရည် ထွက်တာကို Ejaculation သုတ်လွှတ်တယ် လို့ ခေါ်တယ်။ ဒီအကြောနဲ့ ဘေးမှာကပ်နေတာလေးတွေကို Spermatic cord လို့ ခေါ်ပြီး၊ ယောက်ျားတွေ ကလေး မရစေအောင် ဖြစ်ပြစ်ရတာကို Vasectomy ခေါ်တယ်။

• သုတ်လွှတ်ပြီးတဲ့နောက် Semen ဟာ ခဲလာတယ်။ (ဂျယ်လီ) လို ဖြစ်လာတယ်။ ၃ဝ မိနစ်လောက် ကြာရင် အရေပျော်လာမယ်။ ဒီဖြစ်စဉ်ဟာ မျိုးပွါးဘို့မှာ အရေးပါတယ်။
• Semen သုတ်ရည်က (အယ်လ်ကာလိုင်း) ဖြစ်တယ်။ ထူးဆန်းတာက အမျိုးသမီး (ဗဂျိုင်းနား) ဟာ အက်စစ်ဓါတ် ရှိတယ်။ Spermicide သုတ်ပိုး သေဆေး တွေကလဲ အက်စစ်ဓါတ် ရှိတယ်။
• Sperm စစ်စစ်မှာ အရသာ မရှိဘူး။ Seminal fluid အရည်ကတော့ ချိုနိုင်တယ်၊ ခါးနိုင်တယ်။ တချို့မှာ ငန်တယ်။ အစားသောက်ပေါ် မူတည်တယ်။ အသား စားရင် ခါးပြီး၊ သက်သတ်လွတ်ဆိုရင် ချိုတယ်။ ချိုရတာက Fructose သကြားဓါတ်ကြောင့် ဖြစ်တယ်။
• Semen ဆိုတာ အများအားဖြင့် အဖြူရောင်၊ မီးခိုးရောင်၊ သွေးပါနေရင် ပန်းရောင် ဖြစ်တယ်။ ဝါတာ၊ စိမ်းတာ ဆိုရင် Infection ပိုးဝင်တာ ဖြစ်နိုင်တယ်။ များသောအားဖြင့် (ဂနိုးရီးယား) လို လိင်ကတဆင့်ကူးစက်ရောဂါ STD ကြောင့် ဖြစ်နိုင်တယ်။
• ပုံမှန်က Chlorine smell (ကလိုရင်း) အနံ့ ရှိတယ်။ Foul-Smelling အနံ့ဆိုးနေရင် ပိုးဝင်နေလို့ဘဲ။
• Dehydration ရေဓါတ် နည်းနေသူမှာ သုတ်က ပျစ်နေလိမ့်မယ်။ Testosterone နည်းလွန်းနေသူတွေမှာ အမြဲ အဲလိုပျစ်နေတယ်။

၁၉၉၂ World Health Organization (ရီပို့တ်) တခုအရ ပုံမှန် သုတ်ရည်ဆိုတာ -
1. တကြိမ် သုတ်လွှတ်ရင် 2 ml အနည်းဆုံး ရှိရမယ်။
2. pH က 7.2 ကနေ 8.0 ရှိရမယ်။
3. Sperm concentration သုတ်ပိုး အနည်းဆုံး 20x106 spermatozoa/ml နဲ့ တခါသုတ်လွှတ်ရင် အနည်းဆုံး 40x106 spermatozoa/ml ရှိရမယ်။
4. အနည်းဆုံး 50% ဟာ Forward progression ရှေ့ကို ဦးတည်သွားလာနိုင်စွမ်း ရှိရမယ်။
5. အနည်းဆုံး 25% ဟာ သုတ်လွှတ်ပြီးနောက် မိနစ် ၆ဝ အတွင်းမှာ Rapid progression သွက်သွက်လက်လက် ရှေ့ဘက်ဆီ လှုတ်ရှားနိုင်ရမယ်။
ယောက်ျား မျိုးပွါးစနစ်မှာ ဦးနှောက်၊ လိင်အင်္ဂါတွေနဲ့ ဟော်မုန်းတွေ ပေါင်းစုပြီး အလုပ်လုပ်ပေးကြတယ်။

