Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

13 Jul 2018

အုတ်ဂျုံမှရရှိနိုင်တဲ့ ကောင်းကျိုးများ

အုတ်ဂျုံ (Oats) ကိုနေ့စဉ် စားပေးပါက သင့်ခန္ဓာကိုယ်အတွက် ရရှိနိုင်တဲ့ ကောင်းကျိုးများ

နံနက်စာက တနေ့တာရဲ့ အရေးအကြီးဆုံးအစာဖြစ်တယ်လို့ ဆိုကြပါတယ်။ အာဟာရပညာရှင်တွေနဲ့ ဆရာဝန်တွေက နံနက်စာအတွက် အုတ်ဂျုံအစားအစာကို စားသုံးဖို့ အကြံပြုထားကြပါတယ်။ လေ့လာချက်များအရ Oat( အုတ်ဂျုံ)နှင့် အုတ်ဂျုံဖြင့် ပြုလုပ်ထားသော အစားအစာများက ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပါဝင်တယ်လို့ တွေ့ရှိရပါတယ်။ ဥပမာ- နှလုံးရောဂါ၏ အန္တရာယ်ကို လျော့ချကူညီပေးနိုင်ပါတယ်။ နေ့တိုင်း အုတ်ဂျုံကို စားပေးပါက ဘယ်လိုကောင်းကျိုးတွေ ရရှိနိုင်မလဲဆိုတဲ့ အကြောင်းရင်း ၈ခုရှိပါတယ်။

 အုတ်ဂျုံကို အများစုက လတ်ဆတ်တဲ့ အသီးအနှံ၊ အခွံမာသီး၊ သစ်ကြံပိုး၊ ခရမ်၊ နို့ ဒါမှမဟုတ် အအဆီနည်းတဲ့ ဒိန်ချဉ်တို့ကို ရောထည့်ပြီး စားသုံးကြပါတယ်။

၁။ ပိုကောင်းတဲ့ အသားအရေကို ရရှိပါလိမ့်မယ် အုတ်ဂျုံအစားအစာက နှင်းခူ၊ ယားယံခြင်းနှင့် ရောင်ရမ်းအခြေအနေတို့ကို ကုသမှုများအတွက် အကောင်းဆုံးဖြစ်ပါတယ်။ကျန်းမာတဲ့ အသားအရေကို ရရှိစေပါတယ်။ အုတ်ဂျုံမှာ ဇင့်၊ သံဓါတ်၊ မန်းဂနိစ်၊ မဂ္ဂနီဆီယမ် စတဲ့ ဒြပ်ပေါင်းများစွာ ပါဝင်ပါတယ်။ ဇင့်က အရေပြားကို စင်ကြယ်စေခြင်းနှင့် အဆိပ်နှင့်အခြားအန္တရယ်ရှိသော ဒြပ်ပေါင်းတို့ကို ဖယ်ရှားဖို့ ကူညီပေးပါတယ်။ သံဓါတ်က အရေပြားဆဲလ်ထဲမှာ အစိုဓါတ်၏ ပြည့်ဝခြင်းနှင့် အာဟာရဓါတ်များအတွက် အရေးအပါဆုံး ဒြပ်စင်တစ်ခုဖြစ်ပါတယ်။ မန်းဂနိစ်က ရောင်ရမ်းခြင်းကို ဖယ်ရှားပေးပြီး အနာအကျက်မြန်ပါတယ်။ မဂ္ဂနီစီယမ်က သွေးလည်ပတ်မှုစနစ်ကို ပုံမှန်ဖြစ်စေပြီး အရေပြားဆဲလ်တွေကို သိသိသာသာ သက်တမ်းတိုးပေးပါတယ်။

၂။ ကြွက်သားတွေကို ပရိုတိန်းပိုမို ရရှိစေပါတယ်
သင့်ခန္ဓာကိုယ်ကို နေ့စဉ်ပရိုတိန်းပမာဏ 15%ပေးတာကြောင့် အုတ်ဂျုံအစားအစာကို ထမင်းစားဇွန်း ၈ဇွန်းခန့် စားပေးနိုင်ပါတယ်။ ကြွက်သားမျှင်တွေ မြန်မြန်ပြန်ထွက်ဖို့ ကူညီတဲ့ glutamine၊ အင်တီအောက်ဆီဒင့်၊ ဗီတာမင်အီးအကြောင်းကိုလည်း မမေ့ပါနဲ့။

၃။ အင်တီအောက်ဆီဒင့်အဆင့် မြင့်မားစေပါတယ်
အုတ်ဂျုံမှာ ယားယံခြင်း၊ ရောင်ရမ်းခြင်းနှင့် သွေးတိုးခြင်းကို ကူညီပေးနိုင်တဲ့ Avenanthramides ထဲကတစ်ခုဖြစ်တဲ့ အင်တီအောက်ဆီဒင့် ကြွယ်ဝပါတယ်။ သူတို့မှာ သွေးတွင်းသကြားဓါတ်ကို လျော့နည်းစေတဲ့ beta-glucan ပါရှိပါတယ်။ နံနက်စာကို လိမ္မော်ဖျော်ရည်နှင့် အုတ်ဂျုံအစားအစာကို ပေါင်းစပ်စားပေးနိုင်ပါတယ်။

၎။ စွမ်းအင်ကို ပြည့်ဝစေပါတယ်
အုတ်ဂျုံအစားအစာမှာ ကာဘိုဟိုက်ဒရိတ်ကြွယ်ဝပြီး ခန္ဓာကိုယ်အတွက် စွမ်းအင်ပိုပြီးပေးစွမ်းပါတယ်

၅။ ကိုယ်အလေးချိန် လျော့ကျစေပါတယ်။
အုတ်ဂျုံအစားအစာကို နေ့စဉ်စားသုံးပါက ၀ိတ်ချနေတဲ့အချိန်မှာ ကိုယ်တွင်းဇီဝဖြစ်စဉ်ကို တိုးတတ်ကောင်းမွန်အောင် ကူညီပေးပါတယ်။ အုတ်ဂျုံအခြေခံတဲ့ မနက်စာက အချိန်ကြာမြင့်စွာ ပိုလျှံကယ်လိုရီ စားသုံးမှုကို ရှောင်ကြဉ်မိစေပါတယ်။ အဲဒီ့ထဲမှာ ပါဝင်တဲ့ ကာဘိုဟိုက်ဒရိတ်က အစာစားချင်စိတ်၊ စိုးရိမ်ပူပန်မှု ထိန်းညှိခြင်းနှင့် ပုံမှန်သွေးတွင်းသကြားဓါတ်အဆင့်ကို ဆက်လက်ထိန်းသိမ်းပေးပါတယ်။ ဒီအာဟာရက ကျွန်တော်တို့ရဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ်ကို အရှိန်မြှင့်ပေးယုံသာမက ခန္ဓာကိုယ်ထဲမှာ အဆီနှင့် အဆိပ်စုစည်းနေခြင်းများကိုလည်း တားဆီးပေးပါတယ်။

၆။ ကိုလက်စထရောကို ကျစေပါတယ်
အုတ်ဂျုံက ခန္ဓာကိုယ်ထဲတွင် ကိုလက်စထရောကို လျှော့ချကူညီပေးတဲ့ beta- glucan လို့ခေါ်တဲ့ အမျှင်ဓါတ်ပါဝင်ပါတယ်။ အုတ်ဂျုံအစားအစာထဲမှာ linoleic အက်ဆစ်နှင့် ပျော်ဝင်အမျှင်ဓါတ်တို့ ပါဝင်တာကြောင့် သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထရောနှင့် triglycerides အဆင့်ကို လျော့ချဖို့ ကူညီပေးပါတယ်။ ဒီအာဟာရဓါတ်က သွေးလွှတ်ကြောနံရံတွေမှ အဆီအကြွင်းအကျန်များကို သန့်ရှင်းစေပြီး သွေးကြော၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းကဲ့သို့သော ဆိုးရွားတဲ့ ရောဂါများ ဖွံဖြိုးလာခြင်းကနေ ကာကွယ်ပေးပါတယ်။

၇။ နှလုံးရောဂါ၏ အန္တရာယ်ကို လျှော့ချပေးပါတယ်
အုတ်ဂျုံမှာ ကျန်းမာတဲ့အဆီတွေ ကြွယ်ဝပြီး နှလုံးဆဲလ်နှင့် သွေးလည်ပတ်မှုစနစ်ကို ထောက်ပံ့ပေးပါတယ်

၈။ အစာခြေပြဿနာများကို ဖယ်ရှားပေးပါတယ်
ကျွမ်းကျင်သူများက အစာခြေစနစ်ကောင်းဖို့အတွက် 25မှ 35 ဂရမ် နေ့စဉ်အမျှင်ဓါတ်စားသုံးခြင်းကို အကြံပြုထားပါတယ်။ အုတ်ဂျုံမှာ အမျှင်ဓါတ်များစွာပါဝင်တာကြောင့် ၀မ်းမှန်စေပါတယ် အစာခြေလမ်းကြောင်းတစ်လျှောက်ရှိ ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားများကိုလည်း တိုးပွားစေပါတယ်။ အနည်းငယ်စားသုံးယုံနဲ့ အာဟာရပြည့်ဝစွာရရှပြီး ဗိုက်ပြည့်တာကြောင့် ၀ိတ်လျော့နေသူတွေအတွက် အကျိုးများပါတယ်။

 credit Lifestyle_Myanmar


 

 

17 Feb 2016

ထမင်းချက်ခြင်း‬ ၏ လျှို့ဝှက်ချက်များ

အိမ်ရှင်မ/အိမ်ရှင်ထီး များအတွက် အသုံးဝင်မဲ့ လက်တွေ့အသုံးချ နိုင်တဲ့ ဗဟုသုတပါ။

ိမ်ရှင်မ/ထီးများ အတွက် ထမင်းချက်ရာတွင် အရသာသာ မက ကျန်းမာရေး အဟာရဓါတ်တွေပါ မဆုံးရှုံး စေမည့် နည်းလမ်းလဲ လွယ်ကူစေမည့် ထမင်းချက်ခြင်း ၏ လျှို့ဝှက်ချက်များကို စုစည်း ဖော်ပြ ပေးလိုက်ပါသည်။
၁။ရှာလကာရည်
*****************
ထမင်းချက်ရာတွင် ရှာလကာရည် တစ်စက် နှစ်စက် ထည့်ပေးရုံဖြင့် ထမင်းရဲ့ အနံ့အရသာကို ပိုမိုထင်ပေါ် မွှေးပျံ့စေသည့် အပြင် ရာသီဥတုအလွန်ပူပြင်း၍ ထမင်းသိုးခြင်း ကို ကာကွယ် ပေးနိုင်ပါတယ်။
၂။ဘီယာ
***********
ဆန်ဟောင်းများ အထားကြာသွားပြီး ချက်ပြုတ်ရာမှာ အနံ့ အရသာက ဆန်သစ်လောက် မကောင်းတဲ့ အချိန်မှာ စိတ်ပူစရာ မလိုပါဘူး။ ဆန်ဟောင်း ချက်ချိန်မှာ ဘီယာ အနည်းငယ်သာ ထည့်ပေးလိုက်ပါ။ ပေါ်ဆန်းမွှေး ပမာ မွှေးပျံ့တဲ့ ထမင်းကို ရရှိမှာ ဖြစ်ပါတယ်။
၃။မြေပဲဆီ
************
ထမင်းချက်ရာမှာ ဆားအနည်းငယ်နဲ့ မြေပဲဆီ အနည်းငယ် ထည့်ပြီး မွှေပေးလိုက်ပါ။ ဆန်ဖွာခြင်း မရှိပဲ ခံတွင်းကို တွေ့စေမဲ့ ထမင်း ရရှိမှာပါ။
၎။ဆား
**********
လက်ကျန်ထမင်းကို ပြန်နွေးရာတွင် ဆားအနည်းငယ် ထည့်ပေးခြင်း အားဖြင့် အနံ့ဆိုးများကို ပျောက်စေမည့် အပြင် ထမင်းကိုလည်း နူးညံ့စေမှာ ဖြစ်ပါတယ်။
၅။ဆန်အရက်၊ အရက်ဖြူ
*************************
ထမင်းကြော်ရာတွင် အရက် သုံးလေးစက် အနည်းငယ် ထည့်ကြော်ပေးပါက နတ်သုဒ္ဓါပမာ ထမင်းအရသာကို ရရှိစေမှာ ဖြစ်ပါတယ်။ အကယ်၍ ထမင်းကျက်တဝက် မကျက်တဝက် အခြေနေမျိုးနဲ့ တွေ့ကြုံနေပါက ဆန်အရက် ဇွန်း ၂ ဇွန်းစာ ထည့်ပြီး နွေးပေးခြင်းဖြင့် ထမင်းကို လုံးဝ ကျက်စေမှာ ဖြစ်ပါတယ်။
၆။ရေကျက်အေး
******************
ထမင်းချက်ရာတွင် ရေကျက်အေးဖြင့် ချက်ပေးပါက ဆန်မှာပါဝင်တဲ့ ဗီတာမင် B1 ဓါတ်ကို အပြည့်အဝ ရရှိစေမှာ ဖြစ်ပါတယ်။
၇။ကြက်သွန်မြိတ်
*******************
ထမင်းတူးသွားပါက ထမင်းကြားထဲကို ကြက်သွန်မြိတ် တစ်ပင်ကို ထည့်ပြီး ခဏဖုံးအုပ် ထားပေးလိုက်ပါ။ တူးနံ့များ ယူပစ်သလို ပျောက်သွား စေမှာဖြစ်ပါတယ်။
၈။လက်ဖက်ရည်ကြမ်း
**********************
ရေနွေးကြမ်းကို ထမင်းချက်ရာမှာ ထည့်ပြီး သာမာန်အတိုင်း ထမင်းချက်ပါ။ ရရှိလာတဲ့ ထမင်းက အနံ့အရသာကို ပြည့်စုံစေယုံသာမက အဟာရလည်း အလွန် ဖြစ်စေပါတယ်။
၉။သံလွင်ဆီ
*************
ထမင်းချက်ရာတွင် သံလွင်ဆီ အနည်းငယ် ထည့်ပေးပါက ဆန်ထဲရှိ သကြားဓါတ် တိုးမြင့်မှု့ကို ထိန်းချုပ် နိုင်စေသည့်အပြင် အစာအိမ်ကိုလည်း ဥပါဒ်မဖြစ်စေပါဘူး။ ဆီးချို သမားများ အတွက် အထူးသင့်တော်ပါတယ်။

