Pages - Menu

26 Jan 2014

ပုစွန်လတ်လတ် အုန်းသီးနုနု

ပရိသတ်ကြီးရေ နောက်ထပ် ဟင်းလျာဆန်းဆန်းလေးဖြစ်တဲ့
ပုစွန်လတ်လတ် အုန်းသီးနုနုဟင်းလျာလေးကို ကြည့်လိုက်ရအောင် . . . ။

ပါဝင်ပစ္စည်းများ
......................
• ပုစွန် - ၃၀သား
• အုန်သီးဇွန်းခြစ် - ၁လုံး
• ခရမ်းချဉ်သီး - ၁လုံး (စဉ်းထားပါ)
• ကြက်သွန်နီ - ၂ ဥ (စဉ်းထားပါ)
• ကြက်သွန်ဖြူ - ၃ တက် (စဉ်းထားပါ)
• ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
• သကြား - လက်ဖက်ရည်ဇွန်း တစ်ဝက်
• ပင်စိမ်းရွက် - အနည်းငယ်
• ဆီ - လက်ဖက်ရည်ဇွန်း ၃ဇွန်း
• နနွင်းမှုန့်/အရောင်တင်မှုန့် - အနည်းငယ်

ပြုလုပ်နည်း
................
၁။ ပုစွန်ကို အခွံခွာ ချေးကြောင်းထုတ် ရေဆေးထားပြီး
ဆား၊ သကြား၊ နနွင်းမှုန့်၊ အရောင်တင်မှုန့် တို့ဖြင့် နယ်ထားပါ။

၂။ အုန်းသီးကို အရည်သတ်သတ်ဖယ် ထားပြီး အသားနုနုများ ဇွန်းနှင့် ရှပ်ခြစ်ပါ။
ဖိခြစ်လျှင် အုန်းသီး အခွံနုသားများပါပြီး ဖန်တတ်ပါတယ်။ အုန်းသီးအသားများကို
အဖတ်သေးသေးလေးများ ဖြစ် အောင် လှီးထားပါ။ အုန်းရည်ကိုလည်း ဟင်းချက်ဖို့
သီးသန့် ချန်ထားပါ။

၃။ ကြက်သွန်နီ၊ ကြက်သွန်ဖြူများ ဆီသတ်ပါ။ ညိုလာလျှင် လှီးထားသော
အုန်းသီးအသားများ ထည့်ပါ။ မကပ်အောင် သေသေချာချာမွှေပေးပြီး ခရမ်းချဉ်သီးများထည့်ပြီး
ကြေပြီး ခြောက်လာသည်အထိ မွှေပေးပါ။

၎။ ဟင်းအိုးခြောက်လာလျှင် အရသာ နယ်ထားသော ပုစွန်များထည့်ပေးပါ။
ရေမသုံးဘဲ ဖယ်ထား သော အုန်းရည်ကို ဟင်းအိုးခြောက်လျှင် သုံးနိုင်ပါသည်။

၅။ ပုစွန်များကွေးပြီး ဟင်းရည်ပျစ်ပျစ်ရ လျှင် ပင်စိမ်းရွက်များ ခပ်ပြီး
ချက်ပြုတ် ခြင်း ပြီးဆုံးပါပြီ။

..............
သစ်ထူး

Twitter Delicious Facebook Digg Stumbleupon Favorites More