• ဦးနှောက်ထဲက Hypothalamus (ဟိုက်ပိုသဲလ်မတ်စ်) ကနေ Gonadotropin-Releasing Hormone (GnRH) ဟော်မုန်းတွေကို ဦးနှောက်ထဲမှာဘဲ ရှိတဲ့ Pituitary gland (ပစ်ကျူထရီ) အိတ်ထဲကို ထုတ်ပေးတယ်။ Luteinizing Hormone (LH) နဲ့ Follicle-Stimulating Hormone (FSH) ဟော်မုန်း ၂ မျိုး ဖြစ်တယ်။
• LH ကြောင့် ကျား-အစိကနေ Testosterone (တက်စ်တိုစတီရုံး) ထွက်စေတယ်။ FSH ကို အကူအညီ ပေးလို့ ကျား-အစိထဲက Seminiferous tubules ပြွန်သေးလေးတွေကနေ နုသေးတဲ့ Sperm တွေကို ရင့်ကျက်စေတယ်။ Testosterone ကို ကျား-ဟော်မုန်းလဲ ခေါ်တယ်၊ Androgen လဲ ခေါ်တယ်။ သုတ်ပိုး ထုတ်တာမှာ မရှိမဖြစ်ပါ။
• သုတ်ပိုးတွေဟာ ကျား-အစိထဲက Seminiferous tubules နံရံတွေမှာ ဖြစ်တယ်။ Epididymis ထဲမှာ နုသေးတဲ့ သုတ်ပိုးတွေ နေကြတယ်။ သုတ်ပိုးတွေဟာ နုရာကနေ ရင့်ကျက်လာဘို့ ၉-၁ဝ ပါတ် အချိန်ယူတယ်။

သုတ်လွှတ်ရင် Epididymis ရဲ့အမြီးပိုင်းကနေ တနာရီ မိုင် ၇ဝ နှုန်းလောက် အရှိန်နဲ့ Ductus deferens ပြွန်ထဲကို ထွက်လာကြတယ်။ ဆက်ပြီး Spermatic cord အကြောထဲ ရောက်မယ်။ Vas deferens ဟာ Seminal vesicle နဲ့ ပေါင်းပြီး Ejaculatory duct ထုတ်ပြွန် ဖြစ်စေတယ်။ သူက Prostate ဆီးကျိတ်နဲ့ Urethra ဆီးပြွန်ထဲကို ပွင့်နေတယ်။ ကျား-အစိကနေ သုတ်ထွက်တာနဲ့ ကြွက်သား အလုပ်လာတယ်။ အချက်ကျကျ ကြွက်သားတွေ ညှစ်လို့မို့ သုတ်ရည်ကို ရှေ့ဆက် တိုးထွက်လာစေတော့တယ်။

သုတ်ရည်ကနေ သယ်ဆောင်ပေးနိုင်တဲ့ ရောဂါတွေထဲမှာ AIDS လဲပါတယ်။ Semen allergy သုတ်ရည်နဲ့ မတဲ့သူတွေလဲ အနည်းအပါး ရှိတယ်။ သုတ်ရည် ထိတာနဲ့ ဗဂျိုင်းနား ယားမယ်၊ ရောင်မယ်၊ နီရဲလာမယ်။ ပိုဆိုးသူတွေက တကိုယ်လုံးမှာ အဲလို ဖြစ်တတ်တယ်။ (ကွန်ဒွမ်) သုံးရင် ရပါတယ်။ ယောက်ျားတွေမှာလဲ သုတ်လွှတ်ပြီး၊ တုပ်ကွေးလို ခံစားရသူတွေလဲ ရှားရှားပါးပါး ရှိတယ်။ Post orgasmic illness syndrome or POIS လို့ ခေါ်တယ်။

သုတ်ရည်ရဲ့ တခြားကောင်းကျိုးတွေလဲ ရှိပါတယ်။ စိတ်ကျရောဂါ ခံစားနေရသူ အမျိုးသမီးတွေဟာ သုတ်ရည်ကြောင့် စိတ်သက်သာ ရစေလို့ Antidepressant သတ္တိရှိတယ်။ ကောလိပ်-ကျောင်းသူ ၂၉၃ ယောက်ကို သုတေသနတခု လုပ်တယ်။ ဆက်ဆံတဲ့အခါ (ကွန်ဒွမ်) မသုံးတဲ့ မိန်းကလေးတွေဟာ လက်ရှိ အဖေါ် ယောက်ျားနဲ့ ခွါပြဲသွားရင် နောက် အသစ်တယောက်ကို မကြာမတင် ရှာချင်တာ တွေ့ရတယ်။ သိပ္ပံသမားတွေက သုတ်ရည်ကို Chemical dependency ဆေးစွဲ သလို Rebound effect ဖြစ်တယ်လို့ ကောက်ချက် ချတယ်။ ဒီလို မိန်းကလေးတွေက ဒီအကျင့်မျိုး ရှိနေတာကိုးလို့ အရပ်စကား ပြောကြမှာဘဲ။

