Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

27 Aug 2014

ရေနွေးဖြူမှရရှိနိုင်မည့် အကျိုးကျေးဇူးများ

ရေအသက်တစ်မနက် ဆိုသည့်အတိုင်း လူသားတို့ အတွက် သောက်ရေဟာမရှိမဖြစ်အရာပေမို့ ၊ အရွယ်ရောက်ပြီးသူတစ် ယောက်ဟာ သောက်ရေသန့် ကို နေ့ စဉ် ၇-ခွက်မှ ၈-ခွက်အထိ သော က်ေ ပး သင့်ကြောင်း ကျန်းမာရေးသုတေသီများက မိန့် ဆို ထားကြပါတယ်။ ဆက်လက်ြ ပီးေ ရနွေးဖြူ(သို့ မဟုတ်)ရေကျက်အေးလေးတွေက လူသားတို့ ဘက်စုံကျန်းမာရေးအပြင် အသား အရေ နှင့် ဆံပင်တို့ အတွက် ကောင်းကျိုးပြုပုံကို ကျန်းမာရေးသုတေသီများက အောက်ပါအတိုင်း အကြံပေးထားကြပါတယ်။

၁။ ရေနွေးဖြု နှင့် ဘက်စုံကျန်းမာရေး

(အဆိပ်အတောက် ပြေစေပါတယ်) ရေနွေးသောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်အပူချိန်ဟာ မြင့် တက် လြာ ပီး ကိုယ်တွင်းမှ အဆိပ် အတောက်တွေက ချွေးစေးအဖြစ် ထွက်ရှိလာပါတယ်။ ဒြါေ ကာင့် နံက်စောစော ၁-ကြိမ်၊ ညအိပ်ယာဝင်ခါနီး ၁-ကြိမ် ရေနွေးဖြူ သောက်ခြင်းဖြင့် တစ်နေ့ ၂-ြ ကိမ် အဆိပ်အတောက်တွေထုတ်ပေးသင့်ပါတယ်။ ရေနွေးဆူဆူထဲကို သံပုရာရည်ညှစ်၍ ပျား ရည် အနည်းငယ်ထဲ့သောက်ပေးခြင်းက ပိုမိုထိရောက်မှုဖြစ်စေပါတယ်။

(အူများကို ကောင်းစွာအလုပ်လုပ်စေပါတယ်) ၀မ်းချုပ်သူများအတွက် သတင်းကောင်းလေးပါ။ မကြာခဏ၀မ်းချုပ်တတ်သူများ အဖို့  အစာမစားခင် ရေနွေးပူပူတစ်ခွက် သောက်ပေးခြင်းဖြင့် အစာအိမ် နှင့် အူသိမ်၊ အူမများကို ထိုရေနွေးပူက လှုံ့ ဆော်ပေး တာကြောင့် အူလမ်းကြောင်း ပိတ် ဆို့ မှု မရှိစေတော့ဘဲ သက်သက်သာသာဖြင့် ၀မ်းသွားစေနိုင်ပါတယ်။

(အစာကျေညက် လွယ်ပါတယ်) ထမင်းစားနေစဉ် နှင့် စားပြီးနောက်မှာ သောက်ရေအေးသော က်ခြင်းက အဆာမကျေနိုင်ပါဘူး။ ဒါ့ပြင် ထိုထမင်းထဲရှိ ကစီဓာတ်နှင့် ဟင်းလျာများမှပါလာတဲ့ ဟင်းအဆီအနှစ်များဟာ သောက်ရေအေးဖြင့်ဓာတ်ပြုကာ အူ အတွင်းနံရံတွေပေါ်မှာ အဆီအနှစ် တင်ကျန်ရစ်ပြီး၊ အချိန်ကြာလာတာနဲ့ အမျှ အူကင်ဆာလာနိုင်ပါတယ်။ သို့ သော် ရေနွေးပူပူ ကို အစားထိုးသောက်ပေးခြင်းက အစာကျေညက်လွယ်တဲ့အပြင် အူကင်ဆာဖြစ်လာမှာလည်း မစိုးရိမ်ရတော့ပါဘူး။

(ကိုယ်အလေးချိန်ကျစေပါတယ်) ရေနွေးသောက်ခြင်းက ကိုယ်အလေးချိန်ကျခြင်းနှင့်ဆက်စပ်မှု ရှိတ ယ်ဆို ရင် သင်အံ့သြသွားလေ မလား။ ရေနွေးပူပူသောက်ပြီးနောက် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ လည်ပတ်မှုဖြစ်စဉ် တိုးတက်လာပြီး၊ အရေပြားအောက်မှာရှိတဲ့ အဆီပို တစ်ရှုးတွေ ကို ဖြိုခွဲပ စ် နိုင်ပါတယ်။

(အအေးမိဝေဒနာအမျိုးမျိုးကို ပျောက်ကင်းစေပါတယ်) ရေနွေးပူပူသောက်လိုက်တဲ့အခါ၊ ချွဲသလိပ် များကို ငြိမ်ကျသွားစေ တာ ကြောင့် အသက်ရှုလမ်းကြောင်း ပွင့်သွားပါတယ်။ ဒါကြောင့် အအေး မိ၍ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းယား၊ လည်ချောင်း နာခြင်းများအတွက် ရေနွေးပူပူက အေ ကာင်းဆုံးဆေးတစ်ခွက်ပါဘဲ။

(သွေးကောင်းစွာ လည်ပတ်စီးဆင်းကာ အာရုံခံအင်္ဂါများပွင့်သွားစေပါတယ်) ရေနွေးပူပူက ခန္ဓာ ကိုယ် ကို ဘေးဥပါသ်ဖြစ်စေတဲ့ သွေးကြောထဲရှိ ကိုလက်ထစရောများကိုပါချပေးနိုင် တာကြော င့် သွေးကြောများပွင့်ကာ အာရုံကြောစံနစ်များလည်းတိုးတက် ကောင်းမွန်လာပါတယ်။

(ခြေထောက်သွေးကျ၍ နာကျင်ကိုက်ခဲပါက ရေနွေးစိမ်ပေးနိုင်သလို၊ အမျိုးသမီးများ ဓမ္မာလာစဉ် ဗိုက် အောင့်ခြင်းအတွက် ရေနွေးပူသောက်၍သော်လည်းကောင်း၊ ရေနွေးအိတ်(သို့ မဟုတ်)ရေနွေးပုလင်းဖြင့် ဗိုက်ကိုကပ်ပေး၍ သော်လည်းကောင်း သက်သာပျောက်ကင်းနိုင်ပါတယ်)

၂။ ရေနွေးဖြူ နှင့် အသားအရေကျန်းမာရေး

(လှချင်ရင် ရေနွေးဖြူ ၁-ခွက်နေ့ စဉ်သောက်ပါ) အထက်မှာဖော်ပြသွားခဲ့တဲ့အတိုင်း ရေနွေးပူ ပူသောက်လိုက်တဲ့အခါ၊ ချွေးစေးနှင့် အတူ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များပါသွား တာကြောင့် အသားအရေကို ကြည်လင်စေပါတယ်။

(အသားအရေအတွက် ရေနွေးစိမ်ချိုးပါ) မိမိခံသာရုံ ရေနွေးဖြင့်စိမ်၍ ရေချိုးပေးခြင်း က သွေး လည် ပတ်မှုအားကောင်းစေကာ ချွေးပေါက်များပွင့်လာပြီး အသားအရေစင်ကြယ်စေပါတယ်။ အ သားအရေမှိုစွဲသူများအတွက်လည်း ရေနွေးချိုးပေးခြင်းဖြင့် ချမ်း သာမှု ရစေနိုင်ပါလိမ့မယ်။ မျ က်နှာေ ပ်ါမှာ မကြာခဏ၀က်ခြံထွက်သူများအဖို့  မိမိခံသာရုံ ရေနွေးနွေးဖြင့် မျက်နှာသစ်ပေးပါ (သို့ မ ဟုတ်) မိမိခံသာရုံလောက် ရေနွေးငွေ့ ဖြင့် မျက်နှာပေါင်းတင်ပါ။

၃။ ရေနွေးဖြူ နှင့် ဆံပင်ကျန်းမာရေး

(ဆံသားကို အားဖြည့်ပေးနိုင်ပါတယ်) ရေနွေးပူပူ သောက်လိုက်တဲ့အခါ၊ ခေါင်းချွေးထွက်သွား ကာ သွေးလည်ပတ်မှုအားကောင်း လာပါတယ်။

 ထိုဖြစ်စဉ်က ဦးရေပြားပေါက်လေးတွေပွင့်သွားပြီး အောက်စီဂျင်ကိုပိုမိုစုပ်ယူနိုင်တာကြောင့် ဆံပင်အမြစ်ကို ခိုင်မာ လာ စေပါတယ်။


ေ     ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်

26 Aug 2014

မုန့်စိမ်းပေါင်း လုပ်နည်း

ငစိန်ဆန် တစ်ပြည်ကိုရေစင်အောင်ဆေးပြီး ကြိတ်ဆုံမှာကြိတ်ပါ။
မုန့်ရည်ကို အ၀တ်အိတ်နဲ့စစ်ထားပါ။
ရေစစ်သွားတဲ့အခါ မုန့်နှစ်ကိုအလုံးလိုက် ပေါင်းပါ။
မုန့်သား အနည်းငယ် ကျက်တာနဲ့
မုန့်လုံး ကို လက်ဆုံမှာထည့်ထောင်းပါ။
မုန့်ညက် အမှုန့်တွေကို အခဲတွေမပါအောင် ဆန်ခါ ချထားပါ။
အဖြူ သား လုပ်ဖို့မုန့် အချို့ကိုချ န်ထားပြီး
ကျန်တဲ့မုန့်သားတွေကို ပေါက်စေးကျ အောင်ကြို ထားတဲ့
ထန်းညက်ရည်နဲ့ နှံ့အောင် ရောနယ်ပါ။
ထန်းညက် (၅၀)ကျ ပ်သားလောက် ကြို ရင် ရပါပြီ ။
အဖြူ သားအတွက်ချန်ထားတဲ့ မုန့်သားထဲကို
အုန်းသီးတစ်လုံးကိုညှစ်လို့ရတဲ့ အုန်းနို့ပျ စ်ပျ စ်နဲ့
သကြားနည်းနည်းရောထည့်နယ် ထားပါ။
တချို့က မုန့်အဖြူ ထဲကို ပဲလွန်းပြု တ်ပြီးထည့်ကြပါတယ်။
မုန့်စိမ်းပေါင်းအိုး(မြေအိုး) ကို အိုးရောင်းတဲ့ဆိုင်မှာ မေးဝယ်လို့ရပါတယ်။
ပေါင်းအိုးမှာ ကပ်ပြားခံပြီး ပိတ်စိမ်းပါး(အ၀တ်ဖြူ ချည်သားကျဲကျဲ ) ခင်းပါ။
ပထမဆုံး ထန်းညက်နဲ့နယ်ထားတဲ့ မုန့်သားကို ဆန်ခါချ ပြီး ခပ်ရွရွ ခင်းထည့်ပါ ။
အပေါ်မှာတစ်ထပ်အုပ်ဖို့ နည်းနည်းချန်ထားပါ။
ထန်းညက်နဲ့မုန့်သားထည့်ပြီးရင် အပေါ်ကနေ မုန့်သားအဖြူ ထည့်ပါ ။
အဖြူ သားပေါ်ကနေ ရောင်စုံဖရုံယိုအတုံးလေးတွေ သီဟိုဠ်စေ့တွေထည့်လို့ရပါတယ်။
အဖြူသားပေါ်ကနေ ချန်ထားတဲ့ ထန်းညက်နယ်ထားတဲ့မုန့်သားတစ်ထပ် ထပ်ထည့်ပါ။
ပေါင်းလို့ကျက်တဲ့အခါ ဓါးနဲ့လှီးပြီး အုန်းသီးဖြူးစားပါ။


ကော်ဖီ/လက်ဖက်ရည်နဲ့ဖြစ်စေ-
ရေနွေးကြမ်းနဲ့ဖြစ်စေ တွဲဖက်စားလို့ရတဲ့ မြန်မာ့ရိုးရာစားစရာပါ။


credit to  sumhka sengpan

မုန့်ပြားသလက် လုပ်နည်း

မုန့်ပြားသလက် လုပ်နည်းလေး တောင်းထားသူတွေအတွက်
မုန့်ဆရာကို ခေါ်ပြီး မေးမြန်းစပ်စုထားတာလေးကို တဆင့် ပြောပြပါ့မယ်ရှင်
 ပထမဆုံး ဆန်ကိုရေစိမ်ထားပြီး နူးရင် ရေသုံးလေးထပ် ဖွေးနေအောင်ဆေးပစ်လိုက်ပါ
ပြီးရင် မုန့်ကြိတ်ဆုံဆီသွားကာ မုန့်နှစ်အပ်ရပါတယ်
ရလာတဲ့မုန့်နှစ်ကို ပိတ်စထဲထည့် ကျောက်ဖိထားပြီး ရေစစ်သွားရင် သိမ်းထားလိုက်ပါ

မနက်စောစော မုန့်လုပ်စားမယ်ဆို တစ်ညကြိုလုပ်ထားလိုက်ရင် ပိုအဆင်ပြေပါတယ်။

မုန့်လုပ်တော့မယ်ဆိုမှ မုန့်နှစ်ခဲကို ရေ ဆော်ဒါ ဆား အနည်းငယ်နဲ့ မပျစ်မကျဲ ကြွက်မြီးတန်းအနေရအောင်စပ်ပါ။
နာရီဝက်ကြာလျှင် အကောင်းဆုံး အနေအထားကိုရပါပြီ။

ထိုထက်ပိုကြာလျှင်တော့ မုန့်ပွလွန်ပြီး အခုရေအတွက် ပိုထွက်ပေမယ့်
မုန့်သားကတော့ တမျိုးဖြစ်သွားမယ် အိမ်စားဆိုပါက နာရီဝက်ဆို မကပ်လွန်းမပွလွန်း အကောင်းဆုံးနုအိနေတဲ့အနေအထားလေးကို ရရှိပါလိမ့်မယ်တဲ့ရှင်။
 လိုအပ်တဲ့ ပဲ နှမ်းထောင်း နံနံပင်တို့လည်း ပြင်ဆင်ထားပါ။

ဆော်ဒါကတော့ ဆန်နို့ဆီဗူးလေးလုံးဆို မကျည်းစေ့တစ်ဝက်ခန့်ထည့်ပြီး
ဆားကတော့ အပေါ့အငံ လိုအပ်သလိုထည့်နိုင်ပါတယ်။

တချို့တွေက ဆန့်မှုန့်ကို ဝယ်ပြီး အလွယ်လုပ်ကြသလို ဆန်ကြိတ်စဉ်မှာ ဘယာပဲ အနည်းငယ်ထည့်ကြိတ်တာမျိုးလည်း.ရှိတတ်ကြတယ်တဲ့
ဒါပေမယ့်
ဆန်ကောင်းကောင်းလေးကို ကြိတ်လို့ရလာတဲ့ မုန့်နှစ်ရည်နဲ့လုပ်တဲ့ မုန့်ပြားသလက်က အကောင်းဆုံးပါတဲ့ရှင်။

credit to Lion Snow

25 Aug 2014

အစာလဲစားမယ် ၀ိတ်လဲကျမယ်

အချိန်အတိအကျ လိုက်နာဖို့ဆိုတာ မလွယ်ချင်တဲ့ ကိစ္စပါပဲ။ ဒါပေမယ့် သင့်ရဲ့ အစာအိမ်ကတောင် အခုဘယ်အချိန်ရှိနေပြီဆိုတာ သိနေတယ်ဆိုရင် အံ့သြသွားမှာပေါ့။ ဘယ်အချိန်မှာ စားမယ်ဆိုတာနဲ့ အကြောတွေက ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို သိချင်ရင် အချိန်ကိုတော့ ခြေရာခံမှ ရပါမယ်။

ဥပမာ- သွေးပြန်ကြောတွေဟာ နေ့ဘက်မှာ ခံစားမှုအားနည်းတဲ့အတွက် သင်များများ စားနိုင်ပြီး ညဘက်ဆိုရင်တော့ ဒါနဲ့ပြောင်းပြန်ဖြစ်သွားပြီး နည်းနည်းပဲ စားရပါမယ်။ ညဘက်မှာ သင့်ရဲ့အကြောတွေဟာ အာရုံခံမှုအားကောင်းနေတဲ့အတွက် သင့်ကိုပိုဝစေပါတယ်။
ဒါကြောင့် သင့်ရဲ့အလေးချိန်ကို ထိန်းချုပ်နိုင်ဖို့အတွက် ဘယ်အချိန်မှာ ဘာစားရမယ် ဆိုတာကို ပြောပြပေးချင်ပါတယ်။

(၁) နေ့တစ်နေ့ကို ပရိုတိန်းဓါတ်နဲ့စတင်ပါ။
ပရိုတိန်းဓါတ်ပါဝင်မှု မြင့်မားတဲ့ ကြက်ဥ ၊ နွားနို့တွေကို မနက်စာအဖြစ် စားလိုက်တဲ့အခါ မနက်ပိုင်းမှာ ဗိုက်ဆာနေမှာမဟုတ်တော့ဘဲ နေ့လည်စာစားချိန်မှာတောင် အနည်းငယ် လျော့စားဖြစ်ပါလိမ့်မယ်။ ရလဒ်ကတော့ သင့်ရဲ့ခါးတ၀ိုက်ကိုပါ သေးသွယ်စေနိုင်ပါတယ်။

(၂)  ၃ နာရီမတိုင်ခင် နေ့လည်စာစားပါ
မပြီးဆုံးနိုင်တဲ့ စာရွက်စာတမ်းတွေနဲ့ အစည်းအဝေးတွေက သင့်ရဲ့ နေ့လည်စာကို (၅)နာရီထိ သယ်ဆောင်သွားတဲ့အခါ သင်အပြစ်တင်မိပါလိမ့်မယ်။ Internationall Journal of Obesity ရဲ့လေ့လာချက်အရ နေ့လည်စာဟာ နေ့တစ်နေ့ရဲ့ အကြီးဆုံးအစားအစာ ဖြစ်သင့်ပြီး သုံးနာရီကိုမကျော်သင့်ပါဘူး။ ဒါမှသာ သင့်ခန္ဓာကိုယ်အလေးချိန် လျော့ချရာမှ အထောက်အကူ ပေးမှာ ဖြစ်ပါတယ်။

(၃) ပရိုတိန်းဓါတ် လုံလောက်အောင် စားပါ
ပျှမ်းမျှအားဖြင့် အရွယ်ရောက်ပြီးသူတွေဟာ တနေ့ကို ပရိုတိန်း ၅၀-၆၀ ဂရမ်လောက် လိုအပ်ပါတယ်။ ဒီတော့ မနက်စာမှာ လုံလောက်တဲ့ ပရိုတိန်းဓါတ် မပြည့်ဝထားဘူးဆိုပါစို့။ သင့်ရဲ့ ကြွက်သားကြီးထွားမှုကို နှေးကွေးစေပြီး ဆာလောင်မှုဖြစ်စေပါတယ်။ ပရိုတိန်းဓါတ် ပြည့်ဝမှာသာ အလွန်အကျွံစားသုံးမှုကို လျော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မွန်းလွဲပိုင်းအချိန်မှာ (ဒါမှမဟုတ်) နေ့လည်စာစားချိန်မှာ ပရိုတိန်းဓါတ် ပြည့်ဝတာတစ်ခုခု သွားစားလိုက်ပါ။

(၄) စားချိန်ကို နည်းပါးအောင် သတ်မှတ်ပါ
နေ့လည်စာ (သို့) ညစာစားပွဲမှာ ကြာကြာထိုင်လေ များများစားမိလေပါပဲ။ ဒါကြောင့် သင်စားလို့ ပြီးလောက်မယ့်အချိန်ကို သေချာသတ်မှတ်ပြီး အဲဒီအချိန်ထက်ကျော်တာနဲ့ စားပွဲက ထပါ။ စားစရာတွေကို ထုပ်ပိုးပြီး ရေခဲသေတ္တာထဲ အလျင်အမြန်ပြန်ထည့်ပါ။ ဒါမှသာ ညစာကို လိုတာထက်ပိုပြီး မစားမိမှာ ဖြစ်ပါတယ်။

Ref:mensxp
Credit to Trend Myanmar

အမေရိကန် နိုင်ငံသား အချို့၏ ခန္ဓာကိုယ်သွယ်လျသော အလေ့အထ ၆ မျိုး

အမေရိကန် လူမျိုး အများစုဟာ ကိုယ်အလေးချိန်များပြီး ထွားကျိုင်းကြပါတယ်။ ဒါပေမယ့် ကော်လိုရာဒို လူမျိုးတွေကတော့ ခန္ဓာကိုယ် သွယ်လျလှပတာကြောင့် သူတို့တွေရဲ့ အတုယူဖွယ်ရာ အလေ့အထတွေကို ရေးသားလိုက်ရပါတယ်။ 

နေ့တိုင်း တက်ကြွစွာ သွားလာလှုပ်ရှားခြင်း
သူတို့တွေဟာ အခြားသူတွေထက် နေ့စဉ် ခြေလှမ်းတစ်ထောင် ပိုလှမ်းလေ့ရှိတယ်လို့ လေ့လာမှု တစ်ခုအရ သိရပါတယ်။ အ၀လွန်တာက နေ့စဉ်လျှောက်လှမ်းတဲ့ ခြေလှမ်းအရေအတွက်နဲ့လည်း ဆက်စပ်ပါတယ်။ ပုံမှန်လှုပ်ရှားမှု မရှိရင် ကိုယ်တွင်း ဇီဝကမ္မ ဖြစ်စဉ်က နှေးကွေးလေးလံလာပြီး ပျော့ပျောင်း သန်စွမ်းမှု မရှိတော့ပါဘူး။ ဒီနည်းအားဖြင့် မလွဲမရှောင်သာ ကိုယ်အလေးချိန်တက်လာတတ်ပါတယ်။
အတုယူပါ –
 ခွေးနဲ့ လမ်းလျှောက်တာ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ တောင်တက်တာ၊ အားကစားခန်းမမှာ လေ့ကျင့်တာစတဲ့ လှုပ်ရှားမှုကို တစ်နေ့တာ လု့ပ်မယ့် စာရင်းမှာ မဖြစ်မနေ ထည့်သွင်းလုပ်ဆောင်ပါ။

စစ်မှန်သော အစာများကို စားခြင်း
ကော်လိုရာဒိုလူမျိုးတွေက အစားအသောက်နဲ့ ပတ်သတ်ပြီးလည်း ရွေးချယ်စားသောက်ပါတယ်။ သူတို့ဟာ ပြုပြင်ထားတဲ့ အစာတွေကို စားတာနည်းပြီး သဘာဝအပင်ထွက် အစားအသောက်တွေကို လတ်လတ်ဆတ်ဆတ် ရယူစားသောက်လေ့ရှိပါတယ်။ အထူးသဖြင့် အိမ်မှာ ချက်ပြုတ်စားသောက်ကြပါတယ်။
အတုယူပါ-
စားသောက်ဆိုင်မှာ စားသောက်မယ်ဆိုရင် လတ်ဆတ်ပြီး အရသာရှိတဲ့ အစားအသောက်ကို တတ်နိုင်သမျှ ရွေးချယ်ပါ။ ကာဗိုဟိုက်ဒရိတ်ကောင်းတဲ့ အဆီ၊ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါဝင်တဲ့ အစာမျိုး ဖြစ်ရဲ့လားလို့ စဉ်းစားကာ ရွေးချယ် စားသုံးပါ။

ကျန်းမာရေးနဲ့ ညီညွတ်သော ပတ်ဝန်းကျင် ဖန်တီးခြင်း
ကော်လိုရာဒိုဟာ အလှပဆုံး ရှခင်းတွေနဲ့ ပြင်ပပတ်ဝန်းကျင်ကို ဖန်တီးထားပါတယ်။ ကော်လိုရာဒို လူမျိုးအများစုက နံနက်တိုင်း သာယာလှပတဲ့ ပတ်ဝန်းကျင်မှာ လမ်းလျှောက်ပြီး လေကောင်းလေသန့် ရှူရှိုက်တဲ့ အလေ့အထကောင်းတွေ ရှိကြပါတယ်။
အတုယူပါ –
 သင့်ပတ်ဝန်းကျင်မှာ အဆီပိုမရှိဘဲ ကျစ်လျစ်သန်စွမ်းတဲ့ သူတွေရှိနေရင် သင့်အနေနဲ့လည်း ပိုကျန်းမာလာပါလိမ့်မယ်။