ကျွန်တော့် Fri များ အရသာပြည့်ဝတဲ့ မိသားစု ထမင်းဝိုင်းလေး ဖြစ်ကြပါစေ။
Han Ko FB မှကူးယူပါသည်။

30 Dec 2015

ကျန်းမာရေး အတွက် ဂရုစိုက်ရမည့်နာရီများ

သုတေသနပြုချက်အရညဆိုင်းအလုပ်လုပ်သူများသည်ကျန်းမာရေးအခြေအနေကမောက်ကမဖြစ်တတ်သည်။ 
အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊ ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့် ရောဂါများပိုမိုဖြစ်တတ်သည်။ 
ညသန်းခေါင် ည ၁၂-နာရီ၁၀-မိနစ်အထိ မအိပ်သေးသူများတွင်ခန္ဓာကိုယ်၏ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်
များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ အားကိုးရသည်။ 
 
ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည် ခန္ဓကိုယ်၏ ‘သက်စောင့်ရည်’ များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ 
ထို့ကြောင့် ခဏခဏ အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်
သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ 

ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ
ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။

နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င်သည်။
 ဆောင်းရာသီပြီးလျှင် နွေရာသီရောက်လေသည်။ သဘာဝလောကကြီးသည် 
အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။ 
လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်းချက်ကျကျ လှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။ 
ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန် 

ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန်  (အလယ်တန်းအောက်ကလေးသူငယ်များသည် ရောဂါခုခံကာကွယ်စနစ်တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင် အိပ်နိုင်လျှင်ကောင်း၏) 
ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန် 

နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန် 
 
နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန် 

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်  (ဆေးပညာတွင် ‘အန္တရာယ်များသည့်လေးနာရီ’ ဟုပြောစမှတ်ပြုကြသည်။ 
လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊ သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။ ထို့ကြောင့်
အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။ ) 
နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန် 

နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန် 
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်) 
နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန် 

နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန် 
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)

နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန် 
(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ – သို့မဟုတ်က အစာအိမ်ရောဂါ လေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။) 
ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန် 
  (ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။) 
ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန် 
ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန်   
(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။) 
 လင်ကွမ်ချန်၏ကျန်းမာရေးစာအုပ်မှ

 *********************************************

 ကျန်းမာရေး
သော့(၁) WATER
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။

သော့(၂) SLEEP
အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။

သော့(၃) APPETITE
အစာကို ၇ပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။

သော့(၄) EXERCISE
အားကစားလုပ်ခြင်းသည် စိတ်ခန္ဓာအား တက်ကြွစေ၏။

သော့(၅) MUSIC/LITERATURE
ဂီတသည် နှလုံးကိုရွှင်စေ၏။ စာဖတ်ခြင်းသည် အသိဥာဏ်ကို တိုးစေ၏။

သော့(၆) BEANS
ပဲအမြဲစားခြင်းဖြင့် အသက်ကိုစေရှည်သည်။

သော့(၇) VICES
ဆေးလိပ်၊ အရက်ကို လက်ပြနှုတ်ဆက်ပါ။

သော့(၈) LOVE/SEX
လိင်နှင့်အချစ်ကို ညီမျှပါစေ။

သော့(၉) LONELINESS
အထီးကျန်ခြင်းက ရုန်းထွက်နိုင်လျှင် သင်ကျန်းမာပြီ။

သော့(၁ဝ) MIND
ဦးနှောက်ကို မပြတ်သုံးပေးခြင်းဖြင့် အိုမင်းခြင်းကို ကာကွယ်နိုင်သည်။

သော့(၁၁)TEA
ရေနွေးကြမ်း အမြဲသောက်သုံးခြင်းသည် ဝိတ်ကျစေ၏၊ ကင်ဆာကို ကာကွယ်ပေး၏၊ အရွယ်တင် နုပျိုစေ၏။

 သော့(၁၂) SMILE
ဘဝကို အပြုံးနဲ့ရင်ဆိုင်ပါ။

F/W mail

သဘာဝရဲ့အာဟာရ

 သဘာဝကပေးတဲ့ ဗီတာမင်များ
 အခုခေတ်မှာ  ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင်အားဆေး၊ အရိုးခိုင်မာစေတဲ့ ကယ်စီရမ် အများကြီးပါပဲ။ 

ဒါပေမယ့် အားဆေးမလိုအောင် သဘာဝက ဖန်တီးထားပြီးသားပါ။

 အားဆေးတွေ ဘယ်လောက်ကောင်းကောင်း သဘာဝအစားအစာတွေကို မမှီပါဘူး။ 

လိုအပ်နေတဲ့အာဟာရဓာတ်တွေကို သဘာဝရဲ့ ဘယ်အစားအစာတွေက ရနိုင်တယ်ဆိုတာ ဆရာဝန်မဟုတ်ပေမဲ့လည်း လူတိုင်းသိထား မှတ်ထားလို့ရအောင်နော်။

 Vit A
အ၀ါရောင်အသီးများ (သရက်သီး၊ သဘောင်္သီး၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ မုန်လာဥ၀ါ၊ ခရမ်းချဉ်သီး)၊ ဆလတ်ရွက်၊ ဒန့်သလွန်ရွက်၊ ဆူးပုတ်ရွက်၊ ဗူးညွန့်၊ အသည်း၊ ထောပတ်၊ ဥအနှစ်။

Vit D
ငါးကြီးဆီ၊ ငါး၊ နို့၊ ထောပတ်၊ ချိစ်။

Vit E
အစိမ်းရောင်ဟင်းရွက်များ၊ နေကြာစေ့၊ ပြောင်းဖူး၊ အခွံမာအသီးများ၊ ဂျုံ၊ ဟင်းသီးဟင်းရွက်ဆီများ (သံလွင်ဆီ)။

Vit K
အစိမ်းရင့်ရောင်အရွက်များ (ဟင်းနုနွယ်)၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ပဲ၊  ဥအနှစ်၊ အသည်း၊ ငပိ။

Vit C
ရှောက်သီး၊ သံပရာသီး၊ စတော်ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီစိမ်း၊ ဇီးဖြူသီး၊ ဖန်ခါးသီး၊ သရက်ဖူး၊ ဇောင်းရမ်းသီး၊ မာလကာသီး၊ စပျစ်သီး။

Vit B1 ( Thiamine )

ဆန်လုံးညို၊ အသည်း၊ ကျောက်ကပ်၊ ၀က်သား၊ အခွံမာသီးများ။

B2 ( Riboflavin )
ကလီစာများ၊ ဥအနှစ်၊ ပဲဇင်းငုံ၊ ပဲထောပတ်၊ တဆေး။

B3 ( Niacin )
တဆေး၊ အသား၊ ငါး၊ ပဲပိစပ်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

Vit B6 ( Pyridoxine )
တဆေး၊ ဂျူံစပါး၊ ပြောင်း၊ အသည်း၊ ဥအနှစ်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ငှက်ပျောသီး။

Folic acid

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊  အသည်း၊ ကျောက်ကပ်။

Vit B12 ( Cobalamin )
အသီးအရွက်တွေမှာ မပါဝင်ပါ။ အသည်း၊ ကျောက်ကပ်၊ အသား၊ နို့၊ ဥအမျိုးမျိုး စတဲ့ တိရိစ္ဆာန်ထွက် အစားအစာတွေမှာသာ ပါဝင်ပါတယ်။

Vit B5 ( Pantothenic acid )
အစားအစာအများစုမှာ ပါဝင်ပါတယ်။ အသားတွေမှာ ပိုပြီးကြွယ်ဝစွာ ပါဝင်ပါတယ်။ ကောက်ပဲသီးနှံ၊ ပဲအမျိုးမျိုးမှာလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

Biotin
ကောက်ပဲသီးနှံ၊ အသည်း၊ ဥအနှစ်၊ အသား၊ ငါး။

Calcium
နို့၊ ချိစ်၊ ဥနှစ်၊ အခွံမာသီးများ၊ ပဲ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်။

Magnesium
အစိမ်းရောင်အသီးအရွက်များ၊ နို့၊ ဥအမျိုးမျိုး၊ သစ်သီးများ။

Sodium
ဆား၊ ပေါင်မုန့်၊ ချိစ်၊ ပင်လယ်စာများ၊ မုန်လာဥ၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ အခွံမာသီးများ၊ ဥအမျိုးမျိုး၊ နို့။

Potassium
ကြက်သား၊ အမဲအသည်း၊ ငှက်ပျောသီး၊ လိမ္မော်သီးဖျော်ရည်၊ နာနတ်သီး၊ အာလူး၊ ဗူး၊ ဖရုံ၊ ဖရဲ။

Iron
အသား၊ ကလီစာ၊ ဥအနှစ်၊ ငါး၊ အစိမ်းရင့်ရောင်အရွက်များ (ဟင်းနုနွယ်၊ ကန်စွန်းရွက်၊ ဗူးညွန့်)။

Iodine
အိုင်အိုဒင်းဆား၊ ပင်လယ်ရေမှော်၊ ငါး။

Zinc
အသား၊ အသည်း၊ ဥအမျိုးမျိုး၊ နို့၊ ကနုကမာ၊ နှံစားသီးနှံများ။

22 Sept 2015

ပဲပြုတ်လုပ်နည်း

1...စားတော်ပဲ ဆန်ချိန်ခွက် တခွက်ခွဲ ကို ရေဆေး၊ ဆော်ဒါ နည်းနည်းလေး ထည့်ပီး တည ရေစိမ်ထားပါတယ်၊ မနက်ရောက်တော့ ပွနေတာနဲ့ ရေသွန်၊ ရေဆေး၊ ရေစိုအ၀တ်နဲ့ ထုတ်ပီး ဇလုံ ထဲထည့်ပီး မှောင်တဲ့နေရာမှာ ထားပါတယ်။

2...တနေ့တခါ ကြည့်ပီး အစှိုဓာတ်လိုရင် ရေအနည်းငယ် ဖြန်းပေးပါတယ်၊ ပထမရက်မှ အညှောင့်တိုလေးတွေ ပြူနေပါတယ်၊ ဒုတိယရက်မှာ တော်တော်ရှည်လာပီ..ပေါင်းဘို့ သင့်တော်တဲ့ အနေထားပါ။
3...မပေါင်းခင်မှာ ဘိတ်ကင်း ပေါင်ဒါ ၁ လက်ဘက်ရည်ဇွန်း ထည့်ပီး သမအောင် ဖွဖွလေး ဇလုံကိုလှေ့ပေးပါတယ်၊ နာရီဝက်လောက် နှပ်ထားပါတယ်၊
ပေါင်းမယ် ဆိုတော့ ပဲငံပြာရည် အနောက် (အပျစ်) ၂ လက်ဘက်ရည်ဇွန်းထည့်ပါတယ်၊ ကြံသကာ အမဲ ၁ လက္မ အရွယ် ကို ထုထောင်းပီး ၊ ဆား ၁/၂ လက်ဘက်ရည်ဇွန်း နဲ့ အတူ ထည့်မွှေပေးပါတယ်၊

