Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

28 Jul 2014

ကိုယ်ဝန်ရစေဖို့ အကူအညီဖြစ်စေမည့်နည်းလမ်းကောင်းများ။

( ၁ ) အဟာရရှိပြီးကျန်းမာစွာနေထိုင်ခြင်း
--------------------
အဟာရရှိမည့် အစားအစာများကိုရွေးချယ်စားသောက်ခြင်းဟာ ကိုယ်ဝန်ရစေဖို့ အခွင့်အရေးကို အလျှင်အမြန်တိုးတက်စေမည့်နည်းတစ်နည်းဖြစ်ပါတယ်။ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းနှင့် ကျန်းမာစွာစားသောက်ခြင်းတွေဟာ သင့်ကိုယ်ခန္ဓာအားအကောင်းစုံပုံစံ ရစေပြီး ကိုယ်ဝန်ရစေရန် အထောက်အကူပြုပါလိမ့်မယ်။ မျိုးအောင်ဖို့ အတွက်ကိုအထောက်အကူပြုစေဖို့ သင်ဟာသန့်ရှင်းလက်ဆပ်တဲ့အသီးအနှံတွေ၊ အရောင်ပေါင်းစုံတဲ့မတူညီတဲ့ဟင်းသီးဟင်းရွက်တွေကိုစားသုံးရပါမယ်။
ဘယ်ရီသီးအမျိုးမျိုး၊ ငရုတ်ပွအနီရောင်၊ ခရမ်းချဉ်သီး၊ အစိမ်းရောင်အရွက်များစသည်ဖြင့် အဟာရပြည့်ဝစာများကို မကြိုက်သော်လည်းစားသုံးသင့်ပါတယ်။
ထို အတူ ဇင့်ဓါတ်ကြွယ်ဝသောကမာကောင်ကဲ့သို့သောအစားအစာများ၊
ဖော်လစ်( Folic )ကြွယ်ဝသော အစားအစားများ ဖြစ်တဲ့ထောပါတ်သီး၊ Broccoli ၊ ဟင်းနုနယ်ရွက်ကဲ့သိုသောအစာများကိုလည်း စားသုံးသင့်ပါတယ်။
အဟာရဖြစ်စေမည့် အသီးများ၊ အသားများ ဟာ သင့်ကို အမေတစ်ယောက်ဖြစ်လာစေဖို့ အထောက်အကူဖြစ်စေမှာပါ။ ဒီလို အစားအသောက်ပုံစံသုံးမျိုးကို ပုံမှန်တစ်နေ့တာအတွင်းပါဝင်အောင်စားသုံးပေးခြင်းဖြင့် သင့်လိုအင်ဆန္ဒများပြည့်ဝလာပါလိမ့်မယ်။
သင့်၏အမျိုးသားကိုလည်း သုတ်ပိုးကို ကျန်းမာသန်စွမ်းစေမည့် ဗိုက်တာမင် စီ၊ အီး ဓါတ်ပါသော ဖြည့်စွက်အစာများကို စားသောက်ဖို့ တိုက်တွန်းပါ။ ထို့အတူ အမျိုးသားများအနေဖြင့်ပူအိုက်စေသည့်အတွင်းခံဘောင်းဘီများဝတ်ခြင်းဟာ သုတ်ပိုးထုတ်လုပ်မှူကိုထိခိုက်စေနိုင်သောကြောင့်ပွသောအတွင်းခံများကိုသာဝတ်ဆင်သင့်ပါတယ်။
( ၂ ) ဗိုက်တာမင်ဆေးများဖြည့်စွက်ပါ။
--------------------------------
လိုအပ်သောဗိုက်တာမင်ဆေးဝါးများလည်းဖြည့်စွက်သာက်သုံးနိုင်ပါတယ်။ အလွန်အကျွံ မဖြစ်စေရန်ကိုတော့သတိပြုပါ။
Vitamin E
Zinc
Copper
Panthothenic acid
Potassium
Vitamin A
Vitamin C
Vitamin D
Thiamin B6
Riboflavin
Niacin
အကောင်းဆုံးကတော့အစားအသောက်များမှ ထိုဓါတ်များကိုရှာဖွေပါ။
( ၃ ) မှန်ကန်တဲ့ကိုယ်အလေးချိန်။
----------------------
ကိုယ်ဝန်ဆောင်ဖို့အကောင်းဆုံးကိုယ်ခန္ဓာဖြစ်စေရန် ဂရုပြုပါ။ပိန်လွန်းခြင်း ၀လွန်းခြင်းတွေဟာလည်း သင့်၏ကလေးရနိုင်ခြေကိုလျှော့နည်းစေပါတယ်။ ထို့အတွက်ကြောင့်ကလေးယူရန်ဆုံးဖြတ်ထားပါက မိမိကိုယ်ခန္ဓာကျန်းမာသောကိုယ်အလေးချိန်ဖြစ်စေရန်ကြိုးစားတည်ဆောက်ပါ။ အမြန်အလေးချိန်လျှော့ကျစေနိုင်သောဆေးများ၊နည်းလမ်းများကို တော့အသုံးမပြုသင့်ပါဘူး။
ထို့အတူသင့်အမျိုးသားလည်းထိုနည်းအတိုင်းကျန်းမာသန်စွမ်းစေရန်နေထိုင်ဖို့တိုက်တွန်းရပါမယ်။
( ၄ ) အရက်၊ဆေးလိပ်ဖြတ်ပါ။
---------------------------
ကိုယ်ခန္ဓာအားဆိုးကျိုးဖြစ်စေပြီး ကိုယ်တွင်းအင်္ဂါများတွင်အဆိပ်အတောက်များကျန်ရစ်စေမည့် ဆေးလိပ်အရက်၊မူးရစ်ဆေးဝါးများကို သင်ကော သင်၏အမျိုးသားပါလုံးဝဖြတ်တောက်ရပါမယ်။ ဒါတွေဟာ သင်တို့၂ဦးစလုံးအတွက် မျိုးအောင်နိုင်ခြေကိုများစွာကျဆင်းစေလို့ပဲဖြစ်ပါတယ်။
အရက်ဟာလည်းအမျိုးသား၏သုတ်ပိုးအရည်အသွေးကိုများစွာထိခိုက်စေပါတယ်။
( ၅ )Caffeine
-------------
Caffeineဓါတ်ဟာ အမျိုးသမီးများ၏မျိုးဆက်ပွားခြင်းကို ဘယ်လိုမှကောင်းကျိုးမဖြစ်စေပါဘူး၊caffeineဓါတ်များသော ကော်ဖီ၊ချောက်ကလက်အစရှိသည့်အရည်
များကို တစ်နေ့ ၄ခွက်ထက်ပိုမိုသောက်သုံးပါက အမျိုးသမီးများ မျိုးအောင်နိုင်ခြေကို ၂၆%ကျဆင်းစေပါတယ်။
( ၆ ) ပုံမှန်လိင်ဆက်ဆံခြင်းကိုပြုလုပ်ပါ။
------------------------------------
အကောင်းဆုံးအကြံပြုချက်ကတော့ တစ်ပါတ်လျှင် ၂ကြိမ်၃ကြိမ်ဖြင့် အပါတ်တိုင်းပြုလုပ်ခြင်းဖြင့် သင့်အား ကလေးရစေဖို အခွင့်အလမ်းပိုများလာစေပါလိမ့်မည်။ လိင်ဆက်ဆံပြီးပါကလည်း ချက်ခြင်းထပြီးရေချိုးခြင်းမျိုးထက် ၁၀မိနစ် ၁၅မိနစ်ခန့် လှဲလှောင်းနေပေးပါ။တစ်ချို့တွေကတော့ ခြေ၂ချောင်းကိုလေထဲတွင်မြှောက်ထားလျှင်ပိုကောင်းသည်
ဟုဆိုကြသော်ငြားလည်း တကယ်တန်းတော့ မလိုအပ်ပါဘူး။ တင်ပါးအောက်တွင် ခေါင်းအုံးကဲ့သို့သောမြင့်တက်လာစေမည့် ပစ္စည်းတစ်ခု ခံထားလျှင်လည်းအဆင်ပြေနိုင်ပါတယ်။ အမျိုးသားများ၏ သုတ်ပိုးများဟာ ၇ ရက်လာက်ကူးခတ်အသက်ရှင်နိုင်တာကြောင့်နေတိုင်းကလေးရစေရန်အတွက်တော့ကြိုးစားဖို့မလိုအပ်ပါဘူး။ ကျန်းမာသော သုတ်ပိုးများရရှိစေဖို့ကို သာကြိုးစားကြစေလိုပါတယ်။
ိကိုယ်ဝန်ရစေဖို့ လိင်ဆက်ဆံရန်အကောင်းဆုံးပုံစံများကိုတော့အမြင်မတင့်တယ်ဖြစ်မည်ဆိုးသဖြင့် မဖော်ပြတော့ပဲ လိုအပ်သူများအနေဖြင့်အောက်ပါ လင့်မှ သွားရောက်ကြည့်ရူ့ နိုင်ပါတယ်။
http://www.sofeminine.co.uk/pregnancy/sex-positions-for-getting-pregnant-d41614.html
( ၇ ) ရာသီစက်ဝန်းကို နားလည်သိရှိခြင်း
-----------------------------
အမျိုးသမီးများအနေ့ဖြင့် ပုံမှန်၂၈ ရက် ရာသီစက်ဝန်း အတွက် ရာသီပေါ်ချိန်အစရက်မှ ( ၁၄ ) ရက်မြောက်နေ့တွင်မျိုးဥကြွေလေ့ရှိပါတယ်။ ထိုရက်တွေမှာ လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်ရစေမဲ့အကောင်းဆုံးနည်းလမ်းပါ။ အမျိုးသားသုတ်ပိုးဟာ အမျိုးသမီး၏ကိုယ်အတွင်း ၇ ရက်လောက် အသက်ရှင်နိုင်ပြီး အမျိုးသမီး ၏ မျိုးဥများကတော့ ၁၂နာရီမှ ၂၄နာရီအတွင်းသာအသက်ရှင်နိုင်ကြတာပါ။ ထို့အတွက်ကြောင်း သင်တို့နှစ်ဦးအနေနှင့် အကောင်းဆုံးအချိန်မှာ အကောင်းဆုံးကြိုးစားခြင်းဖြင့်လည်း ကလေးရစေဖို့ အခွင့်အလမ်းများ ဖြစ်ပေါစေပါလိမ့်မယ်။ထို့ကြောင့် အမျိုးသမီးတိုင်းမတူညီနိုင်တဲ့မိမိရက်တွေကို နားလည်တွက်ချက်နိုင်အောင်လုပ်ခြင်းဟာအရေးကြီးဆုံးပါပဲ။
( ၈ ) ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။
----------------------
လူအများစု ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ဆွေးနွေးဖို့ အရမ်းနောင့်နှေးနေတတ်ပါတယ်။ နီးစပ်ရာဆေးမှီးတိုများနဲ့ကုသတာတွေ၊စမ်းတ၀ါးဝါးလုပ်နေတာတွေကိုအချိန်ကိုကြာစေသလို၊ မှားယွင်းတဲ့ကုသမှူတွေကလည်းသင့်အားဘေးဖြစ်စေနိုင်ပါတယ်။ဒါမဖြစ်သင့်ပါဘူး။ အထူးကုများနှင့်ပြပါ။ မိမိအခက်အခဲတွေကိုပွင့်လင်းစွာပြောပြပါ။ ဆွေးနွေးပါ။ အကူညီတောင်းပါ။ ဒါဟာမိမိဘာဖြစ်နေလည်းဆိုတာသိပ္ပံနည်းကျကျတိကျစွာသိနိုင်မဲ့နည်းတစ်ခုတည်းသောနည်းလမ်းပါ။ ဒါမှလည်း သင်၏အားနည်းချက်လား၊ သင့်အမျိုးသား၏အားနည်းချက်လားဆိုသည်ကိုသိရှိပြီးအမြန်ဆုံးအကောင်းဆုံးသောနည်းလမ်းများဖြင့် ကိုယ်ဝန်ဆောင်နိုင်စေရန် အခွင့်အလမ်းများပေါ်ပေါက်လာနိုင်မှာဖြစ်ပါတယ်။ တစ်ဖက်ဖက်မှဖြစ်စေ ၂ဦးလုံးမှဖြစ်စေ ချို့ယွင်းချက်ရှိသူများအနေနဲ့ကတော့အထူးကုဆရာဝန်နဲ့များနှင့်ကုသမှသာ အောင်မြင်နိုင်ဖို့ နီးစပ်မှာပါ။
( ၉ ) စိတ်ဖိစီးမှုလျှော့ပါ။
-------------------------
စိတ်ဖိစီးမှူဟာကိုယ်ဝန်လိုချင်သောမိဘများဖြစ်တတ်သောအရာပါ။ ကလေးရအောင်ကြိုးစားရင်း ထိုစိတ်ဖိစီးမှူကြောင့်ပဲ ကလေးရစေဖို့ အဟန့်အတားဖြစ်စေပါတယ်။ ထို့အတွက် ၂ဦးစလုံး စိတ်ဖိစီးမှူကိုလျှော့ချနိုင်အောင်ကြိုးစားပါ။ ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းများပြုလုပ်ခြင်းဖြင့်လည်း စိတ်ဖိစီးမှူတွေကိုလျှော့ချပေးနိုင်ပါလိမ့်မယ်။ ဒါဟာ ၂ဦးစလုံးလုပ်ရမဲ့အရာပါ။
( ၁၀ )အချိန်ယူပါ။
------------------
ကိုယ်ဝန်ရဖို့ လွယ်ကူသူတွေမဟုတ်တဲ့အတွက် ချက်ခြင်းကြီးဖြစ်လာဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ထို့ အတွက်အချိန်ယူပြီးနေထိုင်ပါ။ ဆရာဝန်နဲ့ ပုံမှန်မဟုတ်တောင်အခွင့်သင့်သလိုပြသပြီးကုသမှူခံယူပါ။ ထို့အတွက်ကြောင့်လည်းအမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်ရန်အကောင်းဆုံးအချိန်ဖြစ်တဲ့၁၈နှစ်မှ ၂၅နှစ်အတွင်း အိမ်ထောင်ပြုပြီးပါက ကလေးယူသင့်သည်။ အသက် ၃၅နှစ်အောက်တွေအတွက်ကတော့ အခက်ခဲမရှိသေးပေမယ့် အသက် ၃၅နှစ်ကျော်လာပါကမျိုးဥအောင်ဖို့အတွက် ခက်ခဲလာနိုင်ပြီး ကိုယ်ဝန်ဆောင်နိုင်ဖို့ ရာခိုင်နူံန်းလည်း သူများနှင့်ယှဉ်လျှင်နည်းပါးလာပါလိမ့်မည်။
မိခင်လောင်းများဘ၀ကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေ။

source : sofeminine.co.uk ၊ webmd.com ၊ parents.com ၊
အထက်ဖော်ပြပါနည်းလမ်းများကတော့ ကလေးလိုချင်ကြတဲ့မိဘတွေအတွက်ရည်ရွယ်ပြီး HAPPY MOM မိသားစုမှ စုစည်းတင်ပြထားခြင်းဖြစ်ပြီး ကလေးသူငယ်များပိုင်ဆိုင်နိုင်စေဖို့ ၁၀၀ % သေချာစေမည့်နည်းလမ်းများမဟုတ်ပဲ ကျန်းမာပြီး ၂ဦးလုံး မျိုးပွားနိုင်သော အရည်အသွေးရှိသည့် အိမ်ထောင်ရှင်များအတွက် အထောက်အကူဖြစ်စေမည့်နည်းလမ်းများသာဖြစ်ပါတယ်။

27 Jul 2014

ခန္ဓာကိုယ်အတွက် စားသုံးခြင်းဖြင့် ရရှိနိုင်မည့် မရှိမဖြစ် ဗီတာမင်

(ဗီတာမင် A)
မျက်စိအားကောင်းစေဖို့ ၊ ကိုယ်ခံအားစံနစ်တိုးတက်မြင့်မားစေဖို့ ၊ အရေပြားကျန်းမာရေး၊ အသည်းေ ရာင်အသားဝါ၊ နှာစေး၊ ပျို့  အန်၊ ဆံပင်ကျွတ်ခြင်း တို့ မှ ကာကွယ်နိုင်ရန် အ တွက် ဗီတာမင် A က မရှိမဖြစ်ပါ။ လိမ္မော်သီး၊ ကန်စွန်းဥ အ၀ါရောင်၊ မုန်လာဥနီ၊ တရုပ် ဇီးသီးခြောက်၊ သခွားမွှေးသီး၊ သင်္ဘောသီး၊ မက်မွန်သီး၊ သရက်သီး မှည့်၊ ခရမ်းချဉ် သီး၊ ပန်းငရုပ်ပွ(အချို)၊ ကိုက် လံ၊ ဆလတ်ရွက်၊ ဟင်းနုနယ်ရွက်၊ မုန်ညင်းစိမ်း၊ ပင်စိမ်းရွက်၊ ဗိုစားပဲသီး၊ ပင်လယ်ငါး၊ နွားနို့ ၊ ငါးကြီးဆီ၊ ကြက်အသည်း(အထူးသဖြင့် ကြက်ဆင် အသ ည်း)၊ မဲအသည်း၊ ကွေကာအုတ်အကြမ်း တို့ မှာ ဗီတာမင် A ကို လုံလောက်စွာ ရရှိနိုင် ပါတယ်။

(ဗီတာမင် B6)
ဦးနှောက်အားကောင်းစေဖို့ ၊ အာရုံကြောများ အားကောင်းစေဖို့ ၊ အနီရောင်ဆဲလ် များေ ကာင်း စွာ ထုတ်လုပ်နိုင်ဖို့ ၊ အရေပြား ရောဂါများအတွက် ဗီတာမင် B6 က မရှိမဖြစ် ပါ။ အစိမ်း/အ၀ါ/အဖြူရောင် စတဲ့ ပဲအမျိုးမျိုး၊ ကြက်/ရစ်ဌက်(ရစ်သား)/၀က်/အမဲ/ သမင်/ချေ/စိုင်/ဒရယ်/ဆတ် စတဲ့ အနီရောင်အသားများ၊ ပင်လယ်ငါးများ၊ နေကြာစေ့/ ဗာဒံစေ့/သစ်ကြား သီး စတဲ့အခွံမာသီးများ၊ ကြက်ဥ/ဘဲဥ/ငုံးဥ စတဲ့ ဥအမျိုးမျိုး၊ ဟင်းနုနယ် ရွက်၊ ကိုက်လံ၊ စိမ်းပြာရေညှိ၊ ကြက်သွန်မြိတ်၊ တို့ ဟူး၊ ဆီးချိုသီး(အခြောက်)၊ ဌက်ပျော သီး၊ ထောပတ်သီး၊ ကြက်သွန်ဖြူ၊ ပဲပိစပ်၊ မှိုခြောက်၊ အာလူး၊ မျောက်ဥ၊ ဒိန်ခဲ(နို့ ခဲ)၊ တင်လဲ ရည်(သကာရည်) တို့ မှာ ဗီတာမင် B6 ကို လုံလောက် စွာ ရရှိနိုင်ပါတယ်။

(ဗီတာမင် B12)

အာရုံကြောများ အားကောင်းစေဖို့ ၊ မှတ်ဥာဏ်အားကောင်းစေဖို့ ၊ စိတ်ဓာတ်ကျခြင်းမှ ပြေေ ပျာက်စေဖို့ ၊ သွေးအားနည်းရောဂါ နှင့် အနီရောင်ဆဲလ်များ ကောင်းစွာထုတ်လုပ်နိုင်ဖို့  တို့  အတွ က် ဗီတာမင် B12 က မရှိမဖြစ်ပါ။ ခရု/ဂဏန်း/ပုစွန်/ဂုံးကောင် စတဲ့ အခွံမာေ ရသ တ္တ၀ါများ၊ ဘဲသား/အမဲသား စတဲ့ အနီရောင်အသား၊ အမဲအ သည်း၊ ကြက်ဆင်အ သည်း၊ ကြက်သား၊ ရေဘ၀ဲ၊ တူနာငါး၊ ငါးသေတ္တာငါး၊ ရေချိုရေငံ ငါးအမျိုးမျိုး၊ တို့ ဟူး၊ လူး/ဆပ်/ဂျုံ စတဲ့ ကောက်နှံစပါး အမျိုးမျိုး၊ နွားနို့ ၊ ချိစ်၊ ဒိန်ချဉ် နှင့် ကြက်ဥ/ဘဲဥ/ငုံးဥ တို့ မှာ ဗီတာမင် B12 ကို လုံ လောက်စွာ ရရှိနိုင်ပါတယ်။

(ဗီတာမင် C)
အရိုးသန်မာဖို့ ၊ သွား နှင့် ခံတွင်းကျန်းမာစေဖို့ ၊ သွေးကြောများပွင့်လန်းစေဖို့ ၊ ကင်ဆာေ ရာဂါ များ ကို တိုက် ထုတ်စေဖို့ ၊ အအေးမိ နှာစေး ချောင်းဆိုး ကူးစက်ရောဂါမဖြစ်စေဖို့  နှင့် အရေပြား အသားအရေကောင်းမွန်စေဖို့ တို့ အတွက် ဗီတာ မင် C က မရှိမဖြစ် ပါ။ ရှော က်/သံပုရာ/သံပရို/လိမ္မော် သီး စတဲ့ အချဉ်သီးမျိုးနွယ်များ၊ ကီဝီသီး၊ မာလကာသီး၊ ပန်းင ရုပ်ပွ၊ စတော်ဘယ်ရီသီး များ၊ ကိုက်လံ၊ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း(ဘရိုကိုလီ)၊ ခရမ်း ချဉ်သီး၊ ဂေါ်ဖီ၊ အစိမ်းရောင်ပဲသီး အမျိုးမျိုး တို့ မှာ ဗီတာမင် C ကို လုံလောက် စွာ ရရှိနိုင်ပါတယ်။

(ဗီတာမင် D)
ကယ်လ်စီယမ်ဓာတ်ကို စုပ်ယူမှုအားကောင်းစေဖို့ ၊ အရိုးသန်မာဖို့ ၊ ဆဲလ်များကြီးထွားဖို့ ၊ အာရုံေ ကြာ ကြွက် သားတွေ အား ကောင်းဖို့ ၊ ကိုယ်ခံစွမ်းအားကောင်းမွန်စေဖို့  နှင့် ခန္ဓာကိုယ်ဖောေ ယာင်ခြင်းမှ ကင်းဝေးစေဖို့ တို့ အတွက် ဗီတာမင် D က မရှိမ ဖြစ်ပါ။ နံက်နေရောင်ခြည်၊ ငါးကြီးဆီ၊ ပင်လယ်ငါးအမျိုးမျိုး၊ ကမာကောင်၊ ငါး ဥ၊ ကြက်ဥအနှ စ်၊ နွားနို့ နှင့် နို့ ထွက်ပစ္စည်း များ နှင့် မှို တို့ မှာ ဗီတာမင် D ကို လုံလောက်စွာ ရရှိနိုင် ပါတယ်။

(ဗီတာမင် E)
သွေးနီဥဆဲလ်များ ကောင်းစွာထုတ်လုပ်နိုင်ဖို့ ၊ ဦးနှောက်ကောင်းစေဖို့ ၊ ဆဲလ်ပျက်စီးမှုမှ ကာ ကွယ်နိုင်ဖို့ ၊ နှလုံးရောဂါ နှင့် ကင် ဆာရောဂါများမှ ကာကွယ်စေဖို့ ၊ အရွယ်တင်နုပျို လှပစေဖို့ ၊ အသားအရေ ချောမွေ့ စေဖို့ နှင့် အရွယ်မတိုင်ခင် မျက်စိမှုန်ခြင်းမှ ကင်းဝေး ဖို့တို့ အတွက် ဗီတာမင် E က မရှိမဖြစ်ပါ။ ဗာဒံစေ့/နေကြာစေ့/ဖရုံစေ့ စတဲ့ အခွံမာသီး အေ စ့အဆံများ၊ သံလွင် ဆီ ကဲ့ သို့ ဟင်းရွက်ဆီများ၊ ဂျုံ လူး ဆပ် ဆန် စတဲ့ကောက်နှံ အမျိုးမျိုး၊ ဟင်းနုနယ်/ပန်းဂေါ်ဖီ စိမ်း(ဘရိုကိုလီ) တို့ လို အစိမ်းရောင် ဟင်းသီးဟင်း ရွက် များ၊ ထောပတ်သီး၊ ပုစွန်ထုပ် နှင့် အဆီ များသောငါးအမျိုးမျိုး တို့ မှာ ဗီတာမင် E ကို လုံလောက်စွာ ရရှိနိုင်ပါ တယ်။

(ဖောလိပ် အက်ဆစ်)
အရည်အသွေးကောင်း ဆဲလ်သစ်များတည်ဆောက်နိုင်ဖို့ ၊ စိတ်ဖိစီးမှုပြေပျောက်နိုင်ဖို့ ၊ DNA မြှင့် တ င်နိုင်ဖို့ ၊ သွေးအားကောင်း စေဖို့ ၊ သန္ဓေသားကျန်းမာဖို့ ၊ အယ်လ်ဇိုင်းမာြး ဖစ်ခြင်းမှကာကွယ် နိုင်ဖို့ ၊ ဦးနှောက်နှင့်ပတ်သက်သော ကင်ဆာရောဂါ များမှ ကင်း ဝေးေ စဖို့ ၊ နှလုံးရောဂါဖြစ်ြ ခင်း မှ ကာကွယ်ဖို့  အတွက် ဖောလိပ်အက်ဆစ်(ခေါ်)ဗီတာမင် B9 က မရှိမဖြစ်ပါ။ သင်္ဘော/လိမ္မော်/ ဂရိတ်ဖရု/စတော်ဘယ်ရီ/ထောပတ်သီးစတဲ့ သစ်သီးများ၊ ဟင်းနုနယ်/မုန်ညင်စိမ်း/မုန်ုလာရွက်/ကညွတ်/ပန်းဂေါ်ဖီစိမ်း(ခေါ်)ပဲတောင့်ရှည်/ဗိုစားပဲသီး/ရုံးပတီသီး စတဲ့ အစိမ်းရောင် ဟင်းသီး ဟင်း ရွက်များ၊ နေကြာစေ့/မြေထောက်ပဲ/ဂုန်ေ လျှာ်စေ့/ဗာဒံစေ့ စတဲ့ အခွံမာသီးအစေ့အဆံ များ၊ ပန်းဂေါ်ဖီ၊ ပြောင်းဖူး၊ မုန်လာဥနီ၊ တရုပ် နံနံ၊ beet root(ခေါ်)သကြားမုန်လာ(ခေါ်)သွေးနီရောင် အရည်ရွှမ်းတဲ့ မုန်လာဥနီအ၀ိုင်း၊ ပဲနီလေး၊ ပဲပင်ပေါက် တို့ မှာ ဖောလိပ်အက်ဆစ်ကို လုံလောက် စွာ ရရှိနိုင်ပါတယ်။