သင့်ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ခြင်း
ကော်လိုရာဒို လူမျိုးတွေဟာ အမြဲတတ်ကြွလှုပ်ရှားတာကြောင့် စွမ်းအင်နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးပွားပြီး မိသားစုအတွက် အကောင်းဆုံး အောင်မြင်မှု ရရှိအောင် စွမ်းဆောင်နိုင်ပါတယ်။ လူ့သက်တမ်းစေ့ နေနိုင်ပြီး မိသားစုနဲ့ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင် နိုင်ဖို့ ကျန်းမာရေးကို ဦးစားပေးလေ့ ရှိပါတယ်။
အတုယူပါ –
 ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ သင့်ဘ၀အတွက် အရေးပါတဲ့ အရာက ဘာလဲ။ ကျန်းမာဖို့လား။ အောင်မြင်ဖို့လား။ ပျော်ရွင်ဖို့လား။ ဘ၀ရည်မှန်းချက်ဆီ အရောက်သွားရာမှာ ကျန်းမာရေး မကောင်းရင် ဘာမှ အရာရောက်မှာ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက် ရည်မှန်းချက် ပန်းတိုင်ချမှတ်ပြီး နေထိုင်ပါ။

စိတ်ဓါတ်ခိုင်မာခြင်း
သူတို့တွေက တစ်ချိန်လုံး ပျော်ရွှင်နေတာ မဟုတ်ပေမယ့် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သဘာဝ ရှိကြပါတယ်။ သူတို့မှာ အကောင်းမြင်တဲ့ စိတ်ထားရှိလို့ပါ။ အပြုသဘောဆောင်တဲ့ စိတ်ထားကြောင့် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး အလုပ်မှာ စွမ်းဆောင် နိုင်စွမ်းကောင်းကာ စိတ်ဓါတ်ကျနှုန်း လျော့ကျပါတယ်။
အတုယူပါ –
 အမြဲတမ်း အကောင်းတွေနဲ့ချည်း မတွေ့နိုင်ပါဘူး။ အဆိုးနဲ့ အကောင်းကြုံတွေ့တဲ့အခါ အကောင်းမြင် စိတ်နဲ့ အကောင်းဆုံး ဖြေရှင်းပါ။

ပျော်ရွင်စွာ နေထိုင်ခြင်း
ကော်လိုရာဒို လူမျိုးတွေက ကိုယ်အလေးချိန် လျော့ချပြီး ကျန်းကျန်းမာမာ နေထိုင်လေ့ရှိကြပါတယ်။ ကိုယ်အလေးချိန် လျော့ချရာမှာ အောင်မြင်ဖို့ ပူပင်သောကတွေကို မေ့ပစ်လေ့ရှိပါတယ်။
အတုယူပါ –
 ပူပင်စိတ်များတာကြောင့် လူအများစုဟာ အစားအသောက်တွေကို လိုတာထက် ပိုစားမိတတ်ပါတယ်။ ဒါကြောင့် ပူပင်သောကတွေကို တတ်နိုင်သလောက် လျော့ချပါ။

Credit to ဇွန်ခိုင်ဦး (ဆေးဝါး)

အဆီကျပြီး သွယ်လျ လှပနေဖို့

 အဆီကျပြီး သွယ်လျ လှပနေဖို့အတွက် နည်းလမ်းမျိုးစုံ သုံးကာ အဆီချလေ့ ရှိပါတယ်။ အဲဒီထဲက ထူးခြားတဲ့ အဆီချနည်း အချို့ ကို ရွေးချယ် ဖော်ပြ လိုက်ရပါတယ်။ 
မက်ဒေါနား၏ အဆီချနည်း
နာမည်ကျော် ပေါ့ပ်ဘုရင်မ မက်ဒေါနားဟာ လေနဲ့ အဆီချနည်း ဆိုတဲ့ နည်းလမ်းကို အသုံးပြုပါတယ်။ သူ့ရဲ့ နည်းလမ်းကတော့ အစားအသောက်တွေကို အမှန်တကယ် မစားဘဲ အဲဒီ အစားအသောက်က ထွက်လာတဲ့ အငွေ့ကိုပဲ ရှူရှိုက်တဲ့နည်း ဖြစ်ပါတယ် ။ ပြင်သစ်မှာ အသုံးပြုခဲ့တဲ့ နည်းလမ်းဖြစ်ပြီး ထိရောက်မှု ရှိတယ်လို့ ဆိုပါတယ်။
ဘီယွန်စေး၏ အဆီချနည်း
ထိပ်တန်း အဆိုတော် တစ်ဦးဖြစ်တဲ့ ဘီယွန်စေးဟာ သူ့ရဲ့ ခန္ဓာကိုယ် အလေးချိန် လျင်လျင်မြန်မြန် လျော့ကျဖို့ အတွက် အဖတ်လုံးဝ မစားတဲ့ နည်းလမ်းကို အသုံးပြုပါတယ်။ သူဟာ ၁၄ ရက်လုံးလုံး သံပရာရည်၊ သကြားရည်၊ ငရုတ်ကောင်းမှုန့် နဲ့ ရေကိုပဲ သောက်သုံးပြီး နေခဲ့တာကြောင့် ပေါင် ၂ဝ လောက် မြန်မြန်ဆန်ဆန် ကျသွားခဲ့ပါတယ်။ ဒီနည်းလမ်းဟာ ခန္ဓာကိုယ် ကိုလည်း သန့်စင်စေတယ်လို့ ဆိုပါတယ်။
ရီစီဝစ်သာစပွန်း၏ အဆီချနည်း
ဝစ်သာစပွန်းဟာ ကလေးစားတဲ့ အစားအစာတွေ ကိုပဲ ဓာတ်စာအဖြစ် စားသုံးတယ်လို့ ဆိုပါတယ်။ သူဟာ ပုံမှန် အစားအသောက်တွေ နေရာမှာ ကလေး သူငယ်တွေကို ကျွေးတဲ့ အာဟာရမှုန့်လို အစားအသောက်တွေကို ပြောင်းလဲ စားသောက်ပါတယ်။ ပမာဏကလည်း နည်းပါတယ်။ ဒီအစားအစာ တွေဟာ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရ ဓာတ်တွေသာ ပါဝင်ပြီး အပို ထပ်ဆောင်း ပစ္စည်းတွေ မပါဘူးလို့ ဆိုပါတယ်။
မီဂန်ဖောက်စ်၏ အဆီချနည်း
မင်းသမီး မီဂန်ဖောက်စ် ကတော့ အစာ စားခါနီးတိုင်းမှာ ပန်းသီးဖျော်ရည်နဲ့ ရှာလကာရည် ပေါင်းထားတဲ့ အရည်တစ်မျိုးကို ပုံမှန် သောက်သုံးလေ့ ရှိပါတယ်။ ဒါဟာ ခန္ဓာကိုယ်အတွက် အကြီးအကျယ် မသိသာ စေပေမယ့် အစာ စားချင်တဲ့ စိတ်ကို အပြောင်းအလဲ ဖြစ်အောင် လုပ်ပေး နိုင်တယ်လို့ သိရပါတယ်။
နီကိုးကစ်မန်း၏ အဆီချနည်း
မင်းသမီး နီကိုးကစ်မန်း ကတော့ အဆီချနေတဲ့ အချိန်မှာ ကျက်ကျက် ပြုတ်ထား တဲ့ ကြက်ဥတွေကို စားပါသတဲ့။ သူဟာ အဲဒီလို အချိန်မှာ တခြား အစားအသောက် ဘာမှ မစားဘဲ မနက်စာ ကြက်ဥတစ်လုံး၊ နေ့လယ်စာ ကြက်ဥနှစ်လုံး၊ ညစာ ကြက်ဥသုံးလုံး စားတယ် လို့ ပြောခဲ့ဖူးပါတယ်။

Credit to ကိုဇင်

24 Aug 2014

ကော်ဖီအကြောင်းသိကောင်းစရာ

ကော်ဖီစေ့မှ ကော်ဖီတစ်ခွက်ရရှိရန်အတွက်၊အချိန်အများကြီးဖြတ်သန်းလာရပါသည်။ ကော်ဖီကြိုက်သူ စာဖတ်ပရိတ်သတ်များကို အကြမ်းပြင်းတင်ပြ ရပါလျှင်- ဦးစွာ ပထ မ ကော်ဖီစေ့ကို အပင် ပျိုးေ ပးရပါသည်။ ထိုပျိုးပင်ကလေးများ ကို မြေဆီ လွှာပြု ပင် ထားသော စိုက်ခင်းသို့  ရွှေ့ ပြောင်း စိုက် ပျိုးပေးရ ပါသည်။ ရေကြိုက်သောအပင် အမျိုးအ စားဖြစ်ပါသာည်။ ပျိုးပင်လေးများ ၂-နှစ်ခွဲ ခန့် ကြာသောအခါ၊ ပန်းပွင့်ပါ သည်။ ထိုပန်းပွင့်မှ အနီရောင်ကော်ဖီ အသီးကိုသီးပေးပါသည်။ အနီရောင်အသီး၏ အလည်ခေါင်တဲ့တဲ့တွင် အစိမ်းရောင်ကော်ဖီစေ့ ၂လုံးစီပါရှိကြပါသည်။ အနီေ ရာင် အသီးများသည် ရင့်မှည့်လာချိန်တွင် နီညိုရောင်အဖြစ်ပြောင်းလဲသွားရာ၊ ခူးဆွတ်နိုင် ပါပြီ။ တိုးတက်ခေတ်မှီသော ဘရာဇီးလ် နိုင်ငံတွင် အသီးကိုစက်ဖြင့်ခူးဆွတ်ကြပြီး၊ အီသီယိုးပီးယား တွင်တော့ လက်ဖြင့်ခူးဆွတ်ကြပါသည်။ ခူးဆွတ်ပြီးသော ကော်ဖီသီးများကို နေဖြင့်အခြောက်ခံကြသလို၊ စက်ဖြင့်လဲ အခြော က် ခံ ကြပါ သည်။ ခြောက်သွားသောအသီးများကို စက်ဖြင့် အခွံချွတ်ကြပါသည်။ ထို့ နောက် ရရှိလာသောေ က်ာဖီစေ့များကို အရွယ်အစား၊ အဆင့်အတန်း ခွဲကာ ဂုံလှော်အိတ်ထဲထဲ့၍ " အစိမ်းရောင်ကော်ဖီ " (ခေါ်) ကော်ဖီကုန်ကြမ်းများ အဖြစ် နိုင်ငံ တကာသို့ သင်္ဘောဖြင့်တင်ပို့ ရောင်းချကြပါသည်။ယေ ဘုယျအားဖြင့် အစိ မ်းေ ရာင်ေ က်ာဖီစေ့များကို လှော်စက်ထဲထဲ့ကာ ၅၅၀ ဒီဂရီဖာရင်ဟိုက်အ ထိ အပူပေးလှော်ရပါ သည်။ ကော်ဖီစေ့များသည် အညိုရောင်သို့ ပြောင်းသွားကာ၊ အစေ့သည် အတန် ငယ်ေ ဖာင်းကြွလာပြီး၊ ရနံ့ လဲမွှေးလာပါသည်။ ကော်ဖီစေ့များလတ်ဆတ်ေ လလေ၊ရ နံ့  မွှေးလေလေ ဖြစ်ပါသည်။ လှော်ထားသော ထိုကော်ဖီစေ့များသည် ပါးစပ်ဖြင့် ကျွတ်ကျွတ် ကိုက်ဝါး၍ရသော အခြေအနေသို့ ပြောင်းလဲလာပါက၊ ၄င်းတို့ ကို လှော် စက် ထဲ မှ ချက်ချင်းထုတ် ယူပြီးနောက် အအေးခံပေးရပါသည်။ ထို့ နောက်အမှုန့် ကြိတ်စက်ထဲထဲ့ကာ ကော်ဖီမှုန့် ရအောင်ကျိတ်ချေပေးရပါသည်။

သို့ သော် လူတစ်ကိုယ်အကြိုက်တစ်မျိုးစီရှိတတ်ပေရာ၊ ကော်ဖီကိုလှော်သော အခါ တွင် မီးအပူရှိန်ကို အလျော့အတင်းချိန်ဆပေးခြင်းအားဖြင့်- (1)Light Roast (2) Medium Roast (3) Medium-dark Roast (4) Dark Roast ဟူ၍ မတူညီသော အမျိုးအစား (၄)မျိုး ကော်ဖီအရသာ တို့ ကို စားသုံးသူ များ စိတ်ကြိုက်ရွေး ချယ်နိုင်ပါ သည်။

(1) Light Roast ဖြင့်လှော်ထားသော ကော်ဖီစေ့သည် အညိုရောင်ဖျော့ဖျော့ဖြစ် ပါသည်။ အချိန် အကြာကြီးမလှော်ထားသည့်အတွက်၊ ကော်ဖီစေ့ ၏ မျက်နှာပြင် တွင် အဆီမထွက်ဘဲ၊ ၄င်းကို ကြိ တ်ချေ၍ ရရှိလာသော ကော်ဖီမှုန့် ၏အရသာသည်လည်း ခပ်ပျော့ပျော့ဖြစ်ပါသည်။

(2) Medium Roast ဖြင့်လှော်ထားသော ကော်ဖီစေ့၏အရောင်မှာ အညိုရောင်ဖြစ် ပါ သည်။ Light Roast ကဲ့သို့ ပင်၊ ကော်ဖီစေ့၏မျက်နှာပြင်တွင် အဆီမထွက်သော်လဲ ဘဲ၊ အနံ့ အရသာ ကတော့ Light Roast ထက် နဲနဲပိုပြင်းပါသည်။ ထိုအရသာမျိုးကို အမေရိကန်တို့  စွဲလန်း နှစ်ခြို က်ကြ သည် ဟုသိရပါသည်။

(3) Medium Dark Roast ဖြင့် လှော်ထားသောကော်ဖီစေ့၏အရောင်မှာ အညို ရင့်ရောင်ဖြ စ်ပြီး၊ ကော်ဖီစေ့၏မျက်နှာပြင်သည် အဆီဝေ့၍ ပြောင်ချောနေပါသည်။ အရသာမှာအတန်ငယ်ချို ခါးပါသည်။ ထိုအရသာမျိုးကို ကမ္ဘာပေါ်ရှိ ကော်ဖီကြိုက် သူ အများစုက ခံတွင်းတွေ့ ကြ ကြောင်း သိရပါသည်။

(4) Dark Roast ဖြင့် လှော်ထားသော ကော်ဖီစေ့၏အရောင်မှာ အနက်ရောင်ဖြစ်ြ ပီး၊ အစေ့၏ အပေါ် ယံမျက်နှာပြင်သည် အဆီများထွက်ကာ ပြောင်လက်နေပါသည်။ အရသာမှာ ခါးသက်ပါ သည်။ ထိုကော်ဖီခါးခါးကို Espresso ကော်ဖီအဖြစ် အီတ လီ နှင့်ပြင်သစ်နိုင်ငံများတွင် လူကြိုက် များရေပန်းစားလျှက်ရှိပါသည်။
ကော်ဖီကောင်းတစ်ခွက် ရရှိရန်အတွက် ၀ယ်ထားသော ကော်ဖီမှုန့် ကို သင့်အိမ်တွင် စံနစ် တကျ သိမ်းဆည်းထားတတ်ဖို့ လိုပါသည်။ လတ်လတ် ဆတ်ဆတ် ထုပ်လုပ် ထားေ သာ ကော်ဖီမှု န့်  ရက်စွဲကို စစ်ဆေးကြည့်ရှုကာ၊ မိမိအိမ်တွင် လေလုံသော ဖန်ပုလင်း (သို့ မဟုတ်) ကြွေပုလင်း ထဲတွင် သိမ်းဆည်းထားရပါ မည်။ လေသ လပ်ြ ခင်း၊ ပူလွန်းသောနေရာနှင့် ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားခြင်း က ကော်ဖီ ၏အရသာကို ပျက်ပြယ်စေ ပါသည်။
ကော်ဖီမှုန့် အရည်အသွေးမည်မျှပင်ေ ကာင်းေ စကာမူ၊ ထိုကော်ဖီမှုန့် ကို ကျွမ်း ကျင်စွာနှပ်တ တ်မှ သာအရသာရှိသော ကော်ဖီ ကို သောက် သုံးနိုင်မည် ဖြစ်ပါ သည်။ ကော်ဖီနှပ်အိုးထဲသို့ ရေအေးအေး ၆-အောင်စ တွင် ကော်ဖီမှုန့်  ၁ဇွန်း မှ ၂ဇွန်း(စားပွဲတင်ဇွန်း) ထဲ့၍ အပူချိန် ၁၉၅ ဒီဂရီဖာ ရင် ဟိုက်တွင် ၅-မိနစ်ကြာ မျှနှပ်ေ ပးရပါမည်။ ထို့ ထက်ပို၍ အပူရှိန်ပြင်းပြင်းဖြင့် အချိန်ကြာမြင့်စွာနှ ပ်ပါက၊ ကော်ဖီ၏ အရသာမှာလဲ ပျက်ပြယ်သွားတတ်ပါသည်။ နှပ်ထားသော ကော်ဖီကို ၄၅-မိနစ် အတွင်း သောက်သုံးသင့်ပါသည်။ အေးသွားပါက ကော်ဖီ၏အရသာကို ခံစားနိုင်မည် မဟုတ်ပါ။ ထို့ ပြင် ကော်ဖီမှုန့်  ကို တစ်ကြိမ်သာ နှပ်သင့်ပါသည်။
စာဖတ်ပရိတ်သတ်များကို ဗဟုသုတအဖြစ်တင်ပြရပါလျှင် အရှေ့ တောင်အာရှနိုင် ငံများအနက် ထိုင်းနိုင်ငံသည် အသားအရေလှပမှုကိုထိန်းသိမ်းရန်အတွက် အလှကုန် အမျိုးမျိုးတို့ ကို ဖန်တီး ထုတ်လုပ်လျှက် ရှိပါသည်။ ကော်ဖီစေ့၊ ကော်ဖီအဆီ၊ Vitamin E နှင့်ပျားရည်တို့ ကို Hand Made ဖြင့် ဖန်တီးပြုပြင်ထားသော Coffee Cherry ကိုယ်တိုက်ဆပ်ပြာ နှင့် Espresso Honey ကိုယ်တိုက်ဆပ်ပြာ တို့ သည် ယနေ့ ထိုင်းနိုင်ငံတွင် လူကြိုက်များရေပန်းစားလျှက်ရှိပါသည်။


  ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်

ကန်းဇော်ဆီ နှင့် ကျန်းမာရေးအစွမ်း

ကန်းဇော်ပင်ဆိုတာ

  နှစ်တစ်ရာကျော် ရှင်သန်နိုင်သော အပင်ကြီးမျိုးဖြစ်ပြီး၊ အင်္ဂလိပ်လို ‘Mahua of Southern India’ (သို့ မဟုတ်) ‘Mahua Tree’ လို့ ခေါ်ကြပြီး၊ မြန်မာလို “ကန်းဇော်ပင်” လို့  အမည် ရပါတယ်။
 ကန်းဇော်သီး(အစေ့)ဟာ ကြမ်းပိုးအနံ့နှင့် ခပ်ဆင်ဆင်တူတာ ကြောင့်၊ အချို့ အရပ်ဒေသများမှာ “သစ်ကြမ်းပိုးပင်” ဟူ၍လည်းေ ကာင်း၊ အချို့ ဒေသများမှာ “တောင်မင်းဂွတ်”ဟူ၍လည်း အမျိုး မျိုးခေါ်ဆိုကြပါတယ်။ ပင်စည်အသားမှာ နီညိုရောင် သစ်မာသား အမျိုးအစားဖြစ်၍ အပင်တစ်ပင်ကို အိမ် တစ် လုံးခန့်ဆောက် လုပ်နိုင်ပါတယ်။ ပင်စည်အပိုင်းအစများကို ဘုရား ဆင်းတုတော် အဖြစ် ထုလုပ်ကိုးကွယ်လေ့ရှိကြ၏။ ကန်းဇော်သီး(အစေ့)ထဲမှာ ကြက်သွေးရောင်မကျ တကျ (လိမ္မော်ရင့်ရင့်) ရောင်ခြယ် ၄.၈ ရာခိုင်နှုန်းမှ ၆.၀ ရာခိုင်နှုန်းအထိပါရှိ တြာေ ကာင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လိမ္မော်ရင့်ရောင်ဆိုးဆေးအဖြစ် သိုးမွှေး နှင့် ချည်ထည် များမှာ အသုံးပြုနေကြပါတယ်။ ထို့ ပြင် အန္ဒိယရိုးရာ ဘာသာရေး အခမ်းအနားများ တွင်လည်း အသီးကို လေထဲမြှောက်၍ ပူဇော်ပသလေ့ရှိကြပါတယ်။

ပေါက်ရောက်ရာဒေသ
ကန်းဇော်ပင်တို့ ကို ရေမြေတောတောင်ထူထပ်ရာ အရှေ့ တောင်အာရှနိုင်ငံများဖြစ်ြ ကတဲ့ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အင်ဒို နီးရှား၊ အိန္ဒိယ နှင့် မလေးရှားနိုင်ငံတွေ မှာ တွေ့ ရှိရပါတယ်။(အိန္ဒိယတွင် အပင်တစ်ပင်လျှင် ကမ်းဇော်ဆီ ပျမ်းမျှတန်ချိန် ၁၈၀,၀၀၀ ထွက်ရှိနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ဒေသအများအပြားတွင် စိုက်ပျိုးကြေ ကြာင်း နှင့် မည်သည့် မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်ကြောင်း စိုက်ပျိုးရေးဝက်ဘ် ဆိုက်တစ်ခုဖြစ်တဲ့ www.svlele.com/mahuae.htm မှာ ဖော်ပြထားတာ ကို လေ့လာ မှတ်သား ရပါတယ်)

ကန်းဇော်ပင် နှင့် မြန်မာနိုင်ငံ
 မြန်မာပြည်မှာတော့ မြေနိမ့်ချိုမ့်ဝှမ်းများ နှင့် ရွှံ့နွံပေါ၍ ရေရရှိသောဒေသဖြစ်တဲ့ တန င်္သာရီတိုင်း၊ မြိတ်ခရိုင်တို့ မှာ သဘာဝ အလျောက် ကျယ်ကျယ်ပြန့် ပြန့် ပေါက်ရော က်လေ့ရှိပါတယ်။ ထားဝယ်မြို့နယ် နှင့် အနီးပတ်ဝန်းကျင်ဒေသတွေမှာ ပေါ က်ေ ရာက် တဲ့ ကန်းဇော်ပင်များဟာ ကုန်းပေါ်တွင်သာပေါက်ကြ၍ “ကုန်းကန်းဇော်” အမျိုး အစားဖြစ်ပါတယ်။ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြိတ်ခရိုင်နှင့် ဘုတ်ပြင်းမြို့ နယ်အနီး ပတ်ဝန်းကျင်တ၀ိုက်တွင်ပေါက်ရောက်သော ကန်းဇော်ပင်များမှာ ရေစပ်စပ် တွင်ပေါက်ကြ၍ “ရေကန်းဇော်” အမျိုးအစားဖြစ်ပါတယ်။ ကုန်းကန်းဇော်နှင့် ရေ ကန်းဇော် ပင်တို့ ရဲ့  အရွက်၊ အပွင့်၊ အသီး ပုံသဏ္ဍာန်များမှာ ရေမြေအနေအထား အရ ခြားနားမှုရှိနေသော်လည်း ၄င်းတို့ မှ ထွက်ရှိလာတဲ့ အဆီ၊ အနံ့နှင့် ဆေးဘက် ၀င် အကျိုးအားနိသင်များကတော့ အတူတူဘဲ ဖြစ်ကြပါတယ်။