4...အပေါက်ပါတဲ့ ပေါင်းဇကာထဲ ပဲလုံးလေးတွေပြောင်းထည့်၊ အပေါ်ကနေ အ၀တ် အုပ်ထားပီး ၊ ရေ တလက္မ အနက် ထည့်ထားတဲ့ pressure cooker နဲ့ ပေါင်းပါတယ်၊ အစမှာ မီးကို အမြင့်မှာ ထားပီး..ရေငွေ့ ရှုးရှုး ထွက်လာတော့ မီးကို low-medium ကို ပြောင်းလိုက်ပါတယ်။
5...အဲဒီက စလို့ နာရီဝက် အချိန်စမှတ်ထားပါတယ်၊ အချိန်ပြည့်တော့ မီးပိတ်ပီး မီးဖိုပေါ်မှာ ဆက်ထားတယ်၊ အပူလျှော့သွားပီး နွေးသွားတဲ့ အချိန်ကြမှ အဖုံးကို ဖွင့်ပါတယ်..။
ပဲပြုတ် အိအိ မွှေးမွေး သုံးဆောင်ရန် အသင့် ပါရှင်..။
ကြိုတင်သိထားစေချင်တာလေးတွေ..
ပဲ အမျိုးအစား၊ ပဲလတ်တာနဲ့ နှစ်ချို့ပဲ စတဲ့ အပေါ်မှာ မူတည်ပီး..ရေစိမ်ရတဲ့ အချိန်ကာလ အတိုအရှည် ကွာတတ်ပါတယ်။
မိမိနေထိုင်ရာဒေသ မှာေ၇ကို ဘယ်လို mineral တွေ ထည့်ပီး ပြုပြင်ထားသလည်း ဆို တာ အပေါ်မူတည်ပီး..ဆားထဲ့စိမ်ရခြင်း၊ ဆိုဒါ ထည့် စိမ်ရခြင်းများ လိုအပ်တတ်ပါတယ်။ (အထူးသဖြင့် အအေးပိုင်းဒေသများ)
Pressure cooker အဖုံး ဘယ်လောက်လုံသလည်း၊ ရေငွေ့ဖိအားကို ဘယ်လောက်များများ ထိမ်းထားနိုင်လည်း ဆိုတာအပေါ်မူတည်ပီး ပေါင်းတဲ့ အချိန်ကာလ အတိုအရှည် ကွာတတ်ပါတယ်..။

အများကြိုက်တဲ့ ပဲပြုတ်လုပ်နည်း လဲရှယ် လိုက်တယ်နော် ။
http://bit.ly/1EQM25N
Credit to meemeetofu





26 Aug 2015

ကင်ဆာအဖုအကျိတ်များကို လက်တွေ့ပျောက်စေတဲ့ မင်းဂွတ်သီး

ဒီအကြောင်း ရေးချင်နေတာ ကြာပါပြီ။ လိုင်းမကောင်းတာနဲ့ မအားတာနဲ့ မရေးဖြစ်ခဲ့ဘူး။
မင်းဂွတ်သီး အစွမ်းကိုလေ အင်တာနက်မှာ ဖတ်ရတာတော့ ကြာပြီ လက်တွေ့မလုပ်ဖြစ်ဘူး။ တစ်နေ့ စာအုပ်ဆိုင်က မင်းဂွတ်သီးနှင့် ကင်ဆာရောဂါဆိုတဲ့ စာအုပ်တွေ့လို့ ဝယ်လာပြီး ဖတ်ကြည့်မိတယ်။
အဲဒီတုန်းက တိုက်တိုက်ဆိုင်ဆိုင် အကျိတ် တစ်လုံးပေါက်လို့ တော်တော်လေးကို ဝေဒနာ ခံစားနေရတဲ့ အချိန်ပေါ့။ အဲဒါ စာအုပ်ထဲကနည်းအတိုင်း မဟုတ်ပေမယ့် မင်းဂွတ်သီး တစ်လုံးကို ခွဲ အသားကိုစား အခွံကိုပါ ဝါးစား ရေသောက်လိုက်တာ ညနေလောက်မှာ နီရဲ ယောင်ကိုင်းနေတဲ့ အကျိတ်ဖုက အယောင်ကျပြီး နာတာပါသက်သာသွားတယ်။ လက်တွေ့ပါ။

 စာအုပ်ထဲမှာပါတဲ့ မင်းဂွတ်သီးရဲ့ အကျိုးပြုပုံတွေက ကောင်းလို့ စာအုပ်ထဲက နည်းအတိုင်း လုပ်ပြီး နေ့တိုင်း စားဖြစ်တယ်။မင်းဂွတ်သီးရဲ့ အကျိုးပြုပုံများ
၁။ အကျိတ်အဖုတွေကို ပျောက်ကင်းစေတယ်။
၂။ ကင်ဆာရောဂါကို သက်သာပျောက်ကင်းစေတယ်။
၃။ ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်လည်း ကောင်းစေတယ်။
၎။ သွေးတွင်း ကိုလက်စထရော လည်းကျစေတယ်။ စသည် စသည်ပေါ့။


ပြုလုပ်ပုံကတော့ တော်တော်များများ သိကြမယ်ထင်ပါတယ်။
မင်းဂွတ်သီးကို အညှာက လွဲရင် တစ်လုံးလုံးကို နှစ်သက်ရာနည်းနဲ့ Paste (ပြစ်ပြစ်နှစ်နှစ်လေး) ဖြစ်အောင်လုပ်ပြီး ရေခဲသေတ္တာထဲ ထည့် ထားပြီး တစ်နေ့ နှစ်ကြိမ်လောက် ထမင်းစားပြီးတိုင်း စားရုံပါပဲ။


စိတ်ဝင်စားရင် လုပ်ကြည့်ကြပေါ့နော်။ လက်တွေ့ပျောက်ကင်းလို့ပါ။ လမ်းကြုံရင် စာအုပ်လေးပါ ဝယ်ဖတ်ကြည့်ကြဖို့ တိုက်တွန်းရင်းး

by အိဖြိုး
သက်ရှည်ကျန်းမာ

19 Mar 2015

ကွမ်တုံးလူမျိုးတွေရဲ့ဆန် ပြုတ် အ ချို ချက် နည်း

သွေးအားကောင်းစေတဲ့ ကွမ်တုံးလူမျိုးတွေရဲ့ဆန် ပြုတ် အ ချို ချက် နည်း
 ပထမဦးဆုံးကိုယ်စားချင်တဲ့ပဲမျိုးစုံကိုသန့်ပြီးရေစိမ်ပါ။
ဇီးသီးအခြောက်တွေကိုရေဆေးပြီးရေစိမ်ပါ။
 ပြီးရင်ကောက်ညှင်းအခြောက်ကိုလည်းရေစိမ်ပါ။
 ထမင်းအခြောက်ကိုလည်းရေစိမ်ပါ။
 နေ့တစ်ပိုင်းလောက်ရေစိမ်ရပါမယ်။
 ရေနွေးပွက်ပွက်ဆူလာရင်ထန်းလျက်ကိုရေဆေးမယ်။
 ပြီးရင်ရေနွေးအိုးထဲထည့်မယ် ရေစိမ်ထားတာတွေအကုန်လုံးထည့်မယ်။
တစ်နာရီခွဲလောက်ကြာရင်လိမ္မော်ခွံအခြောက်ကိုရေဆေးပြီးဆန်ပြုတ်အိုးထဲထည့်မယ်။
 ဆားအနည်းငယ်လေးထည့်ပါမယ် အစအဆုံး ၃ နာရီလောက်မီးမပြင်းတပြင်းလေးနဲ့တည်ရပါတယ်။
 ထန်းလျက်နဲ့စားရင်ဆေးဖက်ပိုဝင်ပါတယ် သကြားနဲ့လည်းစားလို့ရပါတယ်။

 ပူပူလေးမသောက်ဘဲအအေးခံပြီးသောက်ရင်ပိုအရသာရှိပါတယ် ရေခဲနဲ့စားရင်ဆေးဖက်မဝင်ပါ။ စားလို့တော့ရပါတယ်။

ကျောက်ကပ်ကောင်းအောင် ဘာစားသင့်သလဲ?
 ကျောက်ကပ်ကောင်းဖို့အတွက် အမည်းရောင်အစာတွေ များများစားသင့်တယ်လို့ ဆိုတယ်။ ဥပမာ- နှမ်းမည်း၊ မှိုနားရွက်၊ ပဲမည်း၊ ငချိတ်တွေဖြစ်တယ်။ သူတို့ကတော့ အဲဒါတွေကို ဆန်ပြုတ်လုပ်လုပ်ပြီး သောက်ကြတာတွေ့တယ်။ နှမ်းမည်း၊ ပဲမည်း၊ ငချိတ်ကို အမှုန့်ကြိတ်ပြီး ရေနွေးနဲ့ဖျော်သောက်ရတဲ့ ရယ်ဒီမိတ်ထုတ်တွေလည်း ရောင်းတာတွေ့တယ်။


ညအိပ်ရာဝင်ခါနီးတိုင်း ခြေထောက်ကို ရေနွေးစိမ်ပေးရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်။
 ရေနွေးထဲ ဆားအနည်းငယ်ထည့်ပြီး စိမ်ပေးရင် မောပန်းနွမ်းလျတာကို သက်သာစေတယ်။
 ရေနွေးထဲ ရှာလကာရှည် တစ်စွန်းထည့်ပြီး စိမ်ပေးရင် ခြေထောက်နံတာတွေ ပျောက်ကင်းစေတယ်။

ခန္ဓာကိုယ်ကသွေးကြောတွေက ခြေဖဝါးမှစုနေတော့ ခြေထောက်ကို ရေနွေးစိမ်ပေးရင်
 သွေးလည်ပတ်အားကောင်းစေတယ်လို့ ဆိုတယ်။

မိန်းကလေးဆိုရင် ဆီးသီးခြောက်ပြုတ်ရည်၊ ဆီးသီးခြောက်ကို ပဲနီအချိုချက်ထဲ ထည့်ချက်စားတာမျိုးလုပ်သင့်တယ်။

 မိန်းကလေးက တစ်လတစ်ခါ ဓမ္မတာလာတာမို့ ဆီးသီးက သွေးအားကောင်းစေပါတယ်။ ပြီးတော့ ကြာစေ့တွေ၊ မှိုတွေနဲ့ ထည့်ချက်စားတာမျိုးကလည်း မိန်းမတွေအတွက် ကောင်းစေပါတယ်။
 ကန်စွန်းဥ၊ oatmeal က အမျှင်ဓာတ်များတော့ အူတွေကိုသန့်ရှင်းပေးပါတယ်။ မကြာမကြာ စားပေးသင့်ပါတယ်။

  ခန္ဓာကိုယ်တွင်းသန့်ရှင်းမှ ပြင်ပသန့်ရှင်းပြီး ကျန်းမာ .... မှာတဲ့။
 လူတစ်ယောက်အတွက် အရေးအကြီးဆုံးက ကျန်းမာရေးပါ။ ကျန်းမာမှ လုပ်ချင်တာလုပ်နိုင်မှာဖြစ်တယ်။

ကျန်းမာကြပါစေ

11 Mar 2015

ဒိန်ချဉ်လုပ်နည်း

အိုးလေးဒိန်ချဉ် ♡
ဒိန်ချဉ်လုပ်နည်းကိုအတော်များများသိပြီးသားဖြစ်မှာပါ။
များသောအားဖြင့်တော့နွားနို့ထဲဒိန်ချဉ်အနည်းငယ်ေ၇ာထည့်၇င်ဒိန်ချဉ်ဖြစ်ပြီပေါ့နော်။
ခုပြောပြချင်တာကထည့်စရာဒိန်ချဉ်မရှိ၇င်ဘယ်လိုစပြီးလုပ်ရတယ်ဆိုတာလေးပြောပြပေးပါမယ်။
 

(၁)အိုးသစ်တစ်လုံးကိုေ၇ဆေးသန့်စင်ပြီးခြောက်အောင်ထားပါ။
 

(၂)ခြောက်နေသောအိုးထည်းသို့နွားနို့အနည်းငယ်(ကျိုပြီးသားအအေးသို့နွေးနွေး)စားပွဲတင်၃ဇွန်းခန့်ကို
ထည့်ပြီးအဖုံးဖုံးကာနေပူတွင်နေ့တပိုင်းခန့်ထားပါ။အတွင်းပိုင်းမှနို့လေးများခဲပြီးဒိန်ချဉ်နံ့ထွက်လာလျှင်
ဒိန်ချဉ်ပြုလုပ်၇န်အဆင်သင့်ဖြစ်ပါပြီ။
 

(၃)အိုးသန့်သန့်တစ်ခုတွင်ဒိန်ချဉ်ပြုလုပ်မည့်နွားနို့ကိုထည့်ပြီးဆူပွက်အောင်ဆယ်မိနစ်ခန့်တည်ပေးပါ။
 

(၄)ဆူပွက်ပြီးသောနို့ကိုကြက်သီးနွေးအနေထားထိအအေးခံထားပါ။
 

(၅)လိုအပ်သောအနွေးအနေထားေ၇ာက်ပါကဒိန်ချဉ်အလျင်အသင့်ပြု လုပ်ထားပြီးသောအိုးထည်းသို့အနည်းငယ်ထည့်ကာအောက်ခြေမှဒိန်ချဉ်ခဲလေးများကိုကြေအောင်ခြေပေးပါ။
 