(ဗီတာမင် K)
ဦးနှောက်၊ နှလုံး စတဲ့သွေးကြောများ သွေးခဲခြင်းမဖြစ်စေဖို့ ၊ ကင်ဆာရောဂါမှ ကာကွယ် ဖို့ ၊ အယ်လ်ဇိုင်းမား(ခေါ်)ဦးနှောက် ဇရာ အကြိုရောဂါမဖြစ်စေဖို့ ၊ အရိုးပွရော ဂါ နှင့် နှ လုံးရောဂါမှ ကာကွယ်နိုင်ဖို့ တို့ အတွက် ဗီတာမင် K က မရှိမဖြစ်ပါ။ ပင်စိမ်းရွက်/ကိုက်လံ/ဟင်းနုနယ်/မုန် ညင်း စိမ်း/ဆလတ်ရွက်/ပန်းဂေါ်ဖီစိမ်း/ကညွတ် စတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ကြက် သွန်မြိတ်၊ ဂေါ်ဖီ၊ သခွားသီး၊ ငရုပ်သီးမှုန့် ၊ ဥအနှစ် နှင့် တရုပ်ဆီးသီးခြောက် တို့ မှာ ဗီတာမင် K ကို လုံလောက်စွာ ရရှိနိုင်ပါ တယ်။

(နီအာစင်း)
နီအာစင်း(ခေါ်)ဗီတာမင် B3 က အစားအစာမှ စွမ်းအင်အဖြစ်သို့  ပြောင်းလဲပေးရုံသာ မက၊ ကိုလက် စ ထရောပမာဏကို လျော့ချ ပေးခြင်း၊ သွေးထဲရှိသကြား ပမာဏကိုမျှတေ စခြင်း၊ အေ ရပြားရောင်တင်းခြင်း၊ ၀မ်းသွားခြင်း၊ နာတာရှည် စိတ်ပျံ့ လွင့်ရောဂါ၊ မှတ် ဥာဏ်ချို့ ယွင်းခြင်း၊ အာခံတွင်းရောင်ရမ်းခြင်း၊ အလွန်အမင်း မောပမ်းနွ မ်း နယ်ခြင်း တို့ မှ ကာကွယ်ပေးနိုင်ပါတ ယ်။ ဂျုံ လူး ဆပ် ဆန် စတဲ့ကောက်နှံအမျိုးမျိုး၊ နို့ နှင့် နို့ ထွက်ပစ္စည်း များ၊ ဗူး ဖရုံ ဖရဲ သခွား ထောပတ် သီး သခွားမွှေးစတဲ့အခွံမာသီးများ၊ ကြက် ရင်ပုံသား၊ ၀က်ပေါင်သား၊ သိုးသားအသည်း၊ ဘဲ၊ ငန်း၊ အမဲနံရိုး၊ ပင်လယ်ငါး၊ မြေထောက်ပဲ၊ မှို၊ ပန်း ငရုပ်ပွအစိမ်းရောင်၊ ကညွတ်၊ ပန်းဂေါ်ဖီစိ မ်း၊ နေကြာစေ့၊ ပဲထောပတ်၊ ကော်ဖီ တို့ မှာ နီအာစင်းကို လုံလောက်စွာ ရရှိနိုင်ပါတယ်။

(ရီဗိုဖလာဗင်)
အရေပြားအဆီခမ်း ခြောက်သွေ့ ခြင်း၊ နှုတ်ခမ်းသားခြောက်သွေ့ ကွဲအက်ခြင်း၊ ခံတွင်း အပူကန် နာများ၊ လည်ချောင်းနာခြင်း စတဲ့ ဝေဒနာများအတွက်သာမက၊ ခန္ဓာကိုယ်တွင်း ကိုယ်ပ စွမ်းအင် ဓာတ်ပြုမှုလုပ်ငန်းစဉ်အတွက် ရီဗိုဖလာဗင်(ခေါ်)ဗီတာမင် B 2 က မရှိ မဖြစ်ပါ။ ဟင်းနုနယ် မုန် ညင်းစိမ်း မုန်လာရွက် စတဲ့ အစိမ်းရင့်ရောင်ဟင်းသီးဟင်း ရွက် များ၊ ကောက်နှံ၊ အသား၊ နို့ / ချိစ် / ထောပတ် စတဲ့နို့ ထွက်ပစ္စည်းများ၊ ဗာဒံစေ့၊ အမဲ သား၊ သိုးသား၊ ၀က်သား၊ အဆီများသောငါး၊ ကြက်ဥ/ဘဲဥ/ငုံးဥ စတဲ့ အ ကျက်ပြုတ်ထားသော ဥအမျိုးမျိုး၊ မှို၊ နှမ်းစေ့အဖြူ၊ ကင်းပွန်(ပြည်ကြီးငါး) တို့ မှာ ရီဗိုဖလာဗင်ကို လုံလောက်စွာ ရရှိ နိုင်ပါတယ်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

ဆေးသောက်နည်းလမ်းညွှန်

< ထမင်းမစားခင် ပဋိဇီဝဆေးသောက်ရမည်ဆိုပါလျှင် >
>> ထမင်းမစားခင် နာရီဝက်အလိုမှာ ဆေးသောက်ပါ။
>> ထမင်းမစားခင် ၂-မိနစ်လောက်အလိုမှ အချိန်ကပ်၍မသောက်ပါနှင့်။ (အကြောင်းကတော့ အစာနဲ့ ဆေးသောက်ချိန်နီး တဲ့အခါ၊ အချို့ သောဆေးများက အ စားအစာထဲရောပါပြီး၊ ဆေးစွမ်း သတ္တိဓာတ်ပြယ်သွားစေလို့ ပါ)

< ထမင်းစားပြီးနောက် ပဋိဇီဝဆေးသောက်ရမည်ဆိုပါလျှင် >
>> ထမင်းစားပြီးနောက် ၅ မိနစ်(သို့ မဟုတ်)၁၀ မိနစ်ခန့် ကြာမှဆေးသောက်ပါ။ (အကြောင်းကတော့ အချို့ ဆေးများက အစာအိမ်ကို အနှောင့်အယှက်ပြု၍ မအီမသာဖြ စ်စေသလို၊ အချို့ ဆေးများ ကလည်း အစာဟောင်းနှင့်ရော၍ မစင်အဖြစ် ပါသွားတာေ ကြာင့် ဆေးမတိုးတော့ပါဘူး)

< ဗိုက်တာမင်အားဆေး တစ်ခုခုမှီဝဲရမည်ဆိုပါလျှင် >
>> ဆေးသောက်ရန် အကောင်းဆုံးအချိန်က နေ့ လည်စာ ထမင်းစားပြီးနောက် ၅ မိနစ်(သို့ မဟုတ်)၁၀ မိနစ်ခန့် ကြာမှ သောက်ရမှာ ဖြစ်ပါတယ်။
>> ဗိုက်ထဲ အစာမရှိဘဲ (လုံးဝ) အားဆေးမသောက်ပါနှင့်။ (အကြောင်းကတော့ အထူးသဖြင့် ဗီတာမင်ဘီ နှင့် စီ အားဖြည့် ဆေးများဟာ ဆီးအဖြစ် ချက်ချင်းစွ န့် ပါ သွားတဲ့အတွက် ဆေးအာနိသင်ပျက်ပြယ်သွားကာ သောက်သမျှအားဆေး အချည်းနှီြး ဖစ်စေပါတော့တယ်)

< ဆေးပတ်လည်အောင် သောက်ပါ >
>> နေကောင်းသွားသည့်တိုင်အောင် သောက်လက်စဆေးကို ရပ်မပစ်ပါနှင့်၊ ဆရာ ၀န်ညွှန်ကြားသည့်အတိုင်း ဆေးပတ် လည်အောင် ဆက်သောက်ပါ။ (အကြောင်းကတော့ ဥပမာ-အဖျားကျသွားသော်လည်း၊ ခန္ဓာကိုယ်ထဲမှာ ငုပ်လျှိုးကျန်ရ စ် နေသေးတဲ့ အင်အားကြီး အဖျားပိုးက လူကို ထပ်မံဖျားနာစေတတ် လို့ အမြစ်ပြတ်ေ ချမှုန်းသည့်အနေဖြင့် ဆေးညွှန်းကုန် အောင် ဆက်သောက်ပါ)

< ပဋိဇီဝဆေးဝါးများနှင့် နွားနို့ အန္တရာယ် >
ဆေးဝါးများကို နွားနို့ နှင့်တွဲဖက်မသောက်သင့်ကြောင်း စာဖတ်ပရိတ်သတ်များ ကြား ဖူးကြမယ်ထင်ပါသည်။ အဘယ့်ကြောင့် မသောက်သင့်ပါသလဲ?
 

(1) ရောဂါတစ်ခုခုအတွက် ခံတွင်းမှမျိုချ သောက်သုံးလိုက်သော သောက်ဆေး များ ကို အစာအိမ်မှ အက်ဆစ်ဓာတ်ပြု၍ အစာချေဖျက်ပေးပြီး၊ သက်ဆိုင်ရာရောဂါ ထံ သို့  သွေးစီးကြောင်းများမှတဆင့် အနာနှင့်ဆေးတွေ့ စေ၍ ဝေဒနာသက် သာ လာေ စပါတယ်။
 

(2) နွားနို့ တစ်မျိုးတည်းသာ သောက်ပါက နို့ ထဲတွင်ပါရှိသော ကယ်လ်စီယမ် နှင့် အဟာရဓာတ်တို့ ကို အစာအိမ်မှဓာတ်ပြု ၍ ခွန်အားဖြစ်စေသည်မှာ မှန်သော်လဲ၊ အ ကယ်၍ တက်ထွာဆိုက္ကလင်း(tetracycline) အပါအ၀င်၎င်းနှင့်အာနိသင်တူ သောပဋိဇီဝဆေးဝါးများကို နွားနို့ ဖြင့် ရောသောက်မိပါက၊ နို့ ထဲတွင်ပါရှိသော ကယ်လ်စီ ယမ် ဓာတ်က ဟန့် တားစေ သော အစွမ်းရှိသဖြင့် ဆေးမတိုးစေနိုင်တော့ပါဘူး။ ထို့  အတူ ကော်ဖီ၊ လ္ဘက်ရည် နှင့် အချိုရည်တို့ တွင် ပါရှိသော ကဖိန်း ဓာတ်များကလည်း ခန္ဓာကိုယ်မှ ဆေးဝါးကို စုပ်ယူနိုင်မှု နှောင့်နှေးစေပါတယ်။
 

(3) ဒါကြောင့် မည်သည့်ဆေးဝါးအတွက်ဖြစ်စေ သောက်ရေတစ်မျိုး တည်းဖြင့်ေ သာက် သုံးခြင်းသည်သာ အမှန်ကန်ဆုံး ဖြစ်ပြီး၊ အစာမစားခင် (သို့ မဟုတ်) စားပြီးေ နာက်ပိုင်း ဆေးဝါးသောက်သုံးခြင်းက အကောင်းဆုံးဖြစ်ပါကြောင်း အိန္ဒိယ နိုင်ငံ မှ Dr.Sharib Azmi မှ Daily Health Tips တွင် အကြံပြုထားပါကြောင်း။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

သစ်သီး(လုံးဝ) မစားသင့်ဆုံးအချိန်

“ ဗိုက်ထဲမှာ ဘာအစာမျှမရှိတဲ့အချိန်မှသာ သစ်သီးတွေကိုစားသင့်ပြီး၊ ထမင်းစားပြီးပြီးချင်း မှာတော့ သစ်သီး(လုံးဝ)မစားသင့်” ကြောင်း အင်တာနက်သတင်းလွှာဖြစ်တဲ့ American Daily Health Tips မှာ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့ က အောက်ပါ အတိုင်း အကျယ်တ၀င့်ဖော်ပြသွားခဲ့ပါတယ်။

“ဖရဲသီးစားပြီးတိုင်း လေချဉ်တက်တယ်” “ပန်းသီးစားတဲ့အခါတိုင်း လေပွလာတယ်” “ဌက်ပျောသီးစားပြီးတာနဲ့ ဗိုက်နာသလိုလို ဖြစ်လို့ သန့် စင်ခန်းဝင်ရတယ်” စသည်ဖြင့် အချို့ က သစ်သီးနဲ့ ပတ်သက်လို့ စောဒကတက်ကြပါတယ်။ ဒီပြဿနာတွေနဲ့ ပတ် သက် လို့ သစ်သီးများဆိုင်ရာခန္ဒာဗေဒသုတေသီ တစ်ဦးဖြစ်သူ အမေရိကန်လူ မျိုး ဒေါက် တာ Herbert Shelton က “ တကယ် တော့ ဗိုက်ဆာနေတဲ့အချိန် (အစာအိမ်ဟောင်းေ လာင်ြး ဖစ် တဲ့အချိန်) သစ်သီးတမျိုးတည်းစားရင် အဲဒီလိုကျန်းမာရေးပြဿနာမျိုး တွေ မဖြစ်စေပါဘူး။ ထမင်းစားပြီးခါစ ချက်ချင်းဆိုသလို အသီးတွေတန်းစားမိတဲ့အခါ(ဒါမှမဟုတ်)သစ်သီးကို တခြားအစားအစာ တွေနဲ့ တွဲစားတဲ့အခါမှသာဖြစ်တာပါ။ သစ်သီးနဲ့ အဲဒီအစားအစာ တို့  ပေါင်းစပ်ဓာတ်ပြုပြီးတော့ ဂက်စ်ထွက်လာပြီး၊ အချဉ်ဖေါက် လာတာမျိုးပေါ့ ” လို့  ဆိုပါတယ်။

ဒါတင်မကသေးပါဘူး။ တာရှည်ခံအောင်ပြုပြင်ထားတဲ့ သံဗူး/ပုလင်း(ဖျော်ရည်-သစ်သီး ဗူး)ေ တွ မှာ သစ်သီးတွေကို အပူပေးပြုပြင် ထားတာမို့ ဗီတာမင်နဲ့  အာဟာရဓာတ်ေ တွ ပျောက်ဆုံးကုန်ပါပြီတဲ့။ အကယ်၍ ထိုသစ်သီးဖျော်ရည်ဗူးကို မဖြစ်မနေသောက် ရတဲ့ အခါမှာ ချက်ချင်းမြိုမချဘဲ ခေတ္တငုံထာားပြီးမှသာ မျိုချသင့်ကြောင်း၊ အဲဒီလိုပြုခြင်းက အချို ရည်နဲ့ ခံတွင်းထဲက တံတွေး တို့ ပေါင်းစပ်မိပြီး အချိုရည်ထဲမှာပါတဲ့ ကာဗွန်ဒိုင်အောက် ဆိုဒ်ဓာတ်ငွေ့ တွေ ပျက်ပြယ်သွားကာ အစာအိမ်ကိုဘေးဥပါသ် မဖြစ် စေတော့ပါဘူးတဲ့။

လတ်ဆတ်တဲ့ အော်ဂဲနစ်သစ်သီးဝလံတွေဟာ အဆိပ်အတောက်ပြေစေခြင်း၊ ခန္ဒာကိုယ် အလေးချိန်ကျစေခြင်း၊ သက်ရှည်ကျမ္မာ စေခြင်း၊ ကျန်းမာစွာဘ၀နေထိုင်မှုကိုပံ့ပိုးခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိစေပါတယ်။ ဒါ့ပြင် ဗိုက်ဆာ(အစာအိမ် ဟောင်းလောင်း ဖြစ်) နေ တဲ့အချိန် သစ်သီးတွေစားခြင်းက ဆံပင်မဖြူစေကြောင်း၊ ဦးခေါင်းထိပ်မပြောင်စေကြောင်း၊ စိတ်ဖိစီးမှုကိုထိန်းချုပ်ပေးနိုင် ကြောင်း၊ မျက်ကွင်းညိုခြင်းကို သက်သာစေကြောင်း ဒေါက် တာ Shelton က ဆိုထားပါတယ်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

ခန္ဓာကိုယ်အတွက် ခွန်အားကို ဖြစ်စေနိုင်သော သဘာဝ အစားအစာများ

ခန္ဓာကိုယ်တွင် ခွန်အားများ မရှိဖြစ်နေမယ် ဆိုပါက ဆေးသောက်စရာ မလိုဘဲ သဘာဝက ပေးတဲ့ အစားအစာ တွေနဲ့ပဲ ခွန်အားပြည့်အောင် ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် ခွန်အားကို ဖြစ်စေနိုင်တဲ့ အစား အစာများကို ရေးသားလိုက် ရပါတယ်။
ပျားရည်
ပျားရည်ဟာ အနည်းငယ် မှီဝဲလိုက်ရုံဖြင့် ခွန်အားကို များစွာရရှိစေနိုင် ပါတယ်။ ဒါတင်မက သေးပါဘူး ချောင်းဆိုးခြင်း အစားမကြေ ခြင်းနှင့် အခြားသော ရောဂါတွေ အတွက်လည်း ကောင်းမွန် တာကြောင့် မှီဝဲသင့်တဲ့ ဆေးကောင်း တစ်လက် ဖြစ်ပါတယ်။
ကြက်ဥ
ကြက်ဥကတော့ လူတိုင်းသိပြီးသား ဖြစ်တဲ့ ခွန်အားဖြစ် အစားအစာတစ်မျိုး ဖြစ်တာမို့ စားသင့်ပါတယ်။
အားလူး
အာလူးဟာလည်း ခန္ဓာကိုယ်အတွက် ခွန်အားကို ရရှိစေနိုင်ပါတယ်။ အလုပ်ကြမ်း လုပ်နေသူများ အဖို့ အားလူးကို နေ့စဉ် မှီဝဲသင့်ပါတယ်။
ငှက်ပျော်သီး
ငှက်ပျော်သီးကတော့ ခွန်အားဖြစ် အသီးတစ်ခု ဖြစ်တဲ့အပြင် စားရတာလည်း လွယ်ကူစေပါတယ်။
ပန်းသီး
ပန်းသီးကလည်း ဆေးကောင်းတစ်လက် ဖြစ်ပါတယ်။ ကုပ်ကွေးရောဂါများ ဖြစ်လို့ အားအင်မရှိဘူးဆိုရင် ပန်းသီးကို စားပးပါက ခွန်အားရရှိစေနိုင်ပါတယ်။

Ref -healthnews
ကျော်လင်းနိုင် (ရိုးရာလေး)

သစ်သီး အစားသင့်ဆုံး အချိန်

သစ်သီးဝလံတွေ အစားသင့်ဆုံးအချိန်များကတော့
 (က)နံက်အိပ်ယာထ ရေသောက်ပြီးတဲ့ အချိန် 
(ခ) ထမင်းမစားခင် ၁-နာရီ ခန့် အလို 
(ဂ) ထမင်းစားပြီးနောက် နှစ်နာရီအကြာ …စတဲ့ အချိန်ေ တွဖြစ်ပါတယ်။ ဆက်လက်၍ သစ်သီးတမျိုးစီနဲ့  ပတ်သက်လို့  အောက်ပါအတိုင်း ထပ်လောင်း အကြံပြု လိုပါတယ်။

(ကီဝီသီး)

ပိုတက်စီယမ်၊ မဂနီစီယမ်၊ ဗီတာမင်အီး၊ အမျှင်ဓာတ်တို့ ပါရှိလို့  ကျန်းမာရေးကိုဘက်စုံေ ကာင်းစေ ပါတယ်။ ဒါ့ပြင် ကီဝီသီးထဲမှာပါတဲ့ ဗီတာမင်စီက လိမ္မော်သီးထက် ၂-ဆပိုပါတယ်။

(ပန်းသီး) 


ပန်းသီးထဲမှာ ဗီတာမင်စီ ပါဝင်မှုမများပေမယ့်၊ ကျန်းမာရေးအတွက်မရှိမဖြစ် ဓာတ်တိုးဆန့် ကျင် ပစ္စည်း များနဲ့  ဖလေဗို နွိုက်ဓာတ်ပေါင်းစုတို့ ပါရှိလို့  အူမကြီးကင်ဆာ၊ နှလုံးရောဂါ နဲ့  လေဖြတ်ြ ခင်း စသည့်ရောဂါများ ဖြစ်လာနိုင်ချေ အလားအလာကို လျော့ပါးသက်သာစေပါတယ်။

(စတော်ဘယ်ရီ)

 ဓာတ်တိုးဆန့် ကျင်ပစ္စည်းမြင့်မားတဲ့ အသီးဖြစ်၍၊ ကင်ဆာရောဂါများကို ကာကွယ်ပေးပါတယ်။ မလိုလားအပ် တဲ့ free radicals များကိုတိုက်ထုတ်ပေးပြီး သွေးကြောများပိတ်ဆို့ ခြင်းမဖြစ်ေ စတော့ပါဘူး။

(လိမ္မော်သီး) 


တနေ့ ကို လိမ္မော်သီး ၃-လုံး ပုံမှန်စားပေးခြင်းဖြင့် အအေးမိခြင်း(လုံးဝ)မဖြစ်စေနိုင်ပါဘူး။ လိမ္မော်သီးမှာ အက်ဆစ် ဓာတ်ကြွယ်ဝပေမယ့် ခန္ဒာကိုယ်အတွက် အယ်လ်ကာလီမျှတစေတြာေ ကာင့် ကိုလက်စ ထရောကျစေခြင်း၊ ဆီးကျောက်ကျေ စေခြင်း၊ အူမကြီးကင်ဆာဖြစ်နိုင်ချေအ လား အလာကို လျော့ချပေးခြင်း စတဲ့ကောင်းကျိုးတွေပေးပါတယ်။

(ဖရဲသီး) 

ဖရဲသီးမှာ ခွန်အားပြည့် glutathione ဓာတ်တွေ အမြောက်အများပါရှိတဲ့အပြင်၊ ကင်ဆာများ ကို တိုက်ထုတ်ပေးတဲ့ lycopene ဓာတ်ရရှိရာ အရင်းအမြစ်လဲ ဖြစ်ပါတယ်။ ဒါ့ပြင် ရေဓာတ် ၉၂ရာခိုင်နှုန်းနဲ့ ဖွဲ့ စည်းထားတာကြောင့် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါတယ်။

(မာလကာသီး နဲ့ သင်္ဘောသီး) 


ထိုအသီး ၂-မျိုးစလုံးမှာ ဗီတာမင်စီ ကြွယ်ဝစွာပါရှိပါတယ်။
  မာလာကာသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါရှိလို့ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။  
 သင်္ဘောသီးထဲမှာပါရှိတဲ့ ကယ်ရိုတင်း ဓာတ်က မျက်လုံးအားကောင်းစေ ပါတယ်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)




23 Jul 2014

အိမ်ထောင်သည်အမျိုးသားများ စားသုံးသင့်သော အကောင်းဆုံး အစားအသောက်များ

( ၁ ) ကမာကောင်
( ၂ ) ဟင်းနုနယ်ရွက် နှင့် အစိမ်းရောင်အရွက်များ
( ၃ ) လဖ္ဘက်ရည်ကြမ်း ( ဂရင်းတီး၊ ရိုးရိုးလဖ္ဘက်ခြောက် )
( ၄ ) မက်မွန်သီး
( ၅ ) ကြက်ဥ
( ၆ ) ငှက်ပျော်သီး
( ၇ ) အနီရောင် ၀ိုင် နှင့် အသားများ
( ၈ ) နွားနို့ 
( ၉ ) အဆီကြွယ်ဝသောငါးအမျိုးမျိုး ( အိုမီဂါ-3 ပါဝင်မှုများသောငါးများကပိုကောင်းမွန်ပါသည် )
( ၁၀ ) ဂျုံနှင့်ဂျုံ ထွက်အစားအစာများ
( ၁၁ ) အမဲရောင်ချောကလက်
( ၁၂ ) ကညွှတ်
( ၁၃ ) ဘယ်ရီသီးအမျိုးမျိုး
( ၁၄ ) ချယ်ရီသီး
( ၁၅ ) ပရိုတိန်းဓါတ်ပါသော ပဲအမျိုးမျိုး