ကန်းဇော်ဆီ ထုတ်ယူပုံအဆင့်ဆင့်
 ဦးစွာ ကန်းဇော်အစေ့ခွံကို လက်ထောင်းဆုံဖြင့်ထောင်း၍ ရလာတဲ့အခွံအမှုန့်တွေကို မူလကခွာထားပြီးသော အစေ့များဖြင့်ရော နှောကာ ပေါင်းအိုးတွင်ထည့်ပေးပါ။ ထို့ေ နာက် ရေမပြည့်တပြည့် ဖြည့်ထားတဲ့ဒန်အိုးကို မီးဖိုပေါ်တင်၍၊ စောစောက ကန်းဇော် အမှု့န်များ ထည့်ထားတဲ့ပေါင်းအိုးကို ၄င်းဒန်အိုး အပေါ်မှထပ်၍ တင်ပေးပါ။ ပေါင်းအိုး အဖုံးလုံစေရန်အတွက် ပေါင်းအိုးဝမှာ ငှက်ပျောဖက် အစိမ်းခံ၍ ထိုအပေါ်မှ ပန်းကန်ြ ပာြး ဖင့် အုပ်ပေးရပါမယ်။ နာရီဝက်ခန့် ကြာတဲ့အခါမှာတော့ ပေါင်းအိုးအဖုံးကိုဖွင့်ပြီး ၀ါးချွန်ငယ်ဖြင့် ပေါင်းအိုးအ၀ကနေ ထိုးဖွပေးရမှာဖြစ်ပါတယ်။ ဤနည်းအတိုင်း ၁၅-မိ နစ်ကြာ တစ်ကြိမ်နှုန်းဖြင့် ၄-ကြိမ်လောက် ထိုးဖွပြီးနောက်မှာတော့ ကန်းဇော်မှုန့်တွေ ကျက်သလောက်ရှိလာပါပြီ။ ထိုအမှုန့် တွေကို လက်ချောင်း နဲ့ ပွတ်ဖျစ်ကြည့်လို့  ဆီ ထွက်လာရင် ကန်းဇော်မှုန့် တွေကျက်နေပြီမို့ အဆီညှစ်ယူနိုင်ပါပြီ။ ပေါင်း အိုး ထဲ က ကန်းဇော်မှုန့်တွေကို ကရွတ်(ခေါ်)၀ါးနှီးဖြင့် ရက်လုပ်ထားတဲ့ အိတ်ထဲသို့ သုံးပုံနှ စ် ပုံခန့် ထည့်ပြီး ဆီညှစ်ယူရ ပါမယ်။ ထွက်လာတဲ့ကန်းဇော်ဆီများကို ဇလုံတစ်ခုမှာခံ ယူပြီး၊ နေပူပူမှာ ၁-ရက်လှမ်းတဲ့အခါ ရေတွေအငွေ့ပျံသွားတာကြောင့် ကန်းဇော် ဆီ စစ် စစ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ကန်းဇော်ဆီတွေကို ဖန်ပုလင်းထဲထည့်၍ ရင်ကန်း အဆို့ဖြင့် ပိတ်ဆို့ထားရပါမယ်။ ကန်းဇော်ဆီတွေက ပုလင်းထဲမှာ တဖြည်းဖြည်း အနည်ထိုင်လာပြီး ငါးဆယ်ကျပ်သားဝင် ပုလင်းတစ်လုံးလျှင် တစ်လက်မမျှ အနည် ရရှိတတ်ပါတယ်။ ၄င်းအနည်များကို “ကန်းဇော်ချေး”လို့  ခေါ်ပါတယ်။ ကန်းဇော်ဆီ၏ အရောင်မှာ ဆီအုန်းဆီကြမ်း အရောင်နှင့်ခပ်ဆင်ဆင်တူပါတယ်။ ကန်းဇော်ဆီစစ်စစ်ကို နှစ်ကာလရှည်ကြာစွာ ထားသော်လည်း မူလအရောင်အဆင်း၊ အနံ့၊ အရသာနှင့် ဆေးဖက်ဝင်အာနိသင်များ(လုံးဝ)မပြောင်းလဲနိုင်ပါဘူး။ (လက်ေ ထာင်း ဆုံဖြင့် အမှုန့်ထောင်းယူထားတဲ့ ကန်းဇော်ဆီ ဟာ အမှုန့်ကြိတ်စက်ဖြင့် ထုတ် လုပ်ရယူတဲ့ ကန်းဇော်ဆီထက် ဆေးစွမ်းအာနိသင် ပိုမိုထက်မြက်ပါတယ်)

ကန်းဇော်ဆီ နှင့် ကျန်းမာရေးအစွမ်း

  (၁) ကန်းဇော်ဆီနှင့် ကန်းဇော်စေ့မှ ထုတ်သော Watery Extracts များကို ကြွက်ဖြူ များ နှင့် အဆိပ်ရှိမရှိ စမ်းသပ်တိုက်ကျွေး ရာမှာ၊ ကြွက်ဖြူများ သေဆုံးခြင်းမရှိသည် ကို လေ့လာတွေ့ရှိရကြောင်း၊ တနင်္သာရီတိုင်းမှာ အမျိုးသမီးတစ်ယောက် သားအိမ် ကင်ဆာဖြစ်၍ ခွဲခါနီးမှာ ကင်ဆာပြန့်နေလို့ မခွဲရဘဲ ပြန်ပိတ်ခဲ့ရပေမယ့်၊ ကန်းဇော်ဆီ ကိုသုံးကြည့်ရာ ရောဂါပါပျောက်ပြီး ကလေး လည်းပြန်မွေးလို့ရသွားတဲ့ သာဓကရှိေ ကြာင်း၊ ထို့ကြောင့် ကန်းဇော်စေ့နှင့် ကန်းဇော်ဆီ စစ်စစ်ကိုသာရရှိခဲ့လျှင် မီးယပ်ေ ရာဂါ အမျိုးမျိုး၊ သားအိမ်ကင်ဆာ နဲ့  ရင်သားကင်ဆာတွေအတွက် စိတ်ချလက် ချေ သာက် သုံးနိုင်ပါကြောင်း မြိတ်ခရိုင်၊ တိုင်းရင်းဆေး ပညာဦးစီးဌာနမှ အကြံပြု ထားပါ တယ်။

(၂) ဆီပုလင်းအောက်ခြေမှာ ထိုင်နေတဲ့ အနည်အနှစ်(ကန်းဇော်ချေး)များကို အပူေ လာင်ခြင်း၊ နားအူခြင်း၊ နားအတွင်း အနာ ဖြစ်ခြင်း၊ နာတာရှည်လူနာများ အိပ်ရာအ ပူလောင်နာဖြစ်ပေါ်၍ အရေပြားနီမြန်းခြင်း၊ ပြည်စု/ပြည်တည်၊ အနာဟောင်း/ အနာ ဆွေး၊ အနာစိမ်း၊ သွေးစုနာ(အိုင်းနာများ)၊ အပူလောင်မီးလောင်ဒဏ်ရာများ၊ အကြိတ်အဖုအမျိုးမျိုးအပြင် အနာ့ပချုပ်၊ အသား တွင်းသွေးပုတ်၊ ပြည်ပုတ် အနာများကို တစ်နေ့ (၃)ကြိမ်အထိ အနာပတ်လည်မှာ လိမ်းပေးပြီးနောက်၊ ဂွမ်း/ပတ်တီးစများဖြင့် စည်းအုံပေးခြင်းဖြင့် ပူစပ်နာကျင်ခြင်း(လုံးဝ)မရှိဘဲ ပြည်ပေါက်ကာ အမာရွတ်မကျ န်ေ တာ့ဘဲ သက်သာပျောက်ကင်းစေပါတယ်။

(၃) အသီးရဲ့ အရသာမှာ ချို၊ ဆိမ့်၊ ခါးနေတာကြောင့် အချို့ နိုင်ငံများတွင် အရေပြားေ ကာင်းေ စသော ဆေးအရက်(၀ိုင်)အဖြစ် ဖော်စပ် သောက်သုံးကြပါတယ်။

(၄) အဆစ်အမြစ်ကိုက်ခဲခြင်း၊ အဆစ်ရောင်နှင့် ကိုယ်လက်ညောင်းညာခြင်းများအ တွက် ကန်းဇော်ဆီဖြင့် တစ်နေ့ ၂-ကြိမ်မှ ၃-ကြိမ်ထိ မှန်မှန်လိမ်းပေးပါ။

(၅) လေထိုးလေအောင့်၊ ဗိုက်နာဗိုက်အောင့်ရောဂါအတွက် ကန်းဇော်ဆီနှင့် ပျားရည် ဆတူရော၍ နံက်/ည တစ်နေ့  ၂-ကြိမ်ကျ လ္ဘက်ရည်ဇွန်း တစ်ဇွန်းစာ သောက်ပေးပါ။

(၆) နှလုံး/သည်းခြေအားနည်းခြင်း၊ နာတာရှည် အဆုတ်ရောဂါ၊ အဆုတ်ပြွန်ေ ရာင် ရမ်ြး ခင်း၊ ပန်းနာရင်ကျပ်၊ အစာမကြေပျို့ အန်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ၀မ်း ကိုက်ခြင်းများအတွက် တစ်နေ့  ၂-ကြိမ် မှ ၃-ကြိမ်ထိ ဟင်းစားဇွန်း တစ်ဇွန်းစာ သော က်သုံးပါ။

(၇) ချောင်းဆိုးသွေးပါရောဂါအတွက် နံက်စောစောပိုင်းမှာ ကန်းဇော်ဆီ နှင့် ထမင်း ပူပူ ရောနယ်ပြီးစားပေးပါ။

(၈) ၀မ်းဗိုက်အတွင်းရှိ အူများနှင့် အစာအိမ်တို့မှာ ဖြစ်တတ်တဲ့ အနာရောဂါများ၊ ပန်း နာရင်ကြပ်၊ ဂရင်ဂျီနာ၊ လိပ်ခေါင်း၊ ဒူလာ၊ စအိုနာ၊ ဖျားနာရောဂါတို့ အတွက် ကန်းေ ဇာ် ဆီ လိမ်းပေးခြင်း(သို့ မဟုတ်)သောက်ပေးခြင်းတို့ဖြင့် ရောဂါပျောက် ကင်းစေ ပါတယ်။

(၉) ထိခိုက်/ပွန်းပဲ့/ရှနာနှင့်ခွဲစိတ်ကုသဒဏ်ရာများ၊ အပူလောင်ခြင်း၊ အင်ပြင်၊ အသား အရည်ခမ်းခြောက်၊ လေဖြတ်ခြင်း နဲ့ ထုံကျင်ကိုက်ခဲသည့် ရောဂါများအတွက် ကန်းေ ဇ်ာဆီကို လိမ်းဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။

မှတ်ချက်။
ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ကန်းဇော်သီးနှင့် ကန်းဇော်ဆီများဟာ အလွန်ဆေး ဖက် ၀င်တာကြောင့် ပြည်တွင်းမှာ သုံးစွဲ သူပိုမိုများပြားလာတဲ့အပြင်၊ ကိုရီးယားနိုင်ငံမှ လည်း လာရောက်ဝယ်ယူခြင်းကြောင့် ကန်းဇော်စေ့နှင့် ကန်းဇော်ဆီများ ဈေးေ ကာင်း လျက်ရှိနေပါကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မှ ဒေသခံတစ်ဦး ကဆိုပါတယ်။ ထိုကဲ့သို့  သုံးစွဲမှုများပြား လာခြင်းနှင့်အတူ ဈေးကွက်အတွင်း ကမ်းဇော် ဆီအရောအနှောတွေ၊ အတုတွေများပြားလာခြင်း (သို့ မဟုတ်) ကြိတ်ဖတ်(ခေါ်) ကန်းေ ဇ်ာချေးအနှစ်တွေကို ပြန်ပေါင်းပြီးအဆီထုတ်လုပ်ခြင်းကြောင့် အာနိသင်ပျက်ပြ ယ်လာသဖြင့် သတိပြုဝယ်ယူသင့်ပါ ကြောင်း မြိတ်ခရိုင်၊ တိုင်းရင်းဆေးပညာ ဦးစီး ဌာနမှ သတိပေးထားပါတယ်။

ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်။

ရွှေချဉ်ပေါင် " ၏ ကျန်းမာရေး လျို့ဝှက်ချက်များ

ချဉ်ပေါင်ရွက်ကို ချဉ်ပေါင်ကြော်၊ ဟင်းချို၊ ချဉ်ရည်ဟင်း...စသည့် ထမင်းမြိန်ဟင်းလျာများအဖြစ် စားေ လ့ရှိကြပါတယ်။ အသား ထူတဲ့ အနီရောင်ချဉ်ပေါင်ဖူးတို့ ကို ကြော်၍သော်လည်းကောင်း၊ ချဉ်ရည် ဟင်းအဖြစ်ပါ ချက်စားနိုင်ပါတယ်။ တချို့ အရပ်ဒေသ များမှာ အရွက်ရင့်ရင့်၊ အပွင့်နှင့် အသီးတို့  ကို နေပူပူတွင် အခြောက်လှန်းပြီး လက်ဖက်ရည်ကြမ်း လုပ်သောက်ကြပါတယ်။ ချဉ် ပေါင်ဖူး နှင့် ချဉ်ပေါင်ပွင့်တို့ ကို ထန်းလျက်(သို့ မဟုတ်)သကြား ဖြင့်ယိုထိုး၍သော်လည်းကောင်း၊ အနောက်နိုင် ငံများတွင် Jam၊ သကြားရည်အနှစ်၊ ရှာလကာရည် စသည်ဖြင့် စားသုံးကြပါတယ်။ ချဉ်ပေါင်ဖူးယိုက အနံ့ အရသာပိုစူးတာကြောင့်၊ ၄င်းကို ဇီးယို ထက်ပို၍ လူကြိုက်များကြပါတယ်။ ဒါ့အပြင် အသီးရင့်ရင့် ကို သကြား၊ ဆားအနည်းငယ်တို့ ဖြင့်ရောကြိုပြီး ဆူလာပါက အအေးခံ ၍ ဖျော်ရည်အဖြစ်သောက်သုံး နိုင်ပါတယ်။
 (ချဉ်ပေါင် နှင့် မြန်မာ့ဆေးစွမ်း)
မြန်မာပြည်တွင် (က) ချဉ်ပေါင်ခါး(ခ) ချဉ်ပေါင်ဖြူ(ဂ) ချဉ်ပေါင်နီလက်ချား ဟူ၍ သုံးမျိုးရှိပါတယ်။
 (က) ချဉ်၍ အနည်းငယ်ငံ သော ချဉ်ပေါင်ခါးဟာ သုံးပေမှ ငါးပေအထိမြင့်ပြီး၊ နူးညံ့သော ဆူး နှင့်အမွှေး များပါရှိပါတယ်။ အရွက်ပေါ်မှာ လေးခု၊ ငါးခု အကွဲ များရှိပြီး အစိပ်အပိုင်းတိုင်းမှာ ခွေးသွားစိပ်များ ပါရှိပါတယ်။ အပွင့်က၀ါ၍ အစေ့မည်းပါတယ်။
(ခ) အပူဓာတ်ရှိ၍ အချဉ်ပေါ့သော ချဉ်ပေါင်ဖြူပင် က နှစ်ပေ မှ သုံးပေအထိမြင့်ပြီး အရွက်မှာ အစွန်း သုံးခု(သို့ မဟုတ်)ငါးခုစီ ပါရှိနေပါတယ်။ အပွင့်မှာ အဖြူရောင်ဖြစ်ပြီး တစ်ပင်လုံးဖြူဖွေးသော အမွှေးနုများပါရှိပါတယ်။
(ဂ) ချဉ်၍အပူဓာတ်ရှိသော ချဉ်ပေါင် နီလက်ချားပင်က တစ်မိုက်သာသာ ခန့် မြင့်ပြီး၊ အရွက်မှာ ဥသဏ္ဍာန်ရှိ၍ အဖျားချွန်းကာ အရွက်ပါးလျ ပါတယ်။ အပွင့်က၀ိုင်း၍ဖြူပါတယ်။ အသီးမှာ ဆီးသီးအလတ် စား အရွယ်ခန့် ရှိကာ နုစဉ်အစိမ်းေ ရာင်ဖြစ်ပြီး၊ မှည့်လျှင်ဝါသွားတတ်ပါတယ်။
 မြန်မာ့ဆေးကျမ်းများတွင် 
(က) ချဉ်ပေါင်ခါးကို အစာကြေဆေး၊ နှုတ်မြိန်ဆေး၊ သွေးဝမ်း/မြင်းသ ရိုက်နာ ပျောက်ဆေး၊ ၀ဖြိုး ဆေး၊ ကာမအားတိုးဆေး၊ နားကိုက်ပျောက်ဆေး၊ လည်ချောင်းနာပျော က်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ အဆစ်လွဲနာကျင် ပျောက်ဆေး၊ ၀မ်းနှုတ်ဆေး၊ သည်းခြေရော ဂါ နှင့် နှာစေးချောင်းဆိုးပျောက်ဆေးအဖြစ် ဆေးဝါးများဖော်စပ်ရာတွင် သုံးလေ့ရှိပါတယ်။
 (ခ) ချဉ်ေ ပါင်ဖြူကို ၀မ်းပျက်ခြင်းအတွက်ဆေးဖော်လေ့ရှိကြပါတယ်။
 (ဂ) ချဉ်ပေါင်နီလက်ချားကို ဆီးရွှင်ေ ဆး၊ ရေငတ် ပျောက်ဆေး၊ နှုတ်မြိန်ခံတွင်းကောင်းဆေး၊ သည်းခြေရောဂါ၊ မူးဝေခြင်း၊ လေနာရောဂါ၊
နူနာရောဂါ၊ အဆုတ်ရောဂါ၊ အသားအ ရေညိုခြင်း၊ သားသည်မိခင်များ နို့ ရည်လိုက်ဆေး အဖြစ် ဆေး ၀ါးဖော်စပ်ကြပါတယ်။ ဒါတင်မကသေးပါဘူး။ ၉၆-ပါးသော ဝေဒနာများအတွက် အောက်ပါေ ဆးမြီး တိုများဖြင့်လည်း ကုသပျောက်ကင်းနိုင်ပါတယ်။
(၁) ချဉ်ပေါင်ခါး အပွင့် ၁၂-ပွင့်ကို သကြား ၂-ပဲသားနှင့်ရောကြိတ်၍ ငရုတ်ကောင်းအနည်းငယ်ရော ထည့်သောက်ပေးခြင်းဖြင့် အပူ လွန်၍ အချဉ်ပြန်သော အစာမကျေခြင်းရောဂါ ပျောက်က င်းစေနိုင် ပါတယ်။
 (၂) နာကျင်ကိုင်ခဲသော ဝေဒနာများအတွက် ချဉ်ပေါင် ခါးပင်အစေ့ကို အမှုန့် ပြု၍ ထိုအမှုန့် 
၂-ပဲသားကို နှမ်းဆီ လ္ဘက်စားဇွန်း ၂-ဇွန်း ရောစပ်လိမ်းပေးနိင်ပါတယ်။
(၃) ချဉ် ပေါင်နီအရွက် နှင့် ချဉ်ပေါင်သီးတို့ ကို နေရိပ်မှာအခြောက်လှမ်းပြီး၊ ရေနွေးဆူဆူမှာ သင့်ရုံထည့်၍ သကြားနှင့်ရောစပ်
သောက် ပေးခြင်းဖြင့် ဆီးရောဂါ နှင့် ရေငတ်အာခြောက်ခြင်းကို သက်သာစေပါတယ်။
 (၄) ချဉ်ပေါင် ခါးပင် အစေ့ကို လှော်၍အမှုန့် ပြုပါ။ ထိုအမှုန့်  ၁-ပဲသားကို ရေနွေးနှင့် နေ့ စဉ်သောက်ပေးပါက၊ အစာ မကြေ ၀မ်းပျက်ရောဂါကို ပျောက်ကင်းစေပါတယ်။
 (၅) ဗိုက် နာပြီး အကျိအချွဲများနှင့် ၀မ်းသွားပါက၊
ချဉ်ပေါင်ခါး(သို့ မဟုတ်)ချဉ်ပေါင်ဖြူ(သို့ မဟုတ်)ချဉ်ပေါင်နီလက်ချားတို့ ၏ အမြစ် သွေး ရည် ၁-ဇွန်းကို တစ်နေ့  ၂-ကြိမ်သောက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
 (၆) ချဉ်ပေါင်နီလက်ချား အရွက်ကို ထမင်းနှင့်ရောကြိတ်ပြီး၊ ပြည်တည်နာ၊ အနာစိမ်း၊ ခွေးကိုက်နာ၊ ကြောင်ကိုက်နာ၊ အနာအို၊ အနာဆွေးများပေါ်အုံပြီး အ၀တ် နှင့် စည်းထားပေးခြင်းဖြင့် အနာရင်းခြင်း၊ ငန်းမန်းလိုက်ခြင်းမရှိဘဲ
အမြန်ဆုံးသက်သာ ပျောက်ကင်းစေပါတယ်။

(ချဉ်ပေါင် နှင့် သိပ္ပံဆေးစွမ်း)
(၁) အူသိမ်၊ အူမတို့ ကို ကောင်းကျိုးပြုပါတယ်။
 (၂) ချဉ်ပေါင်ရွက်ထဲမှာ hydroxy နှင့် amino အက် ဆစ် များကြွယ်ဝစွာ ပါရှိ သောကြောင့် ဆီးအား ကောင်းစေပါတယ်။ ဆီးရွှင်၍ ၀မ်းသက်စေပါတယ်။
(၃) Vitamin C နှင့် သတ္တုဓာတ်တို့  အမြောက်အ များပါရှိသောကြောင့် ကိုယ်ခံစွမ်းအားကောင်း မွန်ြ ခင်း၊ ဆဲလ်များသေဆုံးခြင်းမှ ကာကွယ်ပေးခြင်း၊ သွားဖုံးနှင့် သွားတို့ ကို ကျန်း မာစေခြင်း၊ free radicals အန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အရွယ်ကိုနုပျိုစေခြင်း၊ ကင်ဆာရောဂါများ ဖြစ်နိုင်ချေ အ လား အလာ နည်းပါးစေနိုင်ခြင်း၊ အဆုတ်ကိုကျန်းမာစေခြင်း၊ အအေးပတ်ခြင်း၊ ရာသီပေါ်နှာစေး ချောင်းဆိုး ကူးစက်ရောဂါများနှင့် နှာရည် ယိုနှာပိတ်ခြင်းတို့ မှလဲ ကာကွယ်ပေးခြင်း...စသည်ဖြင့် ကောင်းကျိုးပြုပါ တယ်။
(၄) Calcium ဓာတ် အမြောက်အများ ပါရှိ သဖြင့် အရိုးကိုသန်မာစေခြင်း၊ အာရုံကြော အဖွဲ့ အ စည်း များနှင့် ကြွက်သားများ ဖွဲ့ စည်းမှုကို တိုးတက်ကောင်းမွန်စေခြင်း၊ သွေးကျဲခြင်း မှကာကွယ်ေ ပးခြင်း၊ ခြေလက်များတဆစ်ဆစ်နာကျင်ခြင်း နှင့် ထုံထိုင်းလေးလံခြင်းတို့ ကိုသက်သာပျောက် ကင်းေ စခြင်း၊ ကလေး ငယ်များ ဖွံ့ ဖြိုးမှုနှေးကွေးခြင်းမှ ကာကွယ်ပေးခြင်း.. စသည်ဖြင့် ကောင်းကျိုးပြုပါတယ်။
 (၅) ချဉ်ပေါင်ပန်းပွင့်များဟာ နှလုံးရောဂါ ကို ကာကွယ်ပေးနိုင်ပါတယ်။
 (၆) ချဉ်ပေါင်ဖူး၏ အစေ့မှ လဲ အဆီထုတ်ယူနိုင်ပါတယ်။ ထိုအဆီဖြင့် အရေပြားပေါ်ရှိအနာ အမျိုး မျိုးတို့ ကို လိမ်းပေးခြင်းဖြင့်
ရောင် ကိုင်းခြင်းကိုသက်သာစေပြီး၊ အနာများလဲ ကျက်စေပါတယ်။
(၇) ခြေလည်ပင်း ပြတ်ရှနာများ၊ ဖက်ခွက်နာနှင့် ပြန်တည်နာများအတွက် ချဉ်ပေါင်ရွက်ကို မီးမြှိုက်၍ အုံပေးခြင်းဖြင့်သက်သာ ပျော က်က င်းနိုင်ပါတယ်။
 (၈) ချဉ် ပေါင်ဖူးဖျော်ရည်ကိုသောက်သုံးခြင်းဖြင့် ချောင်းဆိုးရောဂါကို သက်သာေ ပျာက် ကင်းစေပါတယ်။ လူကိုလန်းဆန်းစေနိုင်ပါတယ်။
(၉) ချဉ်ပေါင်အစေ့ပြုတ်ရည်ကို သောက် သုံးခြင်းဖြင့် အစာနင်ခြင်းနှင့်အစာမကျေခြင်းတို့ ကို သက်သာပျောက်ကင်းစေ နိုင်ပါ တယ်။
(၁၀) ချ ဉ်ေ ပါင်ရွက်ကို လ္ဘက်ရည်ကြမ်းသောက်သုံးခြင်းအားဖြင့် ကိုလက်စထရောကိုကျစေခြင်း၊ ကိုယ်အေ လး ချိန်ကျစေ ပြီး သွေးလည်ပတ်နှုန်းကိုလဲ ကောင်းမွန်စေပါတယ်။ ကင်ဆာရောဂါအမျိုးမျိုးတို့ ကိုလဲ ဟန့်  တားကာကွယ်ပေး နိုင်ပါတယ်။
 (၁၁) ဒူးရင်းသီးစားပြီးပါက၊ ချဉ်ပေါင်သီးဖျော်ရည် ကိုသောက်ေ ပးခြင်းဖြင့် အပူကန်ခြင်းကို ကာကွယ်နိုင်ပါတယ်။