(၆)ပြီးလျှင်ဒိန်ချဉ်အိုးတည်ထားမည့်နေရာတွင်ထားပြီးကျန်နွားနို့ကိုလောင်းထည့်ကာသမအောင်
တချက်မွေပေးပြီးအဖုံးလုံအောင်ပိတ်ထားပါ။ အိုးကိုေ၇ွ့ချင်းပြုချင်းမပြု၇။နို့ကွဲတတ်ပါတယ်။
 

(၇)အခန်း၏ပူနွေးသောနေ၇ာဖြစ်ပါက၆နာ၇ီခန့်တွင်ဒိန်ချဉ်ကိုစတင်သုံးဆောင်နိုင်မှာဖြစ်ပါတယ်။
အချိန်ပိုထားပါကအချဉ်အ၇သာပိုပြင်းလာမှာဖြစ်ပြီးလိုအပ်သောအနေထား၇ပါကေ၇ခဲသေတ္တာတွင်ပြောင်းပြီး
သိမ်းဆည်းသုံးဆောင်နိုင်ပါပြီ။
**ကုန်ခါနည်းလျှင်ဒိန်ချဉ်လက်ကျန်ချန်ထားပြီးဆင့်ပွားပြုလုပ်သွားနိုင်ပါပြီ။မြေအိုးကိုအသုံးပြုခြင်းက

ပိုအဆင်ပြေပါတယ်။
 


Credit - Sofia Food Paradise

မီးနေမိခင် ညစ်ကြေးစင်ဖို့  ဂျင်း ထန်းလျက်ပြုတ်ရည် သောက်ကြစို့ 

မန်မာ့ဓလေ့ မြန်မာ့ဟန်အရ၊ ကလေးမီးဖွားပြီးစ အမျိုးသမီးကို “ မီးနေသည်”
လို့ ခေါ်လေ့ရှိပါတယ်။ မီးနေမိခင်များအဖို့  မီးတွင်း ကာလမှာ သွေးသား သန်
့ရှင်းစင်ကြယ်အောင် ပြုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။ သွေးသားသန်
့စင်နေမှသာ အမျိုးသမီးများ မှာဖြစ်တတ်တဲ့ ရောဂါဘယ ကင်းဝေးစေမှာပါ။
 သို့မဟုတ်ပါက မီးယပ်ကျိုး၊ မီးယပ်နာ ပိန်ချုံး၍ချိနဲ့ ခြင်း၊ အသားအရည် မစို
ပြေဘဲ ခြောက်သွေ့ ခြင်း၊ အသားအရေပူခြင်း၊ မျက်နှာပေါ်တင်းတိပ်စွဲခြင်း၊
မျက်နှာ နှင့် လည်ပင်းတွေမှာ အနီကွက် အညိုကွက် များပေါ်လာခြင်း၊
စကားပြောလိုက်တိုင်း နှင့် အသက်ရှုထုတ်လိုက်တိုင်း အာခံတွင်းမှ အပုပ်နံ
့ထွက်ခြင်း စတဲ့ ဆိုးကျိုးများ ခံစား ရနိုင်ပါတယ်။

 ဒိအတွက် စိတ်မပူပါနှင့်။ ရိုးရှင်းလွယ်ကူပြီး မိခင်ရော ရင်သွေးငယ်လေးပါ
ကျန်းမာစေတဲ့ မြန်မာ့ဆေးစွမ်းကောင်း တစ်လက်ရှိ ပါတယ်။ ဆေးဖော်ဖို့ အတွက်
ဟင်းခတ်အမွှေးအကြိုင်ဖြစ်သော ချင်း(ဂျင်း)စိမ်း နှင့် သဘာဝ
ထန်းလျက်ခဲစစ်စစ် (အမည်းရောင် ထန်းလျက်ခဲကြီး)တို့ သာ လိုအပ်ပါတယ်။
ဦးစွာ အလေးချိန် ၅-ကျပ်သား ရှိတဲ့ ချင်း(ဂျင်း)ကို အခွံနွှာ၍
နုပ်နုပ်စင်းပါ။ ထို့ နောက် နုပ်နုပ်စင်းထားသော ဂျင်းများကို ထန်းလျက်ခဲ
၅-ကျပ်သားနှင့်အတူ ရေသင့်ရုံရောကာ ရနံ့ မွှေးဆူပွက်ပြီး အတန်ငယ်ပျစ်လာ
တဲ့အထိ မီးအေးအေးဖြင့်ကျိုပေးရမှာပါ။ ဆေးရည်ကို အအေးခံ၍ ဟင်းစား
စတီးဇွန်း ၁-ဇွန်းစီဖြင့် တစ်နေ့  ၃-ကြိမ်သောက်ပါ။

သဘာဝအတိုင်း မီးဖွားသူများသာမက၊ ဗိုက်ခွဲမွေးဖွားသူတွေရော၊
ကိုယ်ဝန်ပျက်ကျသူများပါ အညစ်အကြေးကင်းစင်ဖို့  ထိုဆေး ရည်ကို မီးထွက်သည့်
၇-ရက်တိတိ သောက်ပေးခြင်းဖြင့် တသားမွေး တသွေးလှစေတော့မှာ ဖြစ်ပါကြောင်း။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
*promise.pauk*

*** ပိုတက်စီယမ် ကြွယ်ဝတဲ့ အစားအစားလေးများ **

ဓာတုဒြပ်စင်တစ်မျိုးဖြစ်တဲ့ ပိုတက်စီယမ်(Potassium) ဟာ လူသားတို့ 
ကျန်းမာရေးအတွက် မရှိမဖြစ်တဲ့အရာတစ်ခုပါ။ ပိုတက် စီယမ်က ခန္ဓာကိုယ်ထဲရှိ
ဆိုဒီယမ်ပမာဏကို လျော့ချပေးနိုင်တာကြောင့် ကြွက်သားများတောင့်တင်းခြင်း၊
သွေးတိုးရောဂါ၊ လေ ငန်းရောဂါ၊ နှလုံးသွေးကြောပြဿနာ နှင့်
နှလုံးတုန်ခြင်းတို့ ကို လျော့ပါးသက်သာစေပါတယ်။ အရွယ်ရောက်ပြီးသူ လူတစ်
ယောက်အတွက် တစ်နေ့ တာ ပိုတက်စီယမ်လိုအပ်ချက်ပမာဏဟာ ၄.၇ ဂရမ် ရှိသင့်ပြီး၊
အားကစားသမားများ အတွက်ကတော့ ထို့ ထက်ပို၍ လိုအပ်ပါတယ်။ ယနေ့ ကမ္ဘာမှာ
ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာဟာ ဌက်ပျော်သီးလို့ သာ လူအများသိထား
ကြပါတယ်။ သို့ သော် အောက်ဖော်ပြပါ အစားအစားလေးများက
ဌက်ပျောသီးထက်ပိုမိုတဲ့ ပိုတက်စီယမ်ပမာဏကို ပေးစွမ်းနိုင် ကြပါတယ်။
 (ဟင်းနုနယ်ရွက်)
အပူပေးချက်ပြုတ်ကြော်ထားတဲ့ ဟင်းနုနယ် တစ်ပန်းကန်စာထဲမှာ ပိုတက်စီယမ် ၈၃၉
မီလီဂရမ် ပါရှိနေပါ တယ်။ ဟင်းနုနယ်ရွက်က
ကြွက်သားများကြွက်တက်ခြင်းကိုလျော့ပါးသက်သာစေတာကြောင့် အားကစားသမားတွေ
အတွက် ထိပ်တန်းအစားအစာ လို့ ဆိုနိင်ပါတယ်။ ဒါ့ပြင် ၄င်းအစိမ်းရောင့်ရောင်
အရွက်ဖားဖားတွေထဲမှာ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေ အပြည့်အဝ
ပါရှိနေတာကြောင့်လည်း အမျိုးသမီးများ မမျိုးဥအိမ် နှင့်
အမျိုးသားများဆီးကျိတ်ကို ကျန်းမာစေကာ ကင်ဆာရောဂါ ဖြစ်ခြင်းမှ
ကာကွယ်ပေးပါတယ်။ ဖော်ပြပါ ဝေဒနာခံစားနေရသူတွေအဖို့  ဟင်းနုနယ်ရွက်ကို
အပူပေးကြော်ချက်ပြုတ်၍ တစ်နေ့  ၂-ကြိမ်ကျဖြင့် နေ့ စဉ်စားသုံးသင့်ပါတယ်။

(အဖြူရောင်ပဲစေ့များ)
ပဲအားလုံးတိုင်းဟာ ပိုတက်စီယမ်ကြွယ်ဝကြပါတယ်။ သို့ သော် ပဲလွန်းဖြူတို
့လို အဖြူရောင်ပဲစေ့တွေထဲ မှာ ပိုတက်စီယမ်ပါဝင်မှု ပိုများပါတယ်။ အပူပေး၍
ချက်ပြုတ်ပြင်ဆင်ထားတဲ့ အဖြူရောင်ပဲစေ့ ၁-ခွက်စာပမာဏထဲမှာ ပိုတက်စီ ယမ်
၁၀၀၄ မီလီဂရမ် ပါရှိနေပါတယ်။ ဒါ့ပြင် ပရိုတင်းဓာတ်ကြွယ်ဝတာကြောင့်လည်း
ပရိုတင်းဖြည့်စွက်စာအဖြစ် စားသောက်နိုင် ပါတယ်။ ထိုပဲတွေကို
ဘယ်လောက်စားစား သွေးထဲရှိသကြားပမာဏကို (လုံးဝ) မတက်စေပါဘူး။ ဒါ့ပြင်
နှလုံးရောဂါဖြစ်နိုင်ချေ ကိုလျော့ချပေးနိုင်တာကြောင့်
ပိုတက်စီယမ်လိုအပ်နေသူများအတွက် နေ့ စဉ်သုံးအစားအစာအဖြစ်
စားပေးသင့်ပါတယ်။

(ထောပတ်သီး)
ဗီတာမင်များသာမက၊ ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာကိုပြပါဆိုလျှင်
ထောပတ်သီးကိုသာ ရွေးချယ်ရမှာပါ။ အရွယ်တူညီ ထောပတ်သီးတစ်လုံးနှင့်
ဌက်ပျောသီးတစ်လုံးတို့ ကို နှိုင်းယှဉ်ကြည့်တဲ့အခါ၊ ထောပတ်သီးထဲမှာ
ပိုတက်စီယမ်ပါ ၀င်မှု ၂-ဆမျှ ပိုနေပါတယ်။ ထောပတ်သီး တစ်နေ
့တစ်လုံးမှန်မှန်စားသုံးသူတွေမှာ ခံတွင်းကင်ဆာ နှင့် လေငန်းရောဂါတွေ ဖြစ်
ခြင်းမှ ကာကွယ်ရာရောက်တယ်လို့  ကျန်းမာရေးသုတေသီတွေကအကြံပြုထားပါတယ်။
လတ်ဆတ်၍မှည့်နေတဲ့ အရွယ်ကြီး ကြီး ထောပတ်သီးတစ်လုံးထဲမှာ ပိုတက်စီယမ် ၉၇၅
မီလီဂရမ်ခန့်  နှင့် ကယ်လိုရီ ၃၂၂ ခန့် ပါရှိနေကြပါတယ်။

(ခရမ်းချဉ်သီး)
ခရမ်းချဉ်သီးများဟာ ပိုတက်စီယမ်ရရှိနိုင်တဲ့ အရင်းအမြစ်ဆိုတာကို
သင်အံ့သြမသွားလိုက်ပါနဲ့ ။ ဒါတင်မကသေး ပါဘူး။ ခရမ်းချဉ်သီးထဲမှာ
ဗီတာမင်အေ၊ ဗီတာမင်စီ နှင့် လိုင်စိုပင်န်ဓာတ်တွေပါရှိနေတာကြောင့်
ထိုဓာတ်များက ခန္ဓာကိုယ်အ တွက် ဓာတ်တိုးဓာတ်ဆန့် ကျင်ပစ္စည်းများအဖြစ်
အစွမ်းထက်မြက်စေပါတယ်။ အပူပေး၍ ချက်ပြုတ်ပြင်ဆင်ထားတဲ့ ခရမ်းချဉ် သီး
၁-ခွက်စာထဲ မှာ ပိုတက်စီယမ် ၉၀၉ မီလီဂရမ် နှင့် ကယ်လိုရီ ၇၈ တို့ပါရှိကြပါတယ်။