အမျိုးသားများ ကျန်မာရေးအတွက်ပုံမှန်စားသုံးသင့်သောအစားအသောက်များ၊
---------------------------------
( ၁ ) အနီရောင်၊ အ၀ါရောင်ရှိသောအသီးများ
( ၂ ) ငရုတ်ပွများ ( အနီရောင်၊အ၀ါရောင်ရှိသော အချိုငရုတ်သီးများလည်းစားသုံးနိုင်ပါသည် )
( ၃ ) ကြက်သွန်ဖြူ
( ၄ ) အစိမ်းရောင်မုန်လာထုပ် ( Broccoli )
( ၅ ) လဖ္ဘက်ရည်ကြမ်း ( ဂရင်းတီး၊ ရိုးရိုးလဖ္ဘက်ခြောက် )
( ၆ ) နို့ နှင့်နို့ ထွက်ပစ္စည်းများ
( ၇ ) ထောပါတ်သီး
( ၈ ) အမဲသား
( ၉ ) ခရမ်းချဉ်သီး
( ၁၀ ) အနီရောင် ၀ိုင်
( ၁၁ ) မြေပဲဆံ
( ၁၂ ) အဆီကြွယ်ဝသောငါးအမျိုးမျိုး ( အိုမီဂါ-3 ပါဝင်မှုများသောငါးများကပိုကောင်းမွန်ပါသည် )
( ၁၃ ) ဂျုံနှင့်ဂျုံ ထွက်အစားအစာများ
( ၁၄ ) ပဲပုပ်စေ့
( ၁၅ ) ဖရုံစေ့
( ၁၆ ) အုန်းရေ
( ၁၇ ) ငှက်ပျောသီး
( ၁၈ ) ဘယ်ရီသီးအမျိုးမျိုး
( ၁၉ ) ချယ်ရီသီး
( ၂၀ ) ပရိုတိန်းဓါတ်ပါသော ပဲအမျိုးမျိုး
( ၂၁ ) သလဲသီး
( ၂၂ ) သစ်ကြံ့ ပိုးခေါက်
( ၂၃ ) ဆပ် ( ကျိုချက်စားသောက်ရသော ကောက်ညှင်းကဲသို့သောအစေ့များ )

source : menshealth.com

“ဆား” ပွင့်လေးရဲ့ အသုံးဝင်ပုံ

“ဆား” ဟု ကြားလိုက်သည်နှင့်တပြိုင်နက်တည်း အဖြူရောင်ခပ်ကြမ်းကြမ်းအ မှုန် ့ေ လးေ တြကို မျက်လုံးထဲမြင်ယောင်လာကာ “ငန်လိုက်တာ" လို့ သဘောပေါက်လေ့ ရြှိ ကပါတယ်။ ဆားကို ဓာတုဗေဒနည်းဖြင့် ခွဲခြမ်းစိပ်ဖြာကြည့်ပါက၊ ကလိုရိုက်အိုင်းယွန်း နဲ့ ဆိုဒီယမ်အိုင်းယွန်းတို့ ပေါင်းစပ်ထားသော ဆိုဒီယမ်ကလိုရိုက်သတ္တုဓာတ်ပေါင်းဖြစ် ပါတယ်။ ဆား ကို အကြမ်းပြင်းအားဖြင့် (၁) ဆားကြမ်း (၂) စားပွဲတင်ဆား နှင့် (၃) အိုင်အိုဒင်းဆား ဟူ၍ ၃မျိုး ခွဲခြားထားပါတယ်။ ပင်လယ်ရေကရရှိပြီး သဘာဝအတိုင်း မပြုပြင်ရသေးတဲ့ ခပ်ကြမ်းကြမ်းရှတတရှိသော ဆားခဲကြီးကို ဆားကြမ်းလို့ ခေါ်ပါ တယ်။ အဲဒီဆားကြမ်းခဲကြီးများကို အရောင် ချွတ်ဆေးသုံးပြီး ဖြူဖွေးသန့် စင်စေ ကာ ၊ နူးညံ့မှုန့်ညက်နေအောင် စက်ဖြင့်ကြိတ်ထားကိုတော့ စားပွဲတင်ဆား လို့ ခေါ်ပါ တ ယ်။ ဆားငန်ရည် (သို့ ) ဆားကြမ်းကို အိုင်အိုဒင်းဓာတ်ဖြည့်စွက်ကာ၊ အဖြူရောင်/ ပန်းရောင် /မီးခိုးရောင်ဖျော့ဖျော့ ဆားပုံဆောင်ခဲ လေးတွေအဖြစ် ပြုပြင်ထားတာကို အိုင်အိုဒင်းဆားလို့ ခေါ်ပြီး၊ သူကတော့ စားပွဲတင်ဆား လောက်မနူးညံ့ပါဘူး။

သမိုင်းရာဇ၀င်များအရ၊ ကမ္ဘာပေါ်တွင် ဆား ပထမဦးစွာ ထွက်ရှိသောဒေသမှာ ရိုေ မးနီးယားနိုင်ငံ Lunca ဒေသဖြစ်ပြီး၊ လွန်ခဲ့ သော ၆၀၅၀-ဘီစီကတည်းကလို့  ဆိုပါ တယ်။ အဲဒီကာလများမှာ ဆားဟာ တန်ဘိုးကြီးရတနာဖြစ်လို့  ဆား (၁)အောင်စ ဟာ ရွှေစင် (၁)အောင်စ နဲ့ တန်ဘိုးတူပါတယ်တဲ့။ ရှေးယခင် အိန္ဒိယ နှင့် ကိုရီး ယား နိုင်ငံ များတွင် ဆားဟာ လွန်စွာအဖိုးထိုက်တန် ရှားပါးလို့  ဆားကြောင့် စစ်ပွဲ မျာြး ဖစ်ခဲ့ကြပါသတဲ့။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှေးယခင်ကာလကတည်းစလို့ ဆားကို ရိုးရာဘာသာ ရေး ထုံးတမ်းအစဉ်အလာများအရ တွင်ကျယ်စွာသုံးစွဲလာခဲ့ကြတာ ယေ န့ ထက်တိုင်အောင်ပါဘဲ။ အီဂျစ်မာမီးရုပ် အလောင်းများ မပုပ်သိုးအောင်ဆေးရည် စိမ်စီမံရာမှာ ဆားကို အသုံးပြုကြပါတယ်။ ဂျာမနီနိုင်ငံတွင် ကြင်စဦးဇနီးမောင်နှံတို့ အ တွက် မကောင်း သောဂြိုလ်ဆိုးများ ပပျောက်ရန် အိမ်ခန်းထောင့်များကို ဆားပုံထာြး ကရပါတယ်။ ဂျူးရိုးရာ Shabbat ဘာသာရေးအခမ်းအနား များမှာ ဆားနဲ့ ပေါင်မုန့်ြ ဖင့် ဧည့်သည်တော်များကို ဧည့်ခံလေ့ရှိကြပါတယ်။ ကက်သလစ်ဘုရားကျောင်း များ မှာလဲ မကောင်း သောအညံ့ဆိုးတွေ ပြေပျောက်ဖို့  ဆားလက်တစ်ဆုပ် စာပမာဏဖြင့် ပုခုံးရဲ့ ရှေ့ ဘက်ကနေ အနောက်ဘက်သို့ ပက်ပေးရ ပါတယ်။ ဂျပန်နိုင်ငံရှိ ဆူမိုန ဘ မ်းပွဲများမှာလည်း၊ ပြိုင်ပွဲဝင်များဟာ မကောင်းသော ကံများပျောက်ပြီးအနိုင်ရစေ ဘို့  ရည်ရွယ်ကာ ပွဲမစခင်ကြိုးဝိုင်းထဲမှာ ဆားကိုစက်ဝိုင်းပုံသဏ္ဌာန် ဖျန်းပက်ကြပါတယ်။ အာ ရှတိုက်နိုင်ငံအသီးသီးမှာလဲ ထိုနည်း၎င်းပါဘဲ။ အထူး သဖြင့် ကိုရီးယားနိုင်ငံမှာ မကောင်းဆိုးဝါးများကို မောင်းထုတ်သည့်အနေဖြင့် အမှောင့်ပယောဂ ပူးနေသည့် သူကို ဆားဖြင့် ဖျန်းပက်လေ့ရှိပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံမှာလဲ၊ မြတ်စွာဘုရားရှင်လက်ထက်တော်ကာလကတည်းက ဆွမ်းပဒေသာပင် လှူဘွယ်ပစ္စည်းတို့ တွင် ဆားလည်း တစ်မျိုးအပါအ၀င်ဖြစ် ပါ တ ယ်။ မြန်မာလူမျိုးများ ရှေးရိုးစွဲအယူအဆအရ၊ အိမ်သစ်တက် သောနေ့ တွင် အိမ် အ ၀န်းအ၀ိုင်း တွင်း/ပြင် သို့ ဆားပက်ဖျန်းလေ့ရှိကြတာ ယနေ့ ထက်တိုင်အောင်ပါ။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဆား ကို ဟင်းခတ်ပေါင်ဒါမှုန့် အဖြစ် မဖြစ်မနေ သုံးစွဲလျှက်ြ ကသလို၊ မြန်မာပြည်မှာလဲ ကမ္ဘာ့နှင့်ရင် ဘောင်တန်းကာ ဆား စားသုံးမှုလက် မနှေး ကြပါဘူး။ ဆားကိုမည်မျှ စွဲလန်းသလဲဆိုရင် “အချစ်မပါ တဲ့ အိမ်ထောင်ရေးဟာ၊ ဆား မပါတဲ့ဟင်းလိုဘဲ” ဟု ဆား၏အရေးပါပုံကို တင်စားကြရပါတယ်။ ကျွန်မတို့ နေ့ တဓူဝ စားေ သာက် နေကြသော အကြော်/ အလှော်/အချက်/အပြုတ်/အသုပ်/အကင်/အဖုတ်/ဟင်းချို/ဟင်းခါး/ချဉ်ရည်တို့ တွင် အငံဓာတ်ရှိသော ဆားပါမှ ဟင်းရဲ့ အချို ဓာတ် ဟာလဲ ပို၍လေးပင်လာမှာပါ။ မြန်မာ့ရိုးရာ မုန့် ပဲသွားရည်စာများမှာလဲ ဆား နဲ့ မလွ တ်ကင်းကြသလို၊ ယုတ်ဆွအဆုံး သစ်သီးဖျော်ရည် တို့ တွင် ဆားမှုန်နဲနဲထဲ့ပါမှ လေေ ကျစေပါတယ်။ “မြန်မာ့ငပိ၊ ကမ္ဘာကသိ” ဆိုရိုးစကားအတိုင်း ကမ္ဘာကျော် ငပိကလဲ၊ ငါးကိုရေဆေး၊ ဗိုက်ခွဲကာအူတွေထုတ်ပြီး၊ ဆားနဲ့  အပုပ်ခံလုပ် ထားတာပါဘဲ။

ဆား ကို နေရာဒေသမရွေးဈေးပေါပေါနှင့် အလွယ်တကူဝယ်ယူရရှိနိုင်လို့  သူ့ ရဲ့ေ ကာင်းကျိုးပြုပုံတွေကို သတိမထားမိကြ ပေ မယ့်၊ သင့်တင့်လျောက်ပတ်စွာ အကျိုးရှိ ရှိသုံးတတ်ရင်တော့ အလွန်ဆေးဘက်ဝင်ပါတယ်။ ဒါကြောင့် မြန်မာ့ရိုးရာတိုင်း ရင်းေ ဆးဝါးများဖော်စပ်ရာမှာ၊ အသုံးပြုလေ့ရှိပါတယ်။ ဆေးသိပ္ပံပညာရှင်များရဲ့  သုတေသ နပြုချက်များအရ၊ သဘာဝပင်လယ်ရေမှ ချက်လုပ်သောဆားဟာ စားပွဲတင်ဆားထက် ပိုမိုဆေးဘက်ဝင်တယ်လို့  ဆိုပါတယ်။ crystal salt (ခေါ်) အိုင်အိုးဒင်းဆား ကတော့ အိုင်အိုဒင်းဓာတ်ချို့ တဲ့သူများ အတွက်အထူးသင့်တော်ပါတယ်။ ကျွန်မတို့ ခန္ဓာကိုယ် မှာ ရေဓာတ်နဲ့  အငန်ဓာတ်မရှိရင် အသက်မရှင်နိုင်ပါဘူး။ ဥပမာ သွေး၊ ချွေး၊ မျက် ရည်တွေဟာ အငန်ဓာတ်ရှိနေလို့ ၊ လူတစ်ဦးအနေဖြင့် တစ်နေ့တာ လိုအပ်တဲ့ ဆားပ မာဏဟာ အသက်အရွယ်အလိုက် ၁၅၀ဝ မီလီဂရမ်မှ ၂၃၀ဝ မီလီဂရမ်မျှလိုအပ် ပါတယ်။ ကဲ….ဆားပွင့်လေး မှ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ ? အောက်ပါအတိုင်းလေ့လာကြည့်လိုက်ကြရအောင်။

(၁) ဆားဟာ အပူဓာတ်အနေနဲ့ လူတွေကိုကောင်းကျိုးပြုနိုင်လို့ ၊ ဥပမာ မိုးမိ၍ခိုက် ခိုက်တုန်ချမ်း နေသူများကို ဆားဖျော်ရည် တိုက်ခြင်းဖြင့် ချက်ချင်းဆိုသလို ခန္ဓာကိုယ် အနွေးဓာတ်ရရှိလာစေပါတယ်။
(၂)ဆားဟာ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေလို့ ၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး စတဲ့ ရာသီ ဖျားများကို အလွယ်တကူ မကူးစက်စေနိုင်ပါဘူး။
(၃) ခေါင်းလျှော်တဲ့အခါ ရေထဲမှာ ဆားနည်းနည်း ထည့်လျှော်ပေးပါက၊ ဆံပင်ကျွတ် တာကို ကာကွယ်နိုင်သလို၊ ဗောက်များ လဲ သေစေပါတယ်။
(၄) ခန္ဓာကိုယ်ထဲမှာ ဆားဓါတ်နည်းရင် အားအင်ကုန်ခမ်းပြီးမူးဝေတတ်တြာေ ကာင့်၊ ချွေးထွက်များသောကာယလုပ်သားများ၊ ၀မ်းလျှောသူများ၊ အာဟာရနည်းပြီး အားပြတ်သောလူမမာများနှင့် နွေရာသီလို အပူဓာတ်ပြင်းကာ ချွေးထွက်လွန်သူများ ဓာတ်ဆားရည်ကို သောက်ပေးသင့်ပါတယ်။
(၅) မြွေကိုက်ခံရပါက၊ ဆေးရုံ/ဆေးခန်းသို့  မသွားခင် အဆိပ်ရဲ့ စုဖွဲ့ မှုကိုအပူ နဲ့ တို က်ထုတ်သည့် အနေဖြင့် ဆားရည်ပျစ်ပျစ် ဖျော်သောက်ပေးရပါတယ်။ ဒါမှသာ အဆိပ် များပြန့် မလာတော့ဘဲ၊ အသက်ချမ်းသာရာ ရစေမှာပါ။
(၆) သွားကိုဆားနဲ့ ပုံမှန်တိုက်ပေးပါက၊ သွားပိုးမစာ/သွားခိုင်စေသည့်အပြင်၊ ခံတွင်း ရနံ့ လဲ ရှင်းသန့် စေမှာပါ။ အာခံတွင်းနံ့  ဆိုးသူများ နှင့် တံတွေးမကြာခဏထွက်တတ် သူများသည် ဆားငံရည်ပလုပ်ကျင်းပေးခြင်းဖြင့် သက်သာရာရစေပါတယ်။
(၇) ယားနာရှိသူများ၊ အသားရည်ခြောက်သွေ့ သူများ၊ ၀ဲနှင်းခူဝေဒနာသည် များ၊ သွေး မသန့် ၍အရေပြားယားယံကာ အဖု အပိမ့်ထွက်သူများသည် ဆားငံရည်ဖြင့် ရေချိုး သန့် စင်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
(၈) ဆားဟာ ချွေးပေါက်များပွင့်လာကာ၊ အရေပြားထဲရှိ သွေးလည်ပတ်မှု ပုံမှန်ဖြစ်စေ လို့  ၀က်ခြံပေါက်သူများ သနပ်ခါး ထဲမှာ ဆားရေကျဲရောစပ်လိမ်းပေးနိုင်ပါတယ်။ အ သားအရေကိုလဲ ချောမွေ့ လာစေပါတယ်။
(၉) လမ်းများများလျှောက်သူများ၊ မတ်တပ်အကြာကြီးရပ်၍အလုပ်လုပ်ရေ သာသူ များ နှင့် ခရီးရှည်သွားပြီးနောက် ခြေ ထောက်များသွေးကျပြီး ရောင်ရမ်းနာကျင်ပါက ဆားရည်စိမ်ပြီး အသာအယာ နှိပ်နယ်ပေးခြင်းဖြင့် သက်သာလာ စေပါတယ်။
(၁၀) မွေးရာပါ မျက်စေ့မှုန်သူများ နှင့် အညောင်းထိုင်ကာ အပူခဲသူများသည် ညအိပ် ယာဝင်ခါနီး ဆားကြမ်းနင်းပေးပြီး၊ ဒူးခေါင်းအထက်မှ ရေလောင်းချကာ ပုံမှန်လုပ်ေ ပးခြင်းဖြင့် မျက်စေ့အမြင် ကြည်လင်စေပါတယ်။
(၁၁) မျက်သားတက်ကာ၊ မျက်စေ့ယားယံသူများအတွက် ဆားရည်ကြည်အနဲငယ်ကို မျက်စဉ်းခပ်ပေးနိုင်ပါတယ်။
(၁၂) သင်တစ်နေ့ တာစားလိုက်သော ဆားပမာဏ၏ ၁/၄ ပုံဟာ အရိုးထဲရောက် ရှိသွားပြီး၊ အရိုးကိုသန်မာလာစေပါတယ်။ ဒါကြောင့် အရိုးကြွတ်ဆတ်ရောဂါရှိ သူများ အတွက် သင့်တင့်မျှတသော ဆားငံရည် သောက်သုံးပေးသင့်ပါတယ်။
(၁၃) ပင်လယ်ဆားငံရည်ထဲမှာ ခန္ဓာကိုယ်ထဲရှိ serotonin နှင့် melatonin ဟိုမုန်းများ ကို လှုံ့ ဆော်ပေးသောကြောင့်၊ ပင်လယ်လေ ရှုရိုက်ပေးပါက၊ စိတ်ကျရောဂါမဖြစ်ေ တာ့ ဘဲ လူကိုလန်းဆန်းတက်ကြွလာစေကာ၊ ညဘက်လဲ ကောင်း ကောင်း အိပ်ေ ပျာ်စေပါတယ်။ ဒါ့ပြင် ပင်လယ်လေ ၀၀ရှုရှိုက်ပေးခြင်းဖြင့် အဆုတ်ကိုလည်း ကျန်း မာေ စပါတယ်။ ထိပ်ကပ်နာရောဂါကိုလဲ ပျောက်စေနိုင်ပါတယ်။
(၁၄) ဆား ဟာ ကိုယ်ခန္ဓာအလေးချိန်ကို ကျစေတယ်ဆိုတာကို ယုံမှားသံသယမဖြစ် ပါနှ င့်။ အဘယ်ကြောင့်ဆိုသော်၊ ဆားဟာ အစာ ချေဖျက်မှုကို အားပေးပြီး၊ အူလမ်းေ ကြာင်းကို အထောက်အကူပြုကာ ၀မ်းမချုပ်စေတဲ့အတွက် ကိုယ်အလေးချိန် တက်ခြင်း ကို ဤနည်းဖြင့် တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးခြင်းပါဘဲ။
(၁၅) ဆားဟာ ကိုလက်စထရောပမာဏကို လျော့ချပေးတြာေ ကာင့်၊ နှလုံးသွေးေ ကြာများအဆီမပိတ်ဘဲ ပွင့်လန်းလာကာ နှလူံခုန်နှုန်းကို ပုံမှန်ဖြစ်စေလို့ ၊ နှလုံးကျ န်းမာစေပါတယ်။
(၁၆) ပန်းနာဝေဒနာသည်များ အလွန်အမင်းမွန်းကြပ်လာပါက၊ ဆားမှုန်ကို လျှာပေါ် ပွတ်ပေးပြီး၊ ရေတိုက်ပေးသင့်ပါတယ်။
(၁၇) သင့်တင့်မျှတသော ဆားပမာဏဟာ ခန္ဓာကိုယ်ထဲရှိ အင်ဆူလင်ပမာဏကိုေ လျာ့ချ၍၊ အချိုဓာတ်ပမာဏကို ထိန်းညှိပေး တာကြောင့် ဆီးချိုရောဂါသည်များ အား ထားလောက်ပါ တယ်။
(၁၈) ပိုတက်စီယမ်ဓာတ်ဟာ ကြွက်သားများကို ကောင်းစွာအလုပ်လုပ်နိုင်စေရန် အထောက်အကူပေးတာကြောင့် ၊ သဘာဝ ပိုတက်စီယမ်ကြွယ်ဝသော ပင်လယ်ဆား ကြမ်းရည်ကို သင့်တင့်လျောက်ပတ်စွာ သောက်သုံးခြင်းဖြင့် ကြွက်တက်ခြင်း မဖြစ်ေ စပါ။ ဒါ့ပြင် ကြွက်သားများကိုလဲ ခွန်အားဖြစ်စေပါတယ်။
(၁၉) အသံဝင်ချွဲသလိပ်ကပ်သူများ နှင့် အာသီးရောင်သူများ ဆားရည်နွေးနွေးဖြင့် အာသီးကိုပလုပ်ကျင်းပေးနိုင်ပါတယ်။
(၂၀) ခန္ဓာကိုယ်ထဲရှိမလိုလားအပ်သော အက်ဆစ်များကို ဆီးအဖြစ်ထုတ်ပေးစေ လို့ ၊ ကျောက်ကပ်ကို ကျန်းမာစေပါတယ်။ ဒါ့ပြင် လိင်စိတ်ဆန္ဒ ကို တိုးမြှင့်ပေးပါတယ်။
(၂၁) အိုင်အိုဒင်းဆားဟာ ဦးနှောက်ဆဲလ်များကို ကောင်းကျိုးပြုစေလို့ ၊ ကိုယ်ဝန်ေ ဆာင် မိခင်များ စားသုံးပေးသင့်ပါတယ်။

ကျန်းမာရေးအပြင် အိမ်ရှင်မများအတွက် ဆားရဲ့ အကျိုးပြုပုံတွေကတော့

  (၁) ရေစိုနေ တဲ့ယမ်းမီးခြစ်ကို ဆားပေါ်မှာ တင်ထား ရင် မိနစ်အနည်းငယ်အတွင်း ခြောက်သွေ့ လာနိုင်ပါတယ်။
 (၂) ဘုရားစင်ပေါ်က ပန်းများကို ကြာကြာခံအောင် ပန်းအိုးထဲကရေ ကို ဆားနဲနဲခပ်ပေးရပါမယ်။
 (၃) မီးဖိုချောင်သုံး ဓား ကို ဆားရေနဲ့ သွေးပေးရင် ဓားပို ထက်လာပါတယ်။
 (၄) အိပ်ယာတွင် ဂျပိုးတွယ်ပါက၊ ခြင်ထောင် နဲ့ ဖျာတို့ ကို ဆားင န်ေ ရ လောင်းပေးနိုင်ပါတယ်။
 (၅) အသစ်ဝယ်လာသော ဖန်ခွက်၊ ဖန်ပန်းအိုး၊ ဖန် ကန်း ပန်ပြား စသည့်ဖန်ထည်ပစ္စည်းတို့ ကို ဆားရည်ထဲမှာ ခေတ္တမျှစိမ်ထားခြင်းဖြင့် အလွယ်ကတူ အက်မကွဲနိုင်တော့ပါ။

ကဲ…ဆားရဲ့ အသုံးဝင်ပုံအဖုံဖုံကို အထက်ပါအတိုင်းသိမြင်ကြရပါပြီ။ လူတို့ အတွက် သာမက၊ သက်ရှိတိရစ္ဆာန်များ နှင့် အပင်တွေ အတွက်လည်း အနည်းအကျဉ်းပမာဏ မျှရှိသော ဆားက မရှိမဖြစ်လိုအပ်တဲ့အရာလေးပါဘဲ။ 

 ဒါပေမယ့် 
ဆား အရေအတွက် များများကြီး စားမိပြီဆိုရင်တော့ သွေးတိုးရောဂါအပြင်၊ သွေးတိုးရောဂါနှင့် ပတ်သက် စပ်ဆက်လျှက်ရှိတဲ့ နှလုံးရာဂါ၊ လေငန်း ရောဂါတို့ ဖြစ်လာစေမှာ ဧကန်မလွှဲပါ။
 ထို့ြ ပင် ဆားအလွန်အကျွံစားသုံးပါက၊ ကျောက်ကပ်ကိုလဲ ပျက်စီးစေပါတယ်။ သွိုင်းရွို က် ဝေဒနာသည်များ အိုင်အိုဒင်းဆား ကိုအထူးရှောင်ရှားသင့်ပါတယ်။ ဆားအလွန် အကျွံသုံးစွဲပါက၊ လူသာမက သက်ရှိတိရစ္ဆာန်များ နှင့် အပင်တွေကိုလဲ ဘေးထွက်ဆိုး ကျိုးများဖြစ်စေနိုင်လို့ ၊ သင့်တင့်မျှတရုံပမာဏ သုံးစွဲခြင်းဖြင့် ကျန်းမာသုခရနိုင်ကြ ပါစေလို့  ဆန္ဒပြုလိုက်ရပါတယ်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
ကိုးကား (encyclopedia : health benefits of salt)
-
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

22 Jul 2014

ကင်ဆာဆဲလ်တွေကိုတောင်သေစေနိုင်တဲ့ အံသြဖွယ်အစွမ်းနဲ့ ဖျော်ရည်

ရှေးကတည်းကအဆင့်ဆင့်လက်ဆင့်ကမ်းခဲ့တဲ့အစွမ်းထက်ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။
ယုံကြည်စွာသောက်သုံးကြည့်ပါ။ ခန္ဓာကိုယ်ကို ဘေးမဖြစ်စေပါဘူး။
ကောင်းကျိုးသာရစေတဲ့အစွမ်းထက်ဖျော်ရည်ဖြစ်ပါတယ်။
ဒီဖျော်ရည်ကို အာလူးတစ်လုံး ( တစ်ချိုတွေကတော့ Beetroot
လို့ခေါ်တဲ့ဥတစ်မျိုးနဲ့လည်းအာလူးနေရာမှာအစားထိုးသုံးပါတယ် )၊ မုန်လာဥနီ
တစ်တောင့်၊ ပန်းသီးတစ်လုံးပေါင်းစပ်ပြီး ဖော်စပ်ရတာပါ။
သစ်သီးအားလုံးကိုဆေးကြောသန့်စင်ပါ။ အခွံခွာပါ။ ပြီးရင်ဖျော်စက်ထဲထည့်
ကြိတ်ပြီးသည်နှင့် ချက်ခြင်း သောက်သုံးနိုင်ပါပြီ။ သံပုရာသီး ၊ ရှောက်သီး
၊ သံပရိုသီး တို့ကိုလည်း လိုအပ်ရင်ထည့်သောက်နိုင်ပါတယ်။

ဒီဖျော်ရည်ရဲ့ အစွမ်းထက်ပုံတွေကတော့

( ၁ ) ကင်ဆာဆဲတွေကြီးထွားပြန့်ပွားခြင်းကို တားဆီးပေးပါတယ်။

( ၂ ) အသည်းကြီးထွားခြင်း၊ ကျောက်ကပ်ကြီးထွားခြင်း၊
ကပါယ်အိတ်ကြီးထွားခြင်းကို လည်းတားဆီးပေးပါတယ်။
ပြည်တည်နာဖြစ်ခြင်းကိုလည်း ကုစားနိုင်ပါတယ်။