  သတိပြုရန် သွေးတိုးရောဂါရှိသူများ အလွန်အကျွံမစားသင့်ပါ။ ချဉ်ပေါင်က သွေးပေါင်ချိန်တက် နိုင် ပါတယ်။ ချောင်းဆိုးရင်ကြပ် ဝေဒနာသည် များနှင့်လည်းမသင့်တော်ပါ။
++++++++++++++++++++++++++++++++++++++
ဘေးထွက်ဆိုးကျိုးအလွန်နဲပါးပြီး၊ ဈေးနှုန်းလဲမကြီးသော မိမိတို့ လက်တကမ်းမှာ ၁၂-လ ရာသီပတ် လုံး အလွယ်က တူရရှိနိုင် သော ချဉ်ပေါင်ရွက်တို့ ကို အစာလဲဆေး၊ဆေးလဲအစာ အဖြစ် စားသောက်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။


(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

18 Aug 2014

လူသိနည်းတဲ့ သကြားရဲ့ဆိုးကျိုး ၁၀ မျိုး

မြန်မာနှလုံးဖောင်ဒေးရှင်း ဒီတစ်ပါတ် ကျန်းမာရေးသတင်းတွေထဲမှာ သကြားဟာ အဆီထက်ကို အန္တရာယ်များတဲ့အကြောင်းတွေ တော်တော်လေးပါပါတယ်။ အဲဒါကြောင့် သကြားလွန်လွန်ကဲကဲ စားသုံးခြင်းရဲ့  ဆိုးကျိုးအကြောင်း ၁၀ မျိုးကို တင်ပြလိုက်ပါတယ်။ 
 (၁)သကြားက နှလုံးကို ဒုက္ခပေးတတ်တယ်။
American Heart Association ရဲ့  အဆိုအရ သကြားလွန်ကဲစွာစားသုံးခြင်းကြာင့် နှလုံးညှစ်ခြင်းကို ထိခိုက်နိုင်ပြီး နှလုံးညှစ်အားနည်းရောဂါ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

(၂)သကြားက အဓိကအားဖြင့် ဗိုက်ကို ရွှဲစေပါတယ်။
တကမ္ဘာလုံးမှာ အ၀လွန်တဲ့သူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း အဆတော်တော်များများ တိုးလာပါတယ်။ ၂၀၁၀ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ဆေးသုသေနတစ်ခုအရ ကလေးတွေမှာ သကြားစားသုံးမှုများတဲ့အတွက်ကြောင့် ကိုယ်ခန္တာထဲက ကလီစာတွေ အဆီများလာပြီး ဗိုက်ရွှဲစေတယ်၊ နောက်တော့ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေလည်း ဖြစ်စေပါတယ်။

(၃)သကြားက တကယ့်ကို အသံတိတ်လူသတ်သမားပါ။
ဆားနဲ့ သွေးတိုးရောဂါတွေနဲ့အပြိုင် သကြားက လူတွေကိုသတ်ပါတယ်။ ၂၀၀၈ ခုနှစ်က လုပ်ခဲ့တဲ့ ဆေးသုသေသနတစ်ခုအရ leptin resistance လို့ခေါ်တဲ့ ရောဂါကိုရစေပါတယ်။ လူ့ကိုယ်ခန္တာမှာ အစားစားတဲ့အခါ Leptin ဓာတ်က အာသာပြေတဲ့စိတ်ကို ဖြစ်စေပါတယ်။ leptin resistance ရတဲ့အခါ စားပြီးရင်းစားချင်ရင်းမို့ အ၀လွန်စေပါတယ်။ ၀လွန်းတဲ့အခါ ဘာမှမသိပဲ ရောဂါတွေကိုရလာပြီး လူကို သေစေပါတယ်။

(၄)သကြားကြောင့် ကင်ဆာပိုဖြစ်စေပြီး၊ ကင်ဆာကြောင့်သေနှုန်းကိုလည်း များစေပါတယ်။
အူထဲမှာ သကြားဓာတ်တွေများရင် β-catenin ဆိုတဲ့ဓာတ်တစ်မျိုးထွက်လာပြီး ကင်ဆာဖြစ်ပွားမှုကို အားပေးပါတယ်။ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာလိုရောဂါတွေမှာ သကြားစားတာ များတဲ့လူတာတွေရဲ့  သေနှုန်းက ပိုပြီးများပါတယ်။

(၅) သကြားကြိုက်တာ မျိုးရိုးလိုက်တတ်ပါတယ်။
Ghrelin ဓာတ်များတဲ့ သူတွေဟာ သကြားနဲ့ အရက်ကိုပိုစွဲတတ်ပါတယ်။ Ghrelin ဓာတ်က ကိုယ်ခန္တာကို ဆာလောင်စေပါတယ်။

(၆)သကြားနဲ့ အရက်ဟာ အသည်းကို ဒုက္ခပေးတာ အတူတူပါပဲ။
အရမ်းမ၀တဲ့ လူတွေမှာတောင် သကြားက အရက်နဲ့အလားတူ အသည်းကို ပျက်စီးစေပါတယ်။ သကြားနဲ့ အရက်ကို ကိုယ်ခန္တာက ချေဖျက်ရတဲ့ နည်းလမ်းတွေက အတူတူပါပဲ။ (

(၇)သကြားက ဦးဏှောက်ကို ဒုက္ခပေးပါတယ်။
လွန်ကဲတဲ့သကြားဓာတ်က ကိုယ်ခန္တာက ဆဲလ်တွေကို အိုမင်းစေပါတယ်။ သကြားအရမ်းစားတဲ့ လူတွေမှာ သတိမေ့ခြင်း၊ ဦးဏှောက်အားလျော့ခြင်းတွေ ပိုပြီးဖြစ်တတ်ပါတယ်။

(၈)သကြားဓာတ်က နေ့စဉ် စားသုံးစရာတွေထဲမှာ ပြည့်နေခြင်း
သွားရည်စာတွေ အချိုရည်တွေထဲမှာ သကြားတွေ အများကြီးပါပါတယ်။ ဥပမာ-Coke တစ်ဘူးမှာ သကြား ၁၀ ဇွန်းလောက်ပါဝင်ပါတယ်။

(၉)သကြားလွန်ကဲစွာစားသုံးမှုကြောင့် အသက်တိုနိုင်ပါတယ်။
၂၀၁၃ စစ်တမ်းတစ်ခုအရ ကမ္ဘာတ၀န်းမှာ တစ်နှစ်ကို ၁၈၀၀၀၀ လောက် သကြားစားသုံးမှု လွန်ကဲလို့ သေကြေကြရပါတယ်။ ဆီးချို၊ နှလုံးနဲ့ ကင်ဆာရောဂါတွေကြောင့် သေကြရတာ ဖြစ်ပါတယ်။

(၁၀) သကြားကြောင့် အ၀လွန်စေပါတယ်။
ဒီအချက်က လူတိုင်း သိကြပါတယ်။သကြားစားပြီးရင် ဗိုက်ပြည့်တယ်မရှိပါဘူး။ အဲဒါကြောင့် အချိုတွေ စားပြီးရင် အစားကို ထပ်ပြီး စားစေချင်စိတ် ဖြစ်စေပါတယ်။

Credit : မြန်မာနှလုံးဖောင်ဒေးရှင်း

နှမ်းဖတ်မြေပဲဖတ် အခြောက်ချဉ်လုပ်နည်း

 မြေပဲဖတ် အကြီး အသေး ရွေးပြီရေကို တည စိမ်လိုက်တယ်။

  မနက်ကျ ပွလာပြီ ဇွန်းနဲ့ သေချာမွေကြည့် အခဲလေးတွေ မရှိတော့ယင် ထမင်းစားဇွန်းနဲ့ ဆားတဇွန်းထည့်နယ် ဖန်ပုလင်းထဲထည့် ပူတဲ့နေရာမှာ၂ ရက်လောက်ဆို ချဉ်ပြီး သုပ်စားလို့ရပါပြီ ( နေပူထဲအတွက် ပလပ်စတိတ်ဘူးတွေ မသုံးပါနဲ့ )
ပုလင်းထဲကို တဝက်ကျော်လောက်ဘဲထည့်ပါနောက် ထပ်ပွတက်လာလို့ပါ ။

  သုပ်နည်းလေး ပြထားပါတယ် အရမ်းလည်းစားလို့ကောင်းပါတယ်။

အချဉ် အသုပ် ကြိုက်တဲ့သူတွေအားလုံးလည့်း ကြိုက်ကြမယ်လို့ ထင်ပါတယ်။
 ( သုပ်တဲ့အချိန်ကြယင် ဆီကောင်းသုံးပါ Olive oil သံလွင်ဆီက အစိမ်းသုပ်တွေအတွက် ကျန်းမာရေးအတွက်လည်း အကောင်းဆုံးပါ )

credit  Nora Chen


ခရမ်းသီးရဲ့အဟာရ

ငယ်ငယ်က ခရမ်းသီး ဟာ ကျမရဲ့  မနှစ်သက်ဆုံး အသီးအနှံ ထဲမှာပါပါတယ်။
 ကြီးပြင်းလာတော့ မှ အသီးအနှံ အကြောင်း ပိုလေ့လာမိတယ်။
  ခရမ်းသီးအစိမ်းတစ်ခွက်မှာ
 20 calories, 0.8 grams of protein, 4.82 grams of carbohydrate, 0.15 grams of fat and 2.5 grams of dietary fiber ရှိပြီး နေ့စဉ်လိုအပ်ချက်အဟာရရဲ့ 10% of daily fiber, 5% potassium, 3% vita, vitaminB-6,1%ironand2%magnesium တွေပါတယ်လိုဆိုပါတယ်။

အဝလွန်ရောဂါ, နှလုံးရောဂါ အပါအ၀င် blood cholesterol တွေကို သက်သာစေတယ်လို့ဆိုတယ်။ အခွံမှာ fiber များလို့ စားသုံးသင့်တယ်လို့လဲဖေါ်ပြတယ်။

ဒါပေမဲ့ သတိတားသင့်တဲ့ ဆိုးချက်ကတော့..
ကျောက်ကပ်မှာ ကျောက်တည်သူများ အတွက်တော့ မစားသင့်ပါဘူး။
 ခရမ်းသီးမှာပါတဲ့ oxalates ကကျောက်ကပ်ကျောက်တည်စေတယ်လို့ အဟာရ ဆေးဆောင်းပါ်းမှာဖေါ်ပြတာတွေရပါတယ်။ အသေးစိတ်ကို references မှာဖတ်နိုင်ပါတယ်။

တလောက... ခြံထွက် organic ခရမ်းသီးလေး တစ်လုံးရတော့ ဆီများများ ပုဇွန်ခြောက်များများ စပ်စပ် အိုးကပ်လေး ချက်စာ့း တယ်... အဖွားအမြဲပြောတယ်...ခရမ်းသီးနှပ်ရင် မီးနည်းနည်းနဲ့ စိတ်ရှည်ရှည်နှပ်ရတယ်တဲ့။
Nyunt Nyunt Pyone
live healthy...be happy!
References: http://www.medicalnewstoday.com/articles/279359.php
http://os.care2.com/all/8-great-reasons-to-eat-eggplants#1
http://gicare.com/diets/kidney-stone-diet/

14 Aug 2014

ခွေးတောက်ပင်၏ ကျန်းမာရေးအကျိုးကျေးဇူးများ

ခွေးတောက်ပင်၏ ကျန်းမာရေးအတွက် အကျိုးပြုပုံများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ခွေးတောက်သည် သလိပ်၊ ချွဲ၊ လည်ချောင်းနာ၊ လေရောဂါ၊ ညောင်းကျနာ၊ ပန်းနာရင်ကျပ်၊ ဒူလာနှင့် ကြွက်အဆိပ်သင့်နာများကို ပျောက်ကင်းစေပါသည်။
ထို့အပြင် ၀မ်းမီးကို ကောင်းစေခြင်း၊ အစာကြေလွယ်စေခြင်း၊ အမျိုးသားအားကို တိုးပွါးစေခြင်း၊ အမျိုးသမီးများအတွက် သွေးသားမှန်ကန်စေခြင်းနှင့် စိတ်ရွှင်လန်းစေခြင်းတို့ကို ဖြစ်စေပါသည်။
ဆိုင်ရာရောဂါများအတွက် ဆေးအဖြစ် အသုံးပြုပုံများ

၁။ ခွေးတောက်အရွက်ကို ဟင်းခါးချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေအောင့် လေထိုး၊ ဆီးချုပ်ရောဂါများ ပျောက်၏။

၂။ ခွေးတောက်ရွက်ကို ကြိတ်၍၄င်း အရည်ဖြင့် ရေယုန်နာကို ဆွတ်လိမ်း ပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။

၃။ ထန်းရည်၊ အရက်ကြာရှည်စွာသောက်သုံးသူများ တစ်နှစ်တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းအားဖြင့်ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်အတောက်များ ပြေပျောက်စေ၏ ။

၎။ အရွက်ကို မီးကင်၍ကပ်လျှင် အနာစိမ်း၊ သွေးစုနာများ အနာနုလျှင်ပိန်၍ အနာရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။

၅။အရွက်ကို ကြိတ်၍ အုံးစည်းပေးခြင်းဖြင့် အဖုအကျိတ်များလည်း ပျောက်၏။

၆။ ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောအဆစ်လွဲခြင်း ပျောက်၏ ။

၇။ ခွေးတောက်ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားတိုးပွားစေ၏ ။

၈။ ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး ၊ အန်ဆေးနှင့် သလိပ်ရွှင်ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။
စောနွဲ့ နေဆိုင် (ပူတာအို) ပြန်လည်မျှဝေပါသည်။

ကိုးကား။ ။ မြန်မာ့ဆေးဖက်ဝင်အပင်များ
Credit to ကျန်းမာရေးသတင်းများ

အဆီပိုတွေလောင်ကျွမ်းစေမည့် အစားအစာများ

ယနေ့ ကမ္ဘာမှာလူနေမှုပုံစံတိုးတက်မြင့်မားလာတဲ့အလျှောက် နေထိုင်စားသောက်မှုများ ပုံစံြေ ပာင်း လဲလာကြရာ၊ အရွယ် ၃-ပါး ကျား/မ မရွေး ခန္ဓာကိုယ်မှာအဆီပိုတွေစုလာကြပါတယ်။ အဆီကျစေဖို့ အထိရောက်ဆုံးနဲ့ အလွယ်ကူဆုံးနည်းက အစားအစာ နဲ့ ထိန်းခြင်းဖြစ်တာမို
့အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ သဘာဝကုထုံးများဖြင့် အဆီပိုတွေလောင်ကျွမ်းနိုင်ကြပါစေကြောင်း။

(၁) ကွေကာအုတ်(အကြမ်း)ကို နို့  နှင့် အချိုလျော့ထည့်၍ နံက်စာအာဟာရအဖြစ်မှီဝဲပါ။ အရသာ မရှိသော်လဲ ပါဝင်တဲ့အမျှင် ဓာတ်များက အဆာပြေစေပြီး၊ ကိုလက်စထရောပမာဏကို မျှတေ အာင်ထိန်းပေးပါတယ်။ (အညိုရောင်ကွေကာ အုတ် အကြမ်း တွေကို City Mart ဆိုင်တိုင်းမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်)

(၂) ကြက်ဥဟာ ပရိုတင်းဓာတ်ကြွယ်ဝပြီး၊ ကယ်လိုရီပါဝင်မှုနဲတာကြောင့် ကျမ္မာရေးအတွက် အကောင်းဆုံး အစားအစာဖြစ်ပါ တယ်။ ဒါ့ပြင် ကြွက်သားတွေကို ကောင်းစွာတည်ေ ဆာက် နိုင်အောင်၊ ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ကိုလက်စထရောတွေ ဖွံ့ ဖြိုးအောင် အထောက် အပံ့ပေးပါတယ်။

(၃) ပန်းသီးထဲမှာ အစွမ်းထက်မြက်ဓာတ်တိုးဆန့် ကျင်ပစ္စည်း အမြောက်အများပါရှိပါ တယ်။ အထူးသဖြင့် ပန်းသီးထဲမှာပါတဲ့ သဘာဝ Pectin ဓာတ်က ခန္ဓာကိုယ်ထဲရှိမလိုလားအပ်သော အဆီဆဲလ်များကို လျော့ပါးသွားစေပါတယ်။

(၄) ငရုပ်သီးစိမ်း စပ်စပ်စားပေးပါ။ ငရုပ်သီးစိမ်းထဲမှာပါရှိတဲ့ မွှန်စပ်စေတဲ့ Capsaicin အစွမ်းက ခန္ဓာကိုယ်ထဲရှိ အကျိုးပြုဆဲလ် များကို ကြီးထွားအောင်ကူညီပေးကာ၊ ကယ်လိုရီများကို လျှင်မြန် စွာလောင်မြိုက်စေပါတယ်။ ထို့ ပြင် နှလုံးခုန်မြန်စေပြီး၊ သွေး ကြောထဲမှအဆီများ ကျစေပါတယ်။

(၅) ကြက်သွန်ဖြူထဲမှာပါရှိတဲ့ Allicin ဓာတ်တွေက ဘက်တီးရီးယားများကို တိုက်ထုတ်ပေး ကာ အဆီကျစေတဲ့အပြင် မကောင်း တဲ့ ကိုလက်စထရောတွေကိုလည်း ဖယ်ရှားသုတ်သက်ပေး ပါတယ်။

(၆) အဆီလောင်ကျွမ်းစေဖို့ အတွက် သက်တမ်း ၁-နှစ်ရှိတဲ့ သဘာဝပျားရည်စစ်စစ်က တန်ဖိုးရှိ တဲ့ဆေးပါဘဲ။ နံက်အိပ်ယာထ တိုင်းပျားရည်ကို ရေနွေးဖြင့် ဖျော်သောက်ပါ(သို့ မဟုတ်)ညအိပ် ယာဝင် ခါနီး သောက်ရေအေးဖြင့်သောက်ပါ (ရေခဲရေမဟုတ်ပါ)

(၇) ရေနွေးကြမ်းက ခန္ဓာကိုယ်အလေးချိန်တက်မလာအောင် ထိန်းသိမ်းပေးသလို၊ အဆီကျ အသားကျစ်လစ်စေနိုင်လို့  လ္ဘက် ခြောက်ကျကျ ရေနွေးကြမ်းကို အနည်းဆုံး တနေ့  ၂-ခွက် ပုံမှန်သောက်ပေးပါ။

(၈) ဂျုံမြက်(ခေါ်)Wheat Grass ဖျော်ရည်သောက်ပါ။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ေ ကာင်းမွန်စေတဲ့အပြင်၊ အဆီကျ စေပါတယ်(အသင့်သောက် Wheat Grass ဖျော်ရည်ဗူးများကို City Mart ဆိုင်တိုင်းမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်)

(၉) ခရမ်းချဉ်သီးက အဆီမြန်မြန်ကျစေတဲ့အပြင်၊ ကင်ဆာရောဂါတွေကိုတိုက်ထုတ်ပေးတြာေ ကာင့် နေ့ စဉ် ခရမ်းချဉ်သီး မှီဝဲ စားသုံးပါ။ (ကိုင်းခရမ်းချဉ်သီး မဟုတ်ပါ)

(၁၀) အမဲရောင်ချောကလက်စားပါ။ ချောကလက်ထဲမှာပါတဲ့ Flavonoids ဓာတ်ပေါင်းစုများ က သွေး ထဲ ရှိ ကိုလက်စထရော ပ မာဏကိုကျစေပါတယ်။ ထို့ ပြင် သွေးထဲရှိ serotonin ဓာတ်ကို အားကောင်စေပြီး၊ အဆီများလောင်ကျွမ်းစေပါတယ်။

(၁၁) နံက်အိပ်ယာထ သံပုရာသီးကိုထက်ခြမ်းခြမ်းပြီး အလုံးလိုက်ရေနွေးစိမ်သောက်ပါ။ အချိန်တိုအတွင်း အဆီများကျစေပါ တယ်။ (သွေးပေါင်ကျသူများ မသောက်သင့်ပါဘူး)

(၁၂) ချဉ်စော်ခါးသီးကို ရေနွေးစိမ်၍သောက်ခြင်းကလည်း သိသိသာသာအဆီကျစေပါတယ်။ ဆီးအောင့် ဆီးချုပ်သူများ အ တွက်လည်း ကောင်းကျိုးပြုပါတယ်။

(၁၃) ဂျင်းက ကြွက်သားများအတွက် သွေးလည်ပတ်မှုကောင်းမွန်စေကာ၊ ကယ်လိုရီလော င်မြိုက်ေ စပါတယ်။

(၁၄) အဆီလုံးဝမပါသော နွားနို့ (သို့ မဟုတ်) ဒိန်ချဉ် ၁-ခွက် နေ့ စဉ်သောက်ပါ။ ပဲနို့် ရည်က လည်း အဆီမတက်လာစေပါဘူး။

(၁၅) မြေပဲနဲ့ လုပ်ထားတဲ့ ထောပတ်က အမျိုးသား/အမျိုးသမီးတို့ အတွက် testosterone ဟိုမုန်းကို တိုးပွားစေပါတဲ့အပြင်၊ ကြွက်သားများ ကောင်းစွာတည်ဆောက်ပေးကာ၊ အဆီလောင် ကျွမ်းစေပါတယ်။

(၁၆) ဆယ်လ်မွန်၊ တူနာ စသော အဆီများတဲ့ ပင်လယ်ငါးစားပေးခြင်းဖြင့် ခန္ဓာကိုယ်မှ အဆီ များေ လာင်ကျွမ်းစေနိုင်ပါတယ်။

(၁၇) အစိမ်းရောင် သစ်သီးဝလံ နှင့် ဟင်းရွက်များဖြစ်ကြတဲ့ ထောပတ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ ကိုက်လန် တွေက ခန္ဓာကိုယ်မှ မလိုလားအပ်သော free radicals ကိုတိုက် ထုတ်ပေးကာ၊ ကြွက်သားများ ကောင်းစွာတည်ဆောက်စေပြီး၊ အဆီ ကျစေပါတယ်။