လိင်ဆက်ဆံရာမှာ ပါးစပ်ကို သုံးတာကို Fellatio ခေါ်တယ်။ လက်တင်လို Suck ကနေ လာတာပါ။ တချို့က Semen ingestion သုတ်ရည် မျိုချတဲ့ အကျင့်ရှိတယ်။ St. Priapus Church မှာ လူရှေ့သူ့ရှေ့ သုတ်ရည် သောက်သုံးတာကို ကိုးကွယ်မှု တခုလို့ ယူဆတယ်။ အာဟာရဓါတ်တော့ မရှိသလောက်ပါ။ ရေသာများတယ်၊ Potassium, Magnesium, Selenium, Copper and Zinc ဓါတ်ဆားတွေ ပါတယ်။ 150 mg (ပရိုတင်း)၊ 11 mg ကာဗွန်ဟိုန်ဒရိတ်၊ 6 mg အဆီ နဲ့ 3 mg (ကိုလက်စထော) တွေပါတယ်။

သုတ်ကို ပါးစပ်က မျိုချတာမှာ Health risks ကျန်းမာရေးအရ ဘာဖြစ်နိုင်သလဲ။ အန္တရာယ် မရှိလှပါ။ အမျိုးသမီး ပါးစပ်မှာ အနာအဆာ ရှိမှသာ HIV နဲ့ Herpes ရေယုံပိုးတွေ ဝင်နိုင်တယ်။ ယောက်ျားမှာ Human papillomavirus (HPV) ကြွက်နို့ ဗိုင်းရပ်စ် ရှိနေရင် Oral or Throat cancer ခံတွင်းနဲ့ လည်ချောင်း ကင်ဆာ တွေ ဖြစ်နိုင်ခြေ ပိုများနိုင်တယ်။

ခေတ်ဟောင်း ပညာရှင် Aristotle ကလဲ ဆိုခဲ့သေးတယ်။ “သုတ်ရည်ဆိုတာ အစာအဟာရထဲက ကောင်းပေ့ ဆိုတာကနေ ရတာ” တဲ့။ ခေတ်သစ် လှို့ဝှက်-ထောက်လှမ်းရေးမှာ သုတ်ရည်ဟာ Invisible ink မမြင်နိုင်တဲ့ မင်လို သုံးနိုင်တယ်။

ယဉ်ကျေးမှု မတူတာတွေမှာ မတူတဲ့အမြင်တွေ ရှိကြတယ်။ ဗမာတွေက “ချွေးထွက် များမှ သွေးထွက် နည်းမယ်” လို့ ပြောကြတယ်။ တရုတ်-စကားပုံတခုကတော့ “သုတ်တစက်ဟာ သွေးဆယ်စက်နဲ့ ညီတယ်” တဲ့။ “ကျောက်မျက်ရတနာ Gemstones တွေဟာ Drops of divine semen ဘုရားသခင်ကပေးတဲ့ သုတ်ရည် Celestial Dragon နဂါးမင်းက ဆင်းသက်တာလို့ ယုံကြည်ကြတယ်။

ယောက်ျားတွေဟာ ဒို့မှာသာ ဒါလုပ်နိုင်တယ်လို့ အတင်း ဂုဏ်ယူချင် မနေကြပါနဲ့။ ရိုးရာ ရုရှား-ဆေးပညာကဆိုတာ မှန်တယ်။ “သုတ်ရည်ဆိုတာ ယောက်ျား နဲ့ မိန်မ အကြား ဆန်းပြားလှတဲ့ ဇီဝကမ္မဖြစ်စဉ်ရဲ့ ရလဒ်တခု ဖြစ်တယ်” တဲ့။ အနည်းဆုံး စိတ်ကူးထဲ၊ အိပ်မက်ထဲမှာ မိန်းမ ပါမှသာ သုတ်ရည်ဆိုတာ ထွက်လာနိုင်ပါတယ်။
FROM-DR TINT SWE

Twitter Delicious Facebook Digg Stumbleupon Favorites More