( ၃ ) အဆုတ်ကိုအားတိုးစေပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတို့ကိုလည်း
ကာကွယ်ပေးပါတယ်။

( ၄ ) ခုခံအားစနစ်ကိုလည်း အားကောင်းစေပါတယ်။

( ၅ ) မျက်စိအာရုံကိုပိုကောင်းစေသလို၊ မျက်လုံးနီခြင်း၊
မျက်စိညောင်းခြင်းတို့ကိုလည်းသက်သာစေပါတယ်။

( ၆ ) ကြွက်သားနားခြင်း၊ ကြွက်သားဒဏ်ဖြစ်ခြင်းကိုလည်းပျောက်ကင်းစေပါတယ်။

( ၇ ) အသားကိုလှပစေပြီး ရွှန်းလဲ့တောက်ပစေပါတယ်။ ပိုမိုနုပျိုစေပါတယ်။

( ၈ ) အစာကိုကြေညက်စေနိုင်ပြီး အစာခြေစနစ်ပိုကို ပိုမိုကောင်းမွန်စေပါတယ်။

( ၉ ) အမျိုးသမီးများ မီယပ်သွေးပေါ်ချိန်
တွင်ဖြစ်တတ်သောနာကျင်ခြင်းကိုလည်းလျှော့နည်းသက်သာစေပါတယ်။

( ၁၀ ) ဖျားနာခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

( ၁၁ ) ဥာဏ်ရည်ကိုတိုးတက်စေပြီး ဦးနှောက်ကိုပိုမိုကောင်းမွန်စေပါတယ်။

( ၁၂ ) ကိုယ်အလေးချိန်လျှော့ချနေသူများအနေနှင့်လည်းသောက်သုံးနိုင်ပါတယ်။
ဒီဖျော်ရည်ဟာ အားအင်ကိုတိုးစေသလို
ကယ်လိုရီပါဝင်မှုကလည်းအနည်းဆုံးသောဖျော်ရည်ဖြစ်ပါတယ်။

( ၁၃ ) ကိုယ်ခန္ဓာအတွင်းက ကလီစာများပြန်လည်တည်ဆောက်ခြင်းကို အထောက်အပံ့ပေးပါတယ်။

ရောဂါတော်တော်များကို သက်သာအောင်အထူးအစွမ်းထက်သောဖျော်ရည်ဖြစ်ပါတယ်။

သောက်သုံးနည်းကတော့ ဖျော်ပြီးသားဖျော်ရည်အား မနက်စာမစားခင် ၁နာရီအလို
ဗိုက်ထဲတွင်အစာမရှိချိန်မှာ သောက်သုံးရပါမယ်။

ပိုပြီးအာနိသင်သက်ရောက်ချင်သူများအနေနဲ့ တစ်နေ့ ၂ကြိမ် မနက်တစ်ကြိမ်
နှင့် ညနေ၅နာရီတွင် ၁ ကြိမ် သောက်သုံးနိုင်ပါတယ်။

၂ပါတ်အတွင်းခုခံအားစနစ်ထူးခြားသိသာပြောင်းလဲလာပါလိမ့်မယ်။

source : ideadigezt.com

21 Jul 2014

အပူငြိမ်းအေးစေတဲ့ ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး

ဗုံလုံသီးပင်တို့ သည် တစ်နှစ်ပတ်လုံးအသီးသီးသော အပင်ဖြစ်ကာ၊ အကြီးမြန်သော နွယ်ပင် တစ် မျိုးဖြစ်၏။ အပူပိုင်းဒေသတွင် ကောင်းစွာဖြစ်ထွန်းကြပြီး၊ မှန်ကူကွက်သစ်သားဘောင်ဖြင့် တိုင်ထူစိုက်ပျိုးပေးပါက၊ အပင်ဖြစ်ထွန်းမှု မြန်ဆန်ပါတယ်။ ဗုံလုံသီး တို့ သည် အုပ်မိုးထားသော အရွက်များအောက်မှ တွဲလောင်းကျ၍ သီးခြင်းဖြစ်၍ အမှတ်တမဲ့ကြည့်ပါက မြွေနှင့်ခ ပ်ဆင်ဆင် တူ ခြင်း၊ အလွန်အမင်းအလျားလိုက်ရှည်ထွက်ကာ အသီးသီးခြင်း၊ တစ်ခါတစ်ရံတွင် အလျား လိုက် မရှည်ဘဲ အသီး၏ အဖျားစွန်း တစ်ဘက်မှ နောက်အဖျားစွန်းတစ်ဘက်ထိ မိမိကိုယ်ကိုေ ခွပတ်တွန့် လိမ်စွာ အသီးသီးခြင်း၊ အစိမ်းရောင်အသီးပေါ်တွင် အစိမ်း နုရောင် (သို့ မဟုတ်) အဖြူရောင် အကြောင်အကျားများပါရှိခြင်း စသည်တို့ ကြောင့် အချို့ အရပ်ဒေသများတွင် ဗုံလုံသီး ကို ပဲလင်းမြွေသီးဟု ခေါ်ဆိုကြပါတယ်။

အသီးရင့်လာပါက၊ အထဲရှိအစေ့များလဲ ရင့်မာလာတတ်သဖြင့်၊ နုချိန်မှာခူးဆွတ် စားသင့်ပါတယ်။ အသီးသာမက၊ အရွက်ကိုလဲ ဟင်းချက်စားနိုင်ပါတယ်။ မလတ်ဆတ်သော အရွက်တွင် အလွန်စူး ရှသော အနံ့ အသက် ဆိုးများထွက်ရှိ၏။ အသီး၏ အရသာ မှာ ချိုပေါ့ပေါ့အရသာရှိပါတ ယ်။ နု၍ လ တ်ဆတ်သောအသီးတွင် အရည်ဓာတ်မြောက်များစွာ ပါရှိသောကြောင့် အပူပေးချ က် ပြုတ်ရာ ၌ လျှင်မြန်စွာကျက်လွယ်၏။ ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီးကို ငါး၊ပုစွန် (သို့ မဟုတ်) မိမိနှစ်သက် ရာ အသားတစ်မျိုးမျိုး တို့ ဖြင့် အစာသွပ်ချက်၍သော်လည်းကောင်း၊ နှပ်၍သော်လည်းေ ကာင်း၊ြေ ကာ် ၍သော်လည်းကောင်း၊ အသီးနှင့်အရွက်နုတို့ ကို ပြုတ်ကာ ငပိရည်အတို့ အမြှုပ်အဖြစ်လ ည်းေ ကာင်း၊ အရွက်ကို ဟင်းချို/စွပ်ပြုတ်/ကြော်ချက် ချက်၍သော်လည်းကောင်း၊ အမျိုး မျိုး ချက်ပြုတ်စားသောက်နိုင်ပါတယ်။

< ဗုံလုံသီးနှင့်ကျန်းမာရေး >

ဗုံလုံသီးထဲမှာ လူသားတို့ အတွက် ကျန်းမာရေးကို ကောင်းကျိုးပြုတဲ့ ဗီတာမင် နှင့်သတ္တုဓာတ် တို့ အမြောက်အများပါရှိလို့ ၊ အထူးသဖြင့် အိန္ဒိယရိုးရာ ကျေးလက်ကုထုံးများတွင် ဗုံလုံသီး နှင့် အရွက်တို့ ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျှက်ရှိ နေကြပါ တယ်။ ဆေးသုတေသီများ၏ ဓာတ်ခွဲ စမ်းသပ်ချက်မျာအရ၊ ၁၀၀ ဂရမ်ရှိသော ဗုံလုံသီးထဲတွင် ကယ်လိုရီ ၁၈၊ အစိုဓာတ် ၉၄.၆%၊ ပရိုငတ်း ၀.၅%၊ အဆီဓာတ် ၀.၃%၊ အမျှင်ဓာတ် ၀.၈%၊ ကစီဓာတ် ၃.၃ %၊ ကယ်လ် စီယမ် ၂၆ မီလီဂရမ်၊ မီးစုန်း ၂၆ မီလီဂရမ်၊ သံဓာတ် ၀.၃ မီလီဂရမ်၊ ကယ်ရိုတင်း ၉၆ မီလီဂရမ်၊ သီအာမင် ၀.၀၄ မီလီဂရမ်၊ ရီဘိုဖလာဗင် ၀.၀၆ မီလီဂရမ်၊ နီအာစင် ၀.၃ မီလီဂရမ် တို့  အသီး သီးပါရှိကြလို့  လူသားးတို့ ကျန်းမာရေးကို များစွာ အထောက်အကူပြုစေတယ်လို့ ဆိုပါတယ်။

1. ဗုံလုံသီး သည် ချွဲ၊ သလိပ်၊ ပြည် တို့ ကို ပျော်စေနိုင်စွမ်းရှိပြီး၊ အဆုတ်နာ/တီဘီနာဝေဒနာ ရှင် များကို များစွာ ကောင်းကျိုး ပြုပါတယ်။ ဗုံလုံသီးပင် အရွက်ကလည်း ညချွေးထွက်လွန်ခြင်းနှ င့်အဆုတ် တီဘီရောဂါ တို့ ကို သက်သာစေပါတယ်။

2. ဗုံလုံသီးထဲတွင်ပါရှိသော ရေဓာတ် နှင့် သတ္တုဓာတ်များက၊ အရေပြားခြောက်သွေ့ မှုကို သက်သာလျော့နည်းစေသည့် အပြင် ခန္ဓာကိုယ်၏ အရေဓာတ်ထုပ်လုပ်မှုကိုလဲများစွာ အထော က်အပံ့ပေးပါတယ်။ အပူငြိမ်းကာ ခန္ဓာကိုယ်တွင်းကို အေးမြစေလို့ ၊ ပူပြင်းသော နွေရာသီတွင် များများစားပေးသင့်ပါတယ်။

3. အသည်းကို လွန်စွာကောင်းကျိုးပြုပါတယ်။

4. ဗုံလုံသီးသည် နှလုံးအားကောင်းစေတဲ့အတွက်၊ နှလုံးဝေဒနာသည်များ စားပေးသင့်ပါ တယ်။ နှလုံးပုံမှန် အလုပ်မလုပ်နိုင် ခြင်းကြောင့် နှလုံးခုန်မမှနှ်တော့ဘဲ ရင်တုန်ပန်းတုန်ဖြစ်လာ ပါက၊ ဗုံလုံရွက် လတ်လတ်ဆတ်ဆတ်များကို အရည်ညှစ်ပြီး စားပွဲတင် ဇွန်း (၁)ဇွန်း မှ (၂)ဇွန်း အထိ တစ်နေ့ လျှင် ၃-ကြိမ် သောက်သုံးပေးရုံမျှဖြင့် နှလုံးကိုပြန်လည်၍ ပုံမှန် အလုပ် လုပ် လာစေနိုင်၏။

5. ကိုယ်ပူအပြင်းဖျားနာခြင်းတို့ အတွက် ဗုံလုံသီး နှင့် အရွက်တို့ က အသက်ကယ်ဆေးကဲ့ သို့ အား ကိုးလောက် ပါတယ်။ ဗုံလုံသီး နှင့်အရွက်တို့ ကို ကျိတ်ချေ၍ ပျားရည်ဖြင့်ရောသောက်ေ ပးပါက၊ ဖျားနာခြင်းကို ယူပစ်သလို ပျောက်ကင်းစေ ပါတယ်။ ထို့ ပြင်ဗုံလုံသီးအရွက် နှင့် နံနံပင်တို့ ကို ၁၂ ဂရမ်စီ ဆတူရော၍ ရေအေးထဲတွင် တစ်ညစိမ်ထားပါ။ ထိုညသိပ် ရေကို အဖျားလုံးဝမကျနိုင်ဘဲ အပြင်းဖျားနာနေသည့် ဝေဒနာသည်များကို ခန္ဓာကိုယ်အနှံ့  လိမ်းကျံပေးနိုင်ပါတယ်။

6. ဗုံလုံသီးထဲတွင်ပါရှိသော အမျှင်ဓာတ်များက ကလူးကို့ စ်ပမာဏကို ထိန်းသိမ်းပေးနိုင်ေ သာေ ကြာင့်၊ ဆီးချိုရောဂါ ကို ကျစေပါတယ်။ အထူးသဖြင့် တရုပ်တိုင်းရင်းဆေးကုထုံးတွင် ဗုံလံသီးပင်၏အမြစ်ဖြင့် ဆီးချိုရောဂါကို ကုသလေ့ရှိကြ ပါတယ်။

7. ဗုံလုံရွက်ကို နံနံစေ့နှင့်ရောကာ အပူပေးပြုတ်ထားသည့်အရည်ကို တစ်နေ့ လျှင် (၃)ကြိမ် ခန္ဓာကိုယ်အနှံ့ လိမ်းကျံပေး ခြင်းဖြင့် အသဲရောင်အသားဝါကို ကောင်းစွာကုသနိုင်ပါတယ်။

8. ဗုံလုံသီးတွင် ရေဓာတ်ပါဝင်မှုများသောကြောင့် ကယ်လိုရီနဲသော ဟင်းသီးဟင်းရွက်ဖြစ် ပါတယ်။ ဒါ့အပြင် ပြည့်စုံလုံ လောက်သောအာဟာရများကို ဖြည့်တင်းပေးနိုင်တာမို့  ခန္ဓာကိုယ် အလေးချိန်ထိန်းလိုသူများအတွက် အထူးသင့်တော် ပါတယ်။

9. အမျှင်ဓာတ်ကြွယ်ဝစွာပါရှိလို့ အစာချေစံနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ ၀မ်းချုပ်ြ ခင်း အတွက် စိတ်မညစ်ပါနှင့်။ ဗုံလုံသီးသာမက၊ အရွက်၊ အမြစ် နှင့် အစေ့တို့ ကလဲ အူထဲတွင်ေ ချာဆီအဖြစ် စွမ်းဆောင်ပေးကာ၊ ၀မ်းနူးစေပါတယ်။ လူကြီးဝမ်းချုပ်ခြင်းအတွက်၊ ဗုံလုံရွက်၊ အမြစ်နှင့် အစေ့တို့ ကို ညက်ညက်ဝါးစား ပေးနိုင်ပါတယ်။ ကလေးငယ်များ ၀မ်းချုပ်ခြင်းအတွက်၊ ဗုံလုံရွက်နှင့်အစေ့တို့ ၏ သတ္တုရည်ကို နံက်တိုင်း လက်ဘက် ရည်ဇွန်း (၁)ဇွန်းစီ တိုက်ကျွေးေ ပးခြင်းဖြင့် ၀မ်းမှန်စေပါတယ်။

10. ဦးရေပြားတွင် မှိုစွဲ၍ဗောက်ထသူများအတွက် ဗုံလုံသီးသတ္တုရည်ဖြင့် ဦးရေပြားကိုနှိပ်နယ်ေ ပးခြ င်းဖြင့် မိမိဖာသာ အိမ်တွင်းဆေးမြီးတိုအဖြစ် ဗောက်များကင်းစင်အောင်ကုသနိုင်ပါတယ်။ ဗုံလုံရွက်သတ္တုရည်ဖြင့် ဦးရေပြားကို လိမ်းပေး ရုံမျှဖြင့် ထိပ်ပြောင်ခြင်းကို သက်သာလျော့နဲစေပါ တယ်။

11. ဗုံလုံသီးတို့ သည် ဆီးများ၊ လေသက်စေကာ၊ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များ ကို နှင်ထုတ်ပေးနိုင်စွမ်းရှိပါ တယ်။

<အထူးသတိပြုရန်>
(က) ဗုံလုံစေ့ဟာ ၀မ်းသက်စေတာမှန်သောလဲ၊ ထိုအစေထဲ့တွင် အဆီဓာတ်ပါဝင်မှုမြင့်မားလို့  လွန်ကဲစွာစားသုံးမိပါက အစာမကျေ ဗိုက်အောင့်ခြင်းကို ဖြစ်ပေါ်စေပါတယ်။
( ခ) ဗုံလုံသီးပင်အမြစ်ဟာ ၀မ်းသက်စေလို့ ၊ ကိုယ်ဝန်သည်များ မစားသင့်ပါဘူး။ အဆင်မသင့်ရင် သားပျက်/သားလျော ဖြစ်စေ ပါတယ်။
( ဂ) ဗုံလုံသီးနဲ့ ပီလောပီနံ တို့ တွဲမစားသင့်ပါဘူး။ အော့အန်တတ်ပါတယ်။

<မှတ်ချက်> ရင့်သောဗုံလုံသီးများသည် ခါးသက်သက်ဖြစ်ကာ၊ အရသာလဲမရှိပါ။ ဒါကြောင့် လတ်ဆတ်ပြီး နုသောအသီးများကို အရွေးမမှား ဘို့ လိုပါတယ်။
++++++++++++++++++++++++++++++++++++
ဗုံလုံသီးအပါအ၀င် ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံ အားလုံးတိုင်းတို့ တွင် သဘာဝမှရရှိေ သာ ဆေးဘက်ဝင်အစွမ်း သတ္တိ ကိုယ်စီပါရှိကြသဖြင့် လူသားတို့ ကျန်းမာရေးကို များစွာအထော က်အပံ့ဖြစ်စေပါတယ်။ သို့ သော် "တန်ဆေး၊လွန်ဘေး" ဆိုးရိုး စကားနှင့်အညီ ဘေးမဖြစ်ေ အာင်တော့ အသုံးချတတ်ဘို့ လိုအပ်ပါတယ်။ ထို့ ကြောင့် လူသားတို့ ကျန်းမာရေးကို သဘာဝ ပဋိ ဇီဝဆေးအဖြစ် အထောက်အပံ့ပေးသည့် ဗုံလုံသီးကို အကျိုးရှိရှိအသုံးချကာ စားသုံးနိုင်ကြပါေ စကြောင်း သတင်းကောင်းပါး အပ်ပါသည်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
ကိုးကားချက် (Home Remedies for Snake Gourd by H.K.Bakhru)
*promise.pauk* *(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)*

ဆေးဖက်ဝင်တဲ့ ရွက်ကျပင်ပေါက်


ရွက်ကျပင်ပေါက်တွေဟာ ဥတုရာသီမရွေး အမြဲစိမ်းလန်းနေသော အပင်မျိုးဖြစ်ပြီး၊ စိုစွတ်တဲ့ေ နရာများမှာ အလေ့ကျပေါက် ရောက်လေ့ရှိပါတယ်။ ရုက္ခဗေဒအမည်မှာ Bryophyllum Calycinum Salisb ဖြစ်၍၊ Life Plant (သို့မဟုတ်)Air Plant ဟု လည်း ခေါ်ပါတယ်။ အရွက် ရှည်နှင့် အရွက်ဝိုင်းဟူ၍ အပင်နှစ်မျိုးနှစ်စား ရှိပါတယ်။ ၄င်းအပင်၏ ထူးခြားချက်က အချိန်အပိုင်း အခြားပေါ်မူတည်ပြီး အရသာပြောင်းလဲသွားလေ့ရှိပါတယ်။ နံက်ပိုင်းမှ နေ့ မွန်းတည့်ချိန်အထိ “ချို” သောအရသာရှိပြီး၊ မွန်းလွဲ ပိုင်းမှ ညနေအထိ “ချဉ်” သောအရသာဖြစ်ပါတယ်။ အချိန်ကာ လပေါ်မူတည်၍ အရသာပြောင်းလဲသွားလေ့ရှိသော်လည်း၊ ဆေး ဖက်ဝင်အာနိသင်ကတော့ အတူတူပါဘဲ။

(၁) ရွက်ကျပင်ပေါက် သတ္တုရည်(အရွက်ကိုညှစ်၍ ရသောအရည်)ကို စတီးဇွန်း ၁-ဇွန်းထဲထဲ့၍ မီးနွေးနွေးဖြင့်ချက်ပါ။ ထို့ နောက် အအေးခံ၍ ကလေး၏၀မ်းဗိုက်ကို လိမ်းပေးပါ က ၀မ်း ချုပ်၊ လေထိုးလေအောင့် နှင့် လေဆန်နာ ရောဂါများကို သက်သာပျောက် ကင်းစေပါတယ်။

(၂) လူကြီးများ လေထိုး၊ လေအောင့်၊ လေနာရောဂါများအတွက် ရွက်ကျပင်ပေါက် သတ္တုရည် ကို ရေနံဆီဖြင့်ရောစပ်၍ ၀မ်းဗိုက် ပေါ် လိမ်းပေး(သပ်ချပေး)ပါ။

(၃) သွေးဖျဉ်း၊ လေဖျဉ်းရောဂါများအတွက် ရွက်ကျပင်ပေါက် သတ္တုရည်ကို ရေနံဆီ၊ မုန်ညင်း ဆီတို့ နှင့် ဆတူရောစပ်ပြီး ၀မ်းဗိုက် ပေါ်သို့  တစ်နေ့  ၂-ကြိမ် လိမ်းကျံပေးပါ။ (ပိုလျှံသောေ ဆးရည်ကို ပုလင်းထဲထဲ့သိမ်းထားနိုင်ပါတယ်၊ လိမ်းခါနီးပုလင်းကို လှုပ်၍ လိမ်းပေးပါ)

(၄) အသည်းရောင်၊ အသည်းကြီးဝေဒနာများအတွက် ရွက်ကျပင်ပေါက် သတ္တုရည်၊ ရှောက် ရည် နှင့် နှမ်းဆီ ထို ၃-မျိုးကို ဆတူရောစပ်၍ အသည်းရှိသည့်နေရာပေါ် လိမ်းကျံပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၅) မြန်မာ့ဆေးကျမ်းများအဆိုအရ၊ “ ရွက်ကျပင်ပေါက်ဟာ အနာများကိုစင်ကြယ်စေ၏၊ အနာပေါ က်များကို အသားနု တက်စေ၏၊ သွေးယိုစီးကျနေသောသော အနာများကို သွေးရပ် တန့် ချုပ် တည်း ရာမှာ နတ်ဆေးသဖွယ်ဖြစ်၏ ” လို့ ဆိုထားပါတယ်။ ဒါကြောင့် သွေးစိမ်းရှင်ရှင်ထွက်ေ သာ ထိခိုက်ရှနာများအတွက် ရွက်ကျပင်ပေါက်ကို မီးကင်၍ ကပ်ပေးခြင်းဖြင့် သွေးထွက်ရပ်ပြီး အနာ ကျက်မြန်စေပါတယ်။

(၆) သွေးကြောငယ်များ ကျုံ့ သွားစေသော အာနိသင်ရှိတာကြောင့် ဝမ်းသွားစဉ် သွေးပါခြင်းအ တွက်ကိုလည်း ရွက်ကျပင် သတ္တုရည်သောက်သုံး၍လည်းကောင်း၊ ရုတ်တရက် နှာခေါင်း၊ ပါးစ ပ်၊ မျက်စိ အတွင်းမှ သွေးယိုခြင်းအတွက် ရွက်ကျပင်သတ္တု ရည် ထဲ့ပေး၍သော်လည်းကောင်း၊ ပြ ည်တည်ေ နသော အနာများ၊ သွေးပုပ်များ နှင့် မန်းရည်များအတွက် အရွက်သတ္တုရည်ကို ဖန်ရည် အဖြစ်ဆေးကြောနိုင်ပါတယ်။

(၇) အရွက်ကို ကျိတ်ညှစ်၍ ရလာသောအရည်ကိုလိမ်းပေးပါက၊ မွှေးကျွတ်နာများ ကို ပျောက် ကင်းေ စပါတယ်။

(၈) မီးလောင်ဖုကဲ့သို့  အနာလေးများစဖြစ်ပြီး၊ တဖြည်းဖြည်းပွားလာတတ်သော အနာမီး၊ အနာ စက်များအတွက် ရွက်ကျပင် ပေါက် ဆေးရည်ဖော်စပ်၍ လိမ်းပါ။ ဆေးဖော်စပ်နည်းမှာ ရွက်ကျပ င်ပေါက်များကို ဒန်အိုးအဖုံးပေါ်တင်ပြီး မီးဖိုပေါ်မှာ ပြာဖြစ် သည် အထိလှော်ပါ။ ထိုပြာများကို အုန်းဆီနှင့် ခပ်ပျစ်ပျစ်ဖျော်ပြီး အနာပေါ်ကို တစ်နေ့  ၃-ကြိမ်လိမ်းပေးပါ။ နေ့ စဉ်မှန်မှန် လိမ်း ပေး ပါက ၁၀-ရက်ခန့် အကြာတွင် ပျောက်ကင်းသွားပါလိမ့်မယ်။ (ရောဂါမပျောက်ခင် ဆပ်ပြာရည်နှင့် အနာကို မထိပါစေနှင့်။ ထိုအနာက ဆပ်ပြာရည် နှင့် (လုံးဝ) ဓာတ်မတည့်ပါ)

(၉) အပူလွန်ကဲ၍ မျက်စိနာခြင်းအတွက် ရွက်ကျပင်ပေါက်အရွက်အနည်းငယ်ကို ကြိတ်ကာ နနွ င်း တက်မှုန့်အစစ် အနည်း ငယ်နှင့်ရောစပ်၍ မျက်ခွံပေါ်မှာ အုံပေးထားနိုင်ပါတယ်။ အအေးလွန် ကဲ ၍ မျက်စိနာခြင်းအတွက် လတ်ဆတ်သော ရွက်ကျပင် ပေါက်ကို သေချာစွာဆေးကြော၍ ညက်စွာကြိတ်ပြီး မျက်ခွံပေါ်တွင်အုံပေးနိုင်ပါတယ်။

(၁၀) ဆီးရောဂါအမျိုးမျိုးအတွက် ရွက်ကျပင်ပေါက်ကြိတ်ရည်(သတ္တုရည်) ဟင်းစား စတီးဇွန်းထက် ဝက်ကို သကြားအညို အနည်းငယ် နှင့်ရောစပ်ကာ ရေအနည်းငယ်နှင့်သောက်ပေးပါ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးပါ။ (သွေးဝမ်းကျရော ဂါ အတွက်ကိုလည်း ထိုဆေး ရည် သောက်သုံးနိုင်ပါတယ်)