(၁၈) ဆန်လုံးညို နဲ့ ဗာဒံစေ့ တို့ က (လုံးဝ) အဆီမတက်စေပါဘူး။

(၁၉) ပဲညွန့် ရွက်အမျိုးမျိုးစားပေးပါ။ အစာကျေညက်စေတဲ့အပြင် အဆီလောင်မြိုက်ေ အာင် အထောက်အကူဖြစ်စေပါတယ်။

(၂၀) ကြိတ်မှန်ရွက်စားပါ။ ညအိပ်ယာဝင်ခါနီး အဆီပိုရှိသောနေရာများကို ကြိတ်မှန်ရွက် သတ္တုရည် ပွတ်လိမ်းပါ။ ဇွဲရှိရှိဖြင့် ၆-လ ခန့်လိမ်းပေးခြင်းဖြင့် အဆီများလျော့ကျသွားပါလိမ့်မယ်။

(၂၁) အဆီမပါတဲ့ မြန်မာကြက်သား(တောကြက်သား)/ကြက်ဆင်သား/အမဲမိုးခိုသားတို့ 
က အသားကျစ်လစ်စေပြီး ခန္ဓာကိုယ်မှ အဆီများကိုကျစေပါတယ်။ (ကြက်အရေခွံမစားရ)

(၂၂) အဆီပိုများတဲ့ ခန္ဓာကိုယ်ပိုင်ရှင်များ ပင်လယ်စာ ကမာကောင်ကို မကြာခဏစားပေးပါ။

(၂၃) လ္ဘက်ရည်ဇွန်း ၏ ၄ပုံ ၁ပုံ စာမျှ ပမာဏရှိသော သစ်ကြပိုးခေါက်မှုန့် ကို ရေနွေးဖြူဖြင့် နေ့  စဉ်ေ သာက်ပေးနိုင်ပါတယ်။

(၂၄) နံက်စာ စားပြီးနောက် အချို နှင့် နို့ နည်းနည်းသာပါသော ကော်ဖီ ၁-ခွက်ကို သောက်ပေြး ခင်းဖြင့်၊ မိနစ် ၂၀ အကြာမှာ သိ သိသာသာ အဆီလောင်မြိုက်သွားပါတယ်။

(၂၅) သံလွင်ဆီ တစ်မျိုးတည်းသာစားခြင်းက၊ ရက်သတ္တ ၁၆-ပတ်အကြာမှာ အဆီပိုများ သိသိ သာသာ ကျဆင်းသွားစေပါတယ်။

(၂၆) ပုလင်းတစ်ထဲမှာ ရိုးရိုးသကြား သုံးဇွန်း (ဟင်းစားဇွန်း) နှင့် ရှောက်ရွက်အကြမ်း ကိုးရွက် ထည့်ြ ပီးနောက် ရေကျက်အေးများ ပုလင်းထဲသို့ အပြည့်ထည့်၍ ပုလင်းလုံအောင်ဖုံးကာ နေပူ ထဲမှာ ကိုးရက်တိတိလှန်းပေးပါ။ ကိုးရက်ပြည့်သောနေ့ တွင် ထို ရှောက်ရွက်ဆေးရည် ပုလင်း ကိုလှုပ်၍ လက်ဖက်ရည်အကြမ်းပန်းကန်တစ်ဝက်ခန့်  နံနက်တစ်ကြိမ် ညတစ်ကြိမ် နေ့ စဉ်
မှန်မှန် သောက်သုံးပေးပါ။ ရက်သတ္တတ် ၇-ပတ်ခန့်  အကြာမှာ အဆီပို ဗိုက်ရွဲမှုများကျပြီး အသားအရေစစ်သွားပါလိမ့်မယ်။ (ဆေးပတ် လည်စေဖို့ အတွက် ဥပမာ အိုဗာတင်းပုလင်း လွတ်မျာြး ဖင့် ဖော်ပြပါနည်းအတိုင်း လုံလုံလောက်လောက် ဆေးရည်ဖော်စပ်ပါ)

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)

6 Aug 2014

ငါးချဉ်၊ ပုဇွန်ချဉ် လုပ်နည်း

ပုဇွန်ကျော့ရရ.ထုတ်ရရပေါ့
ပုဇွန်ကိုခေါင်းချိုးရေဆေးးပါ.။
ပုဇွန်ထုတ်ဆိုရင်တော့အခွံခွာပါနော်။ပုဇွန်ကျော့လေးတွေဆိုရင်တော့မခွာပါနဲ့
ပြီးရင်ရေစင်စင်ဆေးပါ။ရေစစ်ထားပါ။
ဆာားအနေတော်နဲ့နယ်ပါမယ်။ပြီးရင်တညသိတ်ထားပါ။
ညထဲကဆန်ကြမ်းကိုထမင်းခပ်မာမာလေးချက်ထားပါနော်၊
မနက်ကျရင်ဆားနယ်ထားတဲ့ပုဇွန်ကိုရေနဲ့တခါလောက်ဆေးလိုက်ပါ။
ပြီးရင်ညကချက်ထားတဲ့ထမင်းနဲ့ရောနယ်ပါနော်။
ပြီးရင်ကော်ဘူးဆိုပိုကောာင်းပါတယ်။အဲ့ထဲကိုသိတ်ထည့်ပါ။

ကြပ်ကြပ်လေးသိတ်ပါ။။ပြီးရင်လုံအောင်ပိတ်ပြီးထားလိုက်ပါ။။

သုံးရက်လောက်ဆိုချဉ်ပါပြီ။

အဲ့အခါမှာအဖုံးဖွင့်ပြီးဘူးကိုဇကာလေးခံလို့မှောက်ထားလိုက်ပါ။။
အရည်တွေစစ်သွားအောင်လို့ပါ။နေ့တ၀က်လောက်မှောက်ထားလိုက်ရင်ရပါပြီ။
ပြီးရင်တော့ဖန်ပုလင်းဖြစ်ဖြစ်နှစ်သက်ရာဘူးနဲ့လှယ်ထည့်ပြီးရေခဲသေတ်တာထဲထည့်သိမ်းနိုင်ပါတယ်။။

လိုသလောက်ယူသုတ်စားပေါ့။
နံနံပင်။ပင်စိမ်း၊ရှမ်းနံနံ၊တမျိုးမျိုးနဲ့ကြက်သွန်ဖြူနီငရုပ်စိမ်းလေးနဲ့ဆီလေးဆမ်း။ပြီးသုတ်။။ထမင်းမြိန်ပါ့ရှင်။
 

ငါးဆိုရင်လဲကိုယ်လုပ်ချင်တဲ့ငါးကိုလိုသလိုတုံးဖြတ်ပြီးဒီနည်းအတိုင်းပဲလုပ်နော်။
 

ချစ်သူငယ်ချင်းအားလုံးကိုခင်မင်လေးစားတဲ့
မနီ
နော်ဝေး

ဝိုင် အကြောင်းသိကောင်းစရာ

ဝိုင် ဟု ကြားလိုက်ရုံဖြင့် အနီရောင် အရည်လေးများကို
မျက်စေ့ထဲမြင်ယောင်လာကြ၏။ ၀ိုင်ကို အရသာရှိရှိ သောက်တောမယ့်ဆိုရင်..
ရှေးဦးစွာ ၀ိုင်ထည့်ထားတဲ့ ဖန်သားကြည်ကြည် ကလပ်ခွက်ကို
စက်ဝိုင်းပုံပတ်ချာလည်လှည့်လှုပ်ခတ်ပေးလျှက်မှ ၀ိုင်၏ရနံ့ ကို ရှုသွင်း
ကာ၊ တကျိုက်ချင်းစုပ်၍ စက္ကန့် အနည်းငယ် ငုံထားပြီးမှသာ
အရသာခံမျိုချသောက်ရပါသည်။ ဝိုင်ဆိုတာ အရက်တော့မဟုတ်ပေမယ့်.. များများ
သောက်ပါက၊ လူကိုမူးယစ်စေတတ်သော အဖျော်ယမကာ တစ်မျိုးဖြစ်ပါသည်။
အင်္ဂလိပ်စကားလုံး အက္ခရာ Wine သည် ယေဘုယျ အားဖြင့် စပျစ်သီးမှ
ချက်လုပ်ထားသော ဝိုင်အရက်ကို ရည်ညွှန်းခြင်းဖြစ်သော်လည်း၊
အခြားအသီးအနှံများမှ ချက်လုပ်သော ဝိုင်အရက် (ဥပမာ ပန်းသီးဝိုင်၊
စတော်ဘယ်ရီဝိုင်) စသည်တို့ ကိုလည်း " ဝိုင် " ဟုသာ ခေါ်ဆိုသုံးနှုန်းလေ့
ရှိကြပါသည်။ ၀ိုင်ချက်လုပ်အသုံးပြုသော ထိုအသီးများထဲတွင်ပါရှိတဲ့
သဘာဝသကြားဓာတ်ကို ကဇော်ပေါက်ခြင်းဖြင့် ၀ိုင် ချက်လုပ်ခြင်းပါသည်။
ပုံမှန်အားဖြင့် ဝိုင်နီ၊ ၀ိုင်ဖြူ၊ Rose ၀ိုင် (ခေါ်) Pink ၀ိုင် နှင့်
စပါကလင်ဝိုင် ဟူ၍ ၀ိုင်(၄)မျိုးရှိပါသည်။ ဝိုင်နီကို စပျစ်သီး အနီဖြင့်
ချက်လုပ်ပါသည်။ ကောင်းမွန်သော ၀ိုင်နီရရှိစေရန်အတွက် စပျစ်သီး၊ စပျစ်ခွံ၊
စပျစ်စေ့များပါထဲ့၍ အချဉ်ဖောက်ပေးရ၏။ ၀ိုင်ဖြူကို တော့ စပျစ်သီး
အဖြူဖြင့် ချက်လုပ်ကြပါသည်။ Rose ၀ိုင် (ခေါ်) Pink ၀ိုင် ဆိုသည်မှာ
ဝိုင်နီ နှင့် ၀ိုင်ဖြူများကို ရောနှောပေါင်းစပ်ထားခြင်း မဟုတဘဲ၊
အနီရောင် စပျစ်သီးများကို အရည်ညှစ်ထုတ်ချေထားပြီး
ဝိုင်ချက်လုပ်ခြင်းသာဖြစ်ပါသည်။ အဲဒီ စပျစ်ရည်ထဲမှာ စပျစ်ခွံများ
ကျန်ရှိမှုပမာဏ အနည်း/အများ နှင့် အသုံးပြုထားသော စပျစ်သီးခွံ
အထူ/အပါးပေါ်မူတည်ပြီးတော့ Rose ၀ိုင်၏ ပန်းရောင်အနု/အရင့် ကွာခြားမှု
ဖြစ်လာပါသည်။ ဝိုင်အတွင်းမှာ အမြှုပ်ထနေသော ဝိုင်ကို စပါကလင်ဝိုင်ဟု
ခေါ်ကြပါသည်။
ဝိုင် ရဲ့ အရောင်ကို ကြည့်တဲ့အခါ၊ ၀ိုင်ထဲ့ထားသောခွက်ကို
လေထဲတွင်မြှောက်ပြီး ကြည်ရုံနှင့် အဖြေမှန်ကို မသိနိုင်ပါဘူး။ ကြည်လင်သော
အရောင်ကိုနောက်ခံထားပြီး၊ ၀ိုင်ခွက်ကို ၄၅ံ C စောင်း၍ ကြည့်ရပါသည်။
ဝိုင်နီ များကို အစိမ့်ရောင် ရင့်ရင့် (သို့ မဟုတ်) အနက်ရောင်
ပုလင်းများတွင် သိမ်းဆည်းထားလေ့ရှိပါသည်။ ထိုကဲ့သို့ 
အရောင်ရင့်သောပုလင်းများအတွင်း၌သာ ထည့်သွင်းသိမ်းဆည်းခြင်းဖြင့်
ဝိုင်နီများရဲ့ သက်တမ်းကို ရင့်လာစေတယ်လို့ ဆိုကြပါသည်။
ဝိုင်ဖြူများကိုမူ အစိမ်းရောင်ဖျော့ဖျော့ (သို့ မဟုတ်) အ၀ါရောင်
ပုလင်းများ တွင်ထဲ့သွင်းထားလေ့ ရှိပါသည်။ ယေဘုယျအားဖြင့်
ဝိုင်၏အရောင်ကိုကြည့်ပြီး၊ သက်တမ်းကို ခန့် မှန်းလို့ ရနိုင်ပါသည်။
ဝိုင်ဖြူများသည် သက်တမ်းရင့်လာပါက၊ ၀ိုင်၏အရောင်မှာ
ပိုမိုရင့်လာတတ်ပါသည်။ ၄င်းဝိုင်ဖြူများကို သစ်ချသား စည်များအတွင်း
သိုလှောင်သိမ်းဆည်း ထားတဲ့ သက်တမ်းပေါ်တွင်မူတည်ပြီးတော့လည်
အရောင်ပြောင်းတတ်ပါသည်။ ၀ိုင်နီများမှာမူ ၄င်းတို
့သက်တမ်းပိုမိုရင့်လာသည် နှင့် အမျှ အရောင်ပိုမိုဖျော့လာပါသည်။
ဝိုင်ပုလင်း ရဲ့  အရှေ့ ဘက်ခြမ်းမှာ Brand Name၊ ၀ိုင်ထဲတွင်ပါတဲ့
စပျစ်သီးများနှင့် အခြားအမျိုး အမည်များ၊ ထုတ်လုပ်တဲ့နိုင်ငံ နဲ့ 
ဝိုင် အမျိုးအစားတို့ ကို ဖော်ပြထားလေ့ရှိပါသည်။ ပုလင်းရဲ
့နောက်ဘက်ခြမ်းမှာ စပျစ်ခင်းများထွက်ရှိရာ ဒေသ၊ ၀ိုင်ပြုလုပ်သည့်
နည်းစံနစ်များ၊ ၀ိုင်အနံ့ အရသာနှင့်တွဲဖက်စားသုံးသင့်သောဟင်းလျာများ၊
ဝိုင်ပုလင်းကိုထိန်းသိမ်းထားရှိ ရမည့် အပူချိန်၊ ၀ိုင်ထဲမှာ ပါတဲ့
Alcohol ရာခိုင် နှုန်း တို့ ကို ဖော်ပြထားလေ့ရှိပါသည်။
ဝိုင် ကို အမှောင်ခန်းနှင့် အအေးဓါတ်ရှိသော နေရာများတွင် နှစ်ကြာကြာထားလေ
အရသာပိုကောင်းလေ ဖြစ်သောကြောင့် နှစ်ချို့ဝိုင် သည်
တန်ဘိုးမြင့်မားပါသည်။ ပုလင်းအဖုံးကို သစ်သားခေါက်တစ်မျိုးဖြင့်
ပြုလုပ်လေ့ရှိပါသည်။ ထိုသစ်သားခေါက် ပုလင်းအခွံနှင့် ၀ိုင်ကို အမြဲထိတွေ
့ နေစေရန်အတွက် ပုလင်းကို အောက်ဘက်သို့ အနဲငယ်စောင်းပြီး
သိမ်းဆည်းလေ့ရှိပါသည်။ အဆိပ်ငွေ့ များထွက်သွားစေ ရန်နှင့် ၀ိုင်၏ အနံ
့အရသာတို့ ယိုယွင်းမှုမရှိစေရန်အတွက် ဤသို့ သိမ်းဆည်းရသည်ဟုဆိုပါသည်။
သိုလှောင်သိမ်းဆည်းထားသည့် သက်တမ်း ကို လိုက်၍ ဈေးကွာခြားမှုရှိပါသည်။
ဝိုင် များကို မသုံးဆောင်မီ Wine Cooler အတွင်း အပူချိန် ၁၇ံC ခန့် 
ရှိသောနေရာ တွင် အချိန် ၁-နာရီ ခန့် ကြိုတင်ထားပြီး၊ သောက်သုံးမှသာ
ဝိုင်အရသာကို ပိုမိုပေါ်လွင်စေမည်ဖြစ်ပါသည်။ များသောအားဖြင့် အနီရောင်
ဝိုင်များကို အခန်းအပူချိန်(room temperature)မှာထား၍၊ အသားနဲ့တွဲဖက်
စားသောက်သောအခါ အရသာပိုမိုပေါ်လွင်ပြီး၊ အဖြူရောင် ၀ိုင် များကိုတော့ ငါး၊အသုပ် တို့ နှင့်တွဲဖက်စားသောက်ပါက အရသာပိုထူးပါသည်။