(အာလူး)
အာလူးဟာ ဟင်းကိုအပွားခပ်ပေးနိုင်တာကြောင့် စားအိုးကြီးသော
မိသားစုမှအိမ်ရှင်မများအတွက် မရှိမဖြစ်အဖော်မွန် ကောင်းဖြစ်သလို၊
ခွန်အားပြည့်ဝစေတာကြောင့်လည်း အရွယ်သုံးပါးမရွေးအတွက် အထူးသင့်တော်လို
့နေပါတယ်။ အကယ်၍ အာလူးကြီးကြီးတစ်လုံးကို မီးကင်(ဖုတ်)စားပါက ပိုတက်စီယမ်
၉၂၅ မီလီဂရမ်ရရှိစေမှာဖြစ်သလို၊ ကန်စွန်းဥ ကြီးကြီးတစ်လုံးကို
မီးကင်စားပါက ပိုတက်စီယမ် ၆၉၄ မီလီဂရမ် ရှိရနိုင်ပါတယ်။ ဒါ့ပြင်
ကယ်လိုရီပြည့်ဝတဲ့ အာလူးထဲမှာ အမျှင်ဓာတ်တွေအလုံအ လောက် ပါရှိနေပါတယ်။
ကိုလက်စထရောကျ ချင်သူများကလည်း အာလူးကို အားကိုးထိုက်ပါတယ်။

(ဌက်ပျောသီး)
ပိုတက်စီယမ် ကြွယ်ဝတဲ့အစားအစာ စာရင်းထဲမှာဌက်ပျောသီးကို ချန်ထားလို
့မရပါဘူး။ ဗိုက်ဆာလာတဲ့အခါ ဇာတ်လိုက်ကျော် ဌက်ပျောသီးလေးတွေကို နေရာမရွေး
အချိန်အခါမရွေး အခွံနွှာစားရုံမျှဖြင့် အဆာပြေရင်အေးစေပါတယ်။ ဒါ့ ပြင်
ဌက်ပျောသီးက နှလုံး နှင့် ဆံပင်(ဆံသား)ကျန်းမာရေးတို့ အတွက်
အဖော်မွန်ကောင်းပါဘဲ။ ကျန်းမာလိုသူများအဖို့  “ နံက် ဌက်ပျော ” ဆိုတဲ့
ဆောင်ပုဒ်လေးအတိုင်း နံက်တိုင်း ဌက်ပျောသီးတစ်လုံးကို
မမေ့မလျော့စားဖြစ်အောင်စားပေးပါ။

(နွားနို့ )
၈ အောင်စ ပမာဏရှိတဲ့ နွားနို့ အကျက် ၁-ဖန်ခွက်ထဲမှာ ပိုတက်စီယမ် ၃၂၂
မီလီဂရမ် နှင့် ကယ်လိုရီ ၁၀၀ နီးပါးခန့်  ပါ ရှိနေကြပါတယ်။ ဒါ့ပြင်
နွားနို့ ဟာ ဗီတာမင် နှင့် ကယ်လ်စီယမ်တို့ ရရှိရာ
အရင်းအမြစ်ဖြစ်တာကြောင့်လည်း အရွယ် ၃-ပါး မရွေး သောက်သုံးသင့်တဲ့ “ အာဟာရ
ရေဖြူ ” လို့ တင်စားခေါ်ဝေါ်ထိုက်ပါတယ်။

(ဒိန်ချဉ်)
နို့ ကလုပ်တဲ့ ဒိန်ချဉ်ဖြစ်လို့  နို့ လိုဘဲ ပိုတက်စီယမ်ကြွယ်ဝတယ်ဆိုတာ
ယုံမှားသံသယဖြစ်ဖွယ်မရှိပါ။ သို့ သော် ဒိန်ချဉ် နဲ့ နို့ ကို
နိုင်းယှဉ်ကြည့်တဲ့အခါမှာ ဒိန်ချဉ်ထဲမှာ
ပိုတက်စီယမ်ပါဝင်မှုပိုနေတယ်ဆိုရင် သင်အံ့သြသွားလေမလား။ လေ့လာစမ်းစစ်
ချက်များအရ၊ ဒိန်ချဉ်တစ်ခွက်ထဲမှာ ပိုတက်စီယမ် ၆၂၅ မီလီဂရမ် နှင့်
ကယ်လိုရီ ၁၃၇ ပါရှိနေကြောင်း၊ အဆီမပါတဲ့ ဒိန်ချဉ် တစ် ခွက်ထဲမှာ
ပိုတက်စီယမ် ၅၇၉ မီလီဂရမ်ပါရှိကြောင်း၊ ဒိန်ချဉ်က
အစာကျေညက်လွယ်စေတာကြောင့် ထမင်းစားပြီးတဲ့အခါ ဒိန် ချဉ်သောက်သင့်ကြောင်း၊
အဆီပါတဲ့ဒိန်ချဉ်က အရိုးပါး၊ အရိုးပျော့ရောဂါဖြစ်ခြင်းမှ
ကာကွယ်ပေးနိုင်ကြောင်း လေ့လာမှတ်သားရ ပါတယ်။

(လိမ္မော်ရည်)
ဖန်ခွက် တစ်ခွက်စာပမာဏရှိတဲ့ လတ်လတ်ဆတ်ဆတ်လိမ္မော်သီးဖျော်ရည်ထဲမှာ
ပိုတက်စီယမ် ၄၉၅ မီလီဂရမ် နှင့် ကယ်လိုရီ ၁၁၂ ပါရှိနေပါတယ်။ ဒါ့ပြင်
လိမ္မော်သီးထဲရှိ ဗီတာမင်စီဓာတ်က အသားအရေကို လွန်စွာကောင်းကျိုးပြုတာ
ကြောင့် လိမ္မော်သီးကို အစာလည်းဆေး ဆေးလည်းအစာအဖြစ် စားသုံးပေးသင့်ပါတယ်။

(စပျစ်သီးခြောက်)
လက်တစ်ဆုပ်စာ ပမာဏရှိတဲ့ စပျစ်သီးခြောက်ထဲမှာ ခန္ဓာကိုယ်ကို
အားဖြည့်ပေးနိုင်တဲ့ ပိုတက်စီယမ် ၅၄၄ မီ လီဂရမ်၊ ကယ်လိုရီ ၁၄၉ နှင့်
ဗီတာမင်ကေ ၂၅၀ မီလီဂရမ်တို့ ပါရှိနေကြပါတယ်။ ဒါ့ပြင် အမျှင်ဓာတ် နှင့်
ဓာတ်တိုးဆန့် ကျင် ပစ္စည်းများ ပါရှိနေတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း
ကင်ဆာမဖြစ်အောင် ကူညီပေးနိုင်တဲ့ ထိုစပျစ်သီးခြောက်လေးတွေ ကို
ထမင်းစားပြီးတိုင်းအချိုပွဲအဖြစ်စားသုံးနိုင်ပါတယ်။
(သကြားလုံးဝမပါလေကျန်းမာရေးအတွက် ကောင်းလေပါဘဲ)

(ဆယ်လ်မွန်ငါး)
ပိုတက်စီယမ်အားနည်းနေသူများအတွက် ဆယ်လ်မွန်ငါးတွေကို အားကိုးထိုက်ပါတယ်။
၁၃ အောင်စ အလေး ချိန်ရှိတဲ့ ဆယ်လ်မွန်ငါးထဲမှာ ပိုတက်စီယမ် ၅၃၄ မီလီဂရမ်
နှင့် ကယ်လိုရီ ၁၅၅ ပါရှိနေပါတယ်။ သို့ သော် ထိုငါးကို ဆီပူကြော်
ခြင်း(သို့ မဟုတ်)မီးကင်ခြင်း ပြုတဲ့အခါမှာတော့ ၄င်းအာဟာရအာနိသင်တွေကို
အပြည့်အ၀ မရနိုင်တော့ပါဘူး။ ဒါကြောင့် အာ ဟာရဓာတ်တွေ မဆုံးရှုံးစေဖို
့အတွက် ဆယ်လ်မွန်ငါးကို ချက်ပြုတ်၍သာ စားသောက်ပေးပါ။

(အဖြူရောင် မှိုပွင့်လေးများ)
လူတစ်ယောက်ရဲ့  တနေ့ တာ လိုအပ်လျက်ရှိသော ပိုတက်စီယမ်သတ္တုဓာတ်၏ ၂၈
ရာခိုင်နှုန်းကို အဖြူရောင်မှိုဟင်း တစ်ပန်းကန်စာမှ ရရှိနိုင်ပါတယ်။
ဒါ့ပြင် မှိုဟင်းတစ်ပန်းကန်စာပမာဏထဲမှာ ကယ်လိုရီ ၂၈ ပါရှိနေပါတယ်။
အာဟာရဓာတ်မပျောက်စေဖို့ အတွက် ၄င်းမှိုပွင့်ကို ခပ်ပျော့ပျော့ကြော်ချက်၍စားပေးသင့်ပါတယ်။

(ဂုံးကောင်)
၁၀၀ ဂရမ်အလေးချိန်ရှိတဲ့ ပင်လယ်စာ ဂုံးကောင်လေးတွေထဲမှ ပိုတက်စီယမ် ၆၂၈
မီလီဂရမ် နှင့် ကယ်လိုရီ ၁၄၈ ကို ရရှိနိုင်တာကြောင့် ပိုတက်စီယမ်ချို
့တဲ့နေသူများအတွက် လွန်စွာကောင်းကျိုးပြုပါတယ်။ ဒါ့ပြင် ဂုံးကောင်တွေမှာ
အိုမီဂါ-၃ ဖက်တီးအက်ဆစ်ကြွယ်ဝစွာပါရှိတာကြောင့် နှလုံးကိုကျန်းမာစေပါတယ်။
ဗီတာမင်အေလည်း အလုံအလောက်ပါရှိနေတာမို့  အ သားအရေကို ၀င်းပစေကာ၊
အမြင်အာရုံကိုလည်းကြည်လင်စေမှာပါ။ အလေးချိန်တူညီတဲ့ အနီရောင်အသား နှင့်
နှိုင်းယှဉ်ကြည့် ပါက ဂုံးကောင်ထဲမှာပါရှိတဲ့ ပရိုတင်းခွန်အားက
ပို၍များပြားနေတာကို တွေ့ ရမည့်အပြင်၊ ကယ်လိုရီပါဝင်မှု လွန်စွာနည်းပါးတာ
ကြောင့်လည်း သက်ရှည်ကျန်းမာစေဖို့  ဂုံးကောင်လေးတွေကို မကြာခဏဆိုသလိုစားပေးသင့်ပါတယ်။

(သင်္ဘောသီး)
ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ ကောင်းကျိုးပြုတဲ့ သင်္ဘောသီးတွေဟာ
ဆေးသိပ္ပံနည်းအရရော၊ မြန်မာ့ရိုးရာ ဆေးမြီးတိုကုထုံးများအတွက်ပါ
အသုံးတည့်လှပါတယ်။ အထူးသဖြင့် ရောင်ရမ်းနာအမျိုးမျိုး နှင့်
ဝမ်းချုပ်ခြင်းကို ပြေလျော့စေတာ ကြောင့်လည်း “
ညသင်္ဘော(ညအိပ်ယာဝင်ခါနီးတိုင်း သင်္ဘောသီးမှည့်စားပါ)” လို့ 
ဆိုရိုးစကားရှိပါတယ်။ လတ်ဆတ်တဲ့ အရွယ် လတ်လတ် သင်္ဘောသီးမှည့်တစ်လုံးထဲမှာ
ပိုတက်စီယမ် ၇၁၈ မီလီဂရမ် နှင့် ကယ်လိုရီ ၁၁၉ တို့ ရရှိနိုင်မှာဖြစ်ပါတယ်။

(အစိမ်းရောင် ပဲဆိမ့်သီး)
Pistachios(ခေါ်)ချိုဆိမ့်ဆိမ့်အရသာရှိတဲ့ အစေ့အဆံမျိုးနွယ်ဝင်
အစိမ်းရောင်ပဲဆိမ့်သီးကို လက်တစ် ဆုပ်စာပမာဏ စားပေးခြင်းဖြင့်
ပိုတက်စီယမ် ၈ ရာခိုင်နှုန်းကို ရရှိနိုင်မှာဖြစ်ပါတယ်။ ထို
ပဲဆိမ့်သီးလေးတွေမှာ ဗီတာမင်ဘီ၆ မြင့်မားစွာပါရှိနေတာကြောင့်
ဦးနှောက်နှင့်အာရုံကြောများကို ကောင်းကျိုးပြုပေးနိုင်ပါတယ်။ ဒါ့ပြင်
ဗီတာမင်အီးပါဝင်နေလို့  အ သားအရေအတွက် ဆေးဖက်ဝင်ပါတယ်။
(Pistachios(ခေါ်)အစိမ်းရောင်ပဲဆိမ့်သီးတွေဟာ
နိုင်ငံခြားမျိုးဖြစ်တာကြောင့် City Mart ဆိုင်များ၏ သွားရည်စာ
အရောင်းကောင်တာများမှာ ဗူးလေးများဖြင့် ထုပ်ပိုးရောင်းချလျက်ရှိပါတယ်)