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

ခန္ဓာကိုယ်တွင်း အဆီလောင်မြိုက်စေမည့် အစားအစာ (၁၀) မျိုး

ဗိုက်ခေါက် အဆီပျဉ်တွေချဖို့ အတွက် gym ဆော့ကြသော်လဲ၊ အထိရောက်ဆုံး နှင့် အလွယ်ကူ ဆုံး နည်းကတော့ အဆီဆဲလ် တွေကို ဖြိုခွင်းပေးနိုင်သော ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစား အစာများကို စားသောက်ခြင်းဘဲ ဖြစ်ပါတယ်။

(၁) ကွေကာအုတ်(အကြမ်း)

ကွေကာအုတ်(အကြမ်း) တွေက အရသာမရှိသော်လဲ၊ ဆာလောင်မွတ်သိပ်မှုကိုပြေပျောက်စေ တဲ့အပြင် ကျန်းမာရေးနှင့် ညီညွတ် စေတာကြောင့် နံက်စာ အာဟာရအဖြစ် မှီဝဲသင့်ပါတယ်။ ၄င်းထဲမှာ ပါရှိတဲ့ အမျှင်ဓာတ်များက ခန္ဓာကိုယ်ကိုဆိုးကျိုးပေးတဲ့ LDL ကိုလက်စထရောကို ထိရောက်စွာ ထိန်းညှိပေးပါတယ်။ ကွေကာအုတ်(အကြမ်း) များကို City Mart ဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။

(၂) ကြက်ဥ

ကြက်ဥဟာ ပရိုတင်းစုဝေရာအရင်းအမြစ်ဖြစ်တဲ့အပြင်၊ ကယ်လိုရီပါဝင်မှုနည်းပါးတာကြောင့် ကျန်းမာရေးကို လွန်စွာကောင်း ကျိုးပြုပါတယ်။ ဒါ့ပြင် ကြွက်သားများကို ကျစ်လစ်စွာတည်ဆော က်ေ စပြီး၊ ခန္ဓာကိုယ်ကို ကောင်းကျိုးပြုတဲ့ HDL ကိုလက်စထ ရောကို ပွားများစေပါတယ်။

(၃) ပန်းသီး

ပန်းသီးထဲမှာ ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့် ကျင်ပစ္စည်းများအပြင်၊ အခြား အားဖြည့်ပစ္စည်း များ လည်း ကြွယ်ဝစွာပါရှိနေပါ တယ်။ အထူးသဖြင့် ပန်းသီးထဲရှိ Pectin ဓာတ်က မလိုလားအပ် တဲ့အဆီတွေကို လျော့ချပေးပါတယ်။

(၄) ငရုပ်သီးစိမ်း

ငရုပ်သီးစိမ်းထဲမှာ ပါရှိတဲ့ Capsaicin ဓာတ်က ခန္ဓာကိုယ်တွင်းရှိ အကျိုးပြုဆဲလ်များကို ဖွံ့ ဖြိုးတိုး တက်စေနိုင်သလို၊ မလိုလား အပ်တဲ့ ကယ်လိုရီများကိုတော့ အချိန်တိုအတွင်းမှာ လောင်မြိုက်ေ ပးနိုင်ပါတယ်။

(၅) ကြက်သွန်ဖြူ

ကြက်သွန်ဖြူထဲမှာ ကူးစက်ရောဂါ ဘက်တီးရီးယားပိုးမွှားတွေကိုသေစေနိုင်တဲ့ Allicin(ခေါ်) အစွမ်း ထက်ပိုး သတ်ဆေး ပါရှိနေပါ တယ်။ ကြက်သွတ်ဖြူက အဆီပိုတွေကိုလျော့ကျစေတဲ့အြ ပင်၊ မေ ကာင်းေ သာ ကိုလက်စထရောများကိုပါ ဖယ်ရှားပေးနိုင်ပါ တယ်။

(၆) ပျားရည်

ပျားရည်အဟောင်း(တစ်နှစ်ကျော်ပျားရည်) က အဆီပိုတွေကို ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံးေ ဆး စွမ်း တစ်ခွက်ဖြစ်ပါတယ်။ နံက်အိပ်ယာထတိုင်း လ္ဘက်ရည်ဇွန်း ၁-ဇွန်းစာပမာဏရှိတဲ့ ပျား ရည်ကို ရေနွေးဖြူဖြင့် သောက်ပေးသင့်ပါတယ်။

(၇) ရေနွေးကြမ်း

လ္ဘက်ခြောက်ရေနွေးကြမ်းက ကိုယ်အလေးချိန်ကျစေတဲ့ အကောင်းဆုံး ဖျော်ရည်တစ်မျိုးပါ။ ကျန်း မာနုပျိုစေသော ခန္ဓာကိုယ် အကျိုးပြု ဓာတ်တိုးဆန့် ကျင်ပစ္စည်းများပါရှိတဲ့အပြင်၊ ကိုယ်အလေးချိန် ကို လည်း ထိန်း ညှိပေးနိုင်တာကြောင့် ရေနွေးကြမ်းကို အနည်းဆုံး တစ်နေ့  ၂-ခွက် သော က်ပေးသင့်ပါတယ်။

(၈) ဂျုံမြက်

Wheat Grass(ခေါ်)ဂျုံမြက်များဟာ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေတဲ့အပြင်၊ အဆီ ပိုတွေကိုပါ လျော့ချပေးနိုင်ပါ တယ်။ အသင့်သောက် Wheat Grass ဖျော်ရည်ဗူးများကို City Mart ဆိုင်းတွေမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။

(၉) ခရမ်းချဉ်သီး

အဆီပိုတွေကို အချိန်တိုတွင်းမှာ လောင်မြိုက်စေဖို့ အတွက် ခရမ်းချဉ်သီးကို ဓာတ်စာအဖြစ် မှီဝဲ အားကိုးထိုက်ပါတယ်။ ဒါ့ပြင် ခရမ်းချဉ်သီးက ကင်ဆာရောဂါတော်တော်များကို ကာကွယ်ပေးနိုင် တာကြောင့် ဟင်းချက်၍ တစ်မျိုး၊ ဖျော်ရည်လို တဖုံ သောက် သုံးသင့်ပါတယ်။ (ဂေါက်ရောဂါ ရှိသူများက ခရမ်းချဉ်သီးအစေ့ကို ဖယ်၍စားပေးပါ)

(၁၀) အနက်ရောင် ချောကလက်

ချောကလက်(အနက်ရောင်)ထဲမှာပါတဲ့ Flavonoids ဓာတ်ပေါင်းစုက သွေးထဲရှိ ကိုလက်စထေ ရာကို လျော့ချပေးနိုင်ပါတယ်။ အနက်ရောင်ချောကလက်က ဦးနှောက် ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာစေကာ စိတ်ကိုကြည်လင် လန်းဆန်းသွားစေတဲ့ အပြင်၊ အဆီပိုတွေ ကိုပါ လောင်မြိုက်စေပါတယ်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)


 အဆီကျလှပစေမည့် အစားအစာ ၁၀ မျိုး
( ၁ ) အုတ်ဂျုံ (Oats)
အုတ်ဂျုံ (Oats)ဟာအရသာ ကောင်းမွန်ရုံမကပဲ အစာစားချင်စိတ်ကို လျှော့ကျစေပါတယ်။ အုတ်ဂျုံ (Oats)တွင် အမျှင်ဓါတ်များစွာပါဝင်ပြီး
Cholesterol levels (ကိုလက်စထရော) တည်ငြိမ်စေပါတယ်။ သွေးထဲတွင် ကိုလက်စထော စုပ်ယူမှုကို ဟန့်တားပေးပါတယ်။ နှလုံးရောဂါလည်းကာကွယ်ပေးပါတယ် ။ အုတ်ဂျုံ (Oats) မှာ အမျှင်ဓာတ် ပါဝင်မှု ရာခိုင်နှုန်း မြင့်မားခြင်း၊ ဗိုက်တာမင် B (အထူးသဖြင့် B-1)၊ E တို့ များစွာ ပါဝင်လျက် ရှိပါတယ်။ အမျှင်ဓာတ်များစွာ ပါဝင်ခြင်းကြောင့် ဂလူးကို့စ် စုတ်ယူနိုင်မှုကို နှေးကွေးစေပါတယ်။ သွေးထဲရှိ သကြားပါဝင်မှု ပမာဏကို တည်ငြိမ်စေပါတယ်။

( ၂ ) ဥများ
ဥများမှာ အသားဓါတ်များစွာပါဝင်ပါတယ်။ ဥများကိုစားသုံးခြင်းဖြင့် ကြွက်သားများတည်ဆောက်မှုကို ကောင်းမွန်စေပြီး ကောင်သော ကိုလက်စထရော များကို ဖြစ်ပေါစေပါသည်။

( ၃ ) ပန်းသီး
ပန်းသီမှာ အလွန်ပြည့်ဝတဲ့ Antioxidants နှင့် အခြား ဖြည့်စွက်အဟာရများစွာပါဝင်ပါတယ်။ ပန်းသီးဟာ သွေးထဲရှိ မကောင်းတဲ့ အဆီဓာတ်ကို ခန္ဓာကိုယ်တွင်းမှ စွန့်ထုတ်ပေးနိုင်ရုံသာမက သူ့မှာပါဝင်တဲ့ ပက်တင်(Pectin)ဆိုတဲ့ ဓာတ်ကြောင့် အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေနဲ့ အစာတွေကို လျှော့ကျစေတဲ့ အာနိသင်လည်းရှိပါတယ်။ဒါကြောင့် အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို ကိုင်တွယ်အလုပ်လုပ်ရသူတွေ ဆေးလိပ်သောက်သူတွေကို ပန်းသီးမှန်မှန်စားသုံးသင့်ပါတယ်။
ပန်းသီးကိုပါးပါးလှီး ရေသုံးဆနဲ့ ထည့်ပြီးဆူအောင်တည် ပြီးရင်နွေးအောင်ထားပြီးသောက်ပါက ကျောက်ကပ်နဲ့ ဆီးအိမ်မှာတည်တဲ့ ကျောက်ကိုလည်း ကျေစေပါတယ်။ပန်းသီးစားသုံးခြင်းဖြင့် သွေးအားနည်းရောဂါ

 သွေးတိုးရောဂါ နှလုံးရောဂါ အူရောင်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်။ ပန်းသီးကို အခွံမနွှာပဲစားရင် ချောင်းဆိုး ပန်းနာ ရင်ကျပ်ပါ ပျောက်စေပါတယ်။

( ၄ ) အစိမ်းရောင်ငရုတ်သီးများ
အစိမ်းရောင်ငရုတ်သီးများ တွင် Capsaicin ဟုခေါ်သော ဓါတ်တစ်မျိုးပါရှိပြီး ထိုဓါတ်ဟာ ကိုယ်ခန္ဓာကြီးထွားစေတဲ့ ဆဲလ်လေးများကို ကြီးထွားသန်မာစေပြီး မကောင်းသော ကိုလက်စထော များကို လျှင်မြန်စွာပျက်စီးစေပါသည်။ Caspsaicin နဲ့ ဆက်စပ်နေတဲ့ ဒြပ်ပေါင်းတွေဟာ ဝမ်းဗိုက် အဆီလျော့ကျအောင် ကူညီပေးပါတယ်။ ငရုတ်သီးပါဝင်တဲ့ နေ့လယ်စာ စားသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတဲ့ ဟော်မုန်း (Insulin) မြင့်တက်စေပြီး အစာဆာလောင်စိတ်များတဲ့ ဟော်မုန်း (Ghrelin)ကျဆင်းစေပါတယ်။ ငရုတ်သီးတွင်ပါသော Capsaicinသည် ဆီးကျိတ်ကင်ဆာရောဂါသာမက၊ အခြားကင်ဆာရောဂါများအတွက်လည်း သက်သာပျောက်ကင်းစေသော အာနိသင်များပါဝင်ပါတယ်။ ပူစပ်တဲ့ အရသာရှိတဲ့ Capsaicin ဟာနာကျင်မှု သက်သာစေတာကြောင့် ကြွက်သား နာကျင်ခြင်း၊အသား နာကျင်ခြင်း နဲ့ အဆစ်ရောင် ရောဂါတွေ သက်သာ စေပါတယ်။

( ၅ ) ကြက်သွန်ဖြူ
ကြက်သွန်ဖြူ မှန်မှန် စားသုံးပေးရင် ကိုလက်စထရော စုစုပေါင်းပမာဏကို ကျစေသလို ဆိုးကျိုးများစွာ ပေးနိုင်မယ့် ထရွိုင်ဂလစ်စရွိုက် (Triglyceride) ကိုလက်စထရော အမျိုးအစားကို စားသုံးမှု အနည်းအများ အလိုက် ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း တွေ့ရပါတယ်။ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်လေဖျန်း

 ရောဂါများ၊ ကင်ဆာရောဂါများ စတဲ့ ရောဂါ အတော်များများကို သွယ်ဝိုက်ကာကွယ် တားဆီးပေးပါတယ်။ ထိုအတူကြက်သွန်ဖြူ စားခြင်းဟာ ကိုယ်ခံအားကိုကောင်းစေသလို၊ သွေးတိုးရောဂါကိုလည်းလျှော့ချပေးပါတယ်။

( ၆ ) ပျားရည်
ပျားရည်ဟာ အဆီကို ကျစေတဲ့ အကောင်းဆုံးအစားအစာတစ်ခုပါ။ ပျားရည်ထဲသို့ ရေပူပူလေးရောကာ မနက်တိုင်းသောက်သုံးပေးခြင်းဖြင့် အဆီများကို အလျှင်အမြန်လောင်ကျွမ်းစေနိုင်ပါတယ်။ ပျားရည်ဟာလူတွေရဲ့ ခန္ဓာကိုယ် ကို ခွန်အားနဲ့ စွမ်း အင်တွေကို တိုးပွားစေပါတယ် ။ ဒါကြောင့် ပျားရည်ကို စွမ်းဆောင်ရည်မြင့်မားစေဖို့ အပြင် ကြွက်သားများညောင်းညာခြင်း ၊ မောပမ်းနွမ်းနယ်ခြင်းတွေကိုလည်းသက်သာစေပါတယ်။ ပျားရည်ရဲ့
ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ဘတ်တီးရီးယားပိုးမွှားတွေကို သတ်နိုင် တဲ့အစွမ်းက အစာအိမ်နဲ့အူလမ်းကြောင်းကို တိုးတက်ကောင်းမွန်စေပြီး သင့်ကိုကျန်းမာပျော် ရွင်စေနိုင် ပါတယ်။

( ရ ) လက်ဖက်စိမ်း( Green Tea )
Green Tea ဟာ ကိုယ်ခန္ဓာအဆီကျစေဖို့ အလွန်ကောင်းမွန်ပါတယ်။ Green Tea တစ်နေ့၂ခွက်သောက်သုံးပေးခြင်းဖြင့် အလွန်ကောင်းမွန်သောအကျိုးကိုခံစားရစေမှာပါ။ ပုံမှန်ထက် ကိုယ်အလေးချိန်များနေသူ ဒါမှမဟုတ် အဝလွန်နေသူတွေ သူဟာ လက်ဖက်စိမ်းလက်ဖက်ရည်ကို ပုံမှန် သောက်ပေးပါက ကိုယ်အလေးချိန် သုံးပေါင်၊ ဗိုက်အဆီ ခုနစ်ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းစေနိုင်ကြောင်းသိရှိရပါတယ်။Green Tea ဟာ ကင်ဆာကို ကာကွယ်နိုင်ခြင်း၊ လေဖြတ်နိုင်ခြေ လျော့နည်းခြင်းစသည့် အာနိသင်ရှိပါတယ်။ Green Tea သောက်ခြင်းဖြင့်လည်း ဦးနှောက်ကို ပိုမို အားကောင်းစေပါတယ်။

( ၈ ) ဂျုံမြက်နု ( Wheat Grass )
Wheat Grass ကိုစားသုံးခြင်းဖြင့် မိမိခန္ဓာကိုယ် ဇီဝဖြစ်စဉ်ပြောင်းလည်းမှုကို တိုးတက်စေပြီး အဆီကို ပိုကျစေပါတယ်။ Wheat Grass သည် လူသားတို့အား ကျန်းမာသန်စွမ်းအသက်ရှည်စေရန်နှင့် စိတ်ကြည်လင်လန်းဆန်းစွာ ဘဝရည်မှန်းချက်များကို အကောင်အထည် ဖော်ဆောင်နိုင်ရန် အာမခံချက်ပေးနိုင်သောအပင်တစ်မျိုး ဖြစ်ပါသည်။

( ၉ ) ခရမ်းချဉ်သီး
ခရမ်းချဉ်သီး ဟာလည်း အဆီကမြန်မြန်ကျစေသောအသီးတစ်မျိုးဖြစ်ပါတယ်။ ခရမ်းချဉ်သီးနေတိုင်းပုံမှန်စားသုံးပေးခြင်းဖြင့် အဆီကျစေသလို ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးဟာ အရေပြားအတွက် အသားခြောက်ခြင်း၊ အသားပက်ခြင်းတို့ကို နည်းစေပြီး အစိုဓါတ်ကို ထိမ်းထားပေးသဖြင့် လှပသောအသားအရေကိုလည်း ပိုင်ဆိုင်စေနိုင်ပါတယ်။

( ၁၀ ) အမည်းရောင်ချောကလက်စစ်စစ်
Dark Chocolateကိုစားခြင်းဖြင့်လည်း အဆီကိုကျစေနိုင်ပါတယ်။Dark Chocolate မှာအဆီပါဝင်ပေမယ့်လည်း ထိုအဆီများဟာလူ့ခန္ဓာကိုယ်အား မ၀စေပါဘူး။ Dark Chocolate ကိုစားသုံးခြင်းဖြင့် သွေးထဲတွင် Serotonin ဟုခေါ်သောဓါတ်များတိုးပွားစေပြီး အဆီကိုကျစေတာပါ။ ထို့ အတူ Dark Chocolateကိုစားခြင်းဖြင့်လည်း သွေးဖိအားကိုလျှော့ ကျစေနိုင်ပါတယ်။ Dark Chocolate သည် Flavonoids ဓာတ်များပါဝင်ပြီး သင်၏သွေးကြော များ ကိုပျော့ပြောင်း စေပြီး မာကြော သောသွေး ကြောများကြောင့် ဖြစ်ပွားရသော သွေးဖိအားမြင့်မား မှုကို လျော့ချပေးသည်။  


 https://www.facebook.com/redhotcompany

*** လာ…တူတူဆွဲကြမယ်..ဟေ့…ခေါက်ဆွဲ (အပိုင်း-၂) ***

< ကိုရီးယားခေါက်ဆွဲ >
ဂျပန်နိုင်ငံနှင့်မရှေးမနှောင်းဆိုသလိုပင်၊ ကိုရီးယားနိုင်ငံမှာလဲ ခေါက်ဆွဲစားသုံးသော ယဉ်ကျေး မှုစတင်လာခဲ့ပါတယ်။ ဒါပေမယ့် ကိုရီးယားတွင် ဂျုံစိုက်ပျိုးမှုမှာ အခြားကောက်ပဲသီးနှံစိုက်ပျိုးမှု ထက် လျော့နဲ့ တဲ့အတွက်၊ ၁၉၄၅ ခုနှစ်အထိ ခေါက်ဆွဲကို တွင်တွင်ကျယ်ကျယ် မစားနိုင်ကြေ သးပါ ဘူး။ ဒုတိယကမ္ဘာစစ်ပြီးနောက်မှာတော့ ဂျုံခေါက်ဆွဲစားသုံးမှုတဟုန်တိုး မြင့်တက်လာ ခဲ့ပါတယ်။ အထူးသဖြင့် မြောက်ကိုရီးယားတွင် naengmyeon (ခေါ်) ခေါက်ဆွဲအေး ကို လြူ ကိုက် များကြပြီး၊ တောင်ကိုရီးယား တွင်တော့ onmyeon (ခေါ်) ခေါက်ဆွဲပူကို လူကြိုက်များ ကြ ပါတယ်။ အာရှနိုင်ငံများ၏ ရှေးရိုးစွဲအယူအဆအတိုင်း၊ မွေးနေ့ တွင် သက်ရှည်ကျမ်းမာစေရန်၊ လက်ထပ်မင်္ဂလာနေ့ တွင် မင်္ဂလာသက်တမ်းအဓွန့် ရှည်စေရန် စသည်ဖြင့် နေ့ ထူးနေ့ မြတ်များ တွင် ခေါက်ဆွဲဟင်းလျာများကတော့ ပွဲလယ်တင့်လျှက်ပါဘဲ။

ကိုရီးယားနိုင်ငံ၏ ထူးခြားမှုတစ်ခုကတော့ ၀က်သစ်ချသီးအမှုန့် ဖြင့် ခေါက်ဆွဲပြုလုပ်ခြင်းပါ။ Dotori guksu ဟု အမည်ရတဲ့ ၀က်သစ်ချသီးခေါက်ဆွဲက soba ခေါက်ဆွဲနှင့် ခပ်ဆင်ဆင်တြူ ပီး၊ ခေါက်ဆွဲအသားထူလို့ ကြော်စားလေ့ရှိကြပါတယ်။ နောက်ထပ် တစ်မျိုးရှိပါသေးတယ်။ dotori guksu လို့ အမည်ရတဲ့ ကြာဇံလို အမျှင်သေးသေးခေါက်ဆွဲလေးပါ။ ဒီခေါက်ဆွဲ ကိုေ တာ့ ခေါက်ဆွဲအေးအဖြစ် စားလေ့ရှိကြပါတယ်။ ကိုရီးယားရိုးရာ ခေါက်ဆွဲဟင်းလျာများကတော့၊ onmyeon (၀ါ) guksu jangguk (ခေါ်) ခေါက်ဆွဲပြုတ်၊ တော်ဝင်ပွဲတွေမှာသာ စားလေ့ရှိတဲ့ Baekmyeon (ခေါ်) ကောက်နှံစပါးနဲ့ လုပ်ထားတဲ့ အဖြူ ရောင်ခေါက်ဆွဲကို ရစ်ဌက်ဖြင့် ချက်လုပ် ထားတဲ့ဟင်းလျာ၊ naengmyeon (ခေါ်) လူးနှံစပါးဖြင့်ပြုလုပ်ထားတဲ့ ခေါက်ဆွဲအေး၊ bibim guksu (ခေါ်) ဟင်းရွက်စုံခေါက်ဆွဲအေးဟင်းလျာ၊ kalguksu (ခေါ်) စက်ဖြတ် ခေါက်ဆွဲ၊ kongguksu (ခေါ်) ပဲပုပ် ခေါက်ဆွဲအေး၊ စသည်ဖြင့် တရုပ်၊ ဂျပန် တို့ နှင့်အပြိုင် ခေါက်ဆွဲကိုေ န့ စ ဉ်သုံး အစားအစာ အဖြစ် ဟင်းလျာပုံစံ အမျိုးမျိုး ချက်ပြုတ်နေကြပါပြီ။

(၁) Jajangmyeon ခေါက်ဆွဲ။ ပဲခေါက်ဆွဲဖြစ်ပါတယ်။ ကိုရီးယားတောင်/မြောက် ရုပ်ရှင်ဇာတ် ကားများတွင် မကြာခဏတွေ့ မြင်ဖူးကြ မှာပါ။ အာဟာရ လဲဖြစ်၊ ဗိုက်လဲပြည့်စေလို့  ထမင်းအ စား နေ့ စဉ်သုံးအစားအစာအဖြစ် ပေါ်ပြူလာဖြစ်လို့ နေပါတယ်။ udon ခေါက်ဆွဲကိုသုံးပြီး၊ black bean (၀ါ) jjajang (ခေါ်) “ပဲလွန်း” အနှစ်ကိုရောထားတာပါ။ zucchini၊ ဂေါ်ဖီ၊ ဟင်းရွက်ဆီ၊ အာ လူးအနှစ်၊ ဂုံးကောင် ငန်ပြာရည်၊ ဆန်ဝိုင်၊ ဂျင်း၊ သကြား၊ နှစ်သက်ရာ ၀က် (သို့ ) အမဲသား (သို့ ) ပင်လယ်စာ တို့ ဖြင့် အရသာအစပ်အဟပ်တဲ့အောင် ပြုလုပ်ထားတာပါ။ အဲဒီပဲခေါက်ဆွဲကို၊ ဟင်း ရွ က်စုံကင်မ်ချီ/သခွားသီးချဉ်သနပ်၊ တို ဖြင့်တွဲဖက် စားလေ့ရှိကြပါတယ်။

(၂) Dongchimi Gooksu ခေါက်ဆွဲ။ ကင်မ်ချီ အဖြူနဲ့ ပြုလုပ်ထားတဲ့ ခေါက်ဆွဲအေးစွပ်ပြုတ်ပါ။ ကင်မ်ချီအဖြူကိုခေါက်ဆွဲမစား ခင် ၃ရက်လောက်ကြိုစိမ်ထားရတာပါ။ somen ခေါက်ဆွဲကို အသုံးပြုထားတဲ့၊ မြောက်ကိုရီးယား သက်သက်လွတ်ခေါက်ဆွဲပြုတ် လေးပါဘဲ။ အသားကြိုက် သူများကလဲ BBQ အသားများထဲ့၍ စားကြပါတယ်။ ဒီခေါက်ဆွဲကို ကာလီဖိုးနီးယားတောင် ဘက်ပိုင်း မှာ နှစ်သက်ကြလွန်းလို့  နွေရာသီစာအဖြစ် စားလေ့ရှိကြပါတယ်တဲ့။

(၃) Memil Guksu ခေါက်ဆွဲ။ ကောက်နှံစပါးနဲ့ လုပ်ထားတဲ့ခေါက်ဆွဲပါ။ အပူရော/အအေးပါ ၂မျိုးလုံးစားနိုင်ပါတယ်။ ပန်းသီးအနီ ရောင်၊ myulchi garu (ခေါ်)ငါးပါးနီမှုန့် ၊ dashima (ခေါ်)ေ ရမှော် ၊ ပဲငပိ၊ သကြာား၊ ဆန်ဝိုင်၊ moo (ခေါ်)မုန်လာဥဖြူ၊ ကြက် သွန်နီ၊ gim (ခေါ်) ရေညှိပြား၊ wasabi (၀ါ) gyoja (ခေါ်) မုန်ညင်းစိမ်း တို့ ဖြင့် အရသာရှိရှိ ချက်ထားတာပါ။ ဒီခေါက်ဆွဲကိုတော့ ပဲငံပြာရည်နဲ့ တို့ စားလေ့ရှိကြပါတယ်။