ကျန်းမာရေးရှုထောင့်ကကြည့်ပါလျှင် ကမ္ဘာပေါ်တွင် ဦးစားပေး
သောက်သုံးသင့်သောအရည် မှာ ရေ (သို့ မဟုတ်) ရေနွေးကြမ်း Green Tea
ဖြစ်ပြီး၊ ဒုတိယအနေနဲ့သောက်သင့်သော အရည်မှာ အနီရောင်စပျစ်ဝိုင်
ဖြစ်ကြောင်း ဆေးပညာရှင်များက အကြံပြုထားကြပါသည်။ ထို့ ကြောင့်
စပျစ်ဝိုင်အနီကို လူကြီး၊လူငယ်၊ကျား၊မ မရွေး သောက်သုံးသင့်ပါသည်။ အကယ်၍
ဝိုင် များများသောက်မိရင်တော့ မူးတာလဲ မဟုတ်ဘဲ၊ ရီဝေေ၀ ခံစားရပါမည်။
ဆေးပညာရှင်များ၏အဆိုအရ စပျစ်သီးအခွံတွင် အိုမင်ရင့် ရော်မှုကို
နှေးကွေးစေသည့် ဓါတ်တစ်မျိုး ပါဝင်သောကြောင့် “မအိုဆေး” ဟု
ညွှန်းဆိုကြပါသည်။ ၀ိုင်အနီကို ဆေးဝါးအဖြစ် နေ
့စဉ်ပုံမှန်သောက်သုံးသူများသည် နှလုံးရောဂါ မဖြစ်စေပါ။
သွေးတိုးကိုကျစေသည့်ပြင်၊ သွေးအတွင်း အဆီဓါတ်များကိုလဲ ကျစေပါသည်။ ထို
့ပြင်အနီရောင်ဝိုင်တွင် ပါရှိသော သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး
သည် နှူကလီးယားဓာတ်ရောင်ခြည်ကြောင့် ခန္ဓာကိုယ် ထဲရှိဆဲလ်များ
သေဆုံးခြင်းကို ကာကွယ်ပေးနိုင် ကြောင်း ယူကေအခြေစိုက် တယ်လီဂရပ်သတင်းစာ
တွင် ဖော်ပြထားခဲ့ပါသည်။ ထိုအဆိုကို ပစ္စဘတ်တက္ကသိုလ်၏ သုတေသနအဖွဲ့မှ လည်း
ထောက်ခံထားပါသည်။
သမိုင်းရာဇ၀င်များကိုလေ့လာကြည့်ရာတွင် လွန်ခဲ့သော BC 6000 ခန့် ကစ၍
ပါရှား (ခေါ်) အီရန် သည် ၊ ကမ္ဘာပေါ်တွင် ပထမဦး ဆုံး စပျစ်သီးဖြင့်
ဝိုင်ကို စတင်ချက်လုပ်သောက်သုံးသော နိုင်ငံဖြစ်ပါသည်။ ထိုမှတဆင့်
အီဂျစ်&gt;ဂရိ&gt;အီတလီ&gt;စပိန်&gt;ပြင်သစ်&gt;အာရေဗျ&gt;
ဥရောပမြောက်ပိုင်း&gt;ရောမ&gt;မက္ကဆီကို&gt;ပီရူး&gt;ကာလီဖိုးနီးယား&gt;သြစတြေးလျ&gt;နယူးဇီလန်..
စသည်ဖြင့် လက်ဆင့်ကမ်း ရွေ့ လျားလာခဲ့ ပါသည်။ အနောက်ဥရောပနိုင်ငံ
အားလုံးလိုလိုတွင် စပျစ်သီးမှသာ ၀ိုင်ချက်လုပ်လေ့ ရှိကြပါသည်။
အာရှတိုက်တွင်တော့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း နှင့် တရုတ်တို့ တွင် BC
100 ခန့် က စတင်သောက်သုံးလာခဲ့ကြပြီး၊ ထိုမှတဆင့် အာရှနိုင်ငံအသီးသီးတို
့ ၀ိုင်သောက်သုံး သောဓလေ့ပျံ့ နှံ့ လာခဲ့ပါသည်။
“ ဂျပန်မှာ ဆာကေး၊ ပြင်သစ်မှာ ၀ိုင်၊ စကော့တလန်မှာ ၀ီစကီ၊ ရုရှမှာ
ဗော့ဒ်ကာ ” ဟူသော ဆိုရိုးစကားရှိပါသည်။ မှန်ပါသည်။ ပြင်သစ်နိုင်ငံထုတ်
ဝိုင်အရက်များသည် ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားဆုံးဖြစ်ပါသည်။ ပြင်သစ်တို
့သည် စပျစ်သီးဖြင့်သာ ၀ိုင်ချက် လုပ်လေ့ရှိကြပါသည်။ သောက်သုံးပြီးသောအခါ
ခံတွင်းထဲတွင် သင်းပျံ့ သောမွှေးရနံ့ နှင့်အတူ အရသာရှည်ကြာစွာ
စွဲကျန်နေစေရန် အတွက် ငရုပ်ကောင်းမှရရှိသော ပူရိန်းရနံ့ ၊ သစ်ခွရနံ
့နှင့် ရင့်မှည့်သော ဘလက်ဘယ်ရီသီး ရနံ့ တို့ ဖြင့်ပြုလုပ်ကြပါသည်။
ပြင်သစ်နိုင်ငံ ထုတ် နံမည်ကြီး ၀ိုင်အမျိုးမျိုးရှိကြရာ၊ Burgundy ၀ိုင်
သည်လည်း အကောင်းဆုံးစာရင်းဝင်တစ်ခုဖြစ်ပါသည်။ ပြင်သစ်နိုင်ငံ အရှေ
့ပိုင်း ဘာဂန်ဒီနယ်သည် ကမ္ဘာကျော် ၀ိုင် အရက် အကောင်းစားများ ထုတ်လုပ်ရာ
နယ်ဖြစ်ြပီး၊ ထိုဒေသမှ ထွက်ရှိသော စပျစ်သီးများဖြင့်သာ ၀ိုင်
ကိုချက်လုပ်ကြပါသည်။ ထိုဒေသထွက် စပျစ်သီးအခွံများထဲတွင်
အခြားနိုင်ငံများနှင့်မတူ တမူထူးခြားစွာ လူသားတို့ ကျန်းမာရေးကို
အကျိုးပြုစေသည့် saponins (ခေါ်) သဘာဝဖယောင်းဓာတ် ပမာဏ
မြင့်မားစွာပါရှိသောကြောင့် သွေးထဲရှိကိုလက်စထရောများကို
လျော့ချပေးနိုင်စွမ်းရှိပါသည်။ ရှန်ပိန်(ချမ်ပိန်)ဒေသ မှ ထွက်သောအရက် ကို
ရှန်ပိန် အရက် ဟု အမည်သညာပြု ခေါ်ကြသကဲ့သို့ ၊ Burgundy ဒေသမှထုတ်သည့်
ဝိုင် ကို Burgundy ၀ိုင် ဟု ခေါ်ခြင်းဖြစ်ပါသည်။ နာမည်ကျော် စစ်ဘုရင်
နပိုလီယံ၏ favourate ၀ိုင် ဟု ဆိုပါသည်။ ဘာဂန်ဒီ ၀ိုင် အရက် ၏ အရောင်
မှာ နီညို ရောင် (သို့ မဟုတ်) ကြက်သွေးရောင် ဆန်ဆန် ဖြစ်ပါသည်။ အရသာမှာ
ချိုသယောင်ယောင် နှင့် ခါးသက်သက်ဖြစ်ပြီး၊ သက်တမ်းပိုကြာလာသောအခါ
ခါးသက်သက် အရသာ ရှိပါသည်။ အနီရောင်အသားများ၊ ချိစ်များနှင့် အသားကင်
အမျိုးမျိုးတို့ ဖြင့် လိုက်ဖက်စွာသုံးဆောင်နိုင်သော ၀ိုင်ဖြစ်ပါသည်။
ထိုဝိုင်နီကို သောက်သုံးရုံသာမက၊ အမဲသား၊ ချိစ်၊ ဂျုံမှုန့် တိုြ့ဖင့်
စီမံသော ကြက်သွန်နီ စွပ်ပြုတ် ထဲတွင် နေ့ စဉ် ဟင်းလျာအဖြစ်
ချက်ပြုတ်စားသုံးလေ့ကြပါသည်။ ဘာဂန်ဒီ အနီရောင်ကို
ပြင်သစ်ကဗျာဆရာများကလည်း တဖွဲ့ တနွဲ့ စပ်ဆိုကြပါသည်။ ယနေ့ ကမ္ဘာပေါ်တွင်
ဝိုင် နှင့် အဖျော်ယမကာတို့ ကို စွဲလန်း ဆုံးနိုင်ငံမှာ
ပြင်သစ်နိုင်ငံဖြစ်သည့်အလျောက်၊ နံမည်ကြီးဝိုင်ပုလင်းများကို
ထိုနိုင်ငံရှိ နာမည်ကျော်မျိုးရိုးစဉ်ဆက်ချမ်းသာသည့် သူဌေးကြီး များက
ငွေကြေးဒေါ်လာသောင်းချီ အကုန်ကျခံကာ၊ လေလံဆွဲကြပြီး အပူအအေး
ထိန်းညှိထားသည့် ၎င်းတို့ ၏ ဧည့်ခန်းများတွင် အလှ ဆင်ထား ကြပါသည်။
ထိုနိုင်ငံ၏ ခရစ္စတင်း လေလံပွဲများတွင် ၀ိုင် အရက် လေလံဆွဲမှုမှာ
ရှေးဟောင်းနာရီ နှင့် ပန်းချီကား တို့ ပြီးလျှင် လူကြိုက် အများဆုံး
ဖြစ်ပါသည်။
+++
အမေရိကန်နိုင်ငံတွင်လဲ၊ ၀ိုင်အမြောက်အများထွက်ရှိပါသည်။
အမေရိကန်ပြည်ထောင်စု၏ ဆန်ဖရန်စစ္စကို မြောက်ဘက်ပိုင်းတွင် Napa Valley
ရှိပါသည်။ ထိုဒေသသည် ပိစိဖိတ် သမုဒ္ဒရာ နှင့် နီးသောနွေးသမဒေသဇုန်
ဖြစ်သောကြောင့်၊ စပျစ်ပင်အကြိုက် ရာသီဥတုဖြစ်၍၊ ထိုဒေသထွက်
စပျစ်သီးများသည် အနံ့ အရသာအထူးကောင်းမွန်ကြသည်။ ယနေ့  အမေရိကန်တွင် Napa
Valley ဒေသထွက် ၀ိုင် အမျိုးအစားပေါင်း ၄၀-ကျော်ရှိရာ၊ ၄င်းတို့ အနက်မှ
နံမည်ကျော်ကြားလူကြိုက်များဆုံးဖြစ်သည့် Beringer ၀ိုင် ဖြင့်
မိတ်ဆက်ပေးပါမည်။ Beringer သည် ၁၈၇၀ ခုနှစ် လောက်ကတည်းက ထုတ်လုပ်လာသည့်
နှစ်ချို့ ဝိုင် ဖြစ်ပါသည်။ ၀ိုင်နီအမျိုးအစားဖြစ်ပြီး၊
ဧည့်ခံပွဲများတွင် သောက်သုံးလေ့ရှိပါသည်။ သူ့ ချည်းသက်သက် သောက်သုံးပါက
မွှေးမွှေးအီအီ ရနံ့ နှင့်ချိုမြမြ အရသာ ဖြစ်ပါသည်။ အကယ်၍ အနီရောင် အသား၊
သစ်သီး၊ ချိစ် စသည့်အမြည်း များနှင့် တွဲဖက်သောက်သုံးသည့်အခါမှာတော့
ခါးသက်သက် အရသာကို ခံစားရမည် ဖြစ်ပါသည်။ ၀ိုင်ထဲတွင်ပါရှိသော
တည်ငြိမ်သည့် အယ်(လ်)ကိုဟော အရသာကြောင့် နာမည်ကျော် ဂေါက်သီးရိုက်
အကျော်အမော်များ အထူးနှစ်ခြိုက် လျှက်ရှိကြသည်ဟု ဆိုပါသည်။ ထို့ ပြင်
Beringer ၀ိုင် ဖြင့်  စီမံချက်ပြုတ်ထားသော ကြက်ရင်ပုံသားကင်သည်လဲ
အလွန်အရသာ ထူးပါသည်။
++
အီတလီတို့ ကလည်း "အကောင်းဆုံးဆိုသော နိုင်ငံခြားဖြစ်ဝိုင်များသည်ပင်
မိမိတို့ အီတလီနိုင်ငံထုတ်ဝိုင်ကိုလိုက်မမှီ" ဟု ညွှန်းဆိုကြပါ သည်။
အီတလီလူမျိုးတို့ သည် သမိုင်းမတိုင်မှီ နှစ်ပေါင်း ၄၀၀၀ နီးပါးခန်
့ကတည်းက၊၀ိုင်သောက်သုံးသောယဉ်ကျေးမှု ထွန်းကားလာခဲ့ပြီး ဖြစ်ပါသည်။ ၁၉
ရာစုနှစ်ရောက်သောအခါတွင် ၀ိုင်ထုတ်လုပ်သူများသည် ပုလင်းအတွင်းရှိဝိုင်ကို
ပိုမိုကောင်းမွန်ကာ သန့် ရှင်းလတ်ဆတ် ကြာရှည်ခံ စေရန်အတွက် ဖော့ဆို
့များဖြင့် ဖန်တီးတီထွင် လာသောကြောင့် အီတလီဝိုင် သည် ကမ္ဘာ့ဈေးကွက်တွင်
ပိုမိုကျော်ကြား လာခဲ့ပါသည်။ ထိုခေတ်ထိုခါကတည်းကပင်
ဥရောပနှင့်အမေရိကန်နိုင်ငံများသို့  သင်္ဘောဖြင့်တင်ပို
့ရောင်းချခဲ့ကြပါသည်။ ယနေ့ ခေတ် တွင်တော့ online store ကဲ့သို့  network
marketing အဖြစ် တွင်တွင်ကျယ်ကျယ်ရောင်းချ ရောင်းချနေကြပြီ ဖြစ်ပါသည်။
အီတလီဝိုင် များကို ပြည်တွင်းဖြစ် စပျစ်သီးဖြင့်သာ ချက်လုပ်လေ့ရှိပြီး၊
ဘယ်ရီသီး၊ ဆီးသီး၊ နှင်းဆီ၊ သီးစုံ၊ ကော်ဖီ စသည့်ရနံ့ တို့ ဖြင့်
ဝိုင်အရသာကို အားဖြည့်ထားကြပါသည်။ အီတလီဝိုင် အမျိုးမျိုးရှိသည့်အနက်
Rosato Salento Rose ၀ိုင် သည် အမျိုးသားရော/အမျိုးသမီးကြိုက် ၀ိုင်
အဖြစ် ထင်ရှားလှပါသည်။ ထိုဝိုင်ကို စပျစ်ဖြူ၊ စပျစ်နီ
(၂)မျိုးစလုံးဖြင့်ပေါင်းစပ်ထုတ်လုပ်ထားပြီး၊ ဆေးဘက်ဝင်ချယ်ရီသီးရနံ
့ကဲထား သော ပန်းနုရောင်အဆင်း ရှိသည့် Rose Wine (ခေါ်) Pink Wine
အမျိုးအစားဖြစ်ပါသည်။ လတ်ဆတ်သော သစ်သီးစုံချိုရည် အရသာ ရှိပြီး၊ အသားကင်၊
ဒိန်ခဲ၊ အသုပ်အမျိုးမျိုးတို့ အပြင်၊ တရုပ်အစားအစာ၊ ဂျပန်အစား အစာတို
့ဖြင့်လဲ တွဲဖက်စားသုံးကြပါသည်။ ထို့ ပြင် အရသာထူးစေရန်အတွက်
ပင်လယ်စာဟင်းလျာများထဲတွင် ထဲ့ကာ ချက်ပြုတ်စားလေ့ရှိကြပါသည်။ အယ်လ်ကိုဟော
၁၂% ပါဝင်သော ကြောင့် မသုံးဆောင်မီ wine cooler ထဲတွင် အပူချိန် 8ံC
ခန့် အချိန် (၁)နာရီလောက်ကြိုတင်ထဲ့ထား၍ သောက်သုံးရပါသည်။
++
သမိုင်းအထောက်အထားများအရ၊ ၁၅၅၅ ခုနှစ်မှစ၍ ချီလီနိုင်ငံတွင် စပျစ်သီးမှ
ဝိုင်ချက်လုပ်သောက်သုံးသော ဓလေ့စတင်ခဲ့ပါသည်။ ၁၇၈၄ ခန့် တွင်တော့
ချီလီဝိုင်များသည် ဥရေုပနိုင်ငံများနှင့်ရင်ပေါင်တန်းကာ
နိုင်ငံတကာဈေးကွက်တွင် နေရာတစ်ခု အဖြစ် ခိုင်ခိုင်မာမာ
ရပ်တည်နိုင်ခဲ့ပါသည်။ သို့ သော် ၁၉၇၀ ခုနှစ်ခန့် တွင်
သဘာဝဘေးအန္တရာယ်ရာသီဥတုပြောင်းလဲမှုဖြင့် ကြုံတွေ့ ခဲ့ရပြီး၊ စပျစ်သီးဈေး
ကစားရာမှ ၀ိုင်ထုတ်လုပ်မှုပမာဏ ထက်ဝက်မျှ ကျဆင်းသွားခဲ့ပါသည်။ ၁၀-ရာစုနှစ်
တစ်ခုစာမျှ ၀ိုင်ထုတ်လုပ်မှုတန့် နေခဲ့ပြီး၊ ၁၉၉၀ နှစ်ဦးပိုင်းမှာတော့
ပုံမှန်အတိုင်း ပြန်လည်-လည်ပတ်လာနိုင်ခဲ့ပါသည်။ ချီလီနိုင်ငံ၏
ကောင်းမွန်သောပထ၀ီမြေအနေအထား နှင့် ရာသီ ဥတုတို့ ကြောင့် အနံ့ ၊ အရသာ
နှင့် အရည်အသွေးပြည့်မှီသော စပျစ်စိုက်ခင်းများ
ဖြစ်ထွန်းအောင်မြင်ကြပါသည်။ ထို့ ပြင် အဆင့်အတန်း မှီ
ဝါရင့်နည်းပညာများကြောင့်လည်း ချီလီဝိုင်တို့ သည် ကမ္ဘာ့အလယ်တွင်
ပွဲလယ်တင့်လျှက်ရှိပါသည်။ ချီလီလူမျိုးတို့ သည် အချဉ်အရ
သာကိုကြိုက်သည်ထင့်။ အခြားနိုင်ငံများနှင့်မတူဘဲ ၀ိုင်နီ နှင့်
ဝိုင်ဖြူများအားလုံးကို အချဉ်ဓာတ်အရသာပါရှိအောင် ဇီးသီး၊dark ဘယ်ရီသီး
စသည့်အချဉ်သီးတို့ ဖြင့် ရောစပ်လေ့ ရှိပါသည်။ စပျစ်သီးအဖြူ ဖြင့်
ချက်ထုတ်ထားသော Sauvignon Blanc White ၀ိုင်ဖြူ သည် ဖျော့တော့တော့
စိမ်းဝါရောင်အဆင်းရှိပါသည်။ Grape Fruit နှင့် သစ်တော်သီး များ၏
လတ်ဆတ်တက်ကြွသော ရနံ့ များ သင်းပျံ့  လျှက်ရှိရာ၊
ထိုအချဉ်ဓာတ်များ၏လန်းဆန်းမှုက ၀ိုင် အနံ့ အရသာနှင့် လိုက်ဖက်ညီလှပါသည်။
၎င်းကို နှုတ်မြိန်ဝိုင်အဖြစ် သုံးဆောင်လေ့ ရှိပြီး၊
ဥရောပဟင်းလျာများသာမက၊ အာရှအစားအစာများနှင့်လဲ
သင့်တော်သောဝိုင်ဖြစ်ပါသည်။ ထိုဝိုင်ကို ပုစွန်ပင်လယ်စာအစပ် ဟင်းလျာ တွင်
ရောနှောချက်ပြုတ်စားလေ့ရှိပါသည်
++
တောင်အာဖရိက တွင် ၁၆၅၉ နှစ်ဦးပိုင်းမှစ၍ ပထမဦးဆုံးသောဝိုင်ကို Cape
မြို့ မှ စတင်ထုတ်လုပ်ခဲ့ပါသည်။ ယနေ့  Cape မြို့ ၏ ၀ိုင်ထုပ်လုပ်နိုင်မှု
ပမာဏသည် ကမ္ဘာ့ အဆင့် နံပါတ်(၇) နေရာတွင်ရှိပါသည်။ တောင်အာဖရိက မှ
ထုတ်လုပ်သော ၀ိုင်တို့ သည်လည်း ထူးခြားကောင်းမွန်သောအနံ့ အရသာတို့ ဖြင့်
စွဲဆောင်လျှက်ရှိပါသည်။ ၀ိုင်အနီ၊ ၀ိုင်အဖြူတို့ တို့ အပြင၊်
အချဉ်ဓာတ်စူးသည့် အ၀ါရောင် အဆင်းရှိသည့်ဝိုင်အဖြူကိုလည်း ထုတ်လုပ်ပါသည်။
ထိုဝိုင်များအားလုံးကို ပြည်တွင်းဖြစ် စပျစ်သီးဖြင့်သာ ချက်လုပ်ကြပြီး၊
ယနေ့ တောင်အာဖရိကထုတ် Merlot Red ၀ိုင် သည် ကမ္ဘာပေါ်ရှိ
ဝိုင်နှစ်သက်သူများ၏ နှုတ်ဖျားတွင် အလွန်ရေးပန်းစားလျှက်ရှိပါသည်။
ဒေသထွက် Merlot စပျစ်သီးဖြင့်သာ ချက်လုပ်ထားကာ တောက်ပသောပတ္တမြားရောင်
အဆင်းရှိသည့် ၀ိုင်နီ အမျိုးအစားဖြစ်ပါသည်။ ထို့ ပြင် အရည်ရွှမ်းသော
အနီရောင် ဘယ်ရီသီးတို့ ၏ မွှေးရနံ့ များဖြင့် ပေါင်းစပ်ပြုလုပ်ထား
သောကြောင့် အနံ့ အရသာနှင့် စပျစ်သီး၏ အဖန်ဓာတ်တို့ ကို တချိန်တည်း
တပြိုင်တည်းမှာ ခံစားရမည်ဖြစ်ပါသည်။ တစ်ငုံမျှသောက် သုံးရုံဖြင့်
ခံတွင်းလိုက်စေပြီး၊ အမောပြေ လန်းဆန်းလာစေပါသည်။ အသားအမျိုးမျိုးတို
့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပြီး၊ အထူးသဖြင့် ကြက်သားကင်ဖြင့်
စားသုံးပါက၊ စွဲမက်ဖွယ် အရသာကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။ ထိုဝိုင်ကို
သူ့ ချည်းသက်သက်သောက်သုံးရုံသာမက၊ ၀က်အသားလွှာ အချိုဟင်းလျာတွင်လဲ
ရောနှောချက်ပြုတ်ခြင်းဖြင့် အရသာပိုမိုလေးနက်လာစေပါသည်။
++
သြစတြေးလျသမိုင်းမှတ်တမ်းများအရ Sydney မြို့ တော်၏ Royal Botanic Garden
မှာ စပျစ်ခင်းများကို ၁၇၈၈ ခုနှစ်တွင်
စတင်စမ်းသပ်စိုက်ပျိုးခဲ့ရာမအောင်မြင်ခဲ့ကြောင်း၊ ၁၇၉၁ နှစ်ဦးပိုင်းတွင်
တော့ ကောင်းစွာဖြစ်ထွန်းအောင်မြင်လာခဲ့ကြောင်း၊ ၁၈၂၂ ခုနှစ်ခန့် တွင်
ပြည်တွင်းဖူလုံရုံသာမက ပြည်ပနိုင်ငံများသို
့ကုန်သွယ်ဖောက်ကားလာနိုင်ခဲ့ပြီး ငွေတံဆိပ်၊ ရွှေတံဆိပ်များ ဆွတ်ခူးလာ
နိုင်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။ သြစတြေးလျနိုင်ငံတွင်
နွယ်ချိုအစရှိသော ဆေးဘက်ဝင်ဟင်းခတ်အမွှေး အကြိုင်တို့ ဖြင့် ရောစပ်ချက်
လုပ်ထားသော ခရမ်းသွေးရောင်အဆင်းရှိ ၀ိုင်နီများ၊ ပိုးစာသီးဖြင့်
ရောစပ်ချက်လုပ်ထားသော ဖန်တန်တန်အရသာရှိသည့် ၀ိုင်နီ များ၊
သစ်တော်သီးဖြင့် ရောစပ်ချက်ထားသော ဖျော့တော့တော့
အဆင်းရှိသည့်ဝိုင်ဖြူများ၊ ၀က်သစ်ချစည်ထဲ တွင် သိုလှောင်ထား သော
နူးညံ့ညက်ညောသော အရသာရှိသည့် ၀ိုင်ဖြူများ၊ ရှောက်သီး (သို့ မဟုတ်)
သံပုရာသီးတိုဖြင့် ပေါင်းစပ်ထားသော အချဉ် ဓာတ်ကဲသည့်
စိမ်းဝါရောင်အဆင်းရှိ သည့် ၀ိုင်ဖြူများ၊
ပန်းသီးဖြင့်ပေါင်းစပ်ချက်ထားသော စပါကလင် ၀ိုင်များ..စသည်တို့ ကို
ကုမ္ပဏီပေါင်းစုံက အရသာအမျိုးမျိုး တံဆိပ်မျိုးစုံ ဖြင့်
ချက်လုပ်ရောင်းချလျှက်ရှိပါသည်။ ၄င်းတို့ အနက် Jacob’s Creek တံဆိပ်မှာ
အထူးထင်ရှားပါသည်။ ၁၉၉၃ တွင် Australian Exporter of The Year
ကိုဆွတ်ခူးနိုင်ခဲ့ပါသည်။ ထို့ ပြင် ကမ္ဘာအနှံ့ ဝိုင်ပြပွဲများတွင်
ဆုတံဆိပ်ပေါင်း ၈၀၀ ကျော်ခန့်  လက်ဝယ်ပိုင်ပိုင် ရရှိထားပြီး ဖြစ်ပါသည်။
သြစတြေးလျ နိုင်ငံထုတ် Jacob’s Creek ၀ိုင်များကို နိုင်ငံပေါင်း
၆၀-ကျော်တွင် နှစ်ခြိုက်စွာ လက်ခံသောက်သုံး လျှက်ရှိကြပါသည်။ Shiraz
Cabernet Red ၀ိုင် ကို စပျစ်သီး အနီ ရောင်ဖြင့်ချက်လုပ်ပြီး၊
ကြက်သွေးရောင်ကဲ့သို့ သော နီစွေးစွေး အရောင်ရှိသည့် ၀ိုင်နီဖြစ်ပါသည်။
ဆီးသီး၊ black ဘယ်ရီသီးများ ၏ အနံ့ အရသာများနှင့် အငွေ
့အသက်များပါဝင်ပြီး၊ vanilla နှင့် oak အရသာတို့ ၏ ချိုမြိန်ခြင်းကိုလဲ
တပြိုင်တည်းခံစားနိုင်မည့် ၀ိုင်ဖြစ်ပါသည်။ ထိုဝိုင်ထဲတွင် နူးညံ့သော