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
*promise.pauk*

*** ကြင်စဦးဇနီးမောင်နှံများ မှတ်သားလိုက်နာဖွယ် ***

နှစ်ကိုယ်တူချစ်ရည်မျှ၍ဘဲဖြစ်ဖြစ်၊ မိဖဘိုးဘွားများ
ဆန္ဒကိုမလွန်ဆန်နိုင်၍ဘဲဖြစ်ဖြစ် အိမ်ထောင်ကျပြီဆိုပါစို့ ။ မင်္ဂလာရက်မြတ်
မှသည် ရတုအဆက်ဆက်တိုင်အောင် “ ဒီလင် ဒီမယား
အိုအောင်မင်းအောင်ပေါင်းရပါစေ” လို့ လူကြီးသူမတွေက ဘယ်လိုပင်
ဝိုင်းဝန်းဆုတောင်းပေးကြပါစေ…ကာယကံရှင်ဇနီးမောင်နှံရဲ
့အပြန်အလှန်တာဝန်ယူသိတတ်မှုကသာ ပဓာဏကျလှပါတယ်။ ကြင်စဦးကာလမှာ အမှတ်မထင်
လက်လွတ်စပယ် ပြုမူ-ပြောဆို-ဆက်ဆံလိုက်ခြင်းက တစ်ဖက်သားကို စိတ်ဒဏ်ရာရစေကာ
အိမ်ထောင်သက်တလျှောက်လုံး အဖုအထစ်လေးတွေ ဖြစ်လာစေနိုင်တာကြောင့် အောက်ပါ
နည်းလမ်းကောင်းများဖြင့် ကြိုးစား ကျင့်ကြံစေလိုပါတယ်။
 (၁) ကလေး(အစ)/လူကြီး(အဆုံး) လူသားတိုင်းချီးမွှမ်းခံရတာကို
နှစ်ခြိုက်သူများပေမို့ ၊ သူ(အိမ်ထောင်ဖက်)က ပြုလုပ်နိုင်ခဲ့တဲ့
အောင်မြင်မှုတစ်ခုခုအတွက် ပိုပိုသာသာလေး ချီးမွမ်းစကားပြောပေးလိုက်ပါ။

(၂) အကယ်၍ သင်က သင့်အိမ်ထောင်ဖက်ထက် တော်တော်လေး အသက်ကြီးနေပါစေ “ငါသိ
ငါတတ် ဆရာကြီးလေသံ” မျိုးနဲ့  ဘယ်တော့မှ မပြောမိပါစေနဲ့ ။

(၃) “လင်နဲ့ မယား လျှာနဲ့ သွား” ဆိုသလို အမြင်မတူလို့ 
ခွန်းကြီးခွန်းငယ် စကားများကြပြီဆိုပါစို့ ။ “စကားနည်း ရန်စဲ” ဆိုတဲ့
အတိုင်း နှုတ်မကျွံမိရစေအောင် စကားကိုကုန်အောင်မပြောဘဲ
အစားကိုကုန်အောင်စားပြီး၊ အိပ်ရေး၀၀သာအိပ်ပစ်လိုက်ပါ။
ဘေးထိုင်ဘုပြောနေတာမျိုးကို (လုံးဝ) မလုပ်မိပါစေနဲ့ ။

(၄) အပြန်အလှန်နားလည်အောင် ကြိုးစားနေတဲ့ ကြင်စဦးကာလမှာ၊
အပေးအယူမမျှခင် ဘယ်လိုအကြောင်းအရာကို၊ ဘယ်လို
အခြေအနေမျိုးမှာဘဲဖြစ်ဖြစ်၊ ဘယ်လိုစကားမျိုးတွေဘဲပြောပြော၊
မိမိပြောဆိုတဲ့ စကားအဓိပ္ပါယ်ဟာ လောဘ-ဒေါသ-အတ္တ -မာန ကင်းပြီး
“ချစ်ခင်ရင်းနှီးမှု” ကို ပြတဲ့ အသုံးအနှုန်းမျိုးကိုသာ ရွေးချယ်တတ်ပါစေ။

(၅) အကယ်၍ မိမိဘက်ကအမှားတစ်ခုခုလုပ်မိပါက၊ သူ (အိမ်ထောင်ဖက်)ကို
“မှားသွားတယ်… ဆောရီးနော်.. တောင်းပန်ပါ တယ်” လို့  ပြောဆိုရတဲ့အခါ၊ သူ
့ကို မိမိမျက်စေ့နဲ့  သေသေချာချာကြည့်ပြီး (လိုအပ်ရင်လက်ကလေးကိုကိုင်၍)
လှိုက်လှိုက် လှဲလှဲ ပြောပေးပါ။

(၆) သူ(အိမ်ထောင်ဖက်)က ၄င်းရဲ့ စိတ်ကူးယဉ်အိပ်မက်ကို ရင်ဖွင့်လာတဲ့အခါ
ပြက်ရယ်မပြုမိပါစေနဲ့ ။ “အနာဂတ်အတွက် ပစ္စု ပ္ပန်မှာ အိပ်မက်တစ်ခုခုတော့
ရှိကိုရှိသင့်တာပေါ့ ” လို့  အားပေးနှစ်သိမ့်လိုက်ပါ။

(၇) အရာရာတိုင်းမှာ ငါနဲ့ အမြင်ချင်း ထပ်တူကျနေရမယ်လို
့မျှော်လင်မထားပါနဲ့ ။ အပြန်အလှန် နားလည်မှုနဲ့  ခွင်လွှတ်တတ်ပါမှ
အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘ၀ကို ဖန်တီးနိုင်မှာပါ။
 (ဒီနည်းက ၁၀၀% မလွယ်ကူပေမယ့် ဖြည်းဖြည်းချင်း ကျင့်ယူရမှာပါဘဲ)

(၈) အပေးအယူမမျှလို့  စကားစစ်ထိုးကြပြီဆိုပါစို့ ။ “အချစ်” “အသက်”
ချစ်စနိုးအခေါ်အဝေါ်တွေပျောက်ကာ “နင်-ငါ-မင်း-ခင်ဗျား-ကျုပ်” (သို့ မဟုတ်)
အမည်နာမတွေ တပ်ပြီးမခေါ်မိပါစေနှင့်။ (တစိမ်းဆန်သွားစေပါတယ်)

(၉) သူ့ ဆွေမျိုး၊ ငါ့ဆွေမျိုးရယ်လို့  ခွဲခြားပြီး မမြင်မိအောင်
ကြိုးစားကျင့်ကြံပါ။

(၁၀) အမြင်မတူတာလေးတွေကို ညှိနှိုင်းရာမှာ၊ သူ (အိမ်ထောင်ဖက်)က
နားဝင်လာအောင် စကားကိုဖြည်းဖြည်းပြောရင်း၊ သူ က မိမိအမြင်ကို လက် ခံ/မခံ
မျက်လုံး-ဦးနှောက်တို့ ဖြင့် အကဲခတ်တတ်ပါစေ။ (သင်ပြောတာကို
လက်ခံတဲ့ပုံပေါ်ရင် ရှေ့ ဆက်ပြော ပါ၊ လက်ခံနိုင်ပုံမပေါ်ရင်တော့ ဒီနေ့ အဖို
့အဲဒီစကားကိုတခန်းရပ်ပြီး နောက်အလျဉ်းသင့်တဲ့အခါမှထပ်ပြောပါ)

(၁၁) အထူးသဖြင့် အမျိုးသမီးတို့ သဘာဝအရ သိချင်စိတ်အားကြီးတာကြောင့်
ခရေစေ့တွင်းမေးခွန်းထုတ်လေ့ရှိပါတယ်။ အဲဒီ လိုအခါမျိုးမှာ
အမျိုးသားအနေဖြင့် “မင်းစပ်စုလှချည်လားကွာ၊ အရာရာမင်းသိဖို့ မလိုဘူးလေ”
လို့  မာမာထန်ထန်ပြန်မပြောဘဲ “မေးခွန်းတွေကလဲ များလှချည်လားကွာ” လို
့အတတ်နိုင်ဆုံး ပြုံး၍ ခပ်ပေါ့ပေါ့ဖြေပါ။

(၁၂) ဆွေမျိုး-အသိုင်းအ၀ိုင်း-မိတ်ဆွေတွေရှေ့ မှာ တဦးပေါ်တဦးအနိုင်ယူတဲ့
အပြုအမူမျိုးကိုရှောင်ပြီး၊ ဖေးဖေးမမ နဲ့  ပွဲထုတ် တတ်ပါစေ။(ဒီနည်းက
သင့်အိမ်ထောင်ဖက်က သင့်ကို “နှစ်ကိုယ့်တစ်စိတ်”အဖြစ် နှလုံးသားထဲထိအောင်
ယုံကြည်မှုဖြစ်စေနိုင်ပါ တယ်)

(၁၃) ပြဿနာ သေးသေးလေးကို ရိုးမယ်ဖွဲ့ ပြီး မြည်တွန်တောက်တီး ဇာချဲ
့မနေပါနဲ့ ။ “ကျောပူသာခံလိုက်မယ်၊ နားပူတော့ မခံချင်ကြဘူး” လေ။

(၁၄) အကယ်၍ မိမိဘက်က အမှားတစ်ခုလုပ်မိခဲ့တယ်ဆိုပါစို့ ၊ သိသိချင်းမှာဘဲ
အဲဒီအမှားကို (အမြန်ဆုံး) ပြန်လည်ပြုပြင်နိုင် အောင်ကြိုးစားပါ။

(၁၅) သူ(အိမ်ထောင်ဖက်)ဆီက ဖုန်းခေါ်ဆိုလာတဲ့အခါ၊ ဘယ်လောက်ပဲ အလုပ်များလို
့စိတ်ရှုပ်ထွေးနေပါစေ အတတ်နိုင်ဆုံး နှုတ်ခမ်းတစ်စုံကိုပြုံးပြီး
ဖုန်းဖြေဆိုလိုက်ပါ။ သင့်ရဲ့ သာယာနာပျော်ဖွယ် တုန့် ပြန်မှုက သူ့ ကို
ဟတ်(heart) ထိသွားစေပါတယ်။

(၁၆) မိမိတစ်ယောက်တည်းရှိနေချိန်မှာ တစ်နေ့ လျှင် ၁၀-
မိနစ်လောက်အချိန်ပေးပြီးတော့၊ “ ငါ ဒီနေ့ အဖို့ သူ့ ကို စိတ်အနှောင့်
အယှက်ဖြစ်စေတာမျိုး လုပ်ခဲ့မိလား ” စသည်ဖြင့်
မိမိကိုယ်ကိုဝေဖန်သုံးသပ်ပါ။
အထက်ပါ နည်းလမ်းများစွာဖြင့်ကျင့်ကြံရင်း၊ ရွှေရောင်လွှမ်းတဲ့နေ့ သစ်ဆီသို
့ လျှောက်လှမ်းကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။

(ကိုးကား Americak Daily Health Tips on 5th Dec ’13)





(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
*promise.pauk*

ညအိပ်ယာဝင်ခါနီး မစားသင့်သော အစားအသောက် (၅) မျိုး

အစားအသောက်ကို လူတိုင်းကြိုက်နှစ်သက်ကြပါတယ်။ သို့ သော် ညအိပ်ယာဝင်ခါနီး
အစားအစာတွေအများကြီးစားမိတဲ့အခါ၊ အစာမကျေဗိုက်အင့်စေပြီး၊
အိပ်စက်ခြင်းကိုပါအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်
အောက်ပါအစားအသောက် (၅) မျိုးက အိပ်စက်ခြင်းကိုအဟန့် အတားဖြစ်စေနိုင်၍
အထူးသတိပြုရှောင်ရှားသင့်ပါတယ်။


(၁) အာလူးကြော်များ
အာလူးချောင်းကြော်၊ အာလူးအကျွတ်ကြော်၊ ပြောင်းဖူးပေါက်ပေါက်
စတဲ့ဆီကြော်အစားအစာတွေထဲမှာ ဆီပါဝင်မှုလွန်စွာ များ ပြားလှပါတယ်။ အကယ်၍
ညအိပ်ယာမ၀င်ခင် တီဗွီကြည့်ရင်း ၄င်းအစားအစာတစ်မျိုးမျိုးကို
လက်တဆုပ်စာလောက်စားမိတယ် ဆိုရင်ဘဲ၊ ကျေညက်စေဖို့ အတွက်
အစာအိမ်ထဲမှာအချိန်တော်တော်ကြာအောင် အစာချေဖျက်နေရပါတယ်။ နံက်မိုးသောက်၍
အိပ်ယာထတဲ့အခါမှာ မအီမလည်ဖြစ်ခြင်း၊ လေပွခြင်းတို့ ခံစားရပါလိမ့်မယ်။

(၂) လ္ဘက်ရည်/ကော်ဖီ/ကိုလာဖျော်ရည်များ
ကဖိန်းဓာတ်များတဲ့ လ္ဘက်ရည်/ကော်ဖီပြင်းပြင်းဖြစ်စေ၊ နို့ ဓာတ်များတဲ့
လ္ဘက်ရည်/ကော်ဖီပျော့ဖြစ်စေ၊ ကိုလာအချိုရည်ဘဲဖြစ်စေ ၄င်းကဖိန်းဓာတ်များကို
ညနေ ၄ နာရီနောက်ပိုင်းကစ၍ မသောက်သင့်ပါဘူး။ ကဖိန်းဓာတ်က ဦးနှောက်နှင့်
အာရုံခံအဖွဲ့ အစည်း ကို တက်ကြွအောင်လှုံ့ ဆော်ပေးတာကြောင့်၊ သင့်ရဲ
့အိပ်စက်အနားယူချိန်ကို ဓါးပြတိုက်ခံရတတ်ပါတယ်။