(၄) Janchi guksu ခေါက်ဆွဲပြုတ်။ ဒီဂျုံခေါက်ဆွဲပြုတ် ပူပူလေးကို မင်္ဂလာဆောင်၊ မွေးနေ့ ပါတီ ပွဲ နှင့် hwangab (ခေါ်) အသက် ၁၆နှစ်ပြည့် မွေးနေ့ တွေမှာ အထူးတလည်စားကြပါတယ်။ အမဲ သားကိုအသုံးပြုလေ့ရှိပြီး၊ zucchini (ခေါ်) ကြက်သွန် မြိတ်၊ ကြက်ဥကြော်တို့ ကို ပါးပါး လှီးကာ အပေါ်မှာဖြူးးထားပါတယ်။ တွဲဖက်စားရန်အတွက် နှမ်းဆီမွှေး၊ ပဲငပိအနှစ်၊ ကြက်သွန် နီ နှင့် ငရုပ်သီးမှုန့်် တို ကိုရောစပ်ပြီး sauce ပြုလုပ်ထားပါတယ်။
+++++++++++++++++++++++++++++++++++
< အာရှတိုက် ခေါက်ဆွဲ >
တရုပ် ပြည်ဖြစ် ခေါက်ဆွဲများသည် အရသာရှိခြင်း၊ အာဟာရဓာတ်ပြည့်ဝခြင်း၊ ကုန်ကျမှုသက် သာခြင်း၊ ပြင်ဆင်ချက်ပြုတ်ရန် လွယ်ကူခြင်း၊ ခေါက်ဆွဲခြောက် အဖြစ်တာရှည်ထိန်းသိမ်း ထားနို င်ခြင်း စသည့် ဂုဏ်သတင်းများကြောင့် အိမ်နီးချင်းနိုင်ငံများတွင် ခေါက်ဆွဲစားသုံးသော ယဉ်ေ ကျး မှု က ရာစုနှစ်ပေါင်းများစွာလွှမ်းမိုးထားနိုင်ခဲ့ပါတယ်။

(၁) Pho ခေါက်ဆွဲ။ ဆန်ပြားခေါက်ဆွဲဖြစ်ပြီး၊ တရုပ်ပြည်ရဲ့  He Fen ခေါက်ဆွဲကို ဆန်းသစ်ထား တာပါ။ ထိုင်းနှင့် ဗီယက်နမ် တို့ တွင် “Pho ခေါက်ဆွဲ” ဟု အမည်တွင်းပြီး၊ ခေါက်ဆွဲကြော် စားေ လ့ရှိကြပါတယ်။

(၂) Idiyappam ခေါက်ဆွဲ။ ဆန် နှင့် ဂျုံ ၂ မျိုးစလုံး လုပ်ထားတဲ့ သေးသေးမျှင်မျှင်ခေါက်ဆွဲလေး ပါ။ တရုပ်ပြည်ရဲ့  La Mian ခေါက်ဆွဲကို ဆန်းသစ်ထားတာပါ။ အိန္ဒိနှင့် သီရိလင်္ကာနိုင်ငံတို့ မှာ “Idiyappam ခေါက်ဆွဲ” ဟု အမည်တွင်ပြီး၊ အိန္ဒိယဟင်းလျာ အမျိုးမျိုး နှင့် chutney.ဟင်းလျာတို့  မှာအသုံးပြုကြပါတယ်တဲ့။

(၃) Rice Vermicelli ဆန်မှုန့် နဲ့ ပြုလုပ်ထားတဲ့ ဆန်ကြာဇံလေးပါ။ တရုပ်ပြည်ရဲ့  cellophaneေ ခါက်ဆွဲနဲ့  ခပ်ဆင်ဆင် တူပါတယ်။ စင်္ကာပူနိုင်ငံမှာတော့ satay been hoon (ခေါ်) မြေပဲဆာေ တးေ ခါက်ဆွဲကြော် နှင့် hokkien mee (ခေါ်) ပင်လယ်စာ ခေါက်ဆွဲကြော် တို့ တွေမှာ အသုံြး ပုေ လ့ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံတွင်တော့ pancit ခေါက်ဆွဲကြော်အဖြစ် မွေးနေ့  ပွဲ များတွင် စား သုံး လေ့ရှိကြပါတယ်။

(၄) Wonton ခေါက်ဆွဲ။ ဟောင်ကောင်မှာ ရေပန်းစားနေတဲ့ ကြက်ဥ (သို့ ) ဘဲဥ တို့ ဖြင့် ပြုလုပ် ထား တဲ့ ၀ါဖျော့ ဖျော့ ခေါက်ဆွဲ ပြားပါ။ ဖက်ထုပ်လုပ်ရာတွင် အသုံးပြုလေ့ရှိပြီး၊ Dim Sum ဖက် ထုပ်ပေါင်း၊ ဖက်ထုပ်ဆီချက်၊ ဖက်ထုပ်ပြုတ်အဖြစ် အသုံးပြုလေ့ ရှိပါတယ်။

(၅) အုန်းနို့ ခေါက်ဆွဲ။ အားလုံးသိကြတဲ့အတိုင်း မြန်မာ့ရိုးရာအစားအစာ “မုန့့်ဟင်းခါး”မုန့် ဖတ် သည် ဆန်ဖြင့်လုပ်ထားတဲ့ ဆန် ခေါက်ဆွဲတစ်မျိုးပါဘဲ။ ဂျုံကြာဇံ/ ဆန်ကြာဇံ များကလည်း ခေါက် ဆွဲမျိုးရင်း ဖြစ်ကြပါတယ်။ မြန်မာပြည်မှာ ဆန်ခေါက်ဆွဲ၊ ဂျုံခေါက်ဆွဲ၊ ညှပ်ခေါက်ဆွဲ၊ နန်းကြီး၊ နန်းသေး၊ ဆန်ပြား၊ လက်ညှစ်မုန့် ဖတ် စသည်ဖြင့် အမျိုးမျိုးရှိပြီး၊ ခေါက်ဆွဲသုပ်၊ အသုပ်စုံ၊ ခေါက် ဆွဲကြော်၊ ခေါက်ဆွဲပြုတ်၊ ခေါက်ဆွဲအေး၊ ကြာဇံချက်၊ ကြာဇံကြော်၊ ကြေးအိုး၊ ကြေးအိုးဆီချက်၊ ဆီချက်ခေါက်ဆွဲ၊ ဆန်စီး၊ ရှမ်းခေါက်ဆွဲ၊ မြီးရှည်၊ အုန်းနို့ ခေါက်ဆွဲ၊ နို့ စိမ်းခေါက် ဆွဲ၊ ကော်ရ ည်၊ ခေါက်ဆွဲကြွတ်ကြော်၊ ရခိုင်မုန့် တီ စသည်ဖြင့် လူမျိုးဘာသာမရွေး အရွယ် ၃ပါးမရွေး စား သုံး ကြပါတယ်။ ဂျုံခေါက်ဆွဲကို ကြက်သား၊ အုန်းနို့ ၊ ကုလားပဲမှုန့် ၊ ဘဲဥ၊ ကြက်သွန်နီ၊ ကြက် သွန်ြ ဖူ၊ ဂျင်း၊ ဆီ၊ ငါးငန်ပြာရည်၊ ငရုပ်သီး တို့ ဖြင့် ချက်လုပ်ထားပြီး၊ ကြက်သွန်နီ၊ သံပုရာရည်၊ မုန့် ကြွပ်ကြော် နှင့် ဘဲဥပြုတ် တို့ ကို အပေါ်မှဖြူး၍ အရသာရှိရှိစားရသော အုန်းနို့ ခေါက် ဆွဲေ လး ပါ။ အာရှတိုက်၏ အကောင်းဆုံး ဂျုံခေါက်ဆွဲ အစားအစာ စာရင်းထဲတွင် မြန်မာ့အုန်းနို့ေ ခါက် ဆွဲ ကို Burmese Chicken-Coconut Soup (Ohn No Kyawswe) မီနူး အဖြစ် မှတ်တမ်းတင် ဖော်ပြထားပါတယ်။
+++++++++++++++++++++++++++++++++++
< အရှေ့ အလယ်ပိုင်းဒေသ ခေါက်ဆွဲ >
သမိုင်းရာဇ၀င်များအရ၊ ၄ ရာစုနှစ်လောက်တွင် အာရပ်ကုန်သည်များ တရုပ်ပြည်သို့  အလည်ေ ရာ က်ရှိ လာခဲ့ချိန်မှစပြီး၊ အရှေ့  အလယ်ပိုင်းဒေသမှာ ခေါက်ဆွဲစားသုံးသော အလေ့အကျင့်စ တင်လာခဲ့ပါတယ်။

(၁)Arabian Baked Pasta ဟင်းလျာ။ Macaroni (ခေါ်) ဂျုံခေါက်ဆွဲအခေါင်းပွ(အခြောက်) ကို ပြုတ်ြ ပီးတော့ ကြက်သား စဉ်းကော၊ အာလူး၊ ငရုပ်ကောင်း၊ ကြက်သွန်နီ ၊ ဂျင်း၊ ဆား၊ သံ လွင် ဆီ၊ နံနံပင်၊ ဂျုံဖြူ၊ ထောပတ်၊ safayd dakni mirch (ခေါ်) အာရပ်ဟင်းမွှေးငရုပ်ကောင်း မှုန့် အဖြူ၊ နွာနို့ ၊ ကြက်ဥ၊ Cheddar ချိစ်တိုဖြင့် အရောအနှော စုံလင်စွာစီမံထားပြီး၊ သင်းပျံ့ မွှေြး ကိုင်တဲ့ အာရေဗျစတိုင်လ် ခေါက်ဆွဲဟင်းလျာ ကိုတော့ နေ့ စဉ်သုံးအစားအဖြစ် အဖြစ် စားသော က်လေ့ရှိကြပါတယ်။

(၂) Sizzling Noodles with Vegetables။ သက်သက်လွတ်ဟင်းရွက်စုံ ခေါက်ဆွဲအကျွတ်ြေ က်ာကလေးပါ။ အ၀ါရောင်ဂျုံ ခေါက်ဆွဲအပြားကိုအသုံးပြုပြီး၊ ဟင်းရွက်ဆီ၊ ဗိုစားပဲသီး၊ မုန်ုလာ ဥနီ၊ ဂေါ်ဖီ၊ ဆား၊ ငရုပ်ဆီ၊ ပဲငန်ပြာရည်၊ ပြောင်းဖူးမှုန့် ၊ ငရုပ်သီးစိမ်း၊ ရှာလကာရည် တို့ ဖြ င့်ြေ က်ာထားပြီး၊ အနံ့ အရသာအတွက် ကြက်သွန်မြိတ် နှင့် ငရုပ်ကောင်းမှုန့် ဖြူးထားပါတယ်။ ဒီေ ခါက်ဆွဲကြော် ပူပူစပ်စပ်လေးကို၊ အာရေဗျနိုင်ငံသားများ အထူးကြိုက်နှစ်သက်ကြတယ် လို့ ဆိုပါ တယ်။
+++++++++++++++++++++++++++++++++++
< ဥရောပတိုက် ခေါက်ဆွဲ >
ကမ္ဘာကြီးက ရွာကလေးဆိုသလိုပါဘဲ။ ထိုခေတ်ထိုအခါကတည်းကပင် ကုန်သင်္ဘောဖြင့် ကုန် သွယ်ေ ဖာက်ကားကြပြီး၊ တရုပ် ပြည်ရှိ ခေါက်ဆွဲများသည် အာရှတိုက်၊ အရှေ့ အလယ်ပိုင်းေ ဒသ၊ ဥရောပတိုက် စသည်ဖြင့် လက်ဆင့်ကမ်းပျံ့ နှံ့ လာခဲ့ကြ ပါ တယ်။ ၁၂ရာစုနှစ်အထိ ဥရော ပတိုက်တွင် ခေါက်ဆွဲကို ဖောဖောသီသီ မတွေ့ ရသေးပါဘူး။ ၁၃ရာစုနှစ် လောက်တွင်တော့ ကမ္ဘာလှည့် အီတလီကုန်သည်ကြီး Marco Polo က တရုပ်ပြည်မကြီးမှအပြန်တွင် Venice မြိုေ့ တ်ာသို့  ခေါက်ဆွဲခြောက်များ သယ်ဆောင်လာခဲ့ပါတယ်။ လမ်းခရီးတွင်မုန်တိုင်း မိပြီး၊ ခေါက် ဆွဲေ တွ ရေစိုကာပွလာပါတယ်တဲ့။ ထိုအခါ သင်္ဘောစားဖိုမှူးက ခေါက်ဆွဲတွေကိုပြုတ်ပြီး၊ သေ င်္ဘာပေါ်ရှိကျေးကျွန်များကို ချက်ကျွေးခဲ့ပြီး Pasta လို့ အမည်ပေးခဲ့ပါတယ်။ ယနေ့ ချိန်ထိ အီ တလီ မှာ pasta ကို ရှေးယခင်နည်းအတိုင်း လက်ဖြင့်သာလုပ်လေ့ရှိကြပါတယ်။

နည်းပညာများလဲ တဖြည်းဖြည်းတိုးတက်လာပြီဖြစ်ရာ၊ ၁၇ ရာစုနှစ်မှာတော့ အီတလီနိုင်ငံရဲ Napoli ဒေသမှာ ခေါက်ဆွဲဖြင့် စီမံထားတဲ့ နံမည်ကျော် spaghetti ကို စတင်ဖန်တီးခဲ့တာပါ။ ယခုခါမှာတော့ အီတလီတွင် spaghetti ခေါက်ဆွဲအပြင်၊ fettuccine, linguine နှင့် capellini စသည့် ခေါက်ဆွဲများရရှိနိုင်ပါတယ်။ ဒါ့အပြင် pasta ပုံစံမျိုး စားရသော lasagna, ravioli, rotini, gemelli နှင့် mostaccioli တို့ လဲစားသောက်နေကြပါတယ်။ ယနေ့ ဥရောပတိုက်၏ ခေါက်ဆွဲ အစားဆုံး နိုင်ငံမှာ အီတလီဖြစ်ပြီး၊ ပြင်သစ် က ဒုတိယလိုက်ပါတယ်။

အမေရိကတိုက်တွင်တော့ ၁၇ ရာစုနှစ်နှောင်းပိုင်းအထိ၊ ခေါက်ဆွဲကို တွင်ကျယ်စွာ မစားသုံး တတ်ြ ကေ သးပါဘူး။ ၁၈ ရာစု နှစ်ဦးတွင် ဆေးသိပ္ပံပညာရှင်များ သုတေသနပြုကြရာမှာ ကြက်သားခေါက်ဆွဲစွတ်ပြုတ် က အအေးမိနှာစေးချောင်းဆိုး၊ တုပ်ကွေးရောဂါများအတွက် အထူးသင့်လျော်ပြီး၊ အဆာလည်းကျေစေကာ ကျန်းမာရေးနဲ့ ညီညွတ်စေကြောင်း အဖြေထွက် ရှိခဲ့ရာမှစ၍၊ ခေါက်ဆွဲပြုတ် ကို နေ့ စဉ်သုံးအစားအစာအဖြစ် စားသုံးလာခဲ့ကြပါတယ်။

(၁) Bow Ties with Sausage and Sweet Peppers ယနေ့  အီတလီမှာ ရေပန်းစားနေတဲ့ pasta ဟင်းလျာလေးပါ။ pasta အခြောက်ကိုပျော့သွားအောင်ရေနွေးဖျောပြီးတော့၊ ရနံ့ အရသာ ထဲ့ ထားတဲ့ အီတလီဝက်အူချောင်း၊ ပန်းငရုပ်ချိုသီး၊ အမဲသား တို့  နဲ့  ချက်ထားတာပါ။ အရသာ ချိုချိုေ လးမို့  ကလေးရော၊ လူကြီးပါ ကြိုက်နှစ်သက်ကြပါတယ်။ လုပ်ရတာရိုးရှင်းလွယ်ကူပြီး၊ ဟင်းလျာအဖြစ်ရော၊ သွားရည်စာအဖြစ်ပါ စားလေ့ရှိကြပါတယ်တဲ့။

(၂) Spanish Noodle Paella ဈေးကြီးတဲ့စပိန်စတိုင်လ် spaghetti ခေါက်ဆွဲကြော်ပါ။ စားရ လွယ်အောင် ၁လက်မ အရွယ်လှီး ဖြတ်ထားတဲ့ spaghetti ခေါက်ဆွဲ ကို ပုစွန်ထုပ်၊ ဂုံးကောင်၊ ဖဲ့ချေထားသော အ၀ါရင့်ရောင်ရှိတဲ့ကုံကုမံ၊ ကြက်သွန်နီ၊ အနီ ရောင်ငရုပ်ပွ၊ အီတလီမုန်လာရွက်၊ ကြက်သွန်ဖြူ၊ အစေ့ထုတ်ကာလှီးဖြတ်ထားသော ခရမ်းချဉ်သီး၊ အရသာချိုသော ဟန်ဂေရီ အနီေ ရာ င်ငရုပ်ကောင်းမှုန့် ၊ ကမာကောင်အချိုရည်၊ တို့ ဖြင့် အရသာရှိရှိရောစပ်ကာ သံလွင်ဆီ ဖြ င့်ကြော်ထားတာပါ။ အဲဒီ ခေါက်ဆွဲကြော်ကို စားသောက်ဆိုင်ကြီးများတွင် ပန်းကန်ကိုမသံးဘဲ၊ ကမာကောင်အခွံကြီးထဲထဲ့ကာ တည်ခင်းဧည့်ခံလေ့ ရှိပါတယ်။

(၃) French Creamed Chicken and Noodle Soup။ ပြင်သစ်နိုင်ငံ မှာ ဂျုံခါက်ဆွဲတွေထက်၊ ကြက်ဥခေါက်ဆွဲကိုသာ အစားများကြပါတယ်။ ပန်းသီးကိုဖောဖောသီ သုံးထားတဲ့ ဒီကြက်ဥေ ခါက်ဆွဲစွပ်ပြုတ်ကို ပြင်သစ်ရဲ့ အကောင်းဆုံးခေါက်ဆွဲဆိုင် “Paris noodle house” မှာ နေ့ စဉ် ၀ယ်လိုအားကောင်းနေတယ်လို့ ဆိုပါတယ်။ ဦးစွာပထမ ပန်းသီးကိုထောပတ်နှင့်ကြော်ပြီး၊ ကြက် ရင်ပုံသားကို အတုံးကြီးကြီးထဲ့ကာ ပန်းသီးဘရန်ဒီ၊ ပန်းသီးရှာလကာရည် နှင့် ပန်းသီးအရက် တို့ ဖြင့် အသားကို နူးအိနေ အောင် ပြုတ်ထားပြီးနောက် ကြက်ဥခေါက်ဆွဲ၊ ဒိန်ခဲအမာ နှင့် ချိုငန် အရသာတို့ ကို သင့်သလိုခတ်ထားပါတယ်။ ပြီးတော့ အပေါ်ယံဝေ့နေတဲ့ ထောပတ်နဲ့ ဒိန်ခဲ အဆီတို့ ကိုဖယ်ရှားပြီး၊ leek (ခေါ်)ကြက်သွန်နီအပင်တစ်မျိုးကို ကတ်ကြေးဖြင့် ညှပ်၍ှဖြူး ကာ၊ ငရုပ်ကောင်းထဲ့ စားကြပါတယ်။
+++++++++++++++++++++++++++++++++++++++++++
ယနေ့ မြန်မာပြည်မှာ လူနေမှုအဆင့်အတန်း တိုးတက်ခေတ်မှီလာသည့်အလျှောက်၊ နိုင်ငံခြား အစားအစာများကလဲ မြန်မာ ပြည်သူပြည်သားများနဲ့  မစိမ်းတော့ဘဲ ခံတွင်းတွ့ နေကြပါ တယ်။ နိုင် ငံတကာ ခေါက်ဆွဲ ဟင်းလျာတို့ ကို ကမ္ဘာပတ်စားနေစရာ မလိုဘဲ၊ ပြည်တွင်းရှိ ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်ကြီးများနဲ့  Noodle House ဆိုင်တွေမှာ လွယ်လင့်တကူ စားေ သာက်နိုင် ပါတယ်။ ဒါ့အပြင် နိုင်ငံတကာရှိ သန့် ရှင်းလတ်ဆတ်သော ready made (ခေါ်) အသင့်စားအထုပ်များလဲ စူပါမားကတ် ဆိုင်များမှာ ရနေပြီမို့  မိမိအိမ်မှာပင် ၀ိုင်းဖွဲ့ စားေ သာက်နို င်ပါကြောင်း။

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

လာ…တူတူဆွဲကြမယ်..ဟေ့…ခေါက်ဆွဲ (အပိုင်း-၁)

ခေါက်ဆွဲဆိုတာဘာလဲ? အလွယ်ဖြေရရင်တော့ ခေါက်ဆွဲဆိုတာ ဂျုံမှုန့် ကို ရေဆူဆူမြှာ ပုတ် ထားတဲ့ ဂျုံဖတ်ပါဘဲ။ အဲဒီဂျုံဖတ်ကို လိမ်၍သော်လည်းကောင်း၊ နှစ်ခုပူး၍သော် လည်းေ ကာင်း၊ မွှေ၍သော်လည်းကောင်း၊ ဘရပ်ရှ်နှင့်တိုက်၍သော်လည်းကောင်း၊ လက်ဖြင့်ပွတ်၍သော် လည်းေ ကာင်း၊ ဖိ၍သော်လည်းကောင်း၊ လှည့်၍သော်လည်းကောင်း၊ ညှစ်ချ၍သော်လည်းေ ကာင်း၊ ဆွဲ၍ သော်လည်းကောင်း စသည်ဖြင့် စားဖွယ်စုံအတွက် ခေါက်ဆွဲဖတ်ကို ပုံသဏ္ဌာန် အမျိုး မျိုး ပြုလုပ်ကြခြင်းဖြစ်ပါတယ်။ ယေဘုယျ အားဖြင့် ခေါက်ဆွဲကို အကြော်၊ အသုပ်၊ ခေါက် ဆွဲပူ /ခေါက်ဆွဲအေးစွပ်ပြုတ် ဟူပြီး စားလေ့ရှိကြပါတယ်။

ခေါက်ဆွဲရာဇ၀င် အစကဘယ်ကလဲ? ဆိုတာနဲ့ ပတ်သက်ပြီး၊ အငြင်းပွားမှုကလေးတွေရှိခဲ့ကြ ပါတယ်။ အချို့ က ခေါက်ဆွဲ အစ မြေထဲပင်လယ်တိုင်းပြည်ကလို့ ဆိုကြသလို၊ အချို့ ကလဲ ခေါက် ဆွဲအစ အရှေ့ အလယ်ပိုင်းဒေသ “အာရပ်” က လို့ ဆိုကြပြန်ပါ တယ်။ ဒီအငြင်းပွားမှုတွေ အတွက်၊ နိုင်ငံကတာ ရှေးဟောင်းယဉ်ကျေးမှုလေ့လာရေးသုတေသီများက သမိုင်းရာဇ၀င်များကို အကျိတ်အနယ် ပြန်လည်တူးဆွကြတာပေါ့။ နောက်ဆုံးမှာတော့ ဘေဂျင်း ရှိ The Chinese Academy of Sciences မှ ရှေးဟောင်းယဉ်ကျေးမှုသုတေသနအဖွဲ့ ခေါင်းဆောင် Houyuan Lu ဆိုသူက Han မင်းဆက်မှစ၍ Qing မင်းဆက်အထိ ခေါက်ဆွဲပြုလုပ် စားသုံးခဲ့ပုံ အဆင့်ဆင့် ကို တရုပ်ပြည်သမိုင်းကြောင်း အထောက်အထားများ နဲ့  အခိုင်အမာ အတည်ပြု လိုက်မှသာ၊ အငြင်းပွားမှုများ တခန်းရပ်သွားခဲ့ပါ တယ်။ ယနေ့ ကမ္ဘာမှာတော့ ခေါက်ဆွဲ ဆိုတာ တူချောင်းေ လး ၂ ချောင်းဖြင့် ထိုးဆွစားရသော တရုပ်အစားအစာ တစ်ခုဖြစ်ကြောင်းကို စိုးစဉ်းမျှယုံမှား သံသယဖြစ်ဖွယ် မရှိတော့ပါဘူး။

ခေါက်ဆွဲအစ..ဘယ်ဒေသက.. လို့ မည်သို့ ပင်အငြင်းပွားခဲ့စေကာမူ၊ ခေါက်ဆွဲစားသုံးသော ယဉ်ကျေးမှု ထွန်းကားလာသည့် အလျောက်၊ ပစ္စုပ္ပန်ကာလမှာတော့ အာရှ/ဥရောပတိုက်အားလုံး တွင် ခေါက်ဆွဲ က အဓိကအစားအစာအဖြစ် နေရာယူလျှက် ရှိနေပါပြီ။ နေရာဒေသယဉ်ကျေး မှုပေါ်လိုက်၍ ဂျုံ/လူး/ဆပ်/ဆန်/ပြောင်း/ကြက်ဥ တို့ ကို အခြေခံကာ ခေါက်ဆွဲ အဖြစ် ဖန် တီး/ ပြင်ဆင်/ ခေါ်ဝေါ်ပုံချင်း မတူညီကြခြင်းသာ ဖြစ်ပါတယ်။
+++++++++++++++++++++++++++++++++++
< တရုပ်ခေါက်ဆွဲ >

ရှေးလွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ကျော်ကတည်းကစပြီး၊ မြစ်ဝါမြစ်တည်ရှိ ရာ၊တရုပ်ပြည်မြောက် ပိုင်းဒေသတွင် လူးစပါးပင် မှ ခေါက်ဆွဲလုပ်ခဲ့ကြလေ၏။ ခေတ်ကာလရွေ့ လျားလာပြီးနောက် AD ၁၀၀ ခန့် မှစ၍ ဂျုံဖြင့် ပြောင်းလဲလုပ်ခဲ့ကြသော်လဲ၊ ယနေ့  ချိန် ထိ တရုပ်ပြည်မြော က်ပိုင်း တွင် ခေါက်ဆွဲလုပ်ရန် ကုန်ကြမ်းအဖြစ် လူးစပါးများကို တွင်တွင်ကျယ်စိုက်ပျိုးလျှက် ရှိနေကြတုန်း ပါ။ တရုပ်ပြည်တွင် ခေါက်ဆွဲဆိုင်များကို ဖွင့်လှစ်လာကြတာ Sung မင်းဆက်မှစ၍ ယနေ့ ထက် တိုင်အောင်ပါဘဲ။ တရုပ်ရိုးရာ အရ ခေါက်ဆွဲ သည် “အသက်ရှည်သည်” သက်ဝင်ယုံကြည်ကြ တဲ့အတွက် မွေးနေ့ ပွဲနှင့် နှစ်ကူးပွဲများတွင် မဖြစ်မနေစားကြပါ တယ်။ တရုပ်ပြည်ရဲ့  birthday cake ဟာ birthday noodles ပါဘဲတဲ့။

(၁)La Mian ခေါက်ဆွဲ။ တရုပ်လို La = ဆွဲဆန့်  Mian = ခေါက်ဆွဲ ဟု အဓိပ္ပါယ်ရသော La Mian ခေါက်ဆွဲ ကတော့ ရှေးရိုးရာ လက်ဖြင့်လုပ်တဲ့ခေါက်ဆွဲဖြစ်ပါတယ်။ သူတို့ ဆီမှာတော့ “လက်ဆွဲခေါက်ဆွဲ” လို့ ခေါ်ဝေါ်ကြပါတယ်တဲ့။ ဂျုံမှုန့် နှစ်အရည် ပျစ်ပျစ်စပ်ထားပြီး၊ လက်ဖြင့် လိမ်ပြီးတော့ ဆွဲဆန့် ကာ၊ အမျှင်သေးသေးရှည်ရှည်ပြုလုပ်ထားတဲ့ လက်လုပ်ခေါက်ဆွဲလေးပါ။ ဒီ အဖြူရောင် ခေါက်ဆွဲကို ခေါက်ဆွဲပြုတ် ၊ ခေါက်ဆွဲကြော်အဖြစ်အသုံးပြုလေ့ရှိပါတယ်။ တရုပ်ပြည်မှာသာမက၊ အမေရိကန်မှာလဲ လူကြိုက်များတဲ့ ခေါက်ဆွဲအမျိုးအစားဖြစ်ပါတယ်။

(၂)Mee Pok ခေါက်ဆွဲ။ ဂျုံ နဲ့ လုပ်ထားတဲ့ ၀ါဖျော့ဖျောရောင့် ခပ်ြပားပြား ခေါက်ဆွဲလေးပါ။ ဒီခေါက်ဆွဲကိုတော့ အသားပြုတ်ရည် ဖြင့် ခေါက်ဆွဲပြုတ်လေ့ရှိကြပြီး မှို၊ နှင့်အသားတို့  ကို နုပ်နု ပ်စင်းစင်းကာ အပေါ်မှဖြူးကာ၊ အချဉ်ရည်တို့ ၍ စားသုံးကြပါတယ်။ ငါးဆုပ်လုံး ခေါက် ဆွဲပြုတ် အဖြစ်လဲ စားကြပါတယ်။ စင်္ကာပူ၊ ထိုင်း နှင့် မလေးရှားတို့ တွင်တော့ “bak chor mee” လို့  ခေါ်ကြ ပါတယ်။

(၃)He Fen ခေါက်ဆွဲ။ ဆန်ဖြင့်လုပ်ထားတဲ့အဖြူရောင် ခေါက်ဆွဲပြားဖြစ်ပါတယ်။ အမဲသာြး ဖင့် ကြော်စားလေ့ရှိကြပြီး၊ “chao fen” ခေါက်ဆွဲကြော်လို့ ခေါ်ကြပါတယ်။

(၄)Cellophane ခေါက်ဆွဲ။ ခေါက်ဆွဲရဲ့ ပုံသဏ္ဍာန်က ကြာဇံလို ပိန်သေးသေးလေးဖြစ်ပြီး၊ အလင်းရောင်ဖောက်မြင်ရပါတယ်။ ရှေးယခင်ကတော့ ပဲတီးစိမ်းအနှစ်မှ ပြုလုပ်လေ့ရှိပြီး၊ ယခုနောက်ပိုင်းမှာတော့ မျောက်ဥ၊ အာလူး၊ ပလောပီနံ စတဲ့ကော်မှုန့် တို့  မှ ပြုလုပ်လာကြပါတယ်။ ဒီခေါက်ဆွဲကို ဟော့ပေါ့၊ ခေါက်ဆွဲစွပ်ပြုတ်၊ ခေါက်ဆွဲကြော် စသည်ဖြင့် အမျိုးမျိုး လုပ်စားနိုင်ပါတယ်။ တရုပ်ပြည်သာမက၊ ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ် စတဲ့ အရှေ့ တောင်အာရှနိုင်ငံများမှာ တွင်ကျယ်စွာ စားနေကြတဲ့ ခေါက်ဆွဲပါ။

(၅)ခေါက်ဆွဲအေး (ခေါ်) Cold noodle ခေါက်ဆွဲအေးစားသုံးမှု ကို တရုပ်ပြည်မှာ အုပ်စိုးခဲ့တဲ့ တစ်ဦးတည်းသော နန်းဆက် ဘုရင်မ Wu Zetian က စတင်ဖန်တီးခဲ့တာလို့ ဆိုပါတယ်။ သူမရဲ့ အသက် ၁၄ နှစ်မြောက်မွေးနေ့ မှာ၊ ကြင်ယာတော် ဖြစ်သူ နှင့်အတူ ထူးထူးခြားခြား စားရန်အတွက် သူမ ကိုယ်တိုင် စားဖိုမှူး ကို ခေါက်ဆွဲအေး စီမံခိုင်းတာပါတဲ့။ ဒီခေါက်ဆွဲအေးကိုတော့ La Mian ခေါက်ဆွဲ နဲ့ ချက်ရတာပါ။ အနံ့ အရသာအတွက် နှမ်းဆီ နှင့် ပဲငန်ပြာရည် ကို အသုံးပြုထားပြီး၊ ကြက်သားဖြင့်သာ လုပ်လေ့  ရှိကြပါတယ်။ ခေါက်ဆွဲအေးကို သွားရည်စာအဖြစ်သာ စားလေ့ရှိပြီး၊ တရုပ်ပြည်မှာတော့ Ji Si Liang Mian လို့  ခေါ်ကာ၊ အခြားနိုင်ငံတွေမှာတော့ “sesame noodles with chicken” လို့ ခေါ်ကြပါတယ်။

(၆)Dan Dan ခေါက်ဆွဲ။ တရုပ်ပြည် စီချွမ်း ပြည်နယ်မှာ ၁၈၄၁ လောက် က စတင်ခေတ်စား လာတဲ့ ခေါက်ဆွဲပါ။ ထိုကာလ တွင်တရုပ်ပြည်မှာ စားဝတ်နေရေးအတွက်တော်တော်လေး လုံးပ န်းကြရတဲ့အတွက် ခေါက်ဆွဲကို လူသွားလမ်းဘေးရှိ ၀ါးပေါ် မှာခင်းရောင်းကြရခြင်းဖြစ် ပါ တ ယ်။ ၀ါးကို အစွဲပြုပြီး တရုပ်လို Dan Dan လို့  အမည်တွင်ခဲ့တာပါ။ ရေဆူဆူထဲ မှာ ခေါက်ဆွဲ အစို နှင့် အတူ ငရုပ်ဆီ၊ ပဲငပိ တို့ ကိုပါတခါတည်းထဲ့ပြုတ်လေ့ရှိပြီး၊ တရုပ်ငရုပ်ကောင်း နှင့် ဟင်း သီးဟင်းရွက်ခတ်ထားတဲ့ ပူပူစပ်စပ် အရသာ သက်သက်လွတ်ခေါက်ဆွဲပြုတ်လေးပါ။ အဲဒီ အချိန် တုန်းကတော့ လမ်းဘေးအစားအစာမို့ လူကုံတန်တွေ စားလေ့မရှိကြ ပါဘူးတဲ့။ ယခု အခါ မှာတော့ တရုပ်ပြည်ရှိ လူကုံတန် အသိုင်းအ၀ိုင်းများသာမက၊ တစ်ကမ္ဘာလုံးရှိ တရုပ် စားေ သာက် ဆိုင်ကြီးတွေ မှာပါ Dan Dan Noodle မီနူးက ပေါ်ပြူလာဖြစ်လို့ နေပါပြီ။ ဒီ ခေါက်ဆွဲ ကိုတော့ ကြက်သားကို မသုံးဘဲ၊ အမဲသား (သို့ မဟုတ်) ၀က်သားဖြင့်သာ ပြုလုပ်ေ လ့ရှိကြ ပါတယ်။
+++++++++++++++++++++++++++++++++++
< ဂျပန်ခေါက်ဆွဲ >

အေဒီ ၅၀၀ ခန့် တွင် တရုပ်ဘုန်းတော်ကြီးများ သာသနာပြုရာမှစ၍ ဂျပန် နိုင်ငံတွင် ခေါက်ဆွဲကို ဆန်အစားထိုး ပင်တိုင်အစား အစာအဖြစ် စားသုံးလာခဲ့ကြပါတယ်။ ဆွေမျိုးပေါက်ဖော် တရုပ် တို့ ယုံကြည်မှုအတိုင်း ဂျပန်နိုင်ငံမှာလဲဘဲ၊ “သက်ရှည်ကျန်းမာ ဘေးဘယာကင်းဝေးသည်” ဟု သက်ဝင်ယုံကြည်မှုဖြင့် ခေါက်ဆွဲကို ဘာသာရေးပွဲများ၊ မွေးနေ့ ပွဲများနှင့် လက်ဘက်ရည်ပွဲတော် များတွင် မဖြစ်မနေစားသုံးကြပါတယ်။ ဒုတိယကမ္ဘာစစ်ရောက်တဲ့အခါမှာတော့၊ အစာရေဆြာ ပတ် လတ် မှု ပြသနာကိုဖြေရှင်းရန် အတွက် တာရှည်ခံအောင် ခေါက်ဆွဲခြောက်ကို စတင်ဖန်တီးထုတ်လုပ်လာခဲ့ကြပါတယ်။

(၁)Soba ခေါက်ဆွဲ။ buckwheat (ခေါ်) ကောက်နှံစပါးသီးနှံတစ်မျိုးဖြင့်လုပ်ထားတဲ့ Soba ခေါ က်ဆွဲကို ၁၆၀၀ခုနှစ် အစောပိုင်း Edo မင်းဆက်မှာ စတင်စားသုံးခဲ့တာပါ။ buckwheat တစ်မျိုး ထဲ ဆိုရင် အစေးမကပ်တဲ့အတွက် ကော်ဓာတ်ရအောင် ဂျုံမှုန့် ပါ အနည်းငယ် ထဲ့နယ်ပေးရပါ တယ်။ ကောက်နှံနှင့်ဂျုံပါ ရောထားသောကြောင့် သီးနှံမှရတဲ့ သဘာဝ သီအာမင်ဓာတ် ပါရှိလို့  ကျန်းမာရေးနဲ့ အထူးသင့်တော်ပါတယ်။ တိုကျိုမြို့ တော်အပြင်၊ ဂျပန်နိုင်ငံရဲ့ အရှေ့ ဘက် ကမ်း ရိုးတန်းတလျှောက် ကန်တို မြို့ တို့  မှာ ပေါ်ပြူလာဖြစ်လို့  နေပြီး၊ နံက်စောစောစာ နှင့် ဘာသာေ ရးပွဲတော်များအတွက် မရှိမဖြစ်တဲ့ ခေါက်ဆွဲလေးပါဘဲ။ ခေါက်ဆွဲ အသားက အင်မတန် နူး ညံ့ပျော့ပျောင်းလို့  သယ်ယူဘို့ အဆင်မပြေတဲ့အတွက် အခြားနိုင်ငံတွေမှာတော့ ဂျပန်ရဲ့  Soba ခေါက်ဆွဲ အခြောက်ကိုသာ မြင်တွေ့ ရမှာပါ။ ဒီခေါက်ဆွဲကို dashi အသားပြုတ်ရည် နှင့် ဟင်းသီးဟင်းရွက်ရောပြွမ်းသော ခေါက်ဆွဲစွပ်ပြုတ်အဖြစ် အပူရော အအေးပါ ၂-မျိုးစလုံး စားကြ ပါတယ်။ အရသာပိုပေါ်လွင်အောင် saue ဖြင့်တွဲဖက်စားလေ့ ရှိ ပါတယ်။

(၂)Somen ခေါက်ဆွဲ။ ဒီခေါက်ဆွဲကလည်း Edo မင်းဆက်လက်ထပ်မှာ ပေါ်ခဲ့တာပါဘဲ။ ဂျုံဖြင့် လုပ် ထားတဲ့အဖြူရောင် ခေါက်ဆွဲ မျှင်မျှင်လေးပါ။ အထူးသဖြင့် နွေရာသီမှာ စားလေ့ရှိတဲ့ သွားရ ည်စာ ခေါက်ဆွဲအေးဖြစ်ြပီး၊ နှစ်သက်ရာ အသားတစ်မျိုး ရောကာ၊ ရေခဲရေစိမ်ပြီး စားလေ့ရှိပါ တယ်။ အနံ့ အရသာအတွက် ဂျင်းဖြင့်လုပ်ထားတဲ့ sauce တစ်မျိုးနှင့် တွဲဖက်စားကြပါတယ်။

(၃)Udon ခေါက်ဆွဲ။ ၈၀၀ ရာစုနှစ်လောက်တွင် ဂျပန်ဘုန်းတော်ကြီးများ၊ တရုပ်ပြည်မှာ သာ သနာပြုပြန်လာပြီးနောက် တရုပ် ခေါက်ဆွဲကို ပြန်လည်ဆန်းသစ်ထားတဲ့ Udon ခေါက်ဆွဲ လို့ ဆို ပါတယ်။ ခေါက်ဆွဲအသားမှာအတန်ငယ်ထူပြီး အဖြူရောင် အလုံး တုတ်တုတ်လေးမို့ စားရတာ အားပါးတရရှိလှပါတယ်။ ပေါင်မုန့် လုပ်တဲ့ဂျုံမှုန့် ဖြင့်ပြုလုပ်ထားတဲ့ခေါက်ဆွဲ မို့ လို့ လဲ၊ အြ ခား ခေါက်ဆွဲအမျိုးအစားတွေထက် တာရှည်ခံပါတယ်။ အိုဆာကာမြို့  အပါအ၀င်၊ ဂျပန်နိုင်ငံရဲ့  အနောက်ဘက် ဒေသတွေမှာ တွင်ကျယ်စွာ စားကြပါတယ်။ ခေါက်ဆွဲခြောက်အဖြစ်လဲ ထုတ် လုပ်ကြပြီး၊ အပူရောအအေးပါ ၂-မျိုးစားနိုင်ပါတယ်။ ဒီခေါက်ဆွဲ ပြုတ်ကို ကြက်သားဖြင့်သာ ချက်ပြုတ်လေ့ရှိပြီး၊ shimeji (ခါ်) မှိုဖြူ၊ Miso (ခေါ်) ပဲငပိ၊ မုန်လာဥနီ၊ ပဲသီးတို့ ကိုအသုံးပြု ပါတယ်။ အနံ့ အရသာအတွက် scallions (ခေါ်) ကြက်သွန်နီ တစ်မျိုးကို ပါးပါးလှီးပြီး အပေါ်က ဖြူးစားလေ့ရှိပါတယ်။

(၄)Ramen ခေါက်ဆွဲ။ ၁၉ ရာစုနှစ် Meiji မင်းဆက်လက်ထပ် မှာ စတင်ခေတ်စားလာတဲ့ေ ခါက်ဆွဲပါ။ တရုပ်ရိုးရာ La Mian ခေါက်ဆွဲကို ပြန်လည်ဆန်းသစ်ကာ၊ Ramen ခေါက်ဆွဲ ဟု အမည်ပေးထားခြင်းဖြစ်ပါတယ်။ ဂျပန်မှာတော့ ဒီခေါက်ဆွဲကို “တရုပ် ခေါက်ဆွဲ” (၀ါ) “Dragon Noodle” လို့  အလွယ်ခေါ်ကြပါတယ်။ ကယ်လိုရီအပြည့်အ၀ပါရှိကာ၊ ဈေးနှုန်းလဲသက်သာပြီး၊ အစို/အခြောက် ၂ မျိုးစလုံး သုံးနိုင် တဲ့အတွက် ဒုတိယကမ္ဘာစစ်ကာလအတွင်း ဒီသေးသေးမျှင်မျှ င်ခပ်လုံးလုံးဂျုံခေါက်ဆွဲကိုဘဲ အားထားရခဲ့ကြရတာပါ။ ခေါက်ဆွဲ ကြော်/ခေါက်ဆွဲပြုတ်အဖြစ် စွယ်စုံသုံးနိုင်ပြီး၊ ဂျပန်နိုင်ငံရဲ့ ဟင်းလျာ အမျိုးမျိုးတို့ မှာ အသုံးပြုလေ့ရှိကြပါတယ်။ ယနေ့ ဂျပ န်သာမက၊ နိုင်ငံတကာရှိ ဂျပန်စားသောက်ဆိုင်များတွင် Shiitake Chicken Ramen မီနူး ကို ၀ယ်လိုအားကောင်းနေပါတယ်။ ကြက်ရင်ပုံသား၊ မြှစ်၊ shiittake မှိုမဲ၊ Kelp (ခေါ်) ရေမှော်ပြား အြေ ခာက်၊ ကြက်ဥ တိုြ့ဖင့် ချက်ပြုတ်ထားပြီး၊ scallions (ခေါ်) ကြက်သွန်နီ တစ်မျိုးကို ပါးပါး လှီးကာ သုံးဆောင်ကြပါတယ်။

(၅)Konnyaku ခေါက်ဆွဲ။ ဒီခေါက်ဆွဲကိုတော့ အာရှတိုက်မှာသာစားလေ့ရှိပြီး၊ အနောက်နိုင်ငံ များမှာတွေ့ ရခဲပါတယ်။ မျောက်ဥပင်မျိုးနွယ်ဝင် konnyaku ပင်ရဲ့ အမြစ်မှ လုပ်ထားတဲ့ေ ခါက် ဆွဲဖြစ်လို့ ၊ ကယ်လိုရီ ၀%၊ ရေဓာတ် ၉၇% နဲ့  အမျှင်ဓာတ် ၃% ပါရှိတဲ့အတွက်ကြောင့် ခန္ဓာ ကိုယ် အလေးချိန်လျော့လိုသူများ အတွက်အထူးသင့်တော်တဲ့ခေါက်ဆွဲလေးပါဘဲ။ konnyaku ပင်အမြစ်ကိုပြုတ်ပြီး၊ ချေကာ သစ်သားစည်ထဲလောင်းထဲ့ပြီး၊ ထောင့်မှန်စတုဂံပုံ မီးခိုရောင်ေ ခါက်ဆွဲတုံးလေးပါ။ အအေးခံ လိုက်တဲ့အခါမှာတော့ အလွန်နူးညံ့စေးကပ်သွားပါတယ်။ ဒီခေါက် ဆွဲရဲ့မူလသဘာဝက မည်သည့်ရနံ့ မျှ မရှိသော်လဲ၊ အနံ့ အရ သာတို့ ထဲ့လိုက်တဲ့အခါမှာတော့ အရသာထူးလှပါတယ်။ တို့ ဟူး၊ dashi ၊ mange (ခေါ်) အခေါက်တု၊ ကန်စွန်းဥ၊ ကြာရိုး၊ မုန်လာ ဥနီ ၊ စာကေးအရက်အနဲငယ်တို့ ဖြင့် ချက်ပြုတ်ထားသော Buddhist Soup လို့ အမည်ရတဲ့  သက် သက်လွတ်ခေါက်ဆွဲ ဟင်းလျာ ကို ဂျပန်နိုင်ငံရဲ့  ဘာသာရေးနေ့ တွေမှာ အထွတ်အမြတ် စားလေ့ရှိပါတယ်။

(၆) Shirataki ခေါက်ဆွဲ။ : konnyaku ခေါက်ဆွဲကို အဖြူရောင်အဖြစ်ပြုပြင်ပြောင်းလဲလိုက်တဲ့ အခါမှာတော့ shirataki ခေါက်ဆွဲ ဖြစ်လာပါတယ်။ အလင်းရောင်ဖော က် ခေါက်ဆွဲဖြစ် ကာ ခေါက် ဆွဲအသားမှာထူပြီး၊ ရာဘာလိုပျော့အိအိ ဖြစ်ပါတယ်။ အစို/ အခြောက် ၂ မျိုးလုံးရနိုင်ပြီး၊ အသုပ်၊ ဟင်းချို စတဲ့ ဂျပန်ဟင်းလျာအမျိုးမျိုးးတို့ မှာ အသုံးပြုလေ့ရှိပါတယ်။

( ဆက်လက်၍ အပိုင်း-၂ တွင် ဖတ်ရှုပေးကြပါရန်။ ကျေးဇူးတင်ပါသည် )

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

*** ရေခဲမုန့် ရာဇ၀င် ***

အိပ်မက်ကျမ်းများ၏အဆိုအရ၊ ရေခဲမုန့် ကိုစားသုံးရသည်ဟု အိပ်မက်မြင်မက်ပါက ကောင်းေ သာ အရာများ မိမိထံမှောက် ရောက်ရှိလာ ပြီး၊ ဘ၀တွင် ကျေနပ်အားရမှုများဖြစ်ပေါ်လာေ တာ့မည် ဟူသော အဓိပ္ပာယ် ကောက်ယူနိုင်ပါသည်။

ရေခဲမုန့် ချစ်သူ သုတေသီများ၏မှတ်တမ်းများအရ၊ ရေခဲမုန့် စားသုံးမှုသည် လွန်ခဲ့သော နှစ်ေ ပါင်း ၃၀၀၀ ကျော်ကတည်းက တရုတ်ပြည် မှ စတင်ခဲ့ကြောင်း သိရှိရပါသည်။ တရုတ်ဧက ရာဇ်မင်း များကို အပန်းဖြေစားသောက်နိုင်ရန်အလို့ ဌာ၊ စာဖိုမှူးများက တောင်ပေါ်ရှိ ဆီးနှင်းေ ရခဲများကို အရသာရှိစေရန်အတွက် သစ်သီး၊ ပျားရည်တို့ ဖြင့် ရောနှောကာ ဆက်သခဲ့ကြရပါ သည်။ တန်မင်းဆက် (ဘီစီ ၆၁၈-၉၇) ရောက်သောအခါ တရုတ်ပြည်၏ ဆီးနှင်းရေခဲမုန့် စား သုံးမှု သည် ဥရောပတိုက်သို့ ရွေ့ လျားလာခဲ့ပါသည်။

ရာဇ၀င်မှတ်တမ်းများအရ အေဒီ-၆၂ တွင် ရောမဘုရင်နီရိုသည် ဆီးနှင်းရေခဲမုန့် စားလိုသဖြင့် သူ၏ကျေးကျွန်များကို တောင်ပေါ်သို့  စေလွှတ်၍ ဆီးနှင်းရေခဲများကို သယ်ဆောင်လာစေပါ သည်။ ထို့ နောက်စာဖိုမှူးများက ထိုဆီးနှင်းရေခဲများကို နို့ ၊ ပျားရည် ၊ လတ်ဆတ် သော သစ် သီး နှင့် ၀တ်ရည် တို့ ဖြင့် ရောနှောကာ ဆီးနှင်းရေခဲမုန့် အဖြစ်ဖန်တီးပေးခဲ့ကြပါသည်။

၁၂၉၅ တွင် တရုတ်ပြည်မကြီးမှပြန်လာသော အီတလီနိုင်ငံသား မာကိုပိုလို သည် တရုပ်ပြည် ၏ဆီးနှင်းရေခဲမုန့်  ပြုလုပ်ပုံအခြေခံကို နည်းယူကာ၊ တိဗက်နွားနို့ မှရသော ကရင်မ် ဖြင့် ရေခဲ မုန့် ပြုလုပ်ခဲ့ပါသည်။

၁၅၃၃ သို့ ရောက်သောအခါ၊ အီတလီမင်းသမီး ကက်သရင်းသည် ပြင်သစ်ဘုရင် ဟင်နရီ (၂) ဖြင့် လက် ဆက်ခဲ့ပါသည်။ သူမသည် ပြင်သစ်ရဲတိုက်သို့ ရောက်သောအခါ၊ အီတလီနိုင်ငံ လုပ် နို့ ရေခဲမုန့် ကို စားသုံးခဲ့ရာမှတဆင့် ပြင်သစ်နိုင်ငံ၏ မင်းစိုးရာဇာများအလယ် တွင် နို့ ရေခဲ မုန့် စားသုံးမှုသည် ရေပန်းစားလာခဲ့ပါသည်။ ပြင်သစ်စားဖိုမှူးတစ်ဦးသည် ချောကလက်နှင့်စတော်ဘယ်ရီ

 ရေခဲမုန့် များကို စမ်းသပ်တီထွင်အောင်မြင်ခဲ့ပါသည်။

၁၆၀၀ ပြည့်နှစ်တွင် အင်္ဂလန်မင်းသား ချားလ်စ်(၁) သည် ပြင်သစ်နိုင်ငံသို့ ချစ်ကြည်ေ ရးအ လည် အပတ် ရောက်ရှိခဲ့ပါသည်။ ထိုခရီးစဉ် တွင် ရေခဲမုန့် ဖြင့်ဧည့်ခံသောအခါ၊ ချားလ်စ်(၁) သည် အရသာကိုကြိုက်နှစ်သက်လှသဖြင့်၊ စားဖိုမှူးထံမှ ရေခဲမုန့် လုပ်သော နည်းပညာ ကို ၀ယ်ယူခဲ့ပါသည်။ ထိုမှတဆင့် အင်္ဂလန်နိုင်ငံ၏ ရေပေါ်ဆီလူ့ မလိုင်အသိုင်း အ၀ိုင်းတွင် ရေခဲ မုန့်  အချိုပွဲကိုမြိန်ယှက်စွာစားသုံးလာ ခဲ့ကြပါသည်။ ၁၇၀၀ ပြည့်နှစ်ရောက်သောအခါတွင်တော့ အင်္ဂလန်တိုင်းသူပြည်သားများအားလုံး ရေခဲမုန့် စားသုံးသော ယဉ်ကျေးမှု ထွန်းကာလာခဲ့ ပါ သည်။