အဖန်ဓာတ်အရသာလဲ ရောယှက်နေ ပါသည်။ အသားကင်များ၊ ကြပ်တိုက်ထားသောအသားများ၊
အမဲ၊ သိုး၊ ၀က်ပေါင်ခြောက်၊ sausage၊ အိန္ဒိယအစားအစာများဖြင့် တွဲဖက်
သုံးဆောင်သင့်သောဝိုင်ဖြစ်ပါသည်။ ထိုဝိုင်ကို ခရစ်မတ်စ်နေ့ ကဲ့သို့ သောနေ
့ထူးနေ့ မြတ်များတွင် မိသားစု ၀ိုင်းဖွဲ့ သောက်သုံး လေ့ရှိကြ ပါသည်။
Shiraz Cabernet Red သည် ဟင်းချက်ဝိုင်မျိုးမဟုတ်ပါ။ သူ့ ချည်းသက်သက်သာ
သောက်သုံးရသောဝိုင်ပါသည်။ ဗဟုသုတ အဖြစ် တင်ပြရပါလျှင်
သြစတျေးလျနိုင်ငံသား Kracher ဆိုသူ က ပုံမှန်အရက်ပုလင်း ၆၄၀
လီတာ(၀ိုင်အရက်ခွက် ၆၉၀၀၀ ခွက်) နှင့် ညီမျှသော ၄၉၀ လီတာရှိ
ဝိုင်အရက်ပုလင်းကြီးကို တီထွင် နိုင်ခဲ့သဖြင့်၊ ၂၀၀၇ ခုနှစ၊် နိုဝင်ဘာလ
၂၈ တွင် ချီးမြှင့်သော ဂင်းနစ်မှတ် တမ်းဝင်ကမ္ဘာ့အကြီးဆုံး
ဝိုင်(Wine)ပုလင်းကြီး မှတ်တမ်းတင်ခဲ့ရပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးက
ဝိုင်များကို သူ့ ထက်ငါ ပိုမိုသာလွန်ကောင်းမွန်အောင် နည်းပညာများဆန်းသစ်၍
အပြိုင်အဆိုင်ထုတ်လုပ်လျှက်ရှိကြရာ၊ သြစတြေးလျနိုင်ငံသည်
ဝိုင်ပုလင်းအဖုံးများကို အလွယ်တကူလှည့်ဖွင့်နိုင်ရန်အတွက် screw cap
အဖုံးများကို မှ စတင်ဖန်တီးနိုင်ခဲ့ပါသည်။ screw cap အဖုံးများသည်
ယခင်ရှေးရိုးဟောင်း cork (သို့ မဟုတ်) ဖော့ဆို့ အဖုံးတို့ ထက်
ဖွင့်ရတာလွယ်ကူသည့်အပြင် ၀ိုင်၏လတ်ဆတ်မှု၊ အနံ့ ၊ အရသာ ပျက်စီးခြင်းမှလဲ
ကာကွယ် ပေးပါသည်။ ထိုဆန်းသစ်မှုကြောင့်လဲ သြစတြေးလျ ၀ိုင်ကို ကမ္ဘာက
အသိအမှတ်ပြု ခံရခြင်းဖြစ်ပါသည်။
++
ဝိုင်အကြောင်း ပြောရလျှင် ပေါ်တူဂီ ၀ိုင်ပါမှ ပြည့်စုံမည်ဖြစ်ပါသည်။
ပေါ်တူဂီ နိုင်ငံတွင် ၀ိုင်နှင့်ပတ်သတ်သော သမိုင်းကြောင်း
ရာဇ၀င်ကိုတိတိကျကျ ဖော်ပြထားခြင်းမရှိသော်လဲဘဲ၊ မျက်မှောက်ကာလမှာတော့
ဝိုင်အမျိုးပေါင်းမြောက်များစွာ ထုတ်လုပ်လျှက် ရှိနေပါပြီ။ Porto မြို
တော့်မှ ထုတ်လုပ်သော Port ၀ိုင် မှာ အလွန်နံမည်ကြီးပါသည်။
ထိုနိုင်ငံထွက် စပျစ်သီးသာမက၊ ပြည်တွင်းဖြစ် သကြားကဲ၍၊ စပျစ်သီး brandy
အရက်အနဲငယ်ရောကာ ကစော်ဖေါက်ချက်လုပ်သောကြောင့် ရရှိလာသောဝိုင်၏ အရသာမှာ
အချိုစူးရှ ပြီး၊ alcohol လဲများပါသည်။ alcohol ပါဝင်ပမာဏ ၂၀%ထိ
ရှိသောကြောင့် အနီရောင် full-bodied ၀ိုင် အမျိုးအစားဖြစ်ပါသည်။ port
ဝိုင်ကို အချိုပွဲအမျိုးမျိုး နှင့် ချိစ်တိုြ့ဖင့်
တွဲဖက်စားသောက်လေ့ရှိကြပါသည်။ ထို ၀ိုင်ကို ဟင်းလျာများတွင်
ချက်ပြုတ်လေ့မရှိဘဲ၊ ၀ိုင်အဖြစ် သာအရသာခံ သောက်သုံးကြပါသည်။ နှစ်ချို
့လေ၊ အရသာမှာလဲ အထွတ်အထိပ် ရောက်လေဖြစ်သောကြောင့်
ဝိုင်ပြင်းပြင်းကြိုက်သူ များအတွက် အလွန်အဆင်ပြေပါသည်။
++
နို့ နှင့် နို့ ထွက်ပစ္စည်းများ ထွက်ရှိသော
နိုင်ငံတစ်ခုအဖြစ်ဂုဏ်သတင်းကျော်ကြားသော နယူးဇီလန် နိုင်ငံသည် ၁၈၁၉ နှစ်
ကတည်းကပင် ကိုယ်ပိုင်စတိုင်ဖြင့် ၀ိုင်ချက်လုပ်သောက်သုံးလာခဲ့ကြပါသည်။
၁၉၉၀ ၀န်းကျင်ကာလများတွင် ၀ိုင်ထွက်ရှိမှု ၏ ၉% လောက်သာ နိုင်ငံခြားသို
့တင်ပို့ ရောင်းချနိုင်ခဲ့သော်လဲ၊ ၂၀၀၂ နှစ်ရောက်သောအခါမှာတော့ ၆၆% ထိ
တိုးမြှင့်ရောင်းချနိုင်ခဲ့ပါသည်။ ၀ိုင်နှစ်သက်သူ များကလဲ၊
နယူးဇီလန်ဝိုင်သည် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော သြစတြေးလျ ၀ိုင်၏
အရသာကို လိုက်မှီသည်ဟု ကောက်ချက်ချုကြ ပါသည်။
အဖြူရောင်ဝိုင်တစ်မျိုးဖြစ်သည့် မြက်ရနံ့ နှင့် grape fruit ရနံ့ တို
့သင်းနေသော Marlborough Sauvignon Blanc ၀ိုင် သည် အရသာတစ်မျိုးဖြင့်
စွဲအားကောင်းလှပါသည်။ ထို့ အပြင် အထူးထင်ရှားလူကြိုက်များသည့် Rose ၀ိုင်
(ခေါ်) Pink ၀ိုင် နှင့် မိတ်ဆက်ပေး လိုပါသည်။ စပျစ်သီးအနီဖြင့်
ချက်လုပ်ထားသည့် ပန်းရောင်အဆင်းရှိသော ၀ိုင်ဖြစ်ပါသည်။ လတ်ဆတ်သော
ဘယ်ရီသီး၊ စတော်ဘယ် ရီသီး၊ ချယ်ရီသီးနှင့်ရက်စ် ဘယ်ရီသီးများ ၏
နှစ်ထောင်းအားရဖွယ်ရနံ့ တို့ နှင့်
ဝိုင်အရသာကိုပိုမိုကောင်းမွန်ပေါ်လွင်အောင် ပံ့ပိုးပေးထား ပါသည်။
မပျစ်လွန်း မကျဲလွန်းသော medium body ၀ိုင် အမျိုးအစားဖြစ်ပြီး၊
အချဉ်ဓာတ်ညီမျှစွာ ပါဝင်သောကြောင့် တစ်ကျိုက်လောက် သောက် လိုက်သည့်အခါ၊
အာခံတွင်းတွင် နူးညံ့ခြောက်သွေ့ မှု အရသာကို ခံစားရရှိစေနိုင်ပါသည်။ အနံ
့အရသာ ပြင်းထန်ခြင်းမရှိဘဲ ကျား+မ မရွေး၊ အချိန် အခါမရွေး လွယ်ကူစွာ
သောက်သုံးနိုင်သော ၀ိုင်အမျိုးအစားဖြစ်ပါသည်။ ထိုဝိုင်ကို ညစာ
မသုံးဆောင်မီအချိန်၊ ညစာသုံး ဆောင်နေစဉ် တစ်လျှောက်လုံး နှင့်
အချိုပွဲစားသုံးနေချိန်များတွင်ပါ သောက်သုံးနိုင်သည့် စွယ်စုံရ
ဝိုင်အမျိုးအစားဖြစ်ပါသည်။ Rose ၀ိုင်ကို ညနေခင်း ပါတီပွဲများတွင်
တည်ခင်းဧည့်ခံခြင်းဖြင့် ယနေ့ နယူးဇီလန်နိုင်ငံတွင် ခေတ်တခေတ်၏ Fashion
တစ်မျိုးဖြစ်နေပါသည်။ ထိုဝိုင်ကို Grouper (ခေါ်) ငါးစွပ်ပြုတ်ဟင်းလျာများ
ချက်ပြုတ်ရာတွင်လဲ အရသာပိုမိုပေါ်လွင်စေရန်အတွက် ဟင်းခတ် အဖြစ် အနဲငယ်သုံး
လေ့ ရှိကြပါသည်။
++
တရုပ်နိုင်ငံတွင် ဟန်မင်းဆက် လက်ထက်မှစတင်၍ မက်မွန်သီးဖြင့်
ဝိုင်ချက်လုပ်သောက်သုံးလာခဲ့ကြပါသည်။ ယနေ့ တရုပ်ပြည် တွင် ဆန် (သို
့မဟုတ်) လူးစပါး၏ ကဆီဓာတ်ကိုအချဉ်ဖေါက်ထားသော yellow ၀ိုင် (ခေါ်)
ဆန်ဝိုင် ကို လူကြိုက်များ လျှက်ရှိပါသည်။ ၁၀-နှစ်
နှင့်အထက်သက်တမ်းရှိသောနှစ်ချို့ ဆန်ဝိုင်များကို သောက်သုံးရုံသာမက၊
ရှာလကာရည်အဖြစ် တရုပ် ဟင်းလျာအမျိုးမျိုးတွင် ချက်ပြုတ် လေ့ရှိကြပါသည်။
Zheijang ခရိုင်၏ Shaoxing ဒေသမှ ထွက်ရှိသော ဆန်ဝိုင်သည်
အထူးထင်ရှားပါသည်။ ထိုဝိုင်ကို အခန်းအပူချိန်
မှာသာထိန်းသိမ်းထားလေ့ရှိပြီး၊ အလင်းရောင်နှင့်မထိတွေ့ လေ ပိုကောင်းလေဟု
ဆိုပါသည်။ ယနေ့ တရုပ်ပြည်တွင် ဆန်ဝိုင်ဖြင့် ချက်ပြုတ်သော Drunken
Chicken (ခေါ်)ကြက်အရက်မူး ဟင်းလျာ သည် တရုပ်နှစ်ကူးအခါသမယများတွင်
မပါမဖြစ်ပါ။ ထို့ ပြင် ကလေးမီးဖွားပြီးစ အမျိုးသမီးများ
ကိုယ်ခံစွမ်းအားတိုးပွားပြီး၊ သွေးလည်ပတ်မှု ကောင်းစေရန်အတွက် ကြက်ဥ၊
ကြာက်သား၊ နှမ်းဆီ နှင့် ဆန်ဝိုင်ဖြင့် ကြောချက်ထားသော ဟင်းလျာကို
တရုပ်ရိုးရာဓာတ်စာအဖြစ် စားသုံးလေ့ရှိကြပါသည်။ တရုပ်ပြည်တွင် Yellow
ဝိုင်ကို ချယ်ရီင်္အရက် အနဲငယ်ရောစပ်ခါ၊ အချဉ်ဖောက်ထားသော Sherry ၀ိုင်လဲ
ရှိပါသည်။ သို့ သော် ဆန်ဝိုင်လောက် အရသာမပြင်းဘဲ၊ alcohol နဲကာ အတန်ငယ်
ချိုမြိန်ပါသည်။ Sherry ၀ိုင် ကိုတော့ ဟင်းချက်ပြုတ်ရာတွင်
သုံးလေ့မရှိဘဲ၊ ၀ိုင်အဖြစ်သာ သောက်သုံးကြ ပါသည်။
++
အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် BC 100 ခန့် ကတည်းက
ဝိုင်စတင်သောက်သုံးလာခဲ့ကြပါသည်။ အိန္ဒိယနိုင်ငံတွင် ဂျင်း၊ ပျားရည် နှင့်
ပရဆေးအမျိုးမျိုးတို့ ဖြင့် ချက်လုပ်သော ဆေးဘက်ဝင် ၀ိုင်အမျိုးပေါင်း
မြောက်များစွာ ရှိကြပါသည်။ ယနေ့  အိန္ဒိယ၀ိုင် ဈေးကွက်တွင်
စပျစ်သီးဖြင့်ချက်လုပ်ထားသော အနံ အရသာပြည့်စုံသည့် Bellissima ၀ိုင် သည်
ဝယ်လိုအားအကောင်းဆုံး အနီရောင်ဝိုင် ဖြစ်ပါသည်။ ခံတွင်းလဲရှင်းသောကြောင့်
နှုတ်မြိန်ဝိုင်အဖြစ် ပါတီပွဲများနှင့် မင်းစိုးရာဇာပွဲများတွင်
တည်ခင်းလေ့ ရှိပါသည်။ အထူးသဖြင့် အချိုပွဲ အမျိုးမျိုး။ သစ်သီးများ၊
ချိစ်များဖြင့် တွဲဖက်စားပါက ၀ိုင်အရသာ ပိုမိုပေါ်လွင်ပါသည်။
++
ဝိုင်ချစ်သူ စာဖတ်ပရိတ်သတ်တို့ ကို ဗဟုသုတအဖြစ်တင်ပြရပါလျှင်၊
အာရှတိုက်တစ်ခွင်လုံးမှာ ၀ိုင်အသောက်ဆုံးသော နိုင်ငံ သည် ဟောင်ကောင်
ဖြစ်ပါသည်။ ISWR (ခေါ်) အပြည်ပြည်ဆိုင်ရာ ၀ိုင်သုတေသနအဖွဲ့ ၏ ၂၀၁၀ ခုနှစ်
စစ်တမ်းများအရ၊ ဟောင်ကောင်ရှိ လူတစ်ဦးချင်းစီ၏ ၀ိုင်သောက်နှုန်းသည်
တစ်နှစ်လျှင် ပျမ်းမျှ ၄.၇ လီတာရှိကြောင်း၊ နောင် ၄-နှစ် ကြာသော အခါတွင်
၆.၀ လီတာ အထိ သောက်သုံးလာဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။
ဟောင်ကောင်တစ်ခွင်လုံး၏ ၀ိုင်ဈေးကွက်တွင် ပြည်ပမှ တင်သွင်းလာသော
နိုင်ငံခြား ဖြစ် ၀ိုင်အမျိုးစုံလင်လျှက်ရှိရာ၊ အထူးသဖြင့် ပြင်သစ်မှ
သွင်းလာသော ၀ိုင် များက ဗိုလ်စွဲလျှက်ရှိပါသည်။
++
ယနေ့ မြန်မာပြည်၏ ၀ိုင် ဈေးကွက်တွင် နိုင်ငံခြားဖြစ် ၀ိုင်များသာမက၊
ပြည်တွင်းဖြစ်ဝိုင်များလဲ အမျိုးစုံလင်လှပါသည်။ ယေဘုယျ အားဖြင့်
နိုင်ငံခြားဖြစ်ဝိုင်များကို စပျစ်သီးဖြင့်သာချက်လုပ်လေ့ရှိသော်လည်း၊
မြန်မာပြည်တွင်တော့ မက်မန်း၊ စတော်ဘယ်ရီ၊ စပျစ်၊ နာနတ်၊ ချယ်ရီ်၊ ပန်းသီး
စသည်တို့  ကို အခြေခံ၍ '၀ိုင်' များကို တံဆိပ် အမျိုးမျိုးဖြင့် ထုတ်လုပ်
ရောင်းချလျက်ရှိပါသည်။ အထူးသဖြင့် မြန်မာပြည်အနှံ့ ဝိုင်ဈေးကွက်တွင်
ပြင်ဦးလွင် နှင့် တောင်ကြီးတို့ မှ ထုတ်လုပ်သော ၀ိုင်များက
အလှဆင်ပံ့ပိုးပေးထားကြပါသည်။ ရှမ်းမြောက်ပိုင်း ကွတ်ခိုင်မှ ထွက်ရှိသော
ချဉ်စော်ကားဝိုင် (quench wine) နှင့် ချင်းပြည်နယ်ထုတ် တောင်ဇလပ်ဝိုင်
တို့လဲ ရှိကြပါ သေးသည်။ ကုန်ကြမ်းများဖြစ်သော သကြား ဈေးနှင့်သစ်သီးတို
့ ထွက်ရှိမှုပေါ်မူတည်ပြီး ဈေးအနဲငယ် ကွာဟမှုရှိတတ်ပါသည်။ မြန်မာပြည်၏
ဝိုင်ဈေးကွက်တွင် အရသာချိုရဲရဲရှိပြီး၊ အယ်လ်ကိုဟောဓာတ်ပေါ့သော
မက်မန်းဝိုင်သည် ဈေးအပေါဆုံးဖြစ်ပြီး၊ ချဉ်ဖန်ဖန် ဖြင့်အရသာလေးသော
စပျင်ဝိုင်က ဈေးအမြင့်ဆုံးဖြစ်ပါသည်။ ပြည်တွင်းဖြစ် စပျစ်ဝိုင် တို့ ကို
နိုင်ငံခြားသားများလဲ နှစ်ခြိုက်စွာ သောက်သုံးကြပါသည်။
ထူးထူးခြားခြားအနေဖြင့် တင်ပြရပါလျှင် အနံ့ အရသာ အမျိုးမျိုးရှိသော
ပြည်တွင်းဖြစ် ၀ိုင်များ အနက်၊ တောင်ကြီးမြို့ မှ စပျစ်သီးဖြင့်
ထုတ်လုပ်သော ဒေါင်းတံဆိပ်ပုံ အေးသာယာဝိုင် သည် နိုင်ငံခြား အဆင့်မှီ အနံ
့အရသာနှင့် ပြည့်စုံသောကြောင့် ယမကာလုလင်တို့ အသည်းစွဲဟု သိရပါသည်။
"အေးသာယာဝိုင်" ကို အနီနှင့် အဖြူထုတ်လုပ်ပြီး၊ အရသာမှာ ချဉ်တင်တင်
ဖန်တံတံ ရှိပါသည်။ အဖြူက အချိုနဲနဲပေါ့ပါသည်။ မြန်မာပြည် တစ်ခွင်လုံး၏
နံမည်ကြီး Super Market ကြီးများ၊ Liqure House များ၊
စားသောက်ဆိုင်များနှင့် Hotel ကြီးများတွင် ပြည်တွင်းဖြစ်ဝိုင်များ သာမက၊
နိုင်ငံခြားဖြစ် ၀ိုင်များ အားလုံးကို ၀ယ်ယူ ရရှိနိုင်ပါသည်။
++
အိမ်တွင်းဖြစ်ဝိုင်ချက်လုပ်နည်း
ဝိုင်ချစ်သူများအတွက် သတင်းကောင်းလေးပါ။ မိမိဖာသာ အိမ်မှာ ၀ိုင်ချက်လို
့ရတဲ့ လွယ်ကူသော နည်းလေးဖြစ်ပါတယ်။ ၀ိုင်ချက်လုပ်ရန် အတွက်
မချဉ်လွန်းမချိုလွန်းသော မိမိနှစ်သက်ရာ အနီရောင်သစ်သီးဖျော်ရည်၊ သန်
့ရှင်းလတ်ဆတ်သော ဖန်ကရားနှင့် ထိုဖန်ကရားကို လုံအောင်ပိတ်သည့်ရာဘာဗူးစို
့ တို့ လိုအပ်ပါသည်။ ဒီဝိုင်ချက်နည်းက အရသာနဲနဲပြင်းပါသည်။ ၄င်းဝိုင်ကို
ဟင်းလျာများချက်ပြုတ်ရာ တွင်လဲ သုံးလို့ ရပါသည်။ လူဦးရေ ၃၂ ယောက်စာ
သောက်သုံးရန်အတွက် ၀ိုင် ၁-ဂါလံ ချက်လုပ်သောနည်း ဖြစ်ပါသည်။
ပါဝင်မှု
ဝိုင်ဖောက်သည့်ကဇော်မှုန့်  ၀.၂၅ အောင်စ၊ သကြား (စားပွဲတင်ခွက်) ၄-ခွက်၊
သစ်သီးဖျော်ရည် ၁၂-အောင်စ၊ ရေအေးအေး ၀.၈ ဂါလံ တို့ လိုအပ်ပါသည်။
ပြုလုပ်နည်း
ရှေးဦးစွာဝိုင်ချက်တဲ့ ကဇော်မှုန့် ၊ သကြားနှင့် အချိုရည်တို့ ကို
ဖန်ကရားထဲလောင်းထဲ့ပါ။ သကြားအရည်ပျော်သွားသောအခါ ရေထဲ့ပြီး၊ ရာဘာဗူးစို
့ဖြင့် တင်းတင်းကျပ်ကျပ်ပိတ်ထားလိုက်ပါ။ ပြီးရင် အေး၍ခြောက်သွေ
့သောနေရာတွင် ထားပေးပါ။ တစ်ရက်အတွင်းမှာပင် သကြားများအချဉ်ပေါက်ကာ
alcohol အဖြစ် ပြောင်းသွားပြီး၊ ဖန်ကရားထဲတွင်
ပူစီပေါင်းဘောလုံးလေးများပြည့်လာသည်ကို တွေ့ မြင်ရ ပါမည်။ ထို့ နောက်
ဘောလုံးလေးများသည် gas အသွင်သို့ ပြောင်းကာ ၀ိုင်ဖြစ်လာပါသည်။
ထိုအချိန်တွင်သောက်လို့ ရပါပြီ။ သို့ သော် ၀ိုင်ဖြစ်ပြီး ရက်သတ္တ
၆-ပတ်ကြာမှ သောက်ပါက အရသာ ပိုကောင်းပါသည်။
++
Calmari Macaronatha ဟင်းလျာ
လွယ်ကူရိုးရှင်းသော အဆင့်မြင့်ဂရိဟင်းလျာ တစ်မျိုးဖြစ်ပါသည်။
အီတလီခေါက်ဆွဲထဲတွင် ခရမ်းချဉ်သီးအနှစ်နှင့် ရေဘ၀ဲအသားတို့ 
ရောပြွမ်းကာ၊ သိုးနို့ ဖြင့်လုပ်ထားသောချိစ်တို့ ကို အပေါ်ယံမှ
ဖြူးထားသည့် ဟင်းလျာဖြစ်ပါသည်။ ပြင်ဆင်ချိန် ၁၅-မိနစ်သာကြာမြင့်ပြီး၊
မိန် ၄၀ ခန့် သာ အချိန်ပေးချက်ပြုတ်ရပါသည်။
ပါဝင်မှုများ
လူ ၄-ဦးစာအတွက် အီတလီခေါက်ဆွဲ ၂ ၁/၂ ခွက်၊ ဆေးကြောသန်
့စင်ထားသောပြည်ကြီးငါး ၁-ပေါင်၊ ၀ိုင်နီဖြင့်ပြုလုပ်ထားသော Vinegar ၁/၎
ခွက်(စားပွဲတင်ခွက်)၊ သံလွင်ဆီစစ်စစ် ၆ ဇွန်း(စားပွဲတင်ဇွန်း)၊
နုပ်နုပ်စင်းထားသော ကြက်သွန်ဖြူ ၄-မွှာ၊ လှီးစိပ်ထားသော ကြက်သွန်နီ ဥကြီး
၁-လုံး၊ ချေထားသောခရမ်းချဉ်သီး ၁ ၁/၂ ခွက်၊ ၀ိုင်ဖြူ ၁/၄ ခွက်၊ သံပုရာရည်
၁/၂ ခွက်၊ ပိုင်းထားသောသစ်ကြပိုးခေါက် ၁-ခု၊ ကရဝေးရွက် ၂-ရွက်၊
ပင်စိမ်းရွက်ခြောက်မှုန့်  ၁/၄ ဇွန်း၊ oregano အခြောက်မှုန့်  ၁/၂ ဇွန်း၊
အရသာအတွက်ဆားနဲ့ ငရုပ်ကောင်းအနဲငယ်၊ ခြစ်ထားသောMizithra ချိစ် (ခေါ်)
ချိစ်အဖြူရောင် ၁/၂ ခွက်တို့ လိုအပ်ပါသည်။
ချက်ပြုတ်နည်း
အဆင့်(၁) အိုးကြီးကြီးတစ်လုံးထဲတွင် ဆားနည်းငယ်နှင့် ရေထဲ့၍
ဆူအောင်တည်ပါ။ ရေဆူလာပါက pasta ထဲ့၍ ၈-မိနစ်လောက်ချက်ပြီး ရေစစ်ထားပါ။
အဆင့်(၂) sauce pan သေးသေးတစ်ခုထဲတွင် ပြည်ကြီးငါးတို့ ကို ရေ ၃-ခွက်၊
အနီရောင် ၀ိုင် Vinegar တို့ ဖြင့်ရော၍ ၁၀-မိနစ် လောက်ပြုတ်ပါ။
ပြီးရင်ရေစစ်ပြီး၊ တစ်ကိုက်စာအနေတော် အတုံးကလေးများ လှီးဖြတ်ပါ။
အဆင့်(၃) အကြော်အိုးကြီးကြီး တစ်လုံးထဲတွင် သံလွင်ဆီထဲ့၍ အပူပေးပါ။
ဆီပူလာကပါက၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူများပျော့လာ သည်အထိ ဆီသတ်ပါ။
(ကြက်သွန်တို့ အရောင်မညိုလာစေရန်သတိပြုပါ)။ ထို ေ့နာက္အိုးထဲသို
့ပြည်ကြီးငါး ထဲ့၍ ၂-မိနစ်ခန့် လှိမ့်ပေးပါ။ ပြီးရင် ခရမ်းချဉ်သီးအနှစ်၊
ဝိုင်ဖြူ နှင့်သံပုရာရည်တို့ လောင်းထဲ့ပါ။ သစ်ကြပိုးခေါက်၊
ကရဝေးရွက်၊ပင်စိမ်းမှုန့် ၊ အီတလီခေါက်ဆွဲ၊ ဆား၊ ငရုပ်ကောင်း တို့ ထဲ့ပါ။
မီးအေးအေးဖြင့် ပူလာသည်အထိ မိနစ် ၂၀ လောက်ချက်ပါ။ ထိသို့ ချက်ပြုနေစဉ်
မကြာခဏ အဖုံးဖွင့်၍ မွှေပေးပါ။
အဆင့်(၄) ထို နော့က်မီးဖိုမှချ၍ pasta ဖြင့် ရောပါ။ ပြီးရင်
ခြစ်ထားသောအဖြူရောင်ချိစ်ကို အပေါ်မှဖြူးကာစားသုံးနိုင်ပါပြီ။(ထိုဟင်းလျာ
ကို တရုပ်ဟင်းလျာ အစားအစာများ နှင့် အချဉ်ရည်ဆော့စ် တို့ ဖြင့်
တွဲဖက်၍လည်း စားသောက်နိုင်ပါသည်)
+++

