Pages - Menu

7 Feb 2014

ငါးဘတ်ငါးဆားနယ်ချက်

ငါးဘတ်အသား............. ၄၀ ကျပ်သား

ကြက်သွန်နီ......................၁ လုံး
ခရမ်းချဉ်သီး.....................၅ လုံး ( ပါးပါးလှီး)
ကြက်သွန်ဖြူ.....................၅ တက်
ငရုတ်ခြောက်တောင့်...........၅ တောင့်
နနွင်းမှုန်. + အရောင်တင်မှုန်. .အနည်းငယ်စီ
နံနံ...........................အနည်းငယ်
ဆား...............................၁ ဇွန်း ( ထမင်းစားဇွန်း)
ပာင်းခတ်မှုန်. ..................အနည်းငယ်

ငါးဘတ်သားတွေကို ၁ လက္မအရွယ်လောက်တုံးပြီးဆားဇွန်း၃ဇွန်းခန်.
ဖြင့်နယ်ပြီးပလပ်စတစ် ၃-၄ ထပ်လောက်လေလုံအောင်ထုပ်ကာ(၃) ရက်
ခန်.ကြိုတင်ထားပါ။

ဟင်းချက်တော့မယ်ဆိုရင်...ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးခြောက်တောင့်တွေကိုညှက်နေအောင်
ထောင်းထားပါ။

ပာင်းအိုးစတင်မပြင်ဆင်မှီဆားနယ်ထားတဲ့ ငါးတွေကိုရေပြန်ဆေးပြီးရေစစ်
ထားပါ။ ဒီလိုဆားနယ်ထားခြင်းက ငါးအသားကို တင်းစေပြီးချက်တဲ့အခါ
ကြေမွမှုကိုလည်းကာကွယ်ပေးပါတယ်..။

ဒယ်အိုးတစ်လုံးမှာ..ထောင်းထားသောကြက်သွန်၊ ငရုတ်သီး၊ နနွင်းမှုန်.၊
အရောင်တင်မှုန်.၊ လက်ကျန်ဆား၊ ပာင်းခတ်မှုန်.တို.ကိုအောက်ဆုံးမှ
ထည့်ပါ။

ပါးပါးလှီးထားသောခရမ်းချဉ်သီးများဖြင့် ဖုံးအုပ်ပြီးပါက ဆီ၂ ဇွန်းခန်.ထည့်
ပါ။ထို.နောက်ပာင်းအို.ပတ်ပတ်လည်ကိုရေအနည်းငယ်ဝိုက်ထည့်ပြီး..
ဖွင့်ကြည့်စရာမလို ၊ မွှေပေးစရာမလိုလောက်တဲ့..မီးအေးအေးမှာအဖုံးပိတ်
ချက်ပါ။

(၁၀) မိနစ်လောက်ကြာလာလျှင်ရေခမ်းပြီးအနှစ်ကျလာသလို ဆီလည်းပြန်
လာပါလိမ့်မည်။ ထိုအချိန်မှ..ရေဆေးထားတဲ့ငါးအသားတွေကို ပေါင်းထည့်
ပြီး..ပာင်းချက်ဇွန်းဖြင့်ဖြည်းညှင်းစွာမွှေပေးပါ။

ထိုအတိုင်း...၂ ရေလောက်တော့အနည်းဆုံးခမ်းအောင်ချက်ပေးရပါမည်..
(ဒါမှလည်း..အနှစ်ကျတဲ့ဟင်းတစ်ခွက်ရစေမှာပါ )

နောက်ဆုံးနံနံလေးတွေအုပ်ပေးလိုက်ရင်..အရသာထူး
ခြားတဲ့ ငါးဘတ်ဆားနယ်ချက်လေးသုံးဆောင်နိုင်ပါပြီ...။

( မငံပဲ သိပ်စားလို.ကောင်းပါတယ်...ခုလို..အတို.အမြှုပ်အစုံနဲ.စား )..တွဲဖက်
ဆို..အချဉ်ဟင်းလေးတစ်ခွက်လောက်တာလိုအပ်မှာပါ...။

ပာင်းချက်နည်းများ

Twitter Delicious Facebook Digg Stumbleupon Favorites More