၁၇၇၆ နောက်ပိုင်း၌၊ အမေရိကန်ပြည်ထောင်စု၏ နယူးယော့ခ်မြို့ တော်တွင် ပထမဆုံးေ သာ ရေခဲမုန့် ဆိုင်ကို ဖွင့်လှစ်ရောင်းချနိုင်ခဲ့ ပါသည်။ ထိုခေတ်ကာလတွင် ရေခဲမုန့် ကို သစ် သားလက်ဆွဲပုံးထဲထဲ့ကာ လှည်းဖြင့်လှည့်လည်ရောင်းချခဲ့ကြပါသည်။ ၁၈၁၂ ခုနှစ်တွင် သမ္မ တကတော် ဒေါ်လီမဒီဆန်သည် ရေခဲမုန့် ကို အလွန်ကြိုက်နှစ်သက်သူတစ်ေ ယာက်ဖြစ်ေ ပရာ၊ အိမ်ဖြူတော်သို့ ရောက်လာသော ဧည့်သည်တော်များကို ရေခဲမုန့် ဖြင့် ဧည့်ခံကျွေးမွေးလေ့ ရှိပါသည်။

၁၉၀၂ ခုနှစ်တွင် နည်းပညာများလဲ တဖြည်းဖြည်း ခေတ်မှီလာသည့် အတွက် ရေခဲမုန့် ကို ကေ တာ့(Cone) ဖြင့်လည်းကောင်း၊ ဝေဖာခွက်ငယ်ကလေးများ ဖြင့်လည်းကောင်း စားသုံး သူများ အဆင်ပြေစေရန် တီထွင်လာနိုင် ခဲ့ပါသည်။ ထိုခေတ်အခါက ရေခဲမုန့် ကိုဘီစကစ်ဖြင့် တွဲဖက် ၍ စားလေ့ရှိကြပါသည်။ ရေခဲမုန့် ဝယ်လိုမှုအားများလေလေ၊ ထုတ်လုပ်မှု အားကောင်းေ လေ လဖြစ်ရာ ၁၉၁၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုတခွင်၌ ရေခဲမုန့် ဆိုင်ငယ်များ လက်ညှိုး ထိုး မလွဲ အောင် ပေါများလာခဲ့ပါသည်။

သမိုင်းမှတ်တမ်းများအရ၊ လူတစ်ဦးစီ၏ ပျမ်းမျှရေခဲမုန့် စားသုံးနှုန်းမှာ တစ်နှစ်လျှင် ၁၅.၂၀ လီ တာခန့်  အထိ ရှိသဖြင့် အမေရိကန်တပြည်လုံးအတွက် (၁)နှစ်လျှင် ရေခဲမုန့် ဂါလံ ၈၀၀၀၀၀ ထုတ်လုပ်ခဲ့ရကြောင်း လေ့လာမှတ်သားရပါသည်။

၁၉၂၀ နှောင်းပိုင်းတွင် ချောကလက်ရေခဲမုန့် အပြင်၊ ရေခဲမုန့် ကိတ်နှင့် ရေခဲမုန့် ကွတ်ကီးစ်တို့ ကိုပါ ဖန်တီးလာနိုင်ခဲ့ပါသည်။ ၁၉၆၂ ရောက်သောအခါ၊ ရေခဲမုန့် ကို " ဌက်ပျောသီး၊ ရက်စ် ဘယ်ရီသီး၊ ပဲထောပတ်၊ သကြားထောပတ်၊ မီးသင်းသကြားတော်ဖီ၊ အုန်းသီး၊ ကော်ဖီ၊ သစ် ခွချယ်ရီ၊ လီမွန်၊ ဗာဒံမှုန့် ၊ အုန်းသီးမှုန့် ၊ ပူဒီနာ၊ သစ်ကျားသီး၊ လိမ္မော်၊ နာနတ်၊ မက်မွန်သီး၊ ပူရှိန်းသကြားလုံးအရသာ၊ စတော်ဘယ်ရီ၊ ဒူးရင်း၊ သစ်ခွ " စသည့် အနံ့ အရသာတို့ ဖြင့် စမ်း သပ်တီထွင်လာခဲ့ကြကြောင်း Newsweek သတင်းဂျာနယ်ထဲတွင် ဖော်ပြထားခဲ့ ပါသည်။ ယခု မျက်မှောက်ကာလတွင် Maple ရေခဲမုန့် နှင့် Vanilla ရေခဲမုန့် တို့ ကို အထူးနှစ်သက်လျှက်ရှိကြ ပါသည်။

၂၀၀၀ ပြည့်နှစ်တွင် ကမ္ဘာ့တ၀ှမ်းလုံးရှိ လူတစ်ဦးချင်းစီ၏ တစ်နှစ်စာရေခဲမုန့် စားသုံးမှုကို စစ်တ မ်းကောက်ခဲ့ရာ၌ ၾသစေတ်းလ် တွင် ၁၃.၇ လီတာ၊ အမေရိကန်တွင် ၁၃.၇ လီတာ၊ နယူးဇီ လန် တွင် ၁၃.၃ လီတာ၊ ဆွီဒင်တွင် ၁၁.၇ လီတာ၊ အိုင်ယာလန်တွင် ၁၀.၂ လီတာ၊ ဒိန်းမတ် တွင် ၉.၃ လီတာ၊

 အစ္စရေးတွင် ၉.၃ လီတာ၊ ကနေဒါတွင် ၉.၁ လီတာ၊ ဖင်လန်တွင် ၈.၅ လီတာ၊ နော်ဝေးတွင် ၈.၄ လီတာ၊ တူရကီတွင် ၂.၈ လီတာ စားသုံးကြကြောင်းသိရပါသည်။ ကမ္ဘာ့ အကြီးဆုံး ၈.၇ တန် အလေးချိန်ရှိသော Ice Cream ကိတ်မုန့် ကို ဘေဂျင်း မှာ ပြုလုပ်နို င်ခဲ့ပြီး၊ ၂၀၀၆ ခုနှစ် ဂရင်းနစ်စံချိန်မှတ်တမ်းတင်နိုင်ခဲ့ကြောင်းလေ့လာသိရှိရပါသည်။

ကျန်းမာရေးရှုထောင့်မှကြည့်ရမည်ဆိုပါလျှင် ရေခဲမုန့် ကိုနို့ နှင့် နို့ ထွက်ပစ္စည်းများမှ အခြေခံ၍ြ ပုလုပ်ထားသောကြောင့် ကယ်လ်စီယမ် ဓာတ်ပေါကြွယ်ဝကာ ခန္ဓာကိုယ်၏အရိုးတည်ေ ဆာ က် မှု ကို အားပေးပါသည်။ ထို့ ပြင် ကယ်လ်စီယမ် သည် သွေးထဲရှိအဆီကိုလော င်ကျွမ်းေ စနိုင်သဖြင့် အူကင်ဆာ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်တွင် ကျောက် တည်ခြင်းဝေဒနာ တို့  ကို လျော့နည်းစေပါသည်။

( သို့ သော်အချိုကဲ ထားသော ရေခဲမုန့် များကို အလွန်အကျွံမ ဟုတ်ဘဲ သင့်တင့်လျောက်ပတ်စွာ စားသုံးရုံမျှဖြင့် ဘေးထွက်ဆိုးကျိုးမဖြစ်စေနိုင်ပါ။)

ရေခဲမုန့် ကိုလူမျိုးမရွေး၊ဘာသာမရွေး ကြိုက်နှစ်သက်ကြပါသည်။ အခြားအခြားသော သွားရည် စာအချိုပွဲပေါင်း မြောက်များစွာရှိကြသော် လဲဘဲ၊ အအေးစာအချိုပွဲ(၁)မျိုးဖြစ်ေ သာ ရေခဲမုန့် ကိုေ န့  စဉ် စားသောက်ခြင်းဖြင့်လဲ မရိုးအီနိုင်ပါ။ ရေခဲမုန့် ဆိုသည်မှာနို့ကရင်မ်ကို အခြေခံ၍၊ အရ သာကိုအချိုကဲကာ နှစ်သက်ရာ အသီးများ (သို့ မဟုတ်) သစ်သီးရနံ့ တို ဖြင့် ပြုပြင်စီမံအေးခဲ ထားခြင်းဖြစ်ပါသည်။ ရေခဲမုန့် ၏ အပူချိန်ကိုထိန်းပေးနိုင်ရန်အတွက် ဆားဖြင့်ရောနှောေ ပးေ သာ နည်းပညာသည် အဓိကကျလှပါသည်။ ရေခဲမုန့် ကို ထမင်းစား သောက်ပြီးနောက်၊ အချို တည်းရန်အတွက်လည်းကောင်း၊ တီဗွီကြည့်ရင်း သွားရည်စာအဖြစ်လည်းကောင်း၊ ပူ အိုက်ေ သာညနေညခင်းများ တွင် အအေးစာအဖြစ်လည်းကောင်း ၊ မောပန်းနွမ်းနယ်ေ သာအခါများတွင် အမောပြေအဖြစ်လည်းကောင်း စသည်ဖြင့် အချိန်အခါမရွေး စားသုံးလေ့ရှိကြပါသည်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)

promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

*** ရေခဲမုန့် ကမ္ဘာ ***

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရိုးရာဓလေ့ထုံးတမ်းများအရ စားသောက်ပုံနည်းစံနစ်များကွဲပြားခြား နား မှုရှိကြသကဲ့သို့ ၊ ရေခဲမုန့် ကို ဖန်တီးစား သောက်ပုံနည်းသည်လည်းမတူညီကြပါ။

အီတလီနိုင်ငံမှပြုလုပ်သော ရေခဲမုန့် ထဲတွင် ကရင်မ်၊ နို့ ၊ သကြား၊ မြေပဲအနှစ်၊ လတ်ဆတ်ေ သာ ဂရိပ်ဖ ရုသီးအနှစ်၊ ကိုကိုး၊ ချောကလက် အဖတ်ကလေးများ၊ ကွတ်ကီးနှင့် ဘီစကစ် တို့  ပါဝ င်ပါသည်။ အီတာလျံလူမျိုးများက ၄င်းကို Gelato ရေခဲမုန့် ဟု ခေါ်ကြပါသည်။ အခြားနို င်ငံမှ ပြုလုပ်သော ရေခဲမုန့် ထဲတွင် လေပါဝင်မှု ၅၀% ရှိသော်လဲဘဲ၊ Gelato တွင် ပါရှိေ သာ လေမှာ ၂၅ မှ ၃၀% ထိသာ ပါရှိပါသည်။ Gelato ကို အေးခဲသည့် ပုံစံမျိုးမဟုတ်ဘဲ၊ ခ ပ်နွေးနွေး အနေအထားတွင် စားလေ့ရှိကြပါသည်။ အရသာအလွန်ကောင်းသည် ဟု သိရပါ သည်။ အီတာလျံလူမျိုးများအကြိုက် နောက်ထပ်ရေခဲမုန့် တမျိုး ရှိပါသေးသည်။ ၄င်းကိုတော့ Sorbet ဟုခေါ်ကြပါသည်။ Sorbet ၏ အရသာမှာ ရိုးရှင်းပြီး နို့ ထွက်ပစ္စည်းလုံးဝမပါရှိဘဲ၊ လတ်ဆတ်သော သစ်သီး၊ သကြား နှင့် အီတလီနိုင်ငံရှိ Lurisian တောင်ပေါ်မှရေ တို့ြ ဖင့် ပြုလုပ်ထားသည်ဟု သိရပါသည်။ အီတလီ နိုင်ငံတွင် ၂၀၀၇ ခုနှစ်မှစ၍ Pistachio (ခေါ်) အစိမ်းရောင်ရှိပြီး ဆိမ့်သော အဆန်ပါသည့်အခွံမာသီး တစ်မျိုး ဖြင့်ပြုလုပ်ထားေ သာ ရေခဲ မုန့် သည်လည်း ရေပန်းစားလားသည်ဟု သိရပါသည်။

စပိန်လူမျိုးများကလည်း Gelato ရေခဲမုန့် ကို လွန်စွာနှစ်သက် ကြပါသည်။ စပိန်နိုင်ငံလုပ်သော ပူစီနံ Gelato နှင့် ချောကလက် Gelato ရေခဲမုန့် တို့ သည် အလွန်နံမည်ကြီးသည်ဟု သိရ ပါသည်။

တူရကီနိုင်ငံတွင် ရေခဲမုန့် ကို ဆိတ်နို့ ၊ သကြား၊ တူရကီသစ်ခေါက်များ ဖြစ်ကြသော Mastic နှ င့် Salep တို့ ဖြင့် ပြုလုပ်ကြပါသည်။ အရသာမှာ နူးညံ့ ကာ အချိုပေါ့ပါသည်။ တူရကီလူမျိုးများ က ထိုရေခဲမုန့် ကို Dondurma ဟုခေါ်ပြီး၊ ကတော့ပုံဏ္ဌာန် ခွက်ကလေးများ ဖြင့် စားကြ ပါ သည်။

ဂရိနိုင်ငံလုပ် Kaimaki ရေခဲမုန့် ၏ အနံ့ အရသာမှာ တမူထူးခြားလှပါသည်။ ဂရိကျွန်းစုများ တွင် ပေါက်ရောက်သော ရနံ့ မွှေး လှသည့် Pistacia Lentiscus အပင်၏အခေါက်မှ ရရှိသော သစ်စေးနှင့် Salep သစ်ခွပင်၏အမြစ်ကို ကျိတ်ချေထားသောအမှုန့်  တိုြ့ဖင့် ပြုလုပ်ထားသောေ ရခဲ မုန့် ဖြစ်ပါသည်။ ထို့ ပြင် ချယ်ရီသီးဖျော်ရည်ထဲ့ထားသောကြောင့် Kaimaki ရေခဲမုန့် သည် အရသာမှာ ချဉ်ပြုံးပြုံးဖြင့် တမူထူးခြားလူကြိုက်များသည်ဟု သိရပါသည်။

ပြင်သစ်လူမျိုးများကတော့ သီးစုံရေခဲမုန့် ကို နှစ်ခြိုက်ကြပါသည်။ များသောအားဖြင့် ရေခဲမုန်ု့  ကို နို့ သစ်ခွခြင့်ပြုလုပ်လေ့ရှိပြီး၊ ရေခဲမုန့်  ၏ထိပ်ပေါ်တွင် ချယ်ရီးသီးအနှစ်ရည် (သို့ မဟုတ်) Rose Marry သီးအနှစ်ရည် (သို့ မဟုတ်) ခရမ်းချဉ်သီးအနှစ် ရည် တို့ ကိုဆမ်း၍ စားသုံးေ လ့ရှိကြပါသည်။

ယနေ့ နယူးယော့ခ်၏ တရုပ်တန်းရပ်ကွက်တွင် Original Chinatown Ice Cream Factory ရှိပါသည်။ ထိုစက်ရုံတွင် မကြာသေးခင် ကာလမှ အသစ်စမ်းသပ်ထုတ်လုပ်လိုက်သော နှမ်းန က်ေ ရခဲမုန့် နှင့် မြေထောက်ပဲထောပတ်ရေခဲမုန့် တို့ သည် ထူးခြားသောအနံ့  အရသာဖြင့် စားသုံးသူများကိုစွဲဆောင်လျှက်ရှိသည်ဟု သိရပါသည်။

စာဖတ်ပရိတ်သတ်များကို ဗဟုသုတတစ်ခုအနေဖြင့် မျှဝေလိုပါသည်။ Golden Opulence Sundae ဟုအမည်ရသော ရေခဲမုန့် သည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးရေခဲမုန့် ဖြစ်ပါသည်။ ၁-ခွက်လျှင် ဒေါ်လာ ၁၀၀၀ တန်သော ထိုရေခဲမုန့် ကို နယူးယော့ခ်၏ "Serendipity စားသော က်ဆိုင်" တွင်ရရှိနိုင်ပါသည်။ ထိုရေခဲမုန့် ၏ထူးခြားချက်မှာ (၁)ပဲရစ်မှလာသော Fruit Candies များစွာပါဝင်သည့် လူ ၅-ယောက်စာ စားသုံးနိုင်သော "Tahitian Vanilla" ဖြင့်ပြုလုပ်ထားခြင်း၊ (၂) ၂၃-ကာရက်ရှိသော ရွှေသစ်ရွက်ကလေးများဖြင့် အလှဆင် ထားခြင်း၊ (၃) ကမ္ဘာပေါ်တွ င်ဈေးအကြီးဆုံးချောကလက်ဖြစ်သော Chuao ချောကလက်ကိုဖေါဖေါသီသီသုံး၍ သရဖူပုံစံဖန် တီးထားခြင်း၊ (၄) အဆင့်အတန်းမြင့်တန်ဘိုးကြီး Caviar ဘီယာဖြင့် တွဲဖက်၍ စားသုံးရခြင်း (၅) ၁၈-ကာရက် ရွှေဇွန်းဖြင့် စားရခြင်း (၆) အစ္စရေးနိုင်ငံ မှလာသော ရွှေရောင်သကြားပန်းပွင့် ကေ လးများ ကို ရေခဲမုန့် ၏အပေါ်တွင် ဖျန်းပက်အလှဆင်ထားခြင်း ….စသည်တို့ ဖြစ်ပါသည်။

ဆာဗားနားမှထွက်ရှိသော သစ်ကျားသီးနှင့် ဌက်ပျောသီးတို့ သည် အလွန်နံမည်ကြီးပါသည်။ ထိုနိုင်ငံတွင်လွန်ခဲ့သော ၁၉၀၀ ပြည့် နှစ်ဦးပိုင်းမှစ၍ သစ်ကျားသီးရေခဲမုန့် နှင့် ဌက်ပျောသီးရေ ခဲမုန့် တို့ ကိုစားသုံးလာခဲ့ကြပါသည်။ ယနေ့ ဆာဗားနားတွင် ထိုရေခဲမုန့် များကို Old Fashion Style ရေခဲမုန့် အဖြစ် ခုံမင်စွာစားသောက်လျှက်ရှိကြကြောင်းသိရပါသည်။

ဒိန်းမတ်လူမျိုးတို့ သည် ကျန်းမာရေးကိုအထူးလိုက်စားသူများဖြစ်ကြပါသည်။ ဒိန်းမတ်နိုင်ငံလု ပ်ေ ရ ခဲ မုန့် တွင် ကရင်ပါဝင်မှု အလွန်နဲပါး ပါသည်။ သကြားအစား ဒိန်းမတ်ကျွန်းစုတွင်သာေ ပါက်ရောက်သော သဘာဝအချိုဓာတ်ရရှိသည့် Brich သစ်ပင်မှထွက်ရှိသော ကစီဓာတ်ြ ဖင့်ေ ရခဲမုန့် ပြုလုပ်ကြပါသည်။

ဂျပန်နိုင်ငံတွင် Matcha (ခေါ်) လက်ဖက်စိမ်းရေခဲမုန့် သည်အလွန်နံမည်ကြီးပါသည်။ Matcha ၏ အရောင်မှာ အစိမ်းရောင်တောက် တောက် ဖြစ်ပါသည်။ ဂျပန်နိုင်ငံ၏ရိုးရာလက်ဖက်ရည် ပွဲတော်များတွင် အသုံးပြုလေ့ရှိသောထိုလက်ဖက်စိမ်းဖြင့် ရေခဲမုန့် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ အာရှတိုက်တွင် ဂျပန်လူမျိုးများသည် ရေခဲမုန့်ကို အလွန်ကြိုက်နှစ်သက်ကြသည်ဟုသိရပါသည်။ ထို့ ကြောင့်ဂျပန်နိုင်ငံလုပ် အနီရောင်ပဲသီး (ခေါ်) Azuki ရေခဲမုန့် ၊ အိုကီနာဝါကန်စွန်းဥရေခဲ မုန့် ၊ Goma (ခေါ်) နှမ်းနက်ရေခဲမုန့်  ၊ ကြက်တောင်ပံရေခဲမုန့် ၊ အမဲလျှာရေခဲမုန့်  နှင့် ရေဘ၀ဲေ ရခဲမုန့် တို့ သည်လည်း ထူးခြားသော အနံ့ အရသာတို့ ဖြင့် နံမည်ကျော်ကြားကြပါသည်။

အိန္ဒိယနိုင်ငံလုပ် ကူးလ်ဖီးလ် ကိုလည်း အိမ်နီးချင်းနိုင်ငံများသာမက၊ အရှေ့ အလယ်ပိုင်းဒေသ များတွင်ပါ နှစ်ခြိုက်စွာစားသုံးကြပါသည်။ အပြင်ပုံပန်းသဏ္ဍာန်မှာ ရေခဲမုန့် နှင့်ခပ်ဆ င်ဆင်တူေ သ်ာလဲဘဲ၊ ကူးလ်ဖီးလ်၏ မလိုင်များသည် ရေခဲမုန့် ထက်ပို၍ သိပ်သည်းဆများ သဖြင့်၊ အနော က်နို င်ငံလုပ်ရေခဲမုန့် များကဲ့သို့ အရည်မပျော်လွယ်ပါ။ အိန္ဒိယနိုင်ငံတွင် ကူးလ်ဖီးလ် ကို ရက်စ် ဘယ်ရီ၊ နှင်းဆီ၊ သရက်၊ ဖာလာစေ့၊ ကုံကုမံ၊ Pistachio (ခေါ်) အိန္ဒိယနိုင်ငံ၏ အခွံမာသီး တစ်မျိုး၊ လိမ္မော်သီး၊ ပန်းသီး၊ စတော်ဗယ်ရီ၊ မြေပဲ၊ ထောပတ်သီး၊ …စသည့် အနံ့ အရသာ အမျိုးမျိုး တို့ ဖြင့် ပြုလုပ်ကြပါသည်။

အင်ဒိုနီးရှားနိုင်ငံလုပ် Es Puter ရိုးရာရေခဲမုန့် ကို အုန်းနို့ ၊ ဆားတို့ နှင့်ပြုလုပ်ပါသည်။ အနံ့ အရ သာအဖြစ် စတော်ဗယ်ရီ၊ ချောကလက်၊ ဒူးရင်း၊ ဖရဲသီး၊ စသည်တို့ ကိုအသုံးပြုကြပါသည်။ ထို Es Puter ရေခဲမုန့် ပေါ်တွင် ပူတင်း (သို့ မဟုတ်) ချောကလက်အနှစ်ဆမ်း၍ စားသုံးကြပါသည်။
ကမ္ဘာပေါ်တွင် ထိုင်းနိုင်ငံသည် အုန်းသီးအစားဆုံးနိုင်ငံ ဖြစ်ပါသည်။ အုန်းပင်များကို စီးပွားဖြစ် စိုက်ပျိုးကာ၊ အုန်းသီးဖြင့်ဟင်းလျာအမျိုးမျိုး၊ သွားရည်စာမုန့် အမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး တို့ ကို ထုတ်လုပ်လျှက်ရှိပါသည်။ ထိုင်းနိုင်ငံလုပ် အုန်းသီးကရင်မ်ရေခဲမုန့် သည် ကမ္ဘာ့ တစ် လွှား ရေပန်းစားလျှက်ရှိပါသည်။

မြန်မာပြည် တွင် ရေခဲမုန့် ကို ၁၉ ရာစု နှစ်ဦးကတည်းက စားသုံးလာခဲ့ကြသည်ဟုသိရပါသည်။ ထိုခေတ်ကာလများတွင် ရေခဲမုန့် ကို အလွယ်တကူ အရည်မပျော်စေရန်၊ ရေခဲဓာတ်ဗူး ထဲထဲ့ ကာ သယ်ဆောင်ကြရပါသည်။ ၁၉ ရာစု အလယ်ပိုင်းမှစ၍ ကူးလ်ဖီးလ်၊ ရေခဲပေါက်စီ (ေ ခါ်) ရေဂဲဂျစ်၊ ရေခဲသုပ် နှင့် ရေခဲချောင်း တို့ ကိုစားသုံးလာခဲ့ကြပါသည်။ ၁၉ ရာစုနှစ်နှောင်းပိုင်း တွ င်ေ တာ့ ပေါင်မုန့်  ရေခဲညှပ် ကို နှစ်ခြိုက်စွာ စာသုံးလာခဲ့ကြပါသည်။ ၂၀ ရာစု နှစ်ဦးပိုင်း တွင် Milk Shake နှင့် ဖာလူဒါတို့  ခေတ်စားလာခဲ့ပြန်ပါသည်။ ယနေ့  မြန်မာပြည်တွင် ကမ္ဘာ့နို င် ငံ များနှင့်အပြိုင် ရေခဲမုန့် အမျိုးမျိုး "စတော်ဗယ်ရီ၊ Vanilla၊ ပိန်းဥ၊ Rain Bow၊ Jelly ၊ သီး စုံ၊ ချောကလက်၊ နို့ ၊ ချယ်ရီ၊ Menthol (ခေါ်) ပူရှိန်း၊ သရက်သီး၊ စပျစ်၊ ဒူးရင်း၊ Green Tea၊ေ ထာပတ်သီး၊ ပင်စိမ်း " စသည်တို့ ကို Super Market ကြီးများ၊ Ice Cream Bar များ၊ နှင့် Bakery ဆိုင်များ တို့ တွင် ၀ယ်ယူရရှိနိုင်ပါပြီ။ အလှုမင်္ဂလာပွဲများတွင်လည်း ရေခဲမုန့် သည် မပါလျှင်မပြီးပါ။ ရေခဲမုန့် ကို အရွယ်သုံးပါးမရွေး၊ နေရာဒေသမရွေး၊ အချိန်အခါမရွေး စားသုံးလျှ က်ရှိကြပါသည်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

Twitter Delicious Facebook Digg Stumbleupon Favorites More