ဘာသာပြန်သူ (ပေါက်ပေါက်)

အသင့်စားခေါက်ဆွဲခြောက်များ နှင့် ကျမ္မာရေးအန္တရာယ်

အသင့်စားခေါက်ဆွဲခြောက်ထုပ်ကလေးများဟာ အချိန်မကုန်-အလုပ်မရှုပ်-လွယ်ကူမြန်ဆန်ရုံ သာမက၊ ဆာလောင်မွတ်သိပ်မှုကို အာသာပြေစေလို့  မရှိမဖြစ် ဖြည့်စွက်စာအဖြစ် အရွယ် (၃)ပါးမရွေးစားသုံးနေကြပါတယ်။ နှစ်သက်ရာ အသားအမျိုးမျိုး-ပင်လယ် စာများအပြင် သက် သက် လွတ်တစ်ခါစားအထုတ်လေးများက ဈေးနှုန်းချိုသာသလောက် အရသာလည်းကောင်း တာကြောင့် အကြိုက်တွေ့ လို့ နေကြပါတယ်။
ရံဖန်ရံခါစားသောက်ခြင်းကပြသနာမဟုတ်သော်လဲ၊ ရက်လကြာရှည်စားသုံးခြင်းဖြင့် အောက်ပါ ကျမ္မာရေးဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

၁။ အသက် ၅ နှစ်အောက် ကလေးငယ်များကို ဖြည့်စွက်စာအဖြစ် လုံးဝမကျွေးပါနှင့်။ အာဟာ ရချို့ တဲ့စေပါတယ်။

၂။ ခေါက်ဆွဲခြောက်ထဲရှိ "Styrofoam' (ခေါ်) ဓာတုပစ္စည်းတစ်မျိုးက ကင်ဆာရောဂါဖြစ်စေနို င်ပါတယ်။

၃။ ကိုယ်ဝန်ဆောင်မိခင်လောင်းများ စားသုံးခြင်းက သန္ဓေသားဖွံ့ ဖြိုးမှုကို ထိခိုက်စေပြီး၊ အခ န့် မသင့်လျှင် ကိုယ်ဝန်ပျက်ကျစေ နိုင်ပါတယ်။

၎။ ခေါက်ဆွဲခြောက်ထဲမှာ ဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့ ကစီဓာတ်လွန်ကဲစွာပါရှိပြီး၊ ကျမ္မာရေးကို အထောင်အကူဖြစ်စေတဲ့ ဗီတာမင်၊ အမျှင် နှင့် သတ္တုဓာတ်တို့  လုံးဝမပါရှိပါဘူး။ ဒါကြောင့် "အာ ဟာရမမြောက်တဲ့အစားအစာ" အဖြစ်မှတ်သားထားပါ။

၅။ ခေါက်ဆွဲခြောက်ဖြစ်လာစေဖို့ ဆိုဒီယမ်ဓာတ်များစွာသုံး၍ပြုပြင်ထားလေ့ရှိပါတယ်။ ဆိုဒီယမ် ဓာတ်ကို လိုအပ်သည်ထက်ပို စားခြင်းက နှလုံး၊ လေဖြတ်၊ သွေးတိုးရောဂါ တို့ အပြင် ကျော က်ကပ်ပျက်စီးစေပါတယ်။

၆။ ဆွဲဆောင်မှုကောင်းစေဖို့  ခေါက်ဆွဲခြောက်များကို Monosodium Glutamate ဓာတ်ပေါင်းစု ရနံ့ သုံးထားပါတယ်။ အချို့  စားသုံးသူများတွင် ထိုဓာတ်ပေါင်းးစုဖြင့် မွေးရာပါဓာတ်မတဲတ တ် လို့  ခေါင်းမူး၊ ခေါင်းကိုက် နှင့်အာရုံကြောရောဂါတို့ ဖြစ်စေနိုင် ပါတယ်။

၇။ စွဲစွဲမြဲမြဲစားသောက်ခြင်းက အ၀လွန်ခြင်း နှင့် ရေဓာတ်ခမ်းခြောက်ခြင်း ရောဂါ တို့ စွဲကပ် လာစေပါတယ်။

၈။ ခေါက်ဆွဲခြောက် နေ့ စဉ်စားသုံးသူများတွင် မကြာခဏ အစာမကြေ လေပွလေ့ရှိပြီး၊ အချိန်ြ ကာလာသည်နှင့်အမျှ အစာချေစံ နစ်ကို ဘေးဥပါသ်ဖြစ်စေပါတော့တယ်။

၉။ ခေါက်ဆွဲ ကြာကြာခံစေရန်နှင့် အရောင်လှပစေရန်တို့ အတွက် "Propylene Glycol" (ခေါ်) ချွတ်ဆေး/ဆိုးဆေးတစ်မျိုး ထဲ့သုံးလေ့ရှိပြီး၊ ထိုများဓာတ်ကို ကျောက်ကပ်-နှလုံး-အသည်း စသည့် ကလီစာများက အလွယ်တကူစုပ်ယူသုံးစွဲကြ၍ ကိုယ်ခံ စွမ်းအားဆုတ်ယုတ်လာစေပါတယ်။

၁၀။ ကိုယ်တွင်းဓာတ်များကို ဖောက်ပြန်ပြောင်းလဲကာ ဖောယောင်ခြင်း ဖြစ်တတ်ပါတယ်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)

2 Aug 2014

THEOBROMA "CACAO" - အပိုင်း ၂

၁၆ ရာစုနှစ်ဦးပိုင်းမှာ ရေကြောင်းပညာရှင် Christopher Columbus ဟာ စတုတ္ထအကြိမ်မြောက် ရွက်လွှင့်ခရီးထွက်ခဲ့ပြန်တယ်။ လမ်းခရီးတစ်နေရာမှာ ကိုကိုးပင်တွေ ပေါက်ရောက်နေတာကို တအံ့တသြ ရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒီခေတ်တုန်းက အပင်တစ်မျိုးရဲ့သစ်စေ့ (ကိုကိုးစေ့) ဟာ "ပိုက်ဆံ" ဖြစ်ခဲ့တယ်။

ကျွန်တစ်ယောက်ရဲ့တန်ဖိုးက ကိုကိုးစေ့ (၂၁ဝဝ) စေ့ဖြစ်တယ်။ ဥာဏ်ပညာရှိ ကိုလံဘတ်က ဒေသခံ အင်းဒီးယန်းလူမျိုးတွေဆီကနေ ကိုကိုးစေ့တချို့ လှဲလှယ်ခဲ့ပြီး စပိန်ကို ယူဆောင်လာခဲ့တယ်။ အဲဒီခေတ်တုန်းက ဥရောပလူမျိုးတွေဟာ ကိုကိုးကို သိပ်စိတ်မဝင်စားသေးတဲ့ ကာလဖြစ်တယ်။ ကိုကိုးဟာ တစ်ခါတလေမှာ သူတို့စိတ်ကို နိုးကြွစေတယ်၊ ဒါမှမဟုတ် ဆီးနဲ့ပတ်သက်တဲ့ရောဂါအတွက် ကိုကိုးကိုသုံးတယ် ဆိုတာလောက်ပဲ ဥရောပတွေကသိထားခဲ့တယ်။ (ချောကလက်မဖြစ်ခင်တောင် အတော်လေး အရေးပါခဲ့တယ်)

The Spaniards: The conquest of cacao
Although probable that in 1508 Christopher Columbus was the first European to see cacao seeds off the coast of present day Honduras, it wasn't until Hernán Cortés conquered Tenochtitlan (today Mexico City) in 1521 that the Spanish began to learn about the delicious flavour of chocolate. Contact between Spaniards and Aztecs opened a gateway for the exchange of ideas and technology - and a new European market for foods, including cacao.

1521 - 1600 Mesoamerica - Spain
Spain's monopoly on cacao coming from Aztec and Maya lands in Central America lasted the entire 16th century.
၁၅၁၉ ခုနှစ်မှာ စပိန်က စူးစမ်းလေ့လာပညာရှင် Hernán Cortés ဟာ ပထမဦးဆုံးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့ပြီး မက်ဆီကိုဒေသကို ဝင်ရောက်ခဲ့တယ်။ အဖွဲ့ဝင်တွေက ကန္တာရ၊ ရွံ့နွံ့၊ တောနက် စတာတွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီး ကုန်းပြင်မြင့်တစ်နေရာကို ရောက်လာခဲ့တယ်။ ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်တဲ့ အဖွဲ့ဝင်တွေဟာ ကုန်းမြင့်ပေါ် လဲလှောင်း အနားယူခဲ့ကြတယ်။ အဲဒီအချိန်မှာ အင်းဒီးယန်းအဖွဲ့တစ်ဖွဲ့ ရောက်လာခဲ့တယ်။ အင်အားကုန်မဲ့နေတဲ့ Cortés ရဲ့ လူတွေကိုတွေ့တော့ သူတို့မှာပါတဲ့ ကိုကိုးစေ့တွေကို အမှုန်ကြိတ်ပြီး ဗူးထဲ ရေနဲ့ရောပြီး ကျိုလိုက်ကြတယ်။ ရေဆူလာချိန်မှ ငရုတ်ကောင်းမှုန့်၊ သစ်စေး၊ သစ်ရည်တချို့နဲ့ ရောစပ်လိုက်တယ်ဆိုရင်ပဲ မွှေးကြိုင်သင်းပျံ့တဲ့ ရနံ့က လေနဲ့အတူ လွှင့်ပြန့်လာခဲ့တယ်။

အင်းဒီးယန်းခေါင်းဆောင်က လက်ဟန်ခြေဟန်နဲ့ Cortés ကို စကားတွေ ပြောနေခဲ့တယ်။ နောက်ဆုံးမှာ Cortés သဘောပေါက်တာက ဗူးထဲက မည်းညစ်ညစ် ကိုကိုးဖျော်ရည်တွေကို သောက်စေလိုတယ်ဆိုတာဖြစ်တယ်။ အင်းဒီးယန်းတွေရဲ့ ဓလေ့ထုံးစံကို အနည်းငယ်နားလည်တဲ့ Cortés က သူ့အဖွဲ့သားတွေကို ကိုကိုးဖျော်ရည်တွေ တစ်ယောက်နည်းနည်းစီ သောက်စေခဲ့တယ်။ သောက်ပြီး တခဏအတွင်းမှာ မျက်လှည့်ပြသလိုပဲ အဖွဲ့သားတွေရဲ့ ကုန်ဆုံးသွားတဲ့အင်အားတွေဟာ ချက်ချင်းတိုးပွါးလာပြီး ပင်ပန်းမှုတွေလည်း ပျောက်ဆုံးကုန်ခဲ့တယ်။ Cortésလည်း တအံ့တသြနဲ့ အင်းဒီးယန်းတွေကို ကိုကိုးစေ့နဲ့ ကိုကိုးဖျော်ရည်အကြောင်းကို မေးခဲ့တယ်။ အင်းဒီးယန်းတွေကက "ဒါဟာ နတ်ဘုရားအချိုရည်ဖြစ်တယ်" လို့ ဖြေခဲ့တယ်။

၁၅၂၈ ခုနှစ်မှာ Cortés ဟာ စပိန်ကို ပြန်ရောက်လာခဲ့ပြီး King Charles V ကို "နတ်ဘုရား အချိုရည်" (ကိုကိုးဖျော်ရည်) ဆက်ကပ်ခဲ့တယ်။ မဆက်ကပ်ခင် စပိန်လူမျိုးတို့ရဲ့ ဓလေ့အစားအစာအတိုင်း Cortés ဟာ ကိုကိုးကိုဖျော်ရာမှာ သစ်ရည်နဲ့ ငရုတ်ကောင်းမှုန့်အစား ပျားရည်ကို အသုံးပြုဖျော်စပ်ခဲ့တယ်။

ချာကလက်ကို ရာစု ၆၀ ခုနှစ်လောက်ရောက်တော့ စပိန်ကိုတွေ့ရှိခဲ့တဲ့ Hernando Cortez က စပိန် အရောက်သယ်ဆောင်လာခဲ့တယ်။ စပိန်လူမျိုးတွေက အရသာရှိအောင် သကြားတို့ ဗနီလာအစရှိတဲ့ အရာတွေကိုရောပြီး ချိုအောင်ပြုလုပ်ခဲ့ကြတယ်။

The first recorded evidence of chocolate as a food product goes back to Pre-Columbian Mexico.

The Spaniards liked it hot
The Spaniards made no significant changes in the transformation of raw cacao into chocolate, but a wooden stirring stick, the molinillo, made the job of whipping chocolate into a smooth foam easier and more consistent. In this period, chocolate started to be consumed as a hot (warm) drink, the Spanish didn't like the drink's bitter flavour, so they sweetened it with cane sugar. Other spices were added to the beverage such as cinnamon, anise seed and black pepper.

ဘုရင်က ကိုကိုးကို တစ်ငုံသောက်လိုက် ကောင်းတယ်လို့တစ်ခွန်း ချီးကျူးလိုက်နဲ့ ဝမ်းသာမဆုံးဖြစ်ခဲ့တယ်။ Cortés ကိုလည်း ရာထူးချီးမြှင့်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကိုကိုးဖျော်ရည်ဟာ စပိန်မှာရေပန်းစားခဲ့တယ်။ ဖျော်စပ်နည်းကို စပိန်လူမျိုးတွေက လုံးဝလျှို့ဝှက်ထားပြီး မပေါက်ကြားစေခဲ့ပါဘူး။ အဲဒီလိုနဲ့ နှစ်ပေါင်း ၇ဝ ကျော် ကြာမြင့်ပြီး ၁၆ဝ၆ ခုနှစ်ရောက်မှ အီတလီလူမျိုးတစ်ဦးဟာ ဖျော်ရည်ဖျော်စပ်နည်းကို ခိုးယူသွားခဲ့တယ်။ အဲဒီနောက် ဥရောပနေရာအနှံ့ထိ ကိုကိုးဖျော်ရည် ပြန့်နှံ့သွားတာဖြစ်တယ်။ ကိုကိုးဖျော်ရည်ဟာ ဥရောပမှာ လူကြိုက်များပြီး ကိုကိုးဆိုင်တွေ ဝင်ငွေကောင်းခဲ့တယ်။
History recounts that a Cistercian monk who travelled with Hernan Cortes to Mexico, Brother Jeronimo of Aguilar, sent the first cocoa beans ever seen in Europe to the Abbot at Monasterio de Piedra, Antonio de Alvaro, together with a recipe for chocolate. 

The monks at this monastery were therefore the first people in Europe to taste this delicacy, explaining the long tradition of chocolate-making in the Cistercian order. Some monasteries even have a small room over the cloisters known as the chocolate room, where chocolate was made and tasted.

Controversial in the Catholic ChurchPrince Philip of Spain first tasted chocolate from native people introduced by Dominican priests in Spain and chocolate became a fashionable trend in the Spanish court. As an expensive import, chocolate was a luxury only the wealthiest and most well-connected Spanish nobility could afford. Chocolate was recognized as a restorative and nutritive beverage (for its high caloric content and theobromine, a chemical similar to caffeine) and was used as a medicine. It was also at stake in Catholic debate, after which the church allowed people to drink it as a nutritional substitute during fasting periods.

ကိုကိုးဖျော်ရည်နဲ့ စပိန်က La Sike ဆိုသူလည်း ဝင်ငွေအများကြီးရခဲ့တယ်။

တစ်နေ့မှာ La Sike ဟာ ကိုကိုးကျိုနေတုန်း အတွေးနယ်ချဲ့မိတယ်။ သူတွေးမိတာက "ကိုကိုးကို နေ့တိုင်းကျိုရတာ အလုပ်ရှုပ်လွန်းတယ်။ ကိုကိုးကို အခဲလုပ်ပြီး သောက်ခါနီး တစ်ခဲယူပြီး ရေနဲ့ဖျော်လိုက်ရုံ။ ဒါမှမဟုတ် အခဲကို ဒီအတိုင်းစားလိုက်ရုံ၊ ဒီလိုဆို အချိန်ကုန်၊ အလုပ်ရှုပ်သက်သာတယ်" ဆိုပြီး La Sike ဟာ ကိုကိုးကို အရည်မှ အခဲဖြစ်အောင် ကြိုးစားတော့တယ်။ ပျားရည်တွေရောစပ်ပြီး အခြောက်ခံလိုက်၊ ဖုတ်လိုက်နဲ့ နောက်ဆုံး ကိုကိုးခဲတွေ ဖြစ်လာခဲ့တယ်။ ကိုကိုးဖျော်ရည်ကို မက်ဆီကိုက စတင်ခဲ့ပြီး မက်ဆီကိုရဲ့ တောစကား "ချောကလာထော်လု" လို့ခေါ်ခဲ့လို့ La Sike က ကိုကိုးခဲကို "ချောကလက်"လို့ ခေါ်ဆိုခဲ့တယ်။ ချောကလက်ရဲ့ ကနဦးအစက ဒီလိုဖြစ်လာခဲ့တာဖြစ်တယ်။

စစချင်းမှာ လူတွေဟာ ချောကလက်ကို စိမ်းနေခဲ့ကြတယ်။ ပြင်သစ်မှာ ချောကလက်ကို "အဖိုးတန်တဲ့ ဆေးစွမ်းတစ်လက်" လို့ တင်စားကြတယ်။ ဒီလိုတင်စားရခြင်းကလည်း ပြင်သစ်ဘုရင် Louis XIII နဲ့ ပတ်သက်နေတာဖြစ်တယ်။ Louis XIII ရဲ့ မိဖုရားက စပိန်နိုင်ငံရဲ့ အိမ်ရှေ့မင်းသမီးဖြစ်တယ်။

၁၆၁၂ ခုနှစ်မှာ မိဖုရားဟာ ခမည်းတော်အိမ်ကနေ စပိန်နိုင်ငံလုပ် ချောကလက်တွေ ပြင်သစ်ကိုသယ်လာခဲ့တယ်။ အဲဒီအချိန်တုန်းက ဘုရာမင်းမြတ် မကျန်းမာတဲ့အချိန် ဖြစ်တယ်။ ခန္ဓာကိုယ်နုံးချိနေတဲ့ ဘုရင်က မိဖုရားယူလာတဲ့ ချောကလက်တစ်ခဲကို စားလိုက်ပြီးတာနဲ့ တစ်ပြိုက်နက် နုံးချိနေတာတွေ ယူပစ်သလို ပျောက်သွားခဲ့ပြီး ကျန်းမာလာခဲ့တယ်။ ဒါကြောင့် ဘုရင်က ချောကလက်ကို "အဖိုးတန်တဲ့ ဆေးစွမ်းတစ်လက်" လို့ တင်စားခဲ့ပြီး ချောကလက်တွေကို သမားတော်တွေဆီ အပ်နှံပြီး သေချာသိမ်းထားစေခဲ့တယ်။ နန်းတော်တွင်းက တစ်ဦးတစ်ယောက် မကျန်းမာမှ ထုတ်သုံးဖို့လည်း မှာခဲ့တယ်။

အဲဒီလို ချောကလက်ဟာ ပြင်သစ်ဘက်ကို ချောကလက်ချစ်တဲ့ စပိန်မင်းသမီး Anna နဲ့ Louis XIII တို့ လက်ဆက်ခဲ့ကြပြီး၊ ၁၇ ရာစုနောက်ပိုင်းမှာ ဥရောပတခွင် ပြန့်နှံ့စ ပြုခဲ့တယ်။ ချောကလက်ရဲ့ ကျော်ဇောမှုဟာ နောက်ပိုင်း Europe နဲ့ America ဘက်တွေကိုပါ ရောက်ရှိသွားပါတယ်။ အဲဒီအချိန် အာရှဘက်မှာ ချောကလက်ကို မွေးစားနိုင်တဲ့ တစ်ခုတည်းသောနိုင်ငံကတော့ ဖိလစ်ပိုင်ဖြစ်ပါတယ်။ သူက ၁၆ ရာစုလောက်က invaded စပိန်လက်အောက်ကို ရောက်ရှိခဲ့လို့ မွေးစားနိုင်ခဲ့ခြင်းဖြစ်တယ်။

ဘုရင် Louis XIV နန်းတက်တော့မှ အဘိုးအဘွားအိမ်ကလူတွေ ချောကလက်အမြောက်အများ ယူလာပြီး ဘုရင်ကို ဂုဏ်ပြုချီးမြှင့်ကြတယ်။ အဲဒီအခါမှ ပြင်သစ်လူမျိုးတွေက ချောကလက်ဆိုတာ စားစရာတစ်မျိုးမှန်း သိသွားခဲ့တယ်။
Entrance of Cortez into Mexico Lithograph notes and queries.
Where's the chocolate? Cortez meets Montezuma in Mexico.
Photograph: Bettmann/CORBIS

Organized pillage of the Americas
The history of cacao took a bloody turn during the conquest of the Americas. In 1521, Cortés assaulted and defeated the Aztec emperor Montezuma in Tenochtitlan (today Mexico City) and his soldiers required that Aztec nobles hand over their treasures, among them cacao beans, or be killed. They were carried home on sail boats (the first official shipment of cacao beans arrived in Seville in 1585). In order to meet the growing demand in Spain for this new treasure (and sugar, cotton, tobacco, indigo, gold, silver...), slavery was implemented. When mistreatment and European diseases almost exterminated the native population in the first decades following the conquest, African slaves were brought to the Americas to alleviate the shortage of labour.

ရွှေမင်းသား ချောကလက်က ကျော်ဇောလာတော့ cocoa အပင်ကိုစိုက်ချင်တဲ့လူတွေကလည်း ခပ်များများပေါ့။ အာဖရိကဘက်က အခိုင်းအစေတွေကို အမေရိကန်တွေက ၀ယ်ယူခဲ့တဲ့ အကြောင်းရင်းကလည်း cocoa အပင်တွေ စိုက်ဖို့ဖြစ်နေတယ်။ နောက်ဆုံးတော့ cacao သစ်ပင်တွေဟာ အာဖရိကမှာ စိုက်ဖို့အတွက် မျိုးယူသွားခြင်း ခံရတော့ တယ်။ ဒီနေ့ခေတ်မှာတော့ အာဖရိကမှာ cacao စိုက်ပျိုးရေးဟာ တစ်ကမ္ဘာလုံးရဲ့ ၇၀ ရာခိုင်းနှုန်းနီးပါး ရှိတယ်လို့ဆိုပါတယ်။

The origin of the word "chocolate"
The word "chocolate" is a neologism invented by the Spaniards. There exist several theories for its origin, including:
1. "Cacahuatl" (the name Aztecs gave to their drink), was turned into "chocolatl", because "caca" was vulgar in Spanish
2. Derivation from the Nahuatl "xocoatl" ("xoco": bitter, "atl": water)
3. Derivation from the Yucatec words "chocol": hot and "haa": water
4. Mix between the Yucatec "chocol": hot and the Nahuatl "atl": water
5. Derivation from the Quiché "chokola'j": drink chocolate together

ချောကလက်မှာ ဒီလိုသမိုင်းကြောင်းရှည်ရှိတယ်ဆိုတာ တွေ့ရတယ်။ ဒါက ချောကလက် သမိုင်းကြောင်းဖြစ်တယ်။ အခုကျွန်တော်တို့ စားနေကြတဲ့ ချောကလက်တစ်ခုမှာ လူတွေသိတဲ့ chemical အခု သုံးရာကျော်ပါတယ်။ အဲဒီဓာတ်တွေထဲမှာ လူသားရဲ့ ဦးဏှောက်ကို လှုံ့ဆော်ပေးတဲ့ ကော်ဖီမှာလဲ ပါဝင်သော ကာဖိန်းဓာတ် (caffeine) လည်း ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချောကလက် စားသုံးတဲ့လူဟာ ကမ္ဘာမှာ တစ်နှစ်ကို တန်ချိန်ပေါင်း ၆ မီလီယန် ရှိတယ်။ အဲဒီ တန်ချိန် ၆ မီလီယန်ဟာ ချောကလက် ကီလိုဂရမ် ၆ ဘီလီယန်နီးနီးပဲလို့ဆိုထားတယ်။ (ဘယ်တုန်းကကောက်ယူထားတဲ့ကိန်းဂဏာန်းလဲတော့မသိ) ချောကလက် စားခြင်းဟာ လူကိုစိတ်ကျေနပ်စေတယ်။ ကောင်းမွန်တဲ့ စိတ်ခံစားမှုတွေရစေတယ်။ တစ်ချို့ အစားအသောက်တွေကို လေ့လာတွေ့ရှိချက်အရ စိတ်ဖိစီးမှုကိုလျော့ကျစေတာကိုတွေ့ရတယ်။


https://www.facebook.com/notes/mung-khat/theobroma-cacao


THEOBROMA "CACAO" - အပိုင်း ၃


Twitter Delicious Facebook Digg Stumbleupon Favorites More