(၃) အပူအစပ် အစားအစာများ
ပူစပ်သော အစားအစာများကိုစားပြီးတဲ့အခါ၊ အစာအိမ်မှအက်ဆစ်တွေ
အထွက်များလာပြီး၊ ဘေးထွက်ဆိုးကျိုးအဖြစ် ရင်ပူခြင်း၊ လေပွခြင်း၊
လေချဉ်တက်ခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်းဖြစ်ရုံသာမက ညအိပ်ပျော်နေစဉ်
အာခြောက်၍ရေငတ်ခြင်းတို့ ကိုပါဖြစ် စေနိုင်ပါတယ်။ ဖြစ်နိုင်ရင်
ညစာဟင်းလျာကို အချို(အဖြူထည်)ချက်စားပေးနိုင်ရင် ပိုကောင်းပါတယ်။

(၄) ရေခဲမုန့် /သကြားလုံးအပါအ၀င် အချိုအစားအစာများ
အချိုကဲတဲ့ အစားအစာတွေကို နံက်(သို့ မဟုတ်)နေ့ လည်မှာစားပေးနိုင်ပါတယ်။
သို့ သော် ညနေစောင်းမှစ၍ မစားသင့်တော့ပါ ဘူး။ အဘယ်ကြောင့်ဆိုသော်
၎င်းသွားရည်စာ မုန့် အချိုများက ဦးနှောက်ခွန်အားကိုကောင်းမွန်စွာလှုံ
့ဆော်ပေးတာကြောင့်၊ သွယ်ဝိုက်သောနည်းအားဖြင့်
နှစ်ခြိုက်စွာအိပ်မောကျခြင်း ဇီဝဖြစ်စဉ်ကို ကမောက်ကမ ဖြစ်စေပါတော့တယ်။

(၅) အရက်သေစာများ
အရက်သောက်ပြီးနောက် ချက်ချင်းအိပ်ပျော်သွားတာကြောင့် လူအများစုက
အရက်ကိုညအိပ်ယာဝင်ခါနီးသောက်သင့်တယ်လို့  ထင်မှတ်မှားနေကြပါတယ်။
အမှန်တကယ်မှာတော့ အရက်က အိပ်စက်ခြင်းကို လုံးဝဖျက်ဆီးပစ်ပါတယ်။
ဘေးအမြင်မှာ အရက် မူး၍ အိပ်ပျော်နေတယ်လို့ ထင်ရသော်လဲ၊ ကာယကံရှင်ကတော့
အိပ်မက်ဆိုးတွေမြင်မက်ခြင်း၊ ဂယောင်ဂတမ်းပြောဆိုအော် ဟစ်ခြင်း၊
ချွေးထွက်ခြင်း၊ ခေါင်းကိုက်ခံခြင်း စတဲ့ဝေဒနာများဖြင့်
နှစ်ခြိုက်စွာအိပ်ပျော်လေ့မရှိပါဘူး။ အရက်ကို ဆေးဖြစ်ဝါးဖြစ်
မှီဝဲကြသူများအတွက် အရက်သောက်ရန်အသင့်တော်ဆုံးအချိန်မှာ ညအိပ်ယာမ၀င်ခင်
၎-နာရီခန့် အလိုမှာဖြစ်ပါတယ်။ (ဥပမာ ည ၁၀ နာရီအိပ်ယာဝင်သူဖြစ်ပါက ညနေ ၆
နာရီနောက်ပိုင်းမှစ၍ အရက်မသောက်သင့်တော့ပါဘူး)

(ဆောင်းပါးရှင်…တင်ထက်ထက်ဇော်...ရေးသားမျှဝေသည်)
promise.pauk

အာဖရိကတိုက်၏ ကော်ဖီထွက်အားအကောင်းဆုံး နိုင်ငံ

အီသီယိုးပီးယား သည် ကမ္ဘာပေါ်တွင်ကော်ဖီစတင်ပေါက်ရောက်သော ဒေသဖြစ်ပါသည်။

အာဖရိကတိုက်၏ ကော်ဖီထွက်အားအကောင်းဆုံး နိုင်ငံ ဖြစ်ကာ၊ တစ်နှစ်လျှင် ကီလို ၆၀ ၀င်အိတ်ပေါင်း ၃.၈ သန်း ထွက်ရှိပါသည်။ အီသီယိုးပီးယားနိုင်ငံသားများသည် ၄င်းတို့ ၏စားဝတ်နေရေးအတွက် ကော်ဖီပင်ကို တစ်နှစ်ပတ်လုံးအဓိကစိုက်ပျိုးကြရပြီး၊ အီသီယိုးပီးယား၏ ခရိုင်တစ်ခုဖြစ်သော "Kaffa" ကို ကိုယ်စားပြု၍၊ ထိုနိုင်ငံတွင် ကော်ဖီကို "ကာဖာ" ဟု ခေါ်ကြပါသည်။

 အီသီယိုးပီးယားမှ Yirgacheffe ကော်ဖီသည် အရည်အသွေးအလွန်ကောင်းမွန်ပြီး၊ လတ်ဆတ်သောချောကလက်ရနံ့  ဖြင့်သင်းပျံ့ လှပါသည်။

 အရသာမှာလဲကရင်မ်အရသာ ဖြစ်ပါသည်။ ထို Ethiopian Yirgacheffe Coffee သည် espresso နှင့် cappuccino ကော်ဖီများကဲ့သို့  လူကြိုက်များကြပါသည်။

( ၂၁၀၂ ခုနှစ် ဇူလိုင်လထုတ် Food မဂ္ဂဇင်းအတွက် ရေးပေးခဲ့ေ သာ ဆောင်းပါးဖြစ်၏)
(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
promise.pauk

*** ဂွါတီမာလာ ကော်ဖီ ***

၁၉-ရာစုနှစ်တွင် ဂွါတီမာလာ သို့  ဂျာမန်လူမျိုးများ လာရောက်စတည်းချချိန်မှစ၍ ကော်ဖီပင်ကို စတင်စိုက်ပျိုးလာခဲ့ကြပါသည်။

တစ်နှစ်လျှင် ကီလို ၆၀ ၀င် ကော်ဖီအိတ်ပေါင်း ၃.၅ သန်းထွက်ရှိပါသည်။

အထူးသဖြင့် ဂွါတီမာလာတောင်ပိုင်းဒေသရှိ၊ မီးတောင်ဟောင်းမှ ထွက်ရှိသော မြေဆီမြေနှစ်များ ပေါကြွယ်ဝခြင်း၊ ကော်ဖီပင်နှင့် ကိုက်ညီသည့် ရာသီဥတုကိုရရှိခြင်း၊ ကော်ဖီစက်ရုံများအားလုံးက ကော်ဖီအရည်အသွေးကို မျှတအောင်တပြည်းညီ ထိန်းချုပ်ထားနိုင်ခြင်း စသည့်အားသာချက်များကြောင့် ဂွါတီမာလာ ကော်ဖီသည် နက်ရှိုင်းသောအနံ့ အရသာနှင့်ပြီးပြည့်စုံကာ၊ လျှာပေါ်တွင် အချို ဓာတ်လေးသော ကိုးကိုးဖျော်ရည်သောက်ရသကဲ့သို့ စွဲကျန်ရစ်ခဲ့သည်ဟု သိရပါသည်။ 

ထို Guatemala Antigua Coffee အရသာကို တစ်ခါသောက်ဖူး ရုံမျှဖြင့် တစ်သက်မမေ့နိုင်ပါဟု ဂွါတီမာလာပြည်သားများက ညွှန်းဆိုထားကြပါသည်။


( ၂၀၁၂ ခုနှစ် ဇူလိုင်လထုတ် Food မဂ္ဂဇင်းအတွက် ရေးပေးခဲ့ေ သာ ဆောင်းပါးဖြစ်၏)
(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
promise.pauk

ချစ်တင်းနှောခြင်းအတွက် ကျမ္မာရေးဆုလာဘ်

ကိုယ်လှုပ်ရှားမှုနည်းပြီးကျန်းမာရေးပြသနာတွေရှိလာနိုင်တဲ့သူတွေအတွက်ကာမစပ်ယှက်တာကို
 ဆေးဝါးတစ်ခုသဖွယ် အသုံး ပြုဖို့ဗြိတိန်အမျိုးသားကျန်းမာရေးဌာနမှ ညွှန်ကြားထားကြောင်း၊ ထိုညွှန်ကြားချက်ကို ဆရာဝန်တွေဆီ ပေးပို့ခဲ့တာဖြစ်ပြီး တစ်နေ့ ကို မိနစ်၃၀ကိုယ်လက်လှုပ်ရှားဖို့လိုပေမယ့် အဲလိုမလုပ်နိုင်သူတွေဟာ ကာမစပ်ယှက်တာကို
စိတ်ပါလက်ပါလုပ်ဖို့ လိုအပ် ကြောင်း the Academy of Medical Royal Colleges မှ တာဝန်ရှိသူတစ်ဦးက၂၀၁၅ခုနှစ် နှစ်ဦးပိုင်းမှာdailymail.co.uk (ခေါ်) အင်တာနက်သတင်းလွှာမှာ ဖော်ပြထားပါတယ်။

ချစ်တင်းနှောခြင်းအတွက် အောက်ဖော်ပြပါကျန်းမာရေးအကျိုးကျေးဇူးများကိုရရှိစေမည်ဖြစ်ပါကြောင်းကိုလည်း အင်တာနက်သတင်းလွှာတစ်ခုဖြစ်သော International Health Digest မှာ ဖော်ပြ ထားပါတယ်။

 (၁) ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။
ွှ The University of Münster မှ အာရုံကြောရောဂါရှာဖွေရေးသုတေသီများက
ခေါင်းတခြမ်းကိုက် ဝေဒနာသည် အမျိုးသား၊အမျိုး သမီး အယောက် ၁၀၀၀ဖြင့်လေ့လာမှုများပြုခဲ့ရာ၊ ထို လူနာ၏ ၆၀ ရာခိုင်နှုန်းခန့် က ဖို-မ ဆက်ဆံပြီးနောက် ခေါင်းကိုက်ဝေဒနာ သိသိသာသာ သက်သာလာတယ်လို့ ဆိုပါတယ်။

(၂) နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။
The BermanCenter(ခေါ်)အမျိုးသမီးများလိင်ပိုင်းဆိုင်ရာကျမ္မာရေးစင်တာမှ
ဒါရိုက်တာ တစ်ဦးဖြစ်သူ Ms.Laura Berman က အမျိုးသမီးများ အိပ်ယာမ၀င်ခင်လိင်ကိစ္စပြီးမြောက်ခြင်းက စိတ်ဖိစီးမှုများပြေလျော့ကာတခဏအတွင်း အိပ်ပျော်သွားစေတယ် လို့ ဆိုပါတယ်။

(၃) ကယ်လိုရီလောင်မြိုက်စေပါတယ်။ကိုယ်အလေးချိန်ကျလိုသူများအတွက် သတင်းကောင်းလေးပါ။ မိနစ်၃၀ကြာ ချစ်တင်း ခင်းက ၁၄၄ ကယ်လိုရီ လောင်မြိုက် စေပြီး၊ မကြာခဏပွေ့ ဖက်နမ်းရှုံ
့ခြင်းက ၆၈ ကယ်လိုရီ လောင်မြိုက်စေကြောင်း Women's Dayဂျာနယ်တစ်စောင်တွင် ဖော်ပြ ထားပါတယ်။

(၄) နှလုံးကျမ္မာစေပါတယ်ချစ်တင်းနှောခြင်းက ကိုယ်အလေးချိန်ကျစေခြင်း၊စိတ်ဖိစီးမှုများပြေပျောက်ပြီး ညဘက်အိပ်မောကျ ခြင်းစသည့်အကျိုးကျေးဇူးများရစေ၍ နှလုံးကိုတစ်ဖက်တစ်လမ်းမှအားပြည့်စေတဲ့
အတွက် နှလုံးကျမ္မာရေးကိုအထောက်အကူ ဖြစ်စေပါတယ်။

(၅) ကြွက်သားများသန်မာစေပါတယ်နှလုံးကြွက်သားများကိုကောင်းကျိုးပြုကာ သက်လုံကောင်းစေရုံသာမက၊ ဖို-မ ဆက်ဆံခြင်းအနေအထားအရ ကြွက်သားများ အားစိုက်ထုတ်ရခြင်းကြောင့် ကြွက်သားများသန်မာစေပါတယ်။

(၆) နာကျင်မှုဝေဒနာများသက်သာစေပါတယ်။ ချစ်တင်းနှောချိန်မှာ oxytocin ဟော်မုန်းထွက်ရှိပါတယ်။
နာကျင်မှုသက်သာစေရန် ဦးနှောက်မှထုတ်ပေးသည့် ထိုဟော်မုန်း ကြောင့်ခန္ဓာကိုယ်ရှိ နာကျင်မှုဝေဒနာများကိုလျော့ပါးသွားပါတယ်။

(၇) ကိုယ်ခံစွမ်းအားတိုးတက်မြင့်မားလာစေပါတယ်

The University of Pennsylvania မှ ဆေးသိပ္ပံပညာရှင်များက အနည်းဆုံးရက်သတ္တ ၁-ပတ်လျှင် ၁-ကြိမ် ချစ်တင်းနှောခြင်းက ကိုယ်ခံစွမ်းအားကို၃၀ရာခိုင်နှုန်းမျှ တိုးတက်ကောင်းမွန်လာစေတာကြောင့် အအေးမိ၊ တုပ်ကွေးစသည့်ရာသီကူးစက်ဖျားများ မဖြစ်စေနိုင်ဘူးလို့ ဆိုပါတယ်။

လိင်စိတ်ကိုအားပေးတဲ့အစားအစာများမှာ-

(၁) တရုပ်နံနံပင်ထဲတွင်ပါရှိသော androsterone ဓာတ်ကကျားဟိုမုန်းထွက်ရှိမှုကို လွန်စွာအားပေးတဲ့အတွက်အမျိုးသားများညအိပ်ယာမ၀င်ခင်တရုပ်နံနံပင်ကိုအစိမ်းလိုက်
ဝါးစားပေးသင့်ပါတယ်။

 (၂)ဂုံးကောင်/ကမာကောင်ထဲရှိ သဘာဝ ဇင့်ဓာတ်နှင့် dopamine ဟိုမုန်းတို့ က
လိင်စိတ်ကို သုံးဆမျှတိုးပွားလာစေကာ၊ အမျိုးသားများသုက်ရည်ထုတ်ပေးသော
ဆဲလ်များကိုအ ထောက်အပံ့ပေးသဖြင့် သားသမီးယူရန်အစီအစဉ်ရှိသော
ဖခင်လောင်းများ ဂုံးကောင်/ကမာကောင်ကို မဖြစ်မနေ စားပေးသင့် ပါတယ်။
(အကယ်၍ ကရုကမာကောင်မကြိုက်သူများအနေဖြင့် ၄င်းနှင့်အစွမ်းသတ္တိတူသောသော
ရွှေဖရုံစေ့လှော်ကို စား ပေး နိုင်ပါတယ်။)

(၃) ဌက်ပျောသီးထဲတွင်ပါရှိသော bromelain အင်ဇိုင်း နှင့် ဗီတာမင်များက ကျားခွန်းအားကို ပြည့်ဝစေလို့ 
  နေ့ တိုင်း ဌက်ပျောသီးစားပေးပါ။

(၄) ရှေးမက္ကဆီကိုတိုင်းရင်းသားများကထောပတ်သီးကို "testicle tree"(၀ါ)သုက်ရည်ထွက် စေတဲ့အပင် ဟုမှည့်ခေါ်ကာ ဖို-မ ခွန်အားတိုးဆေးအဖြစ် စားသုံးလာခဲ့ကြပါတယ်။

(၅) ဗာဒံစေ့ထဲမှာပါတဲ့ ဖက်ဆီးအက်ဆစ် များဟာ ကျားဟိုမုန်း ထုတ်ပေးနိုင်စွမ်းရှိလို့ ၊
ဗာဒံစေ့အစိမ်းကိုအစိမ်းလိုက်(အချိ/အငံမရောဘဲ)၀ါးစားပါ။

 (၆) သဖန်းသီး၊သရက် သီး၊ မက်မုံသီးနှင့်စတော်ဘယ်ရီသီးများကဖို-မစွမ်းအားတိုးမြှင့်ပေးလို့  ၄င်းသစ်သီး ၄-မျိုးကိုရောစား၍သော်လည်းကောင်း၊တမျိုးချင်းသီးသန့် စား၍သော်လည်းကောင်းအဆင်ပြေသလို
စားပေးနိုင်ပါတယ်။

 (၇) ကြက်ဥထဲမှာပါတဲ့  ဗီတာမင် B5 နှင့် B6တို့ က စိတ်ဖိစီးမှုပြေပျောက်စေပြီး၊ ဟိုမုန်းပမာဏကိုတိုးပွားလာစေပါတယ်။
ကြက်ဥကိုအစိမ်းသောက်ခြင်းက ကျား-မ သဘာဝ စွမ်းရည် ကို
ပိုမိုတိုးပွားလာစေပါတယ်။ ငါးဥများကလည်း ကြက်ဥလိုအစွမ်းသတ္တိပါရှိကြပါတယ်။

(၈) ကြက်သွန်ဖြူထဲရှိ allicin ဓာတ်က ကျား-မလိင်အင်္ဂါထဲရှိ သွေးများကို လျှင်မြန်စွာစီးဆင်းလည်ပတ်စေလို့ ရာဂစိတ်ကြွစေပါတယ်။

(၉) အနက်ရောင် ချောကလက်ထဲမှာပါတဲ့ phenylethylamine
ဓာတ်ပေါင်းစုက ချစ်စိတ်ကိုတိုးပွားစေလို့ ၊ ချစ်တင်းနှောအားဖြည့်ဆေးအဖြစ်မှီဝဲစားသုံးသင့်ပါ တယ်။

(၁၀) မြန်မာ့တိုင်းရင်းဆေးကျမ်းများမှာမြင်းခွာရွက်ကို ၆လ တိတိစားပေးပါက၊ ခွန်အားဗလကြီး၍ လူပျို
လိုဖြစ်စေကြောင်းညွှန်းဆိုထားပါတယ်။
 အိန္ဒိယနိုင်ငံArunaဘုရင်မင်းမြတ်ဟာနေ့ စဉ်မြင်းခွာရွက်စားလို့ သက်လုံကောင်းပြီးမိဘုရားမောင်းမမိသံ
အယောက်၅၀အတွက်လိင်ကိစ္စကိုစွမ်းဆောင်နိုင်ကြောင်းအိန္ဒိယရာဇ၀င်သမိုင်းတွင်ဖော်ပြထားပါတယ်။
 မြင်းခွာရွက်ဟာလိင်စိတ်ကြွစေသောအစွမ်းရှိလို့ ၊ ၁၉၆၆ ခုနှစ် ထိုင်းနိုင်ငံဆေးအဘိဓာန်မှာ
လိင်စိတ်ကိုအားပေးတဲ့ သဘာဝ ဆေး(၀ါ)Youth Vitamin X ဟုမှတ်တမ်းတင်ထားပါတယ်။

(၁၁) ကီဝီသီးကလည်း ချစ်တင်းနှောစေတဲ့အားဖြည့်ဆေးပါဘဲ။

 (၁၂) ဖောလစ်အက်ဆစ်ကြွယ်ဝသော ဟင်းနုနယ်ကို
စားပေးခြင်းဖြင့် လိင်စိတ်ဆန္ဒကိုတိုးမြင့်ပေးကာ၊ မျိုးအောင်စေပါတယ်။

(၁၃)ဟင်နရီ-၇ ဘုရင်နှင့်ရှေးအာရှဘုရင်မင်းမြတ်များလက်ထပ်ကတည်းကပင်
မောင်းမမိဿံစွမ်းဆောင်းရည် အားကောင်း ဆေးအဖြစ် ဂျင်းပြုတ်ရည်ကိုမှီဝဲလာခဲ့ကြပါတယ်။
 ထို့ ပြင် ၂၁ ရာစု ဆေးသုတေသီများကလည်း ဂျင်းဟာ
ကာမစိတ်ဆန္ဒကို လှုံ့ ဆော်ပေးတဲ့ အိမ်တွင်းသမားတော်လို့ ဆိုကြပါတယ်။

 (၁၄)ဖာလာစေ့ထဲတွင်အမြောက်အများပါရှိသောCineole ဓာတ်ကရာဂစိတ်ကို လှုံ့ဆော်ပေးနိုင်စွမ်းရှိလို့ 
အိန္ဒိယနိုင်ငံမှာ ကာမရာဂဆေးအဖြစ် ဖာလာစေ့ရေနွေးကြမ်းလ္ဘက်ရည်ကို သောက်သုံး လေ့ရှိကြပါတယ်။

(၁၅)အီတလီနိုင်ငံမှာ ရှေးပဝေသဏီကတည်းကစ၍ ပင်စိမ်းပင်များကို ဟိုမုန်းအားတိုးဆေးအဖြစ် အသုံးပြု လာခဲ့ကြပါတယ်။

(၁၆) ရွှေဖရုံစေ့ထဲမှာဇင့်ဓာတ်မြင့်မားစွာပါရှိသည့်အပြင် ဗီတာမင်နှင့် သတ္တုဓာတ်တို့ 
အလုံအလောက်ပါရှိ လို့ ကပ္ပါယ်အိတ်တွင် ဖြစ်ပေါ်သည့်အဖိုလိင်ဟော်မုန်းထုတ်လုပ်မှုကို အားပေးခြင်းကြောင့်အမျိုးသားများညအိပ်ယာဝင်ခါနီး တိုင်း ရွှေဖရုံစေ့လှော်စားပေးသင့်ပါတယ်။

(၁၇) နောက်ဆုံးပေါ်လေ့လာစမ်းသပ်မှုများအရ၊စပျစ်ဝိုင်တစ်ခွက်ပုံမှန်မှီဝဲလေ့ရှိ သောအမျိုးသမီးများဟာ
လိင်စိတ်ဆန္ဒတက်ကြွလေ့ရှိပြီး၊အလုံးစုံပြီးမြောက်အောင်မြင်ပါတယ်တဲ့။

 (၁၈) ဖရဲသီးမှာပါတဲ့ citrulline(ခေါ်)အမိုင်နိုအက်ဆစ်ဟာ သွေးလွှတ်ကြောများကိုပြေလျော့ကာ၊
သွေးလည်ပတ်စီးဆင်းမှုကို တိုးပွားစေလို့ အမျိုး သားများ ကျားခွန်အားကောင်းစေပါတယ်။

 (၁၉) ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ဗီတာမင်ဓာတ်ပေါင်းစုများဟာ မ-သဘာဝခွန်အား ဖြစ်စေ ၍ အမျိုးသမီးများ
ညစာဟင်းလျာအဖြစ်စားသုံးပေးသင့်ပါတယ်။

 (၂၀) The University of Hawaii မှလေ့လာစမ်းသပ်မှုများအရ၊ ဂျင်စင်းမှီဝဲသူအမျိုးသမီးများဟာ တလအတွင်းမှာပင်လိင်စွမ်းဆောင်ရည် ၆၈ ရာခိုင်နှုန်းမျှ တိုးတက်လာကြောင်း၊ သို့ သော်
ဓာတုပစ္စည်း/သကြားတို့ ဖြင့် ဖန်တီးထားသော ဂျင်စင်းအတုကတော့
ကျမ္မာရေးကိုအကျိုးယုတ်စေကြောင်း အကြံပြု ထားပါ တယ်။

(၂၁) အ၀ါရောင်ကုံကုမံ(၀တ်ဆံ)ဟာ အစာအိမ်ရောဂါများအတွက် ဆေးဘက်ဝင်ရုံသာမက
လိင်စွမ်းဆောင်မှုကို အား ပေးလို့  ရေနွေးပူပူမှာ ၁၅-မိနစ်ခန့်စိမ်သောက်ပေးနိုင်ပါတယ်။

 (၂၂) ဆလတ်ရွက်မှာလိင်စိတ်ဟိုမုန်းကိုနှိုးဆော်ပေးနိုင်သော အစွမ်းပါရှိလို့  ညစာစား တဲ့အခါ
ဆလတ်ရွက် ၁-ဇလုံစာ ထဲ့စားပေးပါ။

 (၂၃) ကညွတ်ပင်ရဲ့  ပုံသဏ္ဍာန်ကအထီးလိင်အင်္ဂါနှင့် ခပ်ဆင်ဆင်တူ၍၊ ပြင်သစ် ဘာသာစကားအရ ကညွတ်ကို asperge (၀ါ)ကျားလိင်အင်္ဂါ ဟုခေါ်ပါတယ်။
သဘာဝ ကျားခွန်အား ပြည့်စေလို့ အမျိုးသားများ အားတိုးဆေးအဖြစ်မှီဝဲသင့်ပါတယ်။
 ဒါ့ပြင်မီးဖွားပြီးစအမျိုးသမီးများ ကညွတ်ပင်အမြစ်ပြုတ် စားခြင်း (သို့ )ကညွတ်
နှင့် နွားနို့ တို့ ရော၍ နို့ ထမင်းချက်စား ခြင့်ဖြင့် သွေးသန့်ကာမခွန်အားအမြန် ပြည့်စေပါတယ်။


(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
promise.pauk

Twitter Delicious Facebook Digg Stumbleupon